“ ပျော်ရွှင်ဆင်နွဲ ရွာအလှူပွဲ” ချိုက်ဆိုတဲ့ရွာက ရွာကြီးလို့ပြောလို့ရပါတယ်။ အိမ်ခြေ ၃၀ဝ ကျော်လောက်ရှိပါတယ်။ ရွာရဲ့အဓိကအလုပ်က ကြက်သွန်နီစိုက်တယ်။ ကပ်ကြေး လုပ်တယ်။ သူ့ အနေအထားနဲ့သူ သူ့အလုပ်အကိုင်နဲ့ သူ သာယာဝပြောတယ်လို့ပြောနိုင်ပါတယ်။ ဒီရွာလေးမှာလွန်ခဲ့သော (၂)နှစ်လောက်က ရေဘေးဒဏ်ကိုခံလိုက်ရပါတယ်။ ရွာလေးကိုပါတ်ပြီး စီးသွားတဲ့ ယင်းချောင်းဆိုတာ ရွာအောက်မှာရှိပါတယ်။ ရွာကအမြင့် ချောင်းက အနိမ့်ပါ။ ယင်းချောင်းက ပုံတောင်ပုံညာက နေအခြေခံလာပြီး ဧရာဝတီထဲကို စီးဝင် တယ်လို့ဆိုပါတယ်။ အဲဒီယင်းချောင်းထဲကိုတောင်ကျရေတွေလှိမ့်ဆင်းလာပြီး ရွာထဲကိုရေတွေဝင်ပါတယ်။ ကျနော်တို့ တည်းတဲ့ ဆယ်ပေအမြင့်လောက်ရှိတဲ့ နှစ်ထပ်အိမ်ကြမ်းပြင်ကိုရေရောက်တယ်ဆိုတော့ တစ်ရွာလုံး နီးပါးရေအောက်ကို ရောက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ နှစ်ပေါင်း(၆၀)ကျော်လောက်အတွင်းမှာပထမဆုံးအကြိမ်လို့ ဆိုိုနိုင်ပါသတဲ့။ ရေတွေတအိအိတက်လာတာမြင်တော့ နည်းနည်းလေးပိုမြင့်တဲ့ ရွာလယ်ပိုင်းမှာသွားပြီးခိုနေကြရပါတယ်။ တစ်ချို့ကလဲ ရွာမြောက်ဘက်က ရွှေဂူဘုန်းကြီးကျောင်းပေါ်တက်ပြီးရေ ရှောင်ကြရပါသတဲ့။ အဲ့ပါတ်ဝန်းကျင်မှာ ရွှေဂူကျောင်းက […]