“မထူးခြားတဲ့ ညနေခင်း” မွန်းကြပ်တဲ့တစ်ရက်   ပြေးထွက်စရာ   နေရာရှာ။   ဟိုဘက်မှာ ကြည့်   မရှိ။   ဒီဘက်မှာ ကြည့် မရှိ။ စဉ်းစားမရတဲ့အဆုံး အပေါ်ပြေးတက် ခေါင်မိုးထက်မှာ လွတ်လပ်သော ကျယ်ပြန့်သော ကောင်းကင် မြင်တွေ့ ခဏ စိတ်တွေပေါ့ပါး အနားရလို့မှမဆုံးသေးခင် တစတစနဲ့ အမှောင်ဖုံး နောက်ဆုံးတော့ အရင်လို ပါဘဲလေ။ ကိုပေါက်လက်ဆောင်အတွေးစဉ် 16-8-2015


“နေသာတဲ့နေ့ အပြင်ထွက်ခြင်း” (ဓါတ်ပုံပိုစ်) ဒီမှာမိုးတွေရွာနေတာနေ့တိုင်းလိုလို။ ဒီနေ့တော့ နေသာတော့ ဆိုင်ကယ်နဲ့အပြင်ထွက်ဖြစ်ပါတယ်။ မိုးရွာမယ့်အရိပ်အယောင်မရှိတော့ ရွှေလီမြို့တောင်ဘက်ဖျား လူသူကင်းဝေးတဲ့နေရာထိရောက်ခဲ့ပါတယ်။ တိမ်တွေနဲ့လှပ လွတ်လပ်ကျယ်ပြန့်တဲ့မြင်ကွင်းဆိုတော့ စိတ်ချမ်းသာစရာ။ မြို့ စွန် လူသူတွေ နေတဲ့ အကြားမှာတော့ ငြိမ်းချမ်းသူများရဲ့ ထာဝရလှဲလျောင်းရာနေရာလေးကိုလည်းတွေ့ခဲ့ရ။ အပြန်လမ်းမှာတော့ တိမ်တွေစီးမိုးထားတဲ့မြန်မာပြည်ဘက်က တောင်တန်းများကို မြင်ရပြန်ပါတယ်။ ဘာဘဲပြောပြော စိတ်အေးချမ်းခဲ့ရတဲ့နေရာလေးပါဘဲ.   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 12-8-2015  


“နေဝင်စရယ်က ရောင်စုံခြယ်” (ဓါတ်ပုံပိုစ်) အခုရက်ကျနော်ရောက်နေတဲ့အရပ်မှာမိုးနေ့တိုင်းရွာပါတယ်။ တစ်ခါတစ်လေ တစ်နေကုန် တဖွဲဖွဲ။ တစ်ခါတစ်လေတော့လဲရွာလိုက်တိတ်လိုက်။ တစ်ခါတစ်လေ နေပွင့်လိုက်မိုးရွာလိုက်။ မိုးကိုလဲ မရွာစေချင်ပါဘူး။ ဒီအထက်ကရွာတဲ့မိုးကအောက်ဖက်ကလူကိုသွားဒုက္ခပေးမှာသေချာနေတာကိုး။ မိုးရွာတာက အလုပ်ဖွင့်တဲ့ရက် မှာတော့  သိပ်ပြဿနာမရှိ။ အလုပ် လုပ်နေရင်းက အချိန်ကုန်မှန်းမသိကုန်သွားတတ်ပါတယ်။ အလုပ်ပိတ်ရက်မှာတော့ အိမ်ထဲမှာနေရတာပျင်းလာပါလေရော။     ပြီးခဲ့တဲ့ ဥပုဒ်နေ့ ကတော့ မိုးက ဖွဲဖွဲလေးကျလိုက်တိတ်လိုက်နဲ့။ ညနေပိုင်းတော့ မိုးရိပ်ရှိပေမယ့် မိုးကမရွာပါဘူး။ ဒါနဲ့ဘဲအညောင်းပြောဆိုပြီး မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ကစားကွင်းဘက်ကို လမ်းလျှောက်ဘို့သွားခဲ့ပါတယ်။ ကျနော်နေတဲ့အိမ်နဲ့ဆိုရင်ဆယ်မိနစ်လောက်လောက်ဘဲဆိုင်ကယ်မောင်းရပါတယ်။ အဲဒီနေရာက သစ်တောပင်အစုလေးတွေနဲ့ အုတ်ခင်းလမ်းတဲ့ဆိုတော့ ညနေခင်းမှာလမ်းလျောက်လာသူတွေအများကြီးပါဘဲ။ အဘိုးအဘွားအရွယ်တွေရော လူလတ်ပိုင်းရော ကလေးတွေနဲ့မိသားစုတွေရော လူငယ်လေးတွေရော စည်ကားလှပါတယ်။ အဝင်ဝမှာဆိုင်ကယ် ကားထားခဲ့ရပါတယ်။ ကိုယ်ဘာသာကိုသော့ခတ်။ အစောင့်ရဲတွေရှိပေမယ့် ယာဉ်အပ်ခမပေးရ။ အဲဒီ လမ်းလျောက်စရာနေရာနဲ့ကလေးကစားကွင်းနဲ့တွဲနေပါတယ်။ လာကစားတဲ့ကလေးတွေလဲအများကြီး။ အဲဒိနေ့က […]


“ခါတော်မှီ အလှူ”   ဒီနှစ် ဝါထပ်တော့ ရေကြီးတာပေါ့။ ရေကြီးတာမှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကို ကြီးတာပါ။   အဲတော့ အစိုးရကပစ်ထားတဲ့ရေဘေးဒုက္ခသည်တွေကို ပြည်သူအချင်းချင်းကဘဲ ဝိုင်းကူကြတာပေါ့။ ကိုယ်ဆိုင်ရာ နယ်ပယ် ကိုယ် ကျွမ်းကျင်ရာ နယ်ပယ် ကနေပြီး ကူညီဘို့ ငွေရှာကြရတာပေါ့။ ကျနော်တို့မန်းလေးက ဓါတ်ပုံဆရာများကလဲ ကျုံးနံဘေးမှာ ဓါတ်ပုံတွေခင်းကျင်းပြီး ရောင်းချပြီး လှူဘို့လုပ်ကြတာပေါ့။ အဝေးရောက်နေတဲ့ကျနော်က ဒီပွဲမှာပါချင်ပေမယ့် မပါ နိုင်ဘူး။ မိတ်ဆွေတွေက ဘယ်ပုံ ရောင်းရပြီ ဆိုပြိး ဖေစ်ဘုတ်မှာတက်လာတော့ အားကျ ဝမ်းသာပေါ့။ ဒါနဲ့ကျနော်လဲ ကျနော်ပုံလေးတွေထဲက စိတ်တိုင်းကျတာတွေစုပြီး ဖေစ်ဘုတ်က ကျနော် စာမျက်နှာမှာတင်လိုက်ပါတယ်။ ကြေးသတ်မှတ်မထားပါဘူး ကြိုက်တဲ့သူက ကကြိုက်တဲ့အရွယ်အစားကိုကြိုက်ဈေးနဲ့ဝယ်နိုင်အောင်လို့ပါ. ဒီနေ့မနက်တော့ “ကံသာနွဲ” ဆိုတဲ့မိတ်ဆွေက 6×8 အရွယ်အစားလေးပုံ ကို […]


“ဖုံးသုံး………………….” တွေ့ရာ မြင်ရာ အရုပ်ထင် မြင်မြင်သမျှ မှတ်တမ်းတင် အခုရက်ဒီမှာ တစ်ပါတ်လုံးလုံးမုးိတွေရွာပါတယ်။ နေသာတဲ့ တစ်ရက် အပြင်ထွက်ကြည့်တော့ အဝေးမှာမုးိငွေးတွေ။ အဲ့ဒီတောင်တန်းတွေက မြန်မာပြည်ပိုင်တဲ့ နယ်ပါ။ မိုးဆက်တိုက်ရွာတော့ ရွှေလီမြစ်တောင်ရေပြည့်လာပါတယ်။ ဒါပေမယ့် ရေက အောက်ဖက်ကို ဆက်တိုက်ဆင်းသွားတော့ ဒီမှာရေမကြီး။ ဒီကဆင်းတဲ့ရေတွေက ကသာဘက်ကိုရောက်သွားမှာပါ။ ကန့်ဘလူဘက်ရေကြီးတယ်ဆိုတာ ဒီရေတွေရောပါသလားလို့တွေးမိပါတယ်။ ရေတွေပြည့်လာတယ်ပြောပေမယ့် တံတားနဲ့ထိဘို့အများကြီးလိုပါသေးတယ်။ သစ်ပင်တွေရှိတော့ မိုးမှန်လေမှန်။ မိုးမှန်လေမှန်တော့ သစ်ပင်တွေ စိမ်းစို။ ဒါကသဘာဝရဲ့ ဆက်စပ်မူ့တွေပါဘဲ။ ရာသီဥတု သာယာတော့ လူတွေလဲနေရတာ စိတ်အေးချမ်းသာရှိသပေါ့။ နောက်ရက်ညနေ မိုးတစ်နေကုန်တိတ်တော့ လမ်းလျောက်ထွက်ခဲ့ပါတယ်။ ကိုယ့်ဆီမှာမိုးမရွာပေမယ့် ဟိုဘက်မှ မိုးက ရွာလိုက်တိတ်လိုက်ဖြစ်နေတယ်ထင်ပါရဲ့ သက်တန့်တွေပေါ်လာတယ်။ ကျနော်ဓါတ်ပုံရိုက်တဲ့သက်တမ်းတစ်လျောက် သက်တန့်ကို ပီပီပြင်ပြင်မဖမ်းဘူးသေးပါဘူး။ တက်သိမ်းအင်းညနေစောင်းလေးမှာတစ်ခါတောွရဘူးပါတယ်။ အခုပြန်ကြည့်တော့စိတ်တိုင်းမကျ။ ဓါတ်ဆရာများကလဲ သက်တန့်ဖမ်းရင်သက်တန့်အကွေးကြီးသက်သက်ထက် အထင်ကရ […]


“ အဖြေမရှိတဲ့ ပဟေဠိများနဲ့နိုင်ငံ “ တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၁၀)   ကျနော်တို့နိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေက မယုံနိုင်လောက်စရာ စဉ်းစားလို့မမှီနို်င်စရာတွေနဲ့ပြည့်နှက်လိုနေပါတယ်။ အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းပုံတွေက လူသာမန်တွေစဉ်းစားလို့မလိုက်နိုင်တဲ့ ဖြေရှင်းနည်းတွေဘဲကြုံနေပါတယ်။ အံ့ဩစရာကောင်းတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ပေါ်လာတာကလဲ အံ့ဩစရာဆိုတာထက်ပိုအံ့ဩဘို့ကောင်းနေပါသေးတယ်။ တိုင်းပြည်ပဲ့ကိုင်ခေါင်ချုပ်တစ်ဦး ကွယ်လွန်သွားချိန်နဲ့တိုက်ဆိုင်စွာ နာမယ်ကျော်စီးပွားရေးသမားရဲ့ပိုင်ဆိုင်တဲ့ နေရာထဲမှာ စိတ်ကြွဆေးပြားကားတစ်စီးတိုက် ပိုင်ရှင်မဲ့ တွေ့ရပြန်သတဲ့။   ပြဿနာအတော်များတဲ့ မင်းအုပ်စိုးအမူ့ကိုတစ်သက်တစ်ကျွန်းချလိုက်တဲ့အချိန်မှာ သစ်ခိုးခုတ်တဲ့အမူ့ကိုလဲတစ်သက်တစ်ကျွန်းချလိုက်ပြီးဆိုတဲ့သတင်းထွက်လာတော့ ဟုတ်မှဟုတ်ရဲ့လားလို့ ထင်သူထင်။ ထင်ဆိုလဲထင်လောက်စရာပါဘဲ ။ ပညာရေးအတွက်တိုက်ပွဲဝင်တာကလွဲလို့ ဘာအမူ့အခင်းမှမလုပ်ခဲ့ဘူးတဲ့ ကျောင်းသားကျောင်းသူတွေကိုတော့ရုံးထုတ်ရင်လက်ထိပ်ခပ်ထားပေမယ့် လူတစ်ယောက်အသက်ကိုမသေမချင်းသတ်ခဲ့ရုံမက အမူ့အခင်းများစွာ ရင်ဆိုင်ခဲ့ဘူးတဲ့သူကတော့ လက်ထိပ်မခတ်။ ဝတ်စားထားပုံကမိုက်ပြစ်အတွက်အပြစ်ဒဏ်ကျခံရတော့မယ့်သူနဲ့မတူ။ ဘာကြောင့်လို့ ဒီလိုကွာခြားသလဲလို့မေးကြည့်ရင်ဒါကလဲပဟေဠိတစ်ခု။   တိုင်းပြည်ကို တရား မဝင်ခိုးဝင် သစ်တွေခိုးခုတ်။ (ဒီအလုပ်တွေက လဲ အတွင်းလူမပါဘဲလုပ်လို့မရ) တဲ့တိုင်းတပါးသားကိုလဲ တစ်သက်တစ်ကျွန်းတွေဘာတွေဟန်တန်ပန်တန်နဲ့ ချလိုက်တော့ ဒီတစ်ခါတော့ […]


“ပြေ ကွဲ ဇာတ်လမ်း”   ပုတီးကုံး အစည်းပြေ အစီစီ မွကြဲ တစ်ကွဲစီ။   မှန်တစ်ချပ် ကျကွဲကြေ အစိတ်စိတ် မွကြဲ တစ်ကွဲစီ။   အချုပ်ပြေသော် တစစီကွဲ ဖြစ်မြဲ ဓမ္မတာ။ ထိပ်ခေါင်ချုပ် ပြောင်းကြွကြွေ တစ်စစီ ကွဲ မကွဲ အစည်း ပြေ မပြေ စိတ်ဝင်စားပါသလေ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 30-7-2015              


၉။ လည်လည်သွားမယ်ဆိုရင် ………………. ” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း ၉) ကျယ်ခေါင်မြို့ကျဉ်းကျဉ်းလေးဆိုတော့လည်စရာပါတ်စရာနေရာကတော့ ရှားပါးပါတယ်။ နောက်ဒီမြို့လေးက စီးပွားရေးကုန်စည်ဖလှယ်ရာမြို့ဆိုတော့ အားလုံးကအလုပ်ဘဲ ခေါင်းထဲမှာရှိနေကြပါတယ်။ မြို့အဝင်စ နန်းတော်ပေါက်မှာတော့ အခွန်လွတ် ဈေးဆိုင်ကြီးတွေရှိမယ်။ ကမ္ဘာလှည့်ခရီးသွား (ပြည်မက တရုပ်တွေဘဲလာကြတာများပါတယ်) ဓါတ်ပုံရိုက်ကြတဲ့ နေရာလဲဖြစ်ပါတယ်။ အဲ့နားလေးမှာကျယ်ခေါင်မြို့ရဲ့အထင်က ရလို့ပြောနိုင်တဲ့ ဘုလုံးကြီးကိုထိပ်မှာတင်ပြီး မတ်မတ်ရပ်နေတဲ့ ရွှေနဂါးဟိုတယ်ကြီးရှိမယ်။ ၂၂ထပ်အမြင့်ရှိပြီးဟိုးအဝေးကနေမြင်နိုင်တဲ့အဆောက်အဦးကြီးဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ကူညီစောင်မမူ့နဲ့ အဲဒီဟိုတယ်ကြီးရဲ့ခေါင်မိုးပြင် ဘုလုံးကြီးအောက်ကနေပြီးဓါတ်တက်ဖမ်းဘူးပါတယ်။ ရွှေနဂါးဟိုတယ်လို့တရုပ်လိုရေးထားတဲ့ စာလုံးကြီးကိုတင်ထားတဲ့သံပြားပေါ်က နေတက်ရိုက်ခဲ့ကြတာပါ။ နောက်မှသိရတာက အဲဒီစာလုံးကပ်ထားတဲ့နေရာက ၅ပေကျယ်ပြီး၈ပေအမြင့်ရှိတဲ့သံပုံးကြီး ဆိုတာရယ် သံပြားပါးပါးလေးအောက်မှာဘာမှခံမထားဘူးဆိုတာရယ်သိတော့ မှအဲပေါ်တက်ပြီးဓါတ်ပုံရိုက်မိတာကိုပြန်တွေးမိတော့ ဘာမှမဖြစ်တာခဲ့တာဘဲ ကံကောင်းတယ်လို့တွေးမိပါတယ်။ နန်းတော်ပေါက်ကနေရွှေလီမြို့ကိုဆက်သွယ်ထားတဲ့လမ်းမကြီးကိုတော့ (Ran Lu) လူသွားလမ်းမကြီးလို့အမည်ပေးထားပါတယ်။ အဲဒီလမ်းမကြီး ဘေးတစ်ဘက်တစ်ချက်မှာ ဘဏ်တွေလျှပ်စစ်ပစ္စည်းလက်ကားအရောင်းဆိုင်တွေ ဖုန်းအရောင်းဆိုင်တွေတန်းစီလို့ရှိနေပါတယ်။ အဲလမ်းမပေါ်မှဘဲ နာမယ်ကျော် မနောကွင်းဆိုတာရှိပါတယ်။ ဒီမနောကွင်းလေးကတော့ […]


ဖုန်းနဲ့ဖမ်းတဲ့ ဖိုတို  အမှတ်နှစ်   အခုရက် ဒီမှာမိုးနေ့တိုင်းရွာပါတယ်။ တစ်ပါတ်လုံးနီးပါးရွာတာပါ။ မိုးသဲကြီးမဲကြီးရွာပြီးနောက်တစ်ရက် ညနေခင်းမှာမထင်မှတ်ပါဘဲတိမ်တွေအရောင်ပြောင်းလို့လာတာကိုမြင်လိုက်ရတော့ ကမန်းကတမ်းဘဲဖုန်းနဲ့အရအမိဖမ်းလိုက်ပါတယ်။ နောက်ရက်တော့ မိုးမရွာပေမယ့်မိုးတွေအုံ့မိူင်းလို့နေပြန်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 26-7-2015


၈။ မြို့ကျဉ်း ကျဉ်း လူ နည်း နည်း အိမ်များများ ” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း၈)   ကျယ်ခေါင်မြို့ လို့သာဆိုပေမယ့် မန်းလေးမြို့ကရပ်ကွက်ကြီးတစ်ခုသာသာလောက်ဘဲရှိတာပါ။ မြို့အကျယ်အဝန်းက တစ်မိုင်ပါတ်လည်လောက်ဘဲရှိမယ်ထင်ပါတယ်။ မြန်မာပြည်နယ် နယ်စပ်ပိုင်းခြားထားတဲ့ သံတိုင်တွေကို ပါတ်ပြီးဖောက်ထားတဲ့ မြို့ပါတ်လမ်းတစ်လမ်းရှိမယ်။ ရွှေလီမြို့ထိအထိပေါက်တဲ့လမ်းမ ရယ် ၄လမ်းလို့ခေါ်တဲ့လမ်းမနှစ်ခုကတော့လမ်းအကျယ်ကြီး တွေဖြစ်ပြီး အရှေ့အနောက်တန်းပြီးဖောက်ထားတဲ့လမ်းတွေပါ။ တောင်မြောက်လမ်းကတော့ လမ်းကျဉ်းလေးတွေ ငါးလမ်းဘဲရှိပါတယ်။ လမ်းဒေါင့်တိုင်းမှာ လမ်း အမည်ဆိုင်းဘုတ်အကျ အနရှိပါတယ်။ လမ်းဘေးဘယ်ညာမှာ တော့ အထပ်မြင့်တိုက်ခန်းတွေတန်းစီလို့နေပါတယ်။ မြို့အတွင်းပိုင်းမှာတာ့ တစ်ထပ်အုတ်တိုက်လေးတွေရှိပေမယ့် အများအားဖြင့်ကတော့ တိုက်ခန်းတွဲတွေဘဲများပါတယ်။ မြို့တောင်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းအစွန်တွေကတော့ ဂိုဒေါင်တွေဖြစ်ပြီး မြို့အလည်ခေါင် ကွက်ကွက် ကလေးမှာ ရှိနေတဲ့ တိုက်ခန်းတွေမှာသာ လူအနေများပါတယ်။ မြို့မြောက်ဘက်ခြမ်းအတွင်းပိုင်းမှာတော့ တိုက်ခန်းတွဲသေးသေးလေးတွေမှာတော့ လူနေထူထပ်တယ်ပြောနိုင်ပါတယ်။ လူနေတိုက်ခန်း ငှားခ က […]


၇။ မပျင်းနိုင်ပေါင် တစ်နေကုန်အလုပ်တွေများ…… ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၇)   ကျယ်ခေါင်မှာ အလုပ် လုပ်ကြတဲ့သူတွေထဲမှာ အမျုးိသမီး အင်အားစုက ပိုများမယ်ထင်ပါတယ်။ နန်းတော်ပေါက် က နေဝင်လာရင် ပထမဆုံးစတွေ့ရမှာက အမှတ်တရ ဓါတ်ပုံရိုက်ဘို့အတွက် စောင့်နေတဲ့ ဓါတ်ပုံဆရာတွေကိုတွေ့ရမှာပါ။ ဓါတ်ပုံရိုက်ပေးသူအများစုက အမျိုးသမီးတွေပါဘဲ။ အဲဒီနားမှာဘဲ “အုန်းငှက်ပျောဗန်း”ကိုရွက်ထားတဲ့အမျုးိသမီးနှစ်ယောက်ရယ် ကုလားမလိုဝတ်ထားတဲ့ သူတစ်ယောက်ရယ် ဝူခုန်းနှစ်ယောက်(အဝါတစ်ယောက် အနီတစ်ယောက်)တွေ့ရပါမယ်။ ဝူခုန်းကတော့ ယောက်ျားလေးတွေပါ။ လာလည်တဲ့ဧည့်သည်တွေနဲ့ ဓါတ်ပုံတွဲရိုက်ဘို့စောင့်နေတာပါ။ အဲဒီကနေ နည်းနည်းလေးဆက်သွားလို့ အလံတိုင်လွန်ရင် တရုတ်ငွေနဲ့မြန်မာငွေလဲဘို့အတွက် ပိုက်ဆံတွေကိုင်ပြီးထိုင်စောင့်နေတဲ့ အမျုးိသမီးတွေကိုတွေ့ရပါမယ်။ ငွေလဲလုပ်ငန်းလုပ်တာကတော့ အမျိုးသမီးတွေဘဲလုပ်ကြတာများပါတယ်။ လူနင်းတဲ့ဆိုက်တွဲတွေ တန်းစီထားတဲ့အပေါ်မှာ ဆိုက်တွဲနင်းတဲ့အမျုးိသမီးတွေ ဇာပန်းထိုးရင်း ဖုန်းနဲ့ဇာတ်လမ်းတွဲ ကြည့်နေရင်း စီးမယ့်သူကိုစောင့်နေတာကိုတွေ့ရပါမယ်။ ကျယ်ခေါင်မြို့အနှံ့အပြားမှာ ဆိုက်တွဲဒါမှမဟုတ်သုံးဘီးနဲ့ဈေးလှည့်ရောင်းနေတဲ့ အမျုးိသမီးအများစုကိုလည်းတွေ့နိုင်ပါသေးတယ်။ တို့ဟူးနွေး၊ရာသီပေါ်အသီးအနှံ၊ပေါက်စီ […]


၆။ မတူ၍တူသော ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၆)   ကျနော်က နေ့ဘက်ကျယ်ခေါင်မှာအလုပ်လုပ်ပြီး ညဘက်မှာ ရွှေလီထဲသွားအိပ်ပါတယ်။ ကျနော်အိပ်တဲ့အခန်းက နေ လှမ်းကြည့်လိုက်ရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုမြင်နေရပါတယ်။ လွန်ခဲ့သောနှစ်တွေကျနော်ရောက်တုန်းက ဒီနေရာကခြုံနွယ်ပိတ်ပေါင်းတွေနဲ့ပြည့်နေတဲ့ မြေကွက်လပ်ကြီးပါ။ နောက်တစ်ခေါက်ထပ်လာတော့ အဲဒီဝိုင်းထဲမှာ ဖြစ်သလိုဆောက်ထားတဲ့ မိုးကာတဲလေးတွေအပြည့်။ လူတွေကလဲရှုပ်ယှက်ခပ်။ ရေသုံးတော့ လမ်းဘေး ရေတိုင်ငုတ်ကနေပိုက်ဆွဲပြီးသုံး။ လျှပ်စစ်မီးတော့မရှိ။ မွေးထားတဲ့ဆိတ်တွေကလဲ အများကြီး။ အိမ်ရှေ့ထွက်ပြီးထမင်းဟင်းချက်ပြုတ်နေတော့ မီးခိုးလေးတွေက တအူအူ။ အဲတော့မှ သူတို့နိုင်ငံမှာလဲ နေစရာမရှိတဲ့” ကျူး”တွေရှိပါလားလို့သိခဲ့ရပါတယ်။ အခုတစ်ခေါက်ရောက်လာတော့ အဲဒီနေရာမှာအဆောက်အဦးအသစ်ကြီးဖြစ်နေပါပြီ။ ဈေးဖွင့်မယ်လို့ပြောပါတယ်။   ကျနော်စရောက်တဲ့အချိန်မှာမပြီးသေးပါဘူး။ ဆေးသုတ်နေတုန်းဘဲရှိပါသေးတယ်။ (အဲဒီမှာ အရင်နေခဲ့တဲ့ကျူးတွေကို ဖယ်ခိုင်းပြီးဈေးဆောက်တာလို့သိရပါတယ်။ မရှိလို့ လာနေ ၊ ပိုင်ရှင်က ဖယ်ပေးဆိုတော့လဲ အသာတကြည်ဖယ်ပေး။ ဆန္ဒပြတယ် ဘာဖြစ်တယ် […]