Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


klnJune 30, 20101min2201
အရှေ့အလယ်ပိုင်းဒေသရှိ ဒူဘိုင်းနိုင်ငံသို့ ပြည်တွင်းမှ သွားရောက်၍ အလုပ်လုပ်ကိုင်မှုများ ယခုနှစ်ဆန်းပိုင်းမှစ၍ တဖြည်းဖြည်းနှင့် ကျဆင်းလာပြီး လက်ရှိအချိန်တွင်မူ ရန်ကုန်မြို့တွင်းရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့သည်လည်း အဆိုပါနို်င်ငံသို့ အလုပ်သမားပို့ဆောင်ပေးမှုကို ရပ်နားထားရကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်ဝန်းကျင်မှ စတင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်ခဲ့သည်ဟု ဆိုခဲ့သော ဒူဘိုင်းနို်င်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများ သိသိသာသာ ကျဆင်းလာခဲ့ရခြင်းမှာ ယင်းနိုင်ငံမှ ကုမ္ပဏီအများစု၏ လုပ်ငန်းအခြေအနေများ မမှန်ကန်မှုနှင့် ၎င်းတို့ထံတွင် လာရောက်အလုပ်လုပ်ကိုင်သော ပြည်ပအလုပ်သမားများကို အခန့်အပ်မီတွင် သဘောတူညီထားသော စည်းမျဉ်းများကို မလိုက်နာကြခြင်းကြောင့်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့နှင့် ဒူဘိုင်းရောက်မြန်မာအလုပ်သမားများထံမှ သိရသည်။ ဒူဘိုင်းနိုင်ငံရှိ ပြည်ပအလုပ်သမားလိုချင်သော ကုမ္ပဏီများနှင့် ပြည်တွင်းရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှ အလုပ်မခန့်အပ်မီတွင် ပေးမည်ဟုဆိုသော ခံစားခွင့်များကို အလုပ်သမားများက မရရှိခြင်းကြောင့် မြန်မာအပါအဝင် အခြားသောအိမ်နီးချင်းနို်င်ငံများမှ […]


klnJune 30, 20101min1580
ကမ်းနားလမ်းအဆင့်မြှင့်တင်ခြင်းနှင့် ပုဂ္ဂလိကဘဏ်ကြီးတွေဖွင့်လှစ်လုပ်ကိုင်မည်ဆိုသောကြောင့် မြို့တွင်းခြောက်မြို့နယ်အတွင်း အိမ်ခြံမြေဈေးများ ပေ၃၀x ပေ ၆ဝ လျှင် ကျပ်သိန်း ၇၀၀ဝဖြင့် အရောင်းအဝယ်ဖြစ်လာကြောင်း အိမ်ခြံမြေဝယ်ရောင်းပြုသူလုပ်သူများထံမှ သိရသည်။ “အခုကမ်းနားလမ်းချဲ့မှာရယ်၊ ပုဂ္ဂလိကဘဏ်တွေမြို့ထဲမှာ ဖွင့်လှစ်လာတော့မယ်ဆိုတာကြောင့် မြို့ထဲက မြေဈေးတွေတော်တော်လှုပ်လာတယ်။ ပေ ၃၀x ပေ ၆ဝ မြေကို ကျပ်သိန်း ၇၀၀ဝ လောက်နဲ့ အရောင်းအဝယ်ဖြစ်တယ်။ တိုက်ခန်းတွေကလည်း တစ်စတုရန်းပေကို အရင်က တစ်သောင်းလောက်ကနေ အခုတစ်သောင်းခွဲ၊ နှစ်သောင်းခွဲကြားမှာ အရောင်းအဝယ်ဖြစ်လာတယ် ” ဟု အိမ်ခြံမြေဝယ်ရောင်းပြုလုပ်သူက ဆိုသည်။ “ကမ်းနားလမ်းချဲ့မယ်ဆိုတော့ မြစ်ဘက်အခြမ်းတော့ အရောင်းအဝယ် လုံးဝမဖြစ်ဘူး။ ဈေးလဲခေါက်ချိုးလောက်ကျတယ်။ ကမ်းနားကို မျက်နှာမူထားတဲ့ဘက်ကတော့ အရောင်းအဝယ်လိုက်လာတယ်။ အဲ့ဒီဘက်အခြမ်းက စာရွက်စာတမ်းတွေခိုင်မာရင် ချက်ချင်းတောင် အရောင်းအဝယ်ဖြစ်တယ် ” ဟု မြို့ထဲပိုင်းတွင်သာ အိမ်ခြံမြေအဓိကဝယ်ရောင်းလုပ်ကိုင်သူက ဆိုသည်။ […]


klnJune 30, 20101min1890
အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါစမ်းသပ်မှုကို သာမန်ဆေးဆိုင်များတွင် ပြုလုပ်ပေးနေကြရာ နောက်ဆက်တွဲဆိုးကျိုးများရှိနေ၍ ပြည်သူများအနေဖြင့် လွယ်လင့်တကူ မပြုလုပ်သင့်ကြောင်း မာရီစတုပ်မှ လူထုကျန်းမာရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာစစ်နိုင်က ပြောသည်။ ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်အချို့ အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါကို “ ငါးမိနစ်အတွင်း အဖြေရှာပေးမည် ” ဆိုသည့် ကြော်ငြာကပ်ကာ Testkit ဖြင့် အခကြေးငွေယူ စမ်းသပ်ပေးနေသည့်အပေါ် ယင်းက သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာဖွင့်တဲ့ဆေးဆိုင်တွေ အကုန်လုံး တရားဝင်လုပ်လို့ရတာက ဆေးဝါးရောင်းချခွင့်တစ်ခုပဲ။ ဆေးစစ်တာတို့၊ ဟိုပိုးဒီပိုးစစ်တာတို့ လုပ်လို့မရဘူး။ လုပ်ပိုင်ခွင့်လဲ မပေးထားပါဘူး။ ဒီလိုအိတ်ချ်အိုင်ဗွီရောဂါကို ကျပ် ၅၀ဝပေးပြီးစစ်ဖို့ မပြောနဲ့ ဆီးချိုသွေးချိုရောဂါတို့ ကိုယ်အပူချိန်တောင်စစ်လို့ရတာမဟုတ်ဘူး။ မှန်ကန်မှုမရှိတဲ့ ဆေးစစ်ချက်ကိုလက်ခံပြီး ဆေးဝါးသောက်တာမှားရင် အသက်အတွက် စိုးရိမ်ရတယ် ” ဟု ရန်ကုန်မြို့တွင်း မဟာဗန္ဓုလလမ်းမပေါ်ရှိ ဆေးရောင်းဝယ်ရေးဆိုင်တစ်ဆိုင်ကလည်း ပြောပြခဲ့ကြောင်း […]


klnJune 29, 20101min2020
လျှပ်စစ်မီးမရရှိနိုင်သည့် ဒေသများတွင် အနည်းဆုံးငွေကျပ်နှစ်သိန်းဝန်းကျင်ဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ရန် အမှတ်(၂)စက်မှုဝန်ကြီးဌာနက စီစဉ်ပေးနေပြီဖြစ်ကြောင်း သိရသည်။ နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ထုတ်ယူသည့် စနစ်အတွက် ကျေးလက်ဒေသသုံး 3 Watt မီးသီးရှစ်လုံးတစ်စုံ သို့မဟုတ် 5 Watt မီးသီးလေးလုံးပါဝင်သည့် 21 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၁၇၅၀၀၀၊ မြို့ပြတွင် အသုံးပြုနိုင်မည့် 3 Watt မီးသီး ၁၂လုံးသို့မဟုတ် 5 Watt မီးသီးရှစ်လုံးသို့မဟုတ် 7 Watt မီးသီးခြောက်လုံးပါဝင်သည့် 40 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၂၇၀၀၀ဝနှင့် လုံခြုံရေးမီးနှင့် လမ်းမီးများအဖြစ် အသုံးပြုနိုင်သော သုံးမီတာနိုင်ရင်အရှည်ရှိသည့် 10 Watt ဆိုလာလမ်းမီးတိုင် တစ်တိုင်လျှင် ငွေကျပ် […]


klnJune 29, 20101min2240
Air Asia လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်များကို Credit ကတ်မပါဘဲ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သိရသည်။ ယခင်က Air Asia လေကြောင်းလိုင်းမှာ လေယာဉ်လက်မှတ်များကို Credit ကတ်ဖြင့်သာ ဝယ်ယူခဲ့ရာမှ ယခုအခါယင်းသို့ ပြောင်းလိုက်ခြင်းဖြစ်သည်။ “ ဈေးနှုန်းတွေကို အွန်လိုင်းမှာ တင်ထားတယ်၊ ပေါက်ဈေးအတိုင်းလာဝယ်နိုင်ပါတယ် ” ဟု ယင်း၏ တာဝန်ရှိသူကပြောသည်။ Air Asiaမှ ၂၀၀၆ ခုနှစ်က ရန်ကုန်မှ ဘန်ကောက်သို့ တစ်နေ့လျှင် တစ်ခေါက်ပြေးဆွဲနေရာမှ လာမည့်ဇူလိုင်လ ၁၅ရက် ကစ၍ တစ်နေ့လျှင် နှစ်ခေါက်ပြေးဆွဲတော့မည်ဖြစ်ပြီး ဇူလိုင်လအတွင်း Promotion များပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ဇူလိုင်လ ၂ဝ ရက်တွင် ပထမဆုံးပျံသန်းမည်ဖြစ်ကြောင်း သိရသည်။


klnJune 29, 20101min3215
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၊ တောဆင်ငါးကောင်အုပ်ထဲတွင် ဆင်ဖြူတော်တစ်စီးပါဝင်ကြောင်း ဒေသခံပြည်သူတို့၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့များက ရှာဖွေဖမ်းဆီးခဲ့ရာ ဇွန် ၂၆ရက် ညနေ ၄နာရီ ၂၅မိနစ်ခန့်တွင် ဆင်ဖြူတော်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းဆင်ဖြူတော်မှာ အသက် ၃၈နှစ်ခန့်ရှိ ဆင်မဖြစ်ပြီး အရပ် ရပေ ၄လက်မရှိကာ လုံးပတ်မှာ ၁ဝပေ ၁၁လက်မရှိကြောင်း သိရသည်။


klnJune 29, 20101min2231
ကမာ္ဘ့အရပ်ပုဆုံးလူသား ဖြစ်နိုင်ခြေရှိသည့် အသက်(၁၁)နှစ်အရွယ် မောင်ဗလကြီး(ခ) ဇော်ဗလအောင်ကို ဇွန် ၂၂ရက်က ကရဝိတ်ခန်းမတွင် ပရိသတ်နှင့် တွေ့ဆုံပြသခဲ့သည်။ ဗလကြီးကို မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ပြီး အရပ် ၂၅လက်မသာရှိသည်။ ယင်းမောင်ဗလကြီး(ခ) ဇော်ဗလအောင်အား စာရေးဆရာသတင်းထောက်ခင် (သို့မဟုတ်) နတ်မျက်စိမှ အဆိုပါဒေသများတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မောင်ဗလကြီး(ခ)ဇော်ဗလအောင်အား ကမာ္ဘ့အရပ်အပုဆုံးလူသားအဖြစ် အသိအမှတ်ပြုနို်င်ရန်အတွက် ဂင်းနက်စ်အဖွဲ့ရုံးသို့ ကိုယ်ရေးအချက်အလက်များအား ဇွန်လဆန်းတွင် ပေးပို့တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။ “ အခုဗလကြီး အသက်က ၁၁နှစ်ပဲရှိပါသေးတယ်။ ဂင်းနက်စ်က ၁၄၊ ၁၅နှစ်ဆိုရင် အသိအမှတ်ပြုနိုင်မှာဖြစ်ပြီး အဲဒီအချိန်အထိ စောင့်ကြည့်နေရဦးမှာဖြစ်ပါတယ် ” ဟု သတင်းထောက်ခင်က ပြောသည်။ ဂင်းနက်စ်စံချိန်ဝင်တစ်ယောက်ဖြစ်နိုင်သည့် ဗလကြီး(ခ)ဇော်ဗလအောင်အား ၁၃၆၁ ခုနှစ် တပေါင်းလဆန်း ၆ရက်တွင် အဘဦးဝင်းလွင်၊ အမိဒေါ်ခင်လှတို့မှ ကျောက်ပန်းတောင်းမြို့၊ […]


klnJune 25, 20101min1540
အခြေခံပညာအထက်တန်းကျောင်းတွေရဲ့လက်တွေ့စမ်းသပ်ခန်းတွေမှာ သင်ထောက်ကူပစ္စည်းအဖြစ် သုံးလို့ရမယ့်ရှုပဗေဒ လက်တွေ့ခန်းသုံးပစ္စည်း Digital IC (ဒစ်ဂျစ်တယ်အိုင်စီ) ကို ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာနမှာ တစ်ခုကို ကျပ်ငါးသောင်းနဲ့ ဆက်သွယ်မှာယူနိုင်တယ်လို့သိရတယ်။ ရန်ကုန်တက္ကသိုလ်၊ရူပဗေဒဌာနမှ ပါမောက္ခဒေါက်တာနွယ်ဦးခင်က ‘ရူပဗေဒလက်တွေ့စမ်းသပ်သုံးတဲ့ သင်ထောက်ကူပစ္စည်းလေးပါ၊ IC Trainer လို့ခေါ်တယ်၊ အိုင်စီက အမျိုးမျိုးရှိတယ်၊ အဲဒါကို ကလေးတွေကို လက်တွေ့ရှင်းပြနိုင်အောင် ကိုယ်တိုင်ဒီဇိုုင်းဆွဲပြီး ထုတ်ထားတာ’လို့ပြောပါတယ်။ အခြေခံပညာအထက်တန်းရဲ့သင်ရိုးညွှန်တမ်းမှာပါတယ်။ အိုင်စီလေးတစ်ခုဂိတ်( gate) လေးတွေသင်ကြားနိုင်အောင် လုပ်ထားတာလို့ဆိုပါတယ်။ ဥပမာ L L=No Light ၊ L H=No Light ၊ H L= No Light ၊ H H= Light တွက်တာမျိုးကို အသေးစိတ်အိုင်စီထရိန်နာလေးကိုပြပြီး ရှင်းပြနိုင်အောင်ပြုလုပ်ထားတာလို့သိရတယ်။ ဆယ်တန်းရူပဗေဒမှာ ဂိတ်(gate) ငါးခုသင်ပါတယ်။ […]


klnJune 25, 20101min1901
၂၀၀၉-၂၀၁ဝ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၆၈ သန်း ရှိနေပြီး ယင်းအနက်မှ မြန်မာဘက်မှ တင်ပို့မှု ၆၅ သန်းရှိပြီး ကိုရီးယားနိုင်ငံမှ ပြန်လည်တင်သွင်းမှုမှာ သန်း ၂၀ဝ ကျော် ရှိနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွင်လည်း ၁၉၈၈ ခုနှစ်မှ လက်ရှိအချိန် အထိ အမေရိကန်ဒေါ်လာသန်း ၂၄ဝ ဖြင့် မြန်မာနိုင်ငံ၏ အဆင့်(၁၀) မြောက် ပြည်ပရင်းနှီးမြှုပ်နှံသူ ဖြစ်လာကြောင်း သတင်းရရှိပါသည်။ အလားတူပင် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင်လာကြောင်းနှင့် အထူးသဖြင့် နည်းပညာ၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးကဏ္ဍများတွင် ပိုမိုချဲ့ထွင် ပူးပေါင်းဆောင်ရွက်လာကြောင်း သိရှိရသည်။ ကိုရီးယားနိုင်ငံ၏ Importer-Association အနေဖြင့်လည်း သတ္တုတူးဖော်ရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ သစ်တောကဏ္ဍ၊ ရေထွက်ကုန်ပစ္စည်းကဏ္ဍ၊ […]


klnJune 25, 20101min2151
ပုဂ္ဂလိကပိုင် ပြုလုပ်ထားသည့် ယခင်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မည့် အခြေအနေရှိနေကြောင်းနှင့် အချို့စက်ရုံအား ပြည်ပကုမ္ပဏီအချို့မှ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာကြောင်း သိရပါသည်။ ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်သည့် လုပ်ငန်းရှင်အချို့၊ စီးပွားရေးလုပ်ငန်းအုပ်စုအချို့မှာ အမေရိကန် ဒေါ်လာသန်းချီ၍ အကျိုးအမြတ် ဖြစ်ထွန်းလာကြသည်ဟု ပုဂ္ဂလိက စီးပွားရေးဈေးကွက်အတွင်းမှ သတင်း ရရှိပါသည်။ ” နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လုပ်လိုက်တော့ အချက်အချာကျတဲ့ နေရာမှာရှိတဲ့ ဧရိယာကျယ်ဝန်းတဲ့ စက်ရုံတွေတော်တော်များများကို လေလံဆွဲကြတယ်။ အဲဒီ စက်ရုံတွေထဲက တချို့စက်ရုံတွေမှာ နိုင်ငံခြားသားတွေ လာရင်းနှှီးမြှုပ်နှံမယ်လို့ လုပ်ငန်းရှင်တွေထဲမှာတော့ သိထားကြတယ်။ စက်ရုံတစ်ရုံဆိုရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှုပြုလာတဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝ ဂဏန်းနီးပါးလောက်ကို အကျိုးအမြတ်ရသွားတယ်လို့ သိရတယ်။ လေလံဆွဲထားတဲ့ လုပ်ငန်းစု၊ လုပ်ငန်းရှင်ဆီကို ပြည်ပကုမ္ပဏီတချို့လာပြီး မြှုပ်နှံတယ်လို့ ကြားရတယ်”ဟု […]


klnJune 25, 20101min2011
ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းတွေကို စိတ်ဝင်စားပြီး ရင်းနှီးမြှပ်နှံနိုင်ခြေရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့ထံမှ သိရပါတယ်။ “ UMFCCI မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဗီယက်နမ်လုပ်ငန်းရှင်တွေက သူတို့ရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေကို ဆွေးနွေးကြတယ်။ အိမ်ခြံမြေလုပ်ငန်းလဲ အပါအဝင်ပဲ၊ အဓိကတော့ စက်မှုဇုန်မြေတွေ အကြောင်းပါ၊ ဒီစီးပွားရေးလုပ်ငန်းထဲဝင်တဲ့အခါ ဘယ်လိုလုပ်ရမလဲ၊ စက်မှုဇုန်မြေတွေ ဝယ်ရမလား၊ ဌားရမလား၊ ဈေးတွေဘယ်လိုရှိသလဲ စုံစုံလင်လင် ဆွေးနွေးခဲ့ပါတယ် ” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း (MREA) ရဲ့ နာယက ဦးသန်းဦးက ပြောပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးသန်းဦးက “ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှပ်နှံမှုကို ကြိုဆိုပါတယ်၊ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်က ပြည်တွင်းမှာ ကျင်လည်တာမျိုးမဟုတ်ဘဲ နိုင်ငံတကာတန်း (standard) ဝင်လာတာပဲ ” လို့ သူ့အမြင်ကိုပြောပါတယ်။ […]


klnJune 25, 20101min2462
သည်နှစ်ပိုင်းကစပြီး လုပ်ငန်းလိုင်စင်အသစ်လုပ်သူတွေရော သက်တမ်းတိုးသူတွေပါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ လိုင်စင်ထုတ်ပေးကြောင်း သိရသည်။ ရန်ကုန်စည်ပင်သာယာရေး ကော်မတီရဲ့ အကူအညီပူးပေါင်းမှုနှင့် အခွန်ကင်းလွတ်တိမ်းရှောင်မှု လျော့နည်းပပျောက်ပြီး ကြွေးကျန်တွေရဖို့အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ လုပ်ငန်းလိုင်စင်အသစ်ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာတွေ ဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။ လုပ်ငန်းအသစ်လုပ်မယ့်သူတွေအနေနဲ့လည်း ရှေ့နှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်ပေးဆောင်ပြီး လုပ်ငန်းလိုင်စင် ဆောင်ရွက်နိုင်ပါတယ်။ ကြိုတင်ခွန်ဆောင်တဲ့အခါ အမြတ်အစွန်းကို ခန့်မှန်းပေးသွင်းနို်င်ပြီး ကုန်သွယ်လုပ်ငန်းခွန်ကိုတော့ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်နှုန်းအတိုင်း ပေးသွင်းရမှာပါ။ ကြိုတင်ခွန်ကို အရစ်ကျစနစ်နဲ့ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စသည်ဖြင့် ခွဲပြီးပေးသွင်းနိုင်ပါတယ်။ သက်ဆိုင်ရာအခွန်ရုံးတွေမှာ အခွန်ပေးသွင်းပြီးကြောင်း အထောက်အထားပါမှ ရန်ကုန်စည်ပင်သာယာရေးကော်မတီ စီမံရေးရာမှ လုပ်ငန်းလိုင်စင်ထုတ်ပေးမှာဖြစ်ပါတယ်။ အခွန်ဆောင်တဲ့အခါ လုပ်ငန်းလုပ်ကိုင်သူတိုင်း လိုင်စင်ယူရတဲ့ လုပ်ငန်းအားလုံးပါဝင်ပါတယ်။ အခွန်ဆောင်ရာမှာ အမြတ်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် နှစ်မျိုးပေးဆောင်ရမှာ ဖြစ်တယ်။ တချို့လုပ်ငန်းတွေက […]


klnJune 25, 20101min2042
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများလိုက်နာရန် ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၂ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်သည်။ နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးရေးများ ပြုလုပ်ရာတွင် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်သည့် နေရာများတွင် စုဝေးခြင်းနှင့်ဟောပြောခြင်းနှင့် ထိုသို့ ဟောပြောရန်အတွက် ကော်မရှင်သို့ ‘အနည်းဆုံး ခုနစ်ရက်’ ကြိုတင်ခွင့်ပြုမိန့်လျှောက်ထားရန် လိုအပ်ကြောင်းထုတ်ပြန်သည်။ ပါတီဌာနချုပ်နှင့် ရုံးခွဲများတွင် ဟောပြောခြင်းများပြုလုပ်ပါက ခွင့်ပြုချက်မလိုဘဲ၊ ကော်မရှင်သို့အနည်းဆုံးခုနစ်ရက်အသိပေးရန် လိုအပ်ကြောင်း ပါရှိသည်။ ညွှန်ကြားချက်အရ ဟောပြောပွဲပြုလုပ်မည့်ပါတီအနေဖြင့် နေရာ၊ အချိန်၊ဟောပြောပွဲစတင်မည့် အချိန်နှင့် ( ခန့်မှန်း) တက်ရောက်မည့် အင်အား( ခန့်မှန်း)နှင့် ဟောပြောမည့်ပုဂ္ဂိုလ်များ၏ အမည်နှင့်လိပ်စာများ စသည်တို့ကို လျှောက်လွှာတွင်ဖော်ပြပေးရန်လိုအပ်ကြောင်းသိရသည်။ ၎င်းပြင် နိုင်ငံရေးပါတီများအနေဖြင့် ဟောပြောပွဲပြုလုပ်မည့်နေရာသို့ စီတန်းလှည့်လည်ခြင်း၊ ကြွေးကြော်ချီတက်ခြင်းမလုပ်ရန် ၊ပြည်သူများနှင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေနိုင်သည့် လုပ်ရပ်မျိုးမပြုလုပ်ရန်တို့ကိုလည်း ညွှန်ကြားချက်တွင်ဖော်ပြထားသည်။ ပါတီများ၏ လက်ကမ်းစာစောင်၊ ဂျာနယ်များထုတ်ဝေရာတွင်လည်း ပြည်ထောင်စု […]