“ မိုးကျရွှေကိုယ်များနဲ့ဆာသော်” ဘောစချုပ် မိတ်ဆွေရဲ့သားလေးကို ပြီးခဲ့တဲ့တစ်ပါတ်က အလုပ်သွင်းထားတာ အလုပ်မလာတာ နှစ်ရက် ရှိသွားလို့ ဖုန်းနဲ့လှမ်းမေးလိုက်တဲ့အခါ “မလုပ်တော့ဘူး”လို့ ဖြေသံကြားလိုက်တော့ ဆာသော်အတော်လေးစိတ်တိုသွားပါတယ်။ သူ အလုပ်လိုချင်တုံးက သူ့အဖေရော အမေရော ဘောစချုပ်ဆီ အကြိမ်ကြိမ်လာ ဖုန်းတွေ အခါခါ ဆက်ပြီး အလုပ်တောင်းတာကို မှတ်မိနေတော့ ပိုစိတ်တိုပါတယ်။ အဲဒီတုံးက သူ့ပုံစံ ညှင်းသိုးသိုးနဲ့ နေတဲ့ထိုင်တဲ့အချိုးကိုမြင်ကတည်းက အလုပ်ထဲကိုမခေါ်ချင်ပါဘူး။ “ ကောင်လေးပုံစံကို ဆာသော် သိပ်မကြိုက်တာ ‘မမ’ သိပါတယ်။ သူ့မိဘတွေနဲ့ ‘ မမ ‘တို့ အရင်တုံးက အတော်လေး ရင်းနှီးခဲ့တာရယ် သူတို့ မသောင်သာတာ သိတာရယ်ကြောင့်ခေါ်ထားလိုက်တာပါ” လို့ လေချိုသွေးပြန်တော့ ဆာသော်လည်းဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ သူလဲ မိုးကျရွှေကိုယ် တစ်ပါးပေါ့။ […]