“ဖြစ်လာပါ့ မလား ” နေဝင်ချိန်က လဲ နီး အတားအဆီးတွေက များ ရည်ရွယ်တာတွေ ဖြစ်ပါ့မလား သံသယစိတ်တွေ ပွားသထက်ပွား ကိုပေါက်လက်ဆောင်အတွေးစဉ် 13318


“ဆံပယ်ခြင်းအလွမ်း ”     လွန်လေပြီးသောနှစ်များမှာဇာတိမြေနဲ့ပူးတုံခွာတုံရှိနေသူ ကျနော်တစ်ယောက် ၂၀၁၈နှစ်၏ ပထမဆုံးသောနေ့ ညမိုးချုပ်ချုပ်မှာ မွေးရပ်မြေကိုရောက်ခဲ့လေသည်။ ဆုံတွေ့ချင်လှသောမန္တလေးဆောင်းအမှီအရောက်ပြန်ခဲ့သော်လည်း ဇာတိမြေကို အကြာကြီးခွဲထားလေသူအား စိတ်ကောက်လေသောသဘောဆောင်ကာ မိုးနှင့်သာကြိုဆိုလေ၏။ မိုးကြောက်သောကျနော်သည်မိုးနှင့်မလွတ်သဖြင့် ဘယ်မှ မသွားဘဲ အခန်းအောင်းကာသာနေလေသည်။ လွတ်လပ်ရေးနေ့နံနက်တွင်မူ မိုးဒုက္ခမှလွတ်ကင်းလေတော့သည်။ ရုံးပိတ်သဖြင့် ဟိုဟိုဒီဒီလမ်းသလားမည်ကြံနေခိုက် အလုပ်ကိစ္စများက လက်ကိုင်ခြူလေး များတစ်ဆင့် ကျနော်ထံအရောက်လာကြလေသည်။ ဒီတော့လဲ အလုပ်နှင့်ချိန်းဆိုရာ နေရာသို့ ဆိုင်ကယ်ထုတ်ကာယွန်းရလေတော့သည်။ အလုပ်အတွက် တွေ့ဆုံရသောသူများနှင့် တွေ့ဆုံ ဘာဘာညာညာသာရကာတွေပြော ပြီးလို့အပြန် လမ်း၈ဝပေါ်အရောက် ၂၆ဘီလမ်းမှနေ၍ ၂ရလမ်းဘက်သို့ချိုးကွေ့လိုက်သောအခါ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက စားသောက်နေကျဖြစ်သောခဲ့ဘူးရုံစိန်ခေါက်ဆွဲဆိုင်ရှေ့ရောက်ချိန် ဆိုင်ကယ်ခေါင်းက အလိုလို ဆိုင်ထဲသို့ဦးတည်လေတော့၏။ “အကိုဘာစားမလဲ”ဟု မေးလာသော ဆိုင်ဝန်ထမ်းလေးအား ထမင်းပေါင်းတစ်ပွဲ  နှင့် နံအသားလျှာ (ဝက်နံကင်၊ဝက်သား၊ဝက်လျှာသုံးမျိုးစပ်) အသုတ်တစ်ပွဲ ကိုမှာလိုက်လေသည်။ ထမင်းပေါင်းရောက်လာတော့ ခေတ်အလိုက်ဓါတ်ပုံရိုက် […]


“မျိုသိပ်ခြင်း” ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ တွေးထားတာတွေ ဖြစ်မလာတဲ့အခါ စီစဉ်ထားတွေ ဖြစ်မလာတဲ့အခါ လိုချင်တာတွေ ရမလာတဲ့အခါ အချိန်အခါမကျ ငါမရသေး ခဏလေးတော့ စောင့်ရအုံးမယ်ဆိုတဲ့ ဖြေသိမ့်ခြင်းနဲ့ ဖြစ်ချင်စိတ်ကလေးကို ရင်ထဲမျိုချလိုက်ပါတယ်။   ကိုပေါက်(မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် 191117


” ရှေးစကား ကိုလိုက်နာခြင်း”   မြင်ပါ များတော့ ငယ်။ နမ်းပါ များတော့ ပျယ်။ ဆိုလေတော့ တစ်ခါတစ်လေ မနမ်း မမွှေး ဝေးနေတာဘဲ ကောင်းပါတယ်။ ကိုပေါက်( မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၄၁၁၁၇


“ရှိစေကောင်း၏ မကောင်း၏ “ ပြီးခဲ့တဲ့လ ရန်ကုန်ကို ကျနော် ရောက်တော့ အဝေးရောက်မန်းလေးသားတွေဆုံကြတာပေါ့။ ရန်ကုန်မှာလူတစ်ယောက်နဲ့တစ်ယောက်တွေ့ဘို့ဆိုတာ တယ်မလွယ်လှပေဘူး။ နာရီဝက် တစ်နာရီလောက်ထို်င်စကားပြောဘို့အရေးကို နှစ်နာရီလောက်ကြိုတင်ပြီး အိမ်ကဒါမှမဟုတ်တည်းတဲ့ဆီကထွက်လာမှ ချိန်းတဲ့နေရာကိုရောက်နိုင်တာပါ။ ကားကြပ် ကားဆက်ပြတ် လမ်းပိတ် ဆိုတဲ့ လမ်းခရီးကိုနှောင့်နှေးစေနို်င်တဲ့အကြောင်းတရားကအများကြီးကိုး။ အဲ့ဒီနေ့ က သူငယ်ချင်းတွေဆုံကြမယ့်နေရာရွေးတော့ တစ်ယောက်က ကြည့်မြင့်တိုင်ကလာမယ်။ ကျနော် ကလှိုင်သာယာကလာမယ်။ တစ်ယောက် မြို့ထဲဘက်ကလာမယ်။ တစ်ယောက်က တာမွေကလာမယ်ဆိုတော့ ၄ယောက်လုံးနဲ့ကြားကျတဲ့နေရာဘဲရွေးလိုက်ပါတယ်။ ရွှေဂုုံတိုင်တံတားနားက မယ်ညို ဆိုတဲ့ဆိုင်မှာထိုင်ကြဘို့ ချိန်းလိုက်ပါတယ်။ ဒါတောင်လှိုင်သာယာက လာတဲ့ကျနော်က ၁၅မိနစ်လောက်နောက်ကျပြီးမှရောက်လာပါတယ်။ အခုတွေ့တဲ့သူငယ်ချင်းသုံးယောက်က မန်းလေးတုန်းက တစ်ကျောင်းထဲ တစ်တန်းထဲ အတူတက်ခဲ့တဲ့သူတွေ။ ကျနော်ကသာမန်းလေးမှာအခုချိန်ထိ နေနေတာ သူတို့က မန်းလေးကိုစွန့်ပြီးရန်ကုန်ရောက်နေကြတာ ဆယ်စုနှစ်တစ်ခု စွန်းနေပြီ။ စတွေ့တွေ့ခြင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မာကြောင်းသာကြောင်းမေးကြ သားရေးသမီးရေးအကြောင်းပြောကြ စီးပွားရေး အလုပ်အကိုင်တွေအကြောင်း […]


” ဖြစ်ရပ်မှန်” အဟောင်း တွေကို ပြန် ပြန် နွှေး အတိတ် ကို သမင်လည်ပြန် တွေးရင်းနဲ့ဘဲ ငါတို့ရဲ့ ရှေ့ရေးတွေက တဖြည်းဖြည်း တစ်စ ထက်တစ ဝေဝါး၍ နေလေတော့၏။ ကိုပေါက်(မန္တလေး ) ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၇၁၇


“ရွာသူ ရွာသားများအတွက်သတင်းကောင်း”   (ဆရာ့တို့ မြန်မာဂေဇက်က အဖွဲ့သားတွေကို စုပီး ဝတ္ထုတိုတွေ စာအုပ်လုပ်ပေးချင်ပါတယ်။ လူစုလိုက်ပါ။ ၁ ယောက်ကို ၁ ပုဒ် ၊ အများဆုံး ၂ ပုဒ်ပေါ့။ ကျွန်တော်သဘောကျတာကတော့ ကောင်းကင်ပြာ၊ ဦးကျောက်ခဲ ၊ နွေဦး၊ သင့်အေးရိပ်အစရှိတဲ့သူတွေပါ။ ကျနော်မဖတ်မိသေးတဲ့ဆရာ ဆရာမတွေလဲရှိနိုင်ပါတယ်။ အဲ့ဒါတွေကို ဆက်သွယ်ပီး စာအုပ်စုဖြစ်ရင်တော့ ကောင်းမယ်ဆရာ။) ဆိုပြီးထုတ်ဝေသူတစ်ဦးကဆက်သွယ် လာပါတယ်။ ကျနော်ကိုစာမူစုခိုင်းပါတယ်။ သူဖတ်ကြည့်ပြီးတဲ့အခါနှစ်သက်တဲ့စာမူကို ပုံနှိပ်ထုတ်ဝေပါမယ်။ စာမူခပေးပါမယ်။ အဲ့တော့ကျနော့် မေးလ်ထဲကို စာမူပို့ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ စာမူကို ထုတ်ဝေသူကိုယ်တိုင်ရွေးချယ်မှာ ဖြစ်ပါတယ်။   kopauk5396@gmail.com အားလုံးကိုချစ်ခင်လေးစားစွာနဲ့ စာမူတောင်းခံအပ်ပါတယ်။   ကိုပေါက်( မန္တလေး ) 3-7- 2017


“ကျနော်ကဗျာရွတ်သံများ”     ကျနော်ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး http://picosong.com/Wstq မေတ္တာအစစ် http://picosong.com/Wsz8 ကျန်နေခဲ့သူ၏အလွမ်း http://picosong.com/WsT3 ဆွံ့အသူ http://picosong.com/Wsay သိက္ခာနဲ့ငွေကြေး http://picosong.com/Wsat မေတ္တာ ဂရုဏာ မုဒိတာ http://picosong.com/WsH4   ကိုပေါက်လက်ဆောင် ကဗျာ ရွတ်သံ 22-6-2017


“ မရှိမဖြစ် ကျူရှင်  ”   ကျုရှင် ဆိုတဲ့ ဝေါဟာရ က ဘယ်ခေတ်ဘယ်ကာလ ကစတင်သုံးခဲ့ပြီးဘယ်ဘာသာစကားလဲဆိုတာတော့ကျုပ်လဲမသိဘူး။ ဒါပေမယ့် ကျုပ်ငယ်ငယ်လေးကတည်း က ဒီစကားလုံးကို ရင်းနှီးခဲ့တာ။ ရင်းနှီးဆို ကျုပ်အဘိုးက  ပင်စင်စားကျောင်းဆရာကြီး။ အိမ်မှကျူရှင်ဖွင့်တယ်။ အလွတ်ပညာသင်ကျောင်းလဲ ထောင်ထားတယ်။ “ ဆရာကြီး ရယ် ဒီကောင်ဆိုးလွန်းလို့၊ စာလဲ ဘာမှမတတ်ဘူး။ ဒါကြောင့် ဆရာကြီးဆီ လာထားတာ။ မကျိုးမကန်းရင်တော်ပြီ စိတ်တိုင်းကျသာဆုံးမ။ စာတတ်ရင်တော်ပြီ“ဆိုပြီး အတန်းကျောင်းကအပြန်ကျူရှင်လာပို့တဲ့ မိဘတွေကအများကြီး။ ပြောရရင် ဟိုးရှေးရှေးက ကျူရှင်တက်တယ်ဆိုတာ အတန်းထဲမှာ စာညံ့တဲ့သူ စာမလိုက်နိုင်သူတွေပေါ့၊ ကျုပ်ခပ်ငယ်ငယ် ၁၉၆၀  ခုနှစ်များဆီကပေါ့။   အခုနေများပြန်တွေးကြည့်ရင် ကျုပ်ရဲ့ မူလတန်း အလယ်တန်းကျောင်းသားဘဝတွေက ဘာမှ ဖိအားမရှိဘဲ ကုန်လွန်ခဲ့တယ်ရတယ်လို့ဘဲပြန်တွေးမိပါတယ်။ ကျောင်းသွားတဲ့အခါလဲ အိမ်က […]


“လမ်းခွဲချိန်မှာ ” ဆုံခြင်း ခဏမှ ခွဲခွာရချိန်များမှာ နုတ်မဆက်ချင်ဘူး တကယ်ဝေးမှာစိုးလို့။ လက်မပြချင်ဘူး တကယ်ဝေးမှာစိုးလို့။ စိတ်မချ နိုင်ဘူး တကယ်ဝေးမှာစိုးလို့။ မသွားနဲ့လို့လဲ မတားခဲ့နိုင်ဘူး အခြေအနေတွေမပေးလို့။ ကိုပေါက်(မန္တလေး )