“မမေ့ဘို့” အချို့က ယုံကြည်ချက်အရ အချို့ကတော့ ကိုယ်ကျိုးသက်သက် အချို့က အများအရေး အချို့က တော့စီးပွားရေးအရ အချို့က အပျော်သဘော အချို့ကတော့ ယောရိယောရာ အချို့က ဖျာခင်း အချို့ကတော့ သာလို့ပူး မထူးခြားတဲ့အခြေအနေမှ ပြောင်းလဲခြင်းဘဝ ှ စလုံးရေ စမယ်ကြံဆဲ “အတော်ကိုပြဲအောင်လုပ်မှ တန်ကာကျမယ်” ဆိုတဲ့စကားမေ့မထားဘို့တော့လိုပါတယ်။ ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး ၅ ၁၂ ၁၅


“မျက်စေ့အေး နားအေး” စိတ်ပင်ပန်း လူပင်ပန်းနေချိန်မှာ အေးငြိမ်းတဲ့မြင်ကွင်းကိုတွေ့ရတဲ့အခါ   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 3-11-2015


၁ဝ ။ ထမင်းတစ်နပ်……………… ” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း ၁၀)   ကျနော်တို့နေ့စဉ် အလုပ်လုပ် လုပ်နိုင်ဘို့ အားရှိအောင် ထမင်းစားရတာပေါ့။ ထမင်းစားကြတဲ့အခါ လျှာ ပေါက်စနလေးကို နာမယ်ခံပြီး ကျနော်တို့ရဲ့  စိတ်အရသာပြေအောင် ဟိုဟာ ဒီဟာ ရွေးချယ်စားကြပြန်ပါတယ်။ ဝမ်းတစ်ထွာဆိုတာလေးကိုလည်းပြည့်အောင်ဖြည့်ရင်းပေါ့။ ကြာတော့လည်း ဒီဝမ်းတစ်ထွာလေးဖြည့်ဘို့ ကို က အလုပ်တစ်ခုလိုဖြစ်လာပါတယ်။ တစ်နေ့တစ်နေ့ ထမင်းတစ်နပ်စားဘို့ ရှာရဖွေရတာ ထားလိုက်အုံး ဘာနဲ့စားမလဲဆိုတာကလည်း အလုပ်ကြီးတစ်ခုပါဘဲ။   ဟိုအရင်အကြိမ်တွေကျယ်ခေါင်ကို လာတုံးက ခဏလေးဆိုတော့စားရသောက်ရတာ သိပ်ပြဿနာမရှိခဲ့။ ထမင်းတစ်နပ်အတွက် ဦးနှောက်မစားခဲ့ရပါဘူး။ ဒီတစ်ခါကြာကြာနေတော့ အိမ်မှာလဲချက်ပြုတ်မစားချင်တော့ ဆိုင်ကဘဲဝယ်စားမယ်ဆိုပြီးတွေးထားလိုက်ပါတယ်။ ပထမဆုံးရောက်တဲ့နေ့မှာအရင်ကစားနေကျ ကျောက်ဝိုင်းနားကဆိုင်ကိုသွားလိုက်တာပေါ့။ ခုံပေါ်မှာဟင်းကသုံးလေးခွက်လောက်ဘဲရှိပါတယ်။ ထမင်းစားချိန်လွန်သွားပြီဆိုတော့ဟင်းကသိပ်မကျန်တော့ပါဘူး။ ထုံးစံအတိုင်း ထမင်းစားမယ်လုပ်တော့ တစ်ပွဲဘယ်လောက်လဲအရင်မေးလိုက်ပါတယ်။ တစ်ခါပြင်စားမှာဆိုတော့ ဟင်းထည့်ြုပီးမှဈေးပြောမယ်ဆိုပါတယ်။ သူပြင်ပေးတဲ့ထမင်းထဲကို […]


“  အိုကေ နားထား မာယာသမား “   “မာယာ” ဆိုတာ ပါဠိစကားလား ဘာလား ကွဲကွဲပြားပြား မသိပေမယ့် အထာစကားတွေနဲ့ ဘာညာ ဘာညာ လာလှည့်စားရင် “မာယာတွေများတယ်”လို့ ဆိုပါတယ်။   ဟိုရှေးကဆိုစကား “မိန်းမ မာယာ သဲကိုးဖျာ”ဆိုသဟာကို ခပ်ငေါ့ငေါ့နဲ့ ချေပ “မောင်တို့ယောက်ျားတွေများကျတော့ သဲကိုးဖျာတောင်မလောက်ပါတယ်”တဲ့။ မအေးမြင့် ပြောမယ်ဆိုလဲ ပြောချင်စရာဗျာ ပလီတိရယ်မှ ပလာတာ ညာချင်သလိုညာ ရေးချင်သလိုရေး ပြောချင်သလိုပြော မှားချင်သလိုမှား များချင်သလိုများ စားချင်သလိုစားခဲ့ကြတဲ့ မောင်တို့ယောက်ျားကြီးတွေက ပြောင်းလဲချိန်တန်ပြီ ဆိုကာမှ ကတိတွေပေးလို့ပေး လက်ဆောင်တွေနဲ့ မျှားလို့မျှား သဘောထားတွေ ပြောင်းလိုပြောင်း ရောင်းတမ်းဝင် မျက်နှာပေးတွေနဲ့ လေချိုတွေသွေးနေပြန်တော့ ဦးချစ်ကောင်းရဲ့စကား ခဏငှားပါအုံးမယ် “သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ” “သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ” “သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ”   […]


“မဖယ်စကောင်း ဖယ်စကောင်း ”   တရုပ်ပြည်နယ်စပ်မြို့ဖြစ်တဲ့ကျုယ်ခေါင်ထဲမှာနေပြီး စာအုပ်အနီကိုင်ထားတဲ့သူတွေကတစ်ပါတ်တစ်ခါ တော့ မြန်မာပြည်ဘက်ကို အထွက်ပြကြရပါတယ်။ ထွက်ပြီးရင်ပြန်ဝင်ပေ့ါ။ ပြီးခဲ့တဲ့ဥပုဒ်နေ့ကတော့ အပြင်ထွက်ရမယ့်ရက်နဲ့ အလုပ်ပိတ်ရက်ဆုံတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဘုရားဖူးထွက်ရင်ကောင်းမယ်လို့ စဉ်းစားမိပါတယ်။ ဘယ်သွားရင်ကောင်းမလဲလို့ရုံးက ကလေးတွေနဲ့ တိုင်ပင်ကြည့်တော့မူဆယ်ဘက်က လှိုဏ်ဂူဘုရားကိုသွားမယ် ဘုရားကအပြန် မှာနမ်းခမ်းဘက်သွားတဲ့လမ်းက က္ကစာ္ဆာသယတောင်ကိုသွားမယ်ဆိုပြီး ခရီးစဉ်ဆွဲလိုက်ကြပါတယ်။ အားလုံးပေါင်းရှစ်ယောက်။ မနက်ရှစ်နာရီလောက်အပြင်ထွက် အသွားလမ်းမှာရှိတဲ့ ရှမ်းခေါက်ဆွဲဆိုင်လေးမှ ဝင်စားလိုက်ကြပါတယ်။ တစ်ပွဲငါးရာ အတော်လေးစားလို့ကောင်းပါတယ်။ တိုဟူးကျော်တွေဝက်ခေါက်ကြော်တွေထည့်စားတာမှ ငါးထောင်ဘဲကျပါတယ်။ စားသောက်ပြီးကြတော့လှိုဏ်ဂူဘုရားကိုသွားကြတာပေါ့။ လှိုဏ်ဂူဘုရားက မူဆယ်မြို့ကနေ မန်းလေးဘက်ထွက်တဲ့လမ်းမှာပါရှိတာပါ။ မြို့နဲ့သိပ်မဝေးပါဘူး။ ဆင်ဖြူဂိတ်ကနေဆယ့်ငါးမိနစ်လောက်မောင်းလိုက်ရင် ဘုရားသွားတဲ့လမ်းခွဲကို ရောက်သွားပါတယ်။ ဘုရားမုဒ်ဦးအဝင်ဝမှာကားထားပြီး ဘုရားတောင်ကုန်းလေးပေါ်ကိုတက်ခဲ့ကြပါတယ်။ သိပ်မမြင့်တော့ သက်တောင့်သက်သာပါဘဲ။ ဘုရား ဝင်ဝင်ခြင်း ဘယ်ဘက်ခြမ်းမှာ လှိုဏ်ဂူလေးရှိပါတယ်။ လှိုဏ်ဂူထဲကိုအပြန်မှဝင်မယ်ဆိုပြီး အောက်ဖက်ကိုဆင်းခဲ့ကြပါတယ်။ အဝင်စနားလေးမှာရေတံခွန်လေးလိုလုပ်ထားတဲ့နေရာလေးမှာအုပ်စုလိုက်ဓါတ်ပုံတွေရိုက်ကြပါတယ်။ ပြီးမှအုတ်လေခါးလေးကနေအပေါ်ဖက်ကိုတက်ခဲ့ကြပါတယ်။ လမ်းတစ်ဘက်ကတော့ တောင်နံရံအမြင့် […]


PK     တစ်ရက် လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း TVကနေ  လာနေတဲ့ရုပ်ရှင်ကိုကြည့်မိပါတယ်။ ဘာသာရေးကိုဝေဖန်ထားတဲ့ကား။ ကုလားကားပါ။ စိတ်ဝင်စားသွားတယ်။ နောက်ရက်ခွေဆိုင်မှာသွားရှာတော့ ရခဲ့တယ်။   တစ်ထိုင်ထဲအပြီးကြည့်လိုက်တယ်။ ဒီကားကို့ကြည်တော့တွေးစရာတွေ ရလာတယ်။ ဒီကားကြည့်ရင်းမျက်စေ့ထဲပြေးမြင်တာကတော့ သူကြီးပါဘဲ။ ကားအကြောင်းတော့မပြောတော့ဘူး။ သိချင်ရင်ရှာကြည့်ပေတော့။ ဒီကားလေးပါ။              


” ညီစေနော် ” ပူပူနွေးနွေး သိက်မကြာသေးခင်ကာလကပေါ့ မတိမ်းချင်လဲ တိမ်း မယိမ်းချင်လဲ ယိမ်း အရာရာ မလိုကျ စိမ်းဆိုမှ စိမ်းခဲ့ရသပေါ့။ မနောမှာ အာရုံ ကျ ကျ မကျ ကျ သဘောပါခဲ့ကြရတာ အမှန်ပါဘဲ။ လွန်မှ မလွန်ဆန်နိုင်ကြတာကိုးဗျ။ အခုတလောမတော့ အပြုသဘောပါတဲ့သူကလည်း ရှေ့မှာရပ်။ မကောင်းသော အဟောင်းကို စောင်းမှောက်ကာ တခေတ်ပြောင်းချင်သူများကလဲ အဆင်သင့်။ မရမခြင်း တွန်းလှန် ဝန်းရံသူများကလည်း တစ်တပ်တစ်အား။ မရပ်မနား အားစိုက်မှ တော်ခါကျမှာမို့ တွေဝေခါ ဗျာများမနေပါနဲ့တော့ အထွဋ်ကောင်းစီ ခွပ်ဒေါင်းနီ အလံတော်အောက်မှာလ ပြည်သူများရယ်က မြဲမြဲညီ ရဲရဲနီဘို့လိုပြီနော်။ ကိုပေါက်လက်ဆောင် အတွေးစဉ် ၁ ၁ဝ ၂၀၁၄


“သံယောဇဉ်အဖွဲ့”   တကယ်တမ်းပြောရရင် အိမ်မွေးတိရိစာ္ဆန်တွေနဲ့ ကျနော်ယဉ်ပါးခြင်းမရှိခဲ့။ အိမ်မှာမွေးထားတဲ့ခွေးတွေကြောင်တွေရှိပေမယ့် ကျနော်က ဖာသိဖာသာနေတတ်သူ။ ဒါပေမယ့်လည်းတိရိစာ္ဆန်မုန်းတီးသူတော့လဲမဟုတ်။ ပွတ်သီးပွတ်သတ် တယုတယ မနေတတ်သူ လို့ဆိုကြပါစို့။ ပြီးခဲ့တဲ့ နှစ်ကတော့ အလုပ်တာဝန်အရ တစ်မြို့တစ်ရွာကို သွားနေရပါတော့တယ်။ ကျွန်တော်နဲ့အတူနေတဲ့ သူက “ငါးချစ်သူ”။ အိမ်မှာရွှေငါးတွေကို ကန်ကြီး ကန်သေးတွေနဲ့မွေးထားတဲ့သူ။ နေ့စဉ် နေ့တိုင်း ငါးတွေကို အစာကျွေးတာ ငါးအညစ်အကြေးတွေကို ဆယ်ပြီးလွှင့်ပစ်တာ သူ လုပ်သပေါ့။ ငါးကန်အကြီးထဲမှာ ဗိုက်ပူပူငါးလေးတွေနဲ့ခေါင်းလုံးလုံးထူထူငါးလေးတွေက ခြောက်ကောင်ရှိပါတယ်။ မြူနီစပါယ်ငါးလို့ခေါ်တဲ့ ရေညှိတွေကိုစားတဲ့ အမဲရောင်ငါးကတစ်ကောင်။ စဉ့်အင်တုံကြီးထဲမှာတော့ ဒေါင်းမြီးကွက်လိုငါးလေးတွေ အနီရဲရဲငါးလေးတွေက အကောင်နှစ်ဆယ်ကျော်လောက်။ လက်ဆေးကန်နားက မှန်ကန်လေးထဲမှာတော့ ငါးပေါက်စလေးတွေက အုံခဲနေလိုက်တာ ဘယ်နှစ်ကောင်မှန်းမသိလောက်အောင်များပါတယ်။ မနက်မနက်ဆိုရင်အစောကြီးထပြီး ငါးတွေကိုအစာကျွေးရပါတယ်။ ငါးအကြီးအတွက်ကတော့ ဘူုးကြီးနဲ့ထည့်ထားတဲ့ ငါးစာနီညိုရောင်အလုံးလေးတွေ။ ငါးအလတ်တွေအတွက်တော့ ဘူးအသေးလေးထဲကငါးစာအမူန့်တွေ။ မွေးခါစ […]


“ဘဝပန်းချီ” ဘဝ ဆိုသဟာကြီးမှာ ပါဝင်ကပြခြင်းအတွက် ကိုယ်တိုင် ဇာတ်လမ်းရွေးချယ်ခွင့်မရှိ။   ဇာတိ မှ ဇရာ ဗျာဓိ  မရဏာ အဆုံး သီကုံးရေးအပ် သတ်မှတ်ပေးထားသော ဇာတ်လမ်းတွင်သာ ပါချင်လဲပါ မပါချင်လဲပါ က ချင်လည်းက မက ချင်လဲက ဘဝဇာတ်ဆရာ အလိုတော်အတိုင်းသာ။   အစုံစုံသော ဘဝထဲမှာ တောင်းရမ်းသူ  ပေးကမ်းသူ ရောင်းသူ ဝယ်သူ လည်သူ နားသူ စားသူ မျှော်သူ မတူသော အရောင်များဖြင့် ဖွဲ့စည်းအပ်သော ပန်းချီကားအလား အချို့အဆင်းလှ အချို့အဆင်းမလှ အချို့ ချမ်းသာ ထားစရာနေရာမရှိ အချို့ကား စားစရာပင်မရှိအောင်ဆင်းရဲ ကံထူး ကံမြတ် ကံထပ် ကံပွင့် ကံလွင့် ကံမွဲ ကံနည်း ကံဆိုး အမျိုးမျိုးသောကံ […]


“မပြင်စကောင်း ပြင်စကောင်း ဓါတ်ပုံတစ်ပုံရဲ့အကြောင်း” ဓါတ်ပုံနဲ့ပါတ်သက်ရင် ဝိဝါဒ ကွဲပြားလေ့ရှိတာကတော့ ရိုက်ထားတဲ့ပုံကို ထပ်မံပြီး ပြင် မပြင်ဆိုတာပါဘဲ။ ဟိုးအရင်ဖလင်ခေတ်က တော့ ပုံတစ်ပုံ ကို ကူးပြီး ရင် “ခဲထို်း “လေ့ရှိပါတယ်။ အစက်အပျောက်လေးတွေဖျောက်ချင်တာ အလင်းအမှောင်ထည့်ချင်တာကို ခဲတံလေးနဲ့ စိတ်ရှည်လက်ရှည် ပညာသားပါပါ ပြန်ပြင်ယူတာပါ။ ကွန်ပြူတာခေတ်မှာတော့ ဖိုတိုရှော့  တို့ လိုက်ရွှမ်း တို့နဲ့ပြင်ကြပါတယ်။ လက်ကိုင်ဖုန်း အဆင်မြင့်လာချိန်မှာတော့ ရိုက်ထားတဲ့ ပုံ ကို ဖုန်းထဲမှာတင်ပြင်လို့ရပါတယ်။ ဖုန်းအဆင့်မြင့်လေ ပြင်ရတာပိုမိုလွယ်ကူ သက်သာလေ ကိုယ်လုပ်ချင်တာ လုပ်လို့ ရလေပါဘဲ။ ရိုက်ထားတဲ့ ပုံကိုပြင်တာနဲ့ပါတ်သက်ပြီးတော့ ” ကိုယ်ရိုက်ထားတဲ့ ပုံကို ပြန်ပြင်တယ်ဆိုတာ မိန်းကလေးတစ်ယောက်အပြင်မထွက်ခင် အလှပြင်တဲ့သဘောပါဘဲ” လို့ဆိုသူရှိသလို “တော်ရုံ တန်ရုံပညာနဲ့လောက်ကတော့ ကိုယ်လိုချင်တဲ့ အလင်းအမှောင်ကွက်တိမရနိုင်ဘူး ဒီတော့ […]