“အမယ်ဘုတ်ကဲ့သူ့ချည်ခင်” ကျောင်းတွေလဲဖွင့်ပြီ။ ကျေနပ်ခြင်း မကျေနပ်ခြင်း တို့ဖြင့် မွှမ်းထုံသော ပွစိပိစိ ကွိစိကွစိ အသံများလည်း ဖေ့ဘတ်ပေါ်မှာလျှံတက် ညံပွက်၍လာလေသည်။ အစုးိရကတော့ တရားဝင်ကြေညာထားလေသည်။ အခြေခံမူလတန်းပညာအဆင့် အတွက် ကလေးငယ်များစာသင်ကြားရေးသည်။ အခမဲ့။ လုံးဝ ကုန်ကျစရာမလို။ ကလေးများအားထောက်ပံ့ကြေးပင်ပေးထားလိုက်သေးသည်။ သူတို့၏ရည်ရွယ်ချက်ကလဲ အမှန်တကယ်ကောင်းမွန်ပါသည်။ (၁) တပြည်လုံး မှာ ရှိ တဲ့ ကျောင်း နေ အရွယ် ခလေး ငယ် တိုင်း ၊ ကျောင်း အပ် နှံ ၊ ကျောင်း နေခွင့် ရရန် (၂) ကျောင်း အပ် နှံပြီး တဲ့ ကျောင်း သား တိုင်း ၊ ကျောင်း ထွက် မသွား […]