kotun winlattJune 28, 20132min25113
ဆားမှော်ရွာသို့ သွားကြရာဝယ်…ထိုထို လမ်းများ ဖြတ်သွားရပေတယ်……   ဆားမှော်ရွာ ရောက်ပြီ…..   ကျောင်းဆိုင်းဘုတ်လေးးးးးးးးး   ယခုနှစ်မှာမှ ပြီးစီးသွားတဲ့ စာသင်ဆောင်လေးးးးးးး   အနာဂတ်၏ သာကောင်းရတနာလေးများးးး   အလှူပစ္စည်းများ ဆရာမသို့ ပေးအပ်စဉ်…..   ကလေးတွေနဲ့ တရင်းတနှီးဖြစ်နေတဲ့ ကျနော့်သူငယ်ချင်းးးးးးးး   ပြုံးပြုံးလေးနေ..ဓာတ်ပုံရိုက်ပေးမယ်……   စာရေးကိရိယာလေးများ ကျောင်းသူလေးတစ်ဦးအားပေးအပ်စဉ်….. ကလေးတို့ရေ စာကြီုးစားကြနော်..အမေရိကန် သမ္မတ အေဗရာဟင်လင်ကွန်းလည်း သားတို့ သမီးတို့လို တောရွာလေးကနေ လာတာပဲ…..။       24.6.2013 တနင်္လာနေ့ မနက်ခင်းသည် ရွာတော့မည့်ဟန်ဖြင်သော မိုးတိမ်တို့ဖြင့် အုံ့မှိုင်းနေချေ၏။ ဒီနေ့ ကျနော်တို့ အဖွဲ့သွားရောက်လှူဒါန်းကြမည့် ကျေးရွာများမှာ မော်လူးမှ မိုင်(၂၀)ကျော်ကွာဝေးသော ကျေးရွာ(၄)ရွာဖြစ်သည်။ ထိုရွာများမှာ မိုးဖြိုင်ဖြိုင်ကျလျှင် […]


kotun winlattJune 27, 20132min1255
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ နားခွင်းကျင်ကျေးရွာ မူလတန်းကျောင်းလေးးးးးး     ဆရာမလေးသို့ မြေဖြူ၊ ဘောလ်ပင်၊ သင်ပုန်းဖျက်၊ မင်နီများ ပေးအပ်နေစဉ်….   လှုပ်လှုပ်ရှားရှား One Candle အဖွဲ့ဝင်များးးးးးးးးးးးးးးးးးးး   ကျောင်းသူလေးတစ်ဦးအား စာရေးကိရိယာလေးများ ပေးအပ်နေစဉ်….     ကျောင်းသူလေးအား စာရေးကိရိယာများ ပေးလှူစဉ်.. ရပ်မိရပ်ဖ ဆရာမများ ကျောင်းသား/သူများနှင့် ကျနော်တို့ အဖွဲ့ အမှတ်တရ…. ရပ်မိရပ်ဖ ဆရာမများ ကျောင်းသား/သူများနှင့် ကျနော်တို့ အဖွဲ့ အမှတ်တရ….     ၁၉.၆.၂၀၁၃ ရက်နေ့ နံနက်ကတည်းက အနောက်ဘက်တခွင်မှ မိုးတိမ်တို့သည် အလိမ့်လိုက်တက်လာကြလေသည်။ မိုးရွာရွာ နေပူပူ သွားဖြစ်အောင်သွားမည်ဟု အားခဲထားတာမို့ ကြိုက်သလောက်ရွာလိုက်စမ်း မိုး…ရေဟု စိတ်ထဲမှ ကြုံးဝါးနေလိုက်မိသည်။  […]


kotun winlattJune 25, 20132min1374
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ သက်ရင်းတာရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းသား/သူများ စာသင်ကြားရာ နေရာ ( ၂၀၁၂ မှ ပုံကို တင်ထားခြင်း ဖြစ်ပါသည်။ ယခုနှစ်တွင် ဇရပ်လေးအား ဓာတ်ပုံ မရိုက်မိခဲ့သောကြောင့်ပါ…။)     လှူဒါန်းမည့် ပစ္စည်းများကို နေရာချနေကြသည့် One Candle အဖွဲ့ဝင်များ   ဆရာမအား လှူဒါန်းသော ပစ္စည်းလေးများ ပေးအပ်စဉ်….   အနာဂတ်၏ သားကောင်းရတနာလေးများကို စာရေးကိရိယာများ ဝေငှပေးနေကြစဉ်…..   ကျောင်းသားလေးတစ်ဦးအားး စာရေးကိရိယာနှင့် အာဟာရမုန့်လေးများ ပေးအပ်စဉ်….။   ကျောင်းသားလေးတစ်ဦးအားး စာရေးကိရိယာနှင့် အာဟာရမုန့်လေးများ ပေးအပ်စဉ်….။   ကျောင်းသူ ကျောင်းသား ဆရာမများ ခန်းနေ ဦးဇင်းနှင့် OneCandle အဖွဲ့ဝင်များ […]


kotun winlattJune 16, 20132min1063
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ဘဘဦးတင်ဦး၊ အမေစုတို့ အင်းတော်မြို့ရောက်ရှိခဲ့စဉ်က ဆရာဦးစောလှိုင်တို့ အဖွဲ့နှင့် အမှတ်တရ ရိုက်ကူးထားတဲ့ ပုံလေးပါ…. ဆရာဦးစောလှိုင်မှာ အကျင်္ီအစိမ်း ပုဆိုးအညိုရောင်နဲ့ပါ ဒီနေ့တော့ မနက်ကတည်းက ရာသီဥတု သာယာနေပါတယ်….. ဒါပေမယ့် ကျနော့်ရင်ထဲမှာတော့ သာယာမှုမရှိပါ.. အဘယ်ကြောင့်ဆိုသော် ကျနော်တို့ အဖွဲ့လေး ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးကို စာရေးကိရိယာ သွားရောက်လှူဒါန်းပြီး နောက်ရက်မှာနံနက်ပိုင်းမှာပဲ အင်းတော်မြို့က ကျနော့် သူငယ်ချင်း ချမ်းအောင်က ” ထွန်းဝင်းလတ်ရေ … ဆရာစော ဆုံးသွားပြီ.. ၁၂ ရက်နေ့မှာ သဂြိင်္ုဟ်မယ်…” ဟု အကြောင်းကြားလာခဲ့သည်။ ဆရာစောဆိုတာက ကျနော်တို့ အင်းတော်မြို့နယ်က ၁၉၉ဝ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းဦးစောလှိုင်ပါ။ အနိုင်ရခဲ့ပေမယ့် လွှတ်တော် အမတ်မဖြစ်ရပဲ […]


kotun winlattJune 13, 20132min1157
အနာဂတ်၏ သားကောင်းရတနာလေးများးးးးးးး အနာဂတ်၏ သားကောင်းရတနာလေးများနှင့် ကျနော်တို့ အဖွဲ့လေး အမှတ်တရ…. ကျနော်တို့ အဖွဲ့လေး ကျောင်းလေး၏ စာသင်လေးရှေ့မှာ အမှတ်တရ….. ရွာလေးထဲမှာ တစ်အိမ်တက်ဆင်း ဂျာနယ်စာစောင်များကို လိုက်လံဝေငှကြစဉ်…. ဆရာတော်နှင့် ကျနော်တို့ အဖွဲ့ဝင်များ စကားစမြည်….. ဆရာတော်အား ဂျာနယ်နှင့် ဓမ္မစာစောင်လေးများ ဆက်ကပ်လှူဒါန်းစဉ်….. ခရီးစဉ်ကို စထွက်တော့ နံနက်ရှစ်နာရီခွဲနေပါပြီ … ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မော်လူးထဲမှာ ဆိုင်ကယ် ဦးထုပ်မပါတဲ့လူတွေကို ယာဥင်္ထိန်းရဲက ဖမ်းနေပါတယ်… ဒီအကြောင်းလေးကိုလည်း ရေးချင်သားဗျ….အဟဲ…. နောက်များမှပေါ့နော့.. သုံးဘီးဆရာက ဦးထုပ်မပါလို့ ကွင်းလမ်း ရှောင်လမ်းကနေပတ်ပြီးမောင်းခဲ့ပါတယ်…..အဖွဲ့ဝင်တွေက မော်လူး၊ အုန်းဒုတ်၊ စီးမော်၊ ညောင်ပင်သာ၊ စီပိန်းစတဲ့ ရွာလေးတွေကဖြစ်ပြီး ဖားပန်ရွာကို သွားတဲ့လမ်းနဲ့ တဆက်တည်းမို့ တစ်ရွာပြီးတစ်ရွာ ဝိုင်းတော်သားလေးတွေက အားဖြည့်လာကြတာမို့ အင်အား(၂၀)ယောက်လောက် […]


kotun winlattJune 13, 20131min2088
မန်းလေးဂေဇက်မှ လှူဒါန်းသော  ပစ္စည်းများ မန်းလေးမှ မော်လူးသို့ ရောက်ရှိလာစဉ်…. ရွာတံဆိပ်လေးကို ကျနော်မှ ဒီလိုခေတ်နှိပ်ပေးလိုက်ပါတယ်….. တက်တက်ကြွကြွ လှုပ်ရှားနေကြတဲ့ ကျနော့်၏ One Candle စေတနာရှင်လူငယ် အဖွဲ့ဝင်များ ဆရာမသို့ သင်ထောက်ကူ ပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်….     ”ရွာသူ ရွာသားအားလုံး မင်္ဂလာပါညယ်” လို့ နှုတ်ဆက်ပါရစေ…. အလှူခံဖလားကြီး ပိုက်ပြီးကတည်းက ပျောက်ချက်သား ကောင်းနေခဲ့တဲ့ ကျနော် အလှည့်ကျ မနွဲ့ကျစတမ်းဆိုသလို ကိုယ့်အလှည့်ရောက်လာပြီမို့ စိတ်ကူးတည့်ရာ အကုန်ရေးပါတော့မယ်… သံခီးးးသီးခံပြီးတော့သာ ဖတ်ကြပေရော….။ myanmargazette.net က အားတက်သရော ထည့်ဝင်လှူဒါန်းငွေတွေနဲ့ ဝယ်ယူပြီး မန္တလေးက လေးပေါက် တာဝန်ယူပေးပို့လိုက်တဲ့ စာရေးကိရိယာတွေ ကျနော့်ဆီကို 5.6.2013 ရက်နေ့က ရောက်ရှိလာတာမို့ ခရီးစဉ်တွေကို ကျနော်ရဲ့ ဝိုင်းတော်သားတွေနဲ့ […]


kotun winlattMay 8, 20132min71045
စာမရေးဖြစ်တာကြာတော့ ဘယ်ကစပြီးရေရမလဲ မသိဖြစ်နေတော့တာ…. အရင်ကလို ဂေဇက်ရွာကြီးထဲကိုလည်း သိပ်မရောက်ဖြစ်… ဘာကြောင့် ဘာအတွက်ဆိုတဲ့ အကြောင်းပြချက်မှာ ရေရေရာရာ မရှိလှပေ…. အဓိက အကြောင်းပြချက်ကတော့ လူပျို လူလွှတ်ဘဝနဲ့ အိမ်ထောင်ကျပြီးသွားသော ဘဝနှစ်ခုကြားက ကွာခြားချက်ဟု ပြောရမည် ထင်ပါသည်။ အရင်က ကျနော့်ကို ဘာတွေလုပ်နေနေ ပြောမည့်သူမရှိ…. အမေ အဖေတို့ကလည်း ဒီအသက် ဒီအရွယ် ကလေးမဟုတ်တော့ သူ့ဟာသူ ဆင်ခြင်လိမ့်မယ် ဆိုပြီး တော်ရုံတန်ရုံ သိပ်မပြောကြ… ဒီတော့ ကျနော် စိတ်ထဲရှိရာ စိတ်ထဲထင်ရာတွေ လျှောက်လုပ် လျှောက်သွားနေခဲ့သည်သာ… စိတ်လွှတ်ကိုယ်လွှတ်ဟု ဆိုရမည်ထင်ပါ့…. ကွာဟချက်နှစ်ခုကြားမှာ အံဝင်ခွင်ကျဖြစ်အောင် ကျနော် ကြိုးစားနေသောကြောင့် ဟုပြောလျှင်လည်း ရသလို ထိန်းချုပ်မှုတွေ ကြားမှာ ရောက်နေသော ဘဝဟုလည်း ဆိုနိုင်လောက်ပါသည်။ အရင်ကတော့ အဖေ […]


kotun winlattApril 15, 20132min22317
  ကျောင်းကော်မီတီမှ One More အဖွဲ့ကြီးအား ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်စဉ်… ဆရာမတစ်ဦးအား ထောက်ပံ့ကြေး ပေးအပ်စဉ်…. ဆရာမတစ်ဦးအား ထောက်ပံ့ကြေး ပေးအပ်စဉ်…. ဆရာမလေးမှ ရရှိသော ထောက်ပံ့ကြေးထဲမှ တစ်ဝက်ကို စာသင်ဆောင် အတွက် ပြန်လည်လှူဒါန်းစဉ်….. ကျနော်တို့မော်လူးက One Candle စေတနာရှင်လူငယ်များ အဖွဲ့နဲ့ ဖားပန်အေးချမ်းကျေးရွာ ဆရာတော်နှင့် ရွာသူရွာသားများ ကျောင်းလေးရှေ့မှာ အမှတ်တရ… ဖားပန်အေးချမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ကို ကျနော်တို့ အဖွဲ့ ဆရာတော်ကို ကန်တော့ကြစဉ်…. ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်….. ကဲ…ရွာသူရွားအပေါင်းတို့ ခင်ဗျားးးးးးဝမ်းသာအားရ သာဓု ခေါ်ဆိုနိုင်ကြစေရန် ပုံလေးတွေကို တင်ပေးလိုက်ပါတယ်… နောက်ရက်မှ အလှူအကြောင်းလေးကို စာစီရေးပြီး တင်ပေးပါဦးမယ်….နောက်တစ်ဆင့်အနေနဲ့ ကျနော်တို့ အဖွဲ့( One Candle စေတနာရှင်လူငယ်များ အဖွဲ့) […]


kotun winlattFebruary 6, 20131min1197
ဂေဇက်ရွာသူရွာသားများ ကျန်းခန့်သာလို့ မာပါစ… ရွာသူ/သားအပေါင်း  စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ ကျနော်တောသားမှ မေတ္တာပို့သ ဆုတောင်းအပ်ပါသည်။ ကာလကြာရှည် ဂေဇက်ရွာကြီးနဲ့ ဝေနေခဲ့ရပါသော ကျနော် ဒီနေ့တွင်မှ အင်တာနက်သုံးစွဲခွင့် ပြန်လည် ရရှိပြီး သကာလ စုပ်ချာချာကွန်နက်ရှင်လေးအား စုပ်ချာချာ ကွန်ပြူတာလေးအား အသုံးပြု၍ အားသွန်ခွန်စိုက် ဤစာလေးအားရေးသားအပ်ပါသည်။ အင်တာနက်ကိုလည်း မသုံးရ ညပိုင်းတွင်လည်း အပြင်မထွက် အမိန့်ကြောင့် ကျနော့်မှာ နေမထိ ထိုင်မသာဖြစ်နေရပါသည်။ လေးပေါက်ကိုလည်း သတိရ..ကိုကြီးကမ်းကိုလည်း ဆွေးမိ..ဟိုးအဝေးကြီး တဂျီးလေးမောင်ခိုင်ကိုလည်း တမ်းတ…လူထူဆန်းသလားးးနာမည်ပဲထူးဆန်းလေးသလားမသိသော လူကြီးကိုလည်း မေ့မရ…လွှတ်တော်မှာ ချွတ်ချော်အဲ…တော်ကြာ ခုံရုံးဖွဲ့ပြီး အစစ်ဆေးခံနေရလိမ့်ဦးမယ်… အမတ်မင်းအားလည်း လွမ်းဆွတ်….ဆြာပေနှင့်တကွရွာသူရွာသားတို့ မတွေ့ရသည့်နေမှစပြီး ကျနော့်မှာ စားမဝင်အိပ်မပျော်ဖြစ်နေပြီး ဒီယနေ့တွင်မှ အစာလေးပြန်ဝင်ကာ နေထိထိုင်သာရှိလေချေပြီ….အို..ကောင်းးလေစွ..ကောင်းးးလေစွ….ဒီနေ့တော့ ဒီမျှလောက်သာရေးပြီးးကျနော်ပြန်ပြေးဆင်းချေတော့မည်…ဟိုးးးအဝေးက တဂျီးမောင်ခိုင်ရေ..ကျနော်မလာနိုင်လည်း ကျနော့်အကောင့်လေးကို မဖျက်လိုက်ပါနဲ့ဦး…ဒုက္ခိတအွန်လိုင်းသုံးနေရသူမို့ စိတ်ရှည်သည်းခံပြီး […]


kotun winlattSeptember 22, 20122min23916
  21.9.2012 ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ကသာ၊ အင်းတော်၊ မော်လူး၊ မိုးညှင်း မြို့များမှ စေတနာရှင်များ စုပေါင်း၍ မိုးကောင်းမြို့ရှိ စစ်ဘေးရှောင်လာသူများအား ဆန်၊ ဆီ၊ ဆား ၊ အဝတ်အထည် အစရှိသည့် ပစ္စည်းများကို သွားရောက် ကူညီထောက်ပံခဲ့ကြပါသည်။ သွားရောက်ခဲ့သည့်နေရာများမှာ phoenix centre ( HIV,AIDS)ရောဂါသည်များကို ကူညီစောင့်ရှောက်မှုအသင်း၊ နတ်ကြီးကုန်းဘုရားရှိခိုးကျောင်း မဟောင်ဘုရားရှိခိုးကျောင်း၊ ကျွန်းတောဘုရားရှိခိုးကျောင်းများရှိ စစ်ဘေးရှောင်လာသူများအား ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။ 20.9.2012ရက်နေ့ညပိုင်းတွင် phoenix centre တွင် HIV လူနာများနှင့်အတူ ရဟန်းသံဃာတော်များကို ပင့်ဖိတ်ပြီး ငြိမ်းချမ်းရေးတရားကို နာယူဆုတောင်းခဲ့ကြပါသည်။ အဆိုပါ မိုးကောင်းမြို့ရှိ phoenix centre (HIV/AIDS)ကူညီစောင့်ရှောက်ရေး အဖွဲ့သည် အကူအညီများစွာ လိုအပ်နေသေးကြောင်း သိရှိရပါသည်။


kotun winlattSeptember 15, 20121min18113
          အချိန်တို့သည် တရွေ့ရွေ့ဖြင့် ပုံမှန်ခရီးဆက်နေကြ၏။ အချိန်နာရီများ၏ စီးဆင်းမှုတွင် အချို့သည် အလိုက်သင့် စီးမျောလျက် အချို့သည် ရုန်းကန်လှုပ်ရှားလျက် ဖြတ်သန်းနေကြချေ၏။ ကျနော်သည်ကား အချိန်၏ ပုံမှန်ခရီးစဉ်တွင် အလိုက်သင့်မျောပါသည့်အခါ မျောပါပြီး ရုန်းကန်လှုပ်ရှားသည့်အခါ ရုန်းကန်လှုပ်ရှားလျက် တရွေ့ရွေ့ ခရီးနှင်နေခဲ့သည်။ ကျနော့်အား ဖြတ်သန်းသွားသော သို့မဟုတ် ကျနော်ကဖြတ်သန်းခဲ့သော အချိန်တို့ကို စောင်းငဲ့ ကြည့်ရှု့မိလေသောအခါ အချို့အချိန်များကို စက်ဆုပ်ရွံရှာမိသလို အချို့အချိန်များကို နှမြောတမ်းတမိပါသည်။ သို့သော် ထိုအချိန်များကို ကျနော်ပြန်ပြီး မရောက်ရှိ မပိုင်ဆိုင်နိုင်တော့ပါ။ မနေ့က အကြောင်းအရာတို့သည် အတိတ်ကာလဖြစ်ပြီး မနက်ဖြန်ကြုံရမည်တို့သည်ကား အနာဂတ်ကာလများ မဟုတ်ပါလား။ ကျနော့်မှာ မနေ့ကနှင့် မနက်ဖြန် အကြောင်းအရာများပေါ်တွင် နစ်မြောနေမိတတ်ပြီး ယနေ့အကြောင်းအရာများကို မလုပ်ဆောင်ဖြစ်ပဲ ရှိနေတတ်၏။ ဒါသည်ပင်လျှင် အန္ဓပုထုဇဉ်၏ သဘောပေလော။ ကျနော်ဖြတ်သန်းလာခဲ့သော […]


kotun winlattSeptember 7, 20125min24416
        “မောင်လေး မမအတွက် ခေါင်းကိုက်ပျောက်ဆေးဝယ်ပေးဦး” မမကြီးမှ အိမ်တွင်ရှိသော အထွေးဆုံးမောင်အား ဈေးဝယ်ခိုင်းခြင်းဖြစ်သည်။ မောင်နှမ လေးယောက်တွင် အငယ်ဆုံး ဖြစ်ပြီး ယောက်ျားလေး တစ်ယောက်သာ ပါသောကြောင့် မိသားစု၏ အလွန်ချစ်ခြင်းခံရသည်။ မမကြီး၏ ခိုင်းစေချက်ကြောင့် ဈေးဝယ်သွားရန် ဆိုင်ကယ်ပေါ် တက်ခွနေသော မောင်လှထုံအား         “နေဦး မောင်လေး ခေါင်းကပ် ပလာစတာပါ ဝယ်ခဲ့နော်” ထိုစကားကြောင့်         “ခေါင်းကပ်ပလာစတာလား အနာကပ်ပလာစတာလား” မောင်လှထုံမှ သေချာရန် ထပ်မေးသည်။ မမကြီးကလည်း သေချာပြန်ဖြေလိုက်ပါသည်။ ခေါင်းကပ်ပလာစတာပါ။ မောင်လှထုံမှလည်း ဝယ်လာခဲ့ပါသည်။ ခေါင်းကပ်ပလာစတာပဲ ဖြစ်ပါသည်။သို့ပေမယ့် ခေါင်းကိုက်ပျောက်ဆေးကဖြင့် ပါမလာတော့ပါ။ တစ်ခုမက […]


kotun winlattSeptember 2, 20125min30127
      မနက်လင်းကတည်းက ကျနော် သွားရမည့် ခရီးအတွက် အစီအစဉ်မကျနမှာကို ရင်မောနေမိ၏။ ဘိလပ်မြေအိတ်နှင့် ၂ဝနှင့် ဖိုင်ဘာခုံ ၁ဝလုံးမှာ မနေ့ကတည်း ပို့ခိုင်းထားပြီးဖြစ်သဖြင့် စိတ်အေးနေရသော်လည်း ဗီရိုမှာ ယနေ့မှ ရမည်ဖြစ်သဖြင့် သုံးဘီးဆိုင်ကယ်ကို ဒီနေ့မနက်မှ လာသယ်ရန်မှာထားရသည်။ ကျနော်တို့ အဖွဲ့မှာ မနက်ရှစ်နာရီတွင် ကူးဆိပ်ဘုန်းတော်ကြီးကျောင်း သို့သွားကြမည်ဖြစ်၏။ သွားကြရမည့် အကြောင်းမှာ mandalay gazatte အွန်လိုင်းသုံးစွဲသူများအဖွဲ့မှ လှူဒါန်းသော ဗီရိုတစ်လုံး ဘိလပ်မြေ ၂ဝအိတ် ဖိုင်ဘာခုံ ၁ဝလုံးနှင့်အတူ ကျနော်တို့၏ one candle စေတနာရှင်လူငယ်များအဖွဲ့မှလည်း အမှိုက်ပုံးနှစ်လုံး ( အမှိုက်ပုံးငါးလုံးလှူရန် ဖြစ်သော်လည်း ရွာတွင် ရှာဝယ်ရာ နှစ်လုံးသာရရှိသဖြင့် နှစ်လုံးသာ လှူလိုက်ရခြင်းဖြစ်၏။) ခေါက်စားပွဲတစ်လုံးကို စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ […]