“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၃)                  (ပလက်ဖောင်းအမှတ် ၂၁ လုပ်ငန်းခွင်သို့ အဝင်)   ဖောင်ကြီး သင်တန်းပြီးလို့ ရန်ကုန်ပြန်ရောက်ပေမယ့် ကျနော်က သူငယ်ချင်းတွေနဲ့ ရန်ကုန်မှာ သုံးလေးရက်အတူနေလိုက်ပါသေးတယ်။ လည်လို့ပါတ်လို့ အားရပြီဆိုမှ မန်းလေး ကို ပြန်လာပါတော့တယ်။ သွားတုံးက မဲခြောက်ခြောက် ပြန်လာတော့ ဝဝ ဖြိုးဖြိုး ဆိုတော့ အဖွားက သဘောတွေကျနေပါတယ်။ အဘွားအတွက် ဆိုပြီး နလင်ကျော်မြစ်တွေ ကို လက်ဆောင်ပေးလိုက်တော့ အဖွားမှာဝမ်းတွေသာလို့ပေါ့။ ပြန်ရောက်လာခါ စတော့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်။ ဖောင်ကြီး အတွေ့အကြုံတွေပြန်ပြောပြရတာ မမောနိုင်အောင်ပါဘဲ။ ဒါပေမယ့် လည်း မနက်အလုပ်သွား ညနေစောင်းမှပြန်ဆိုတဲ့ ဘဝစက်ဝိုင်းထဲကို ပြန်ရောက်သွားပါတယ်။ […]


အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ကျောင်းဆင်းပွဲ 6-9-2014 နေ့ ပုံရိပ်များ(ဓါတ်ပုံပိုစ်)(ဂီတ)         (6-9-2014 ) နေ့မှာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ကျောင်းဆင်းပွဲ ကျင်းပပါတယ်။ ကျောင်းဆင်းပွဲမှာသင်တန်းသား တွေ က   ဧည့်ခံဖျော်ဖြေပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန် ) က ဆရာ ဦးသန်းမြင့် (ဂီတ) က ကျနော့် ကို ဒီပွဲ ကိုသွားရိုက်ပေးဘို့ ပြောလာတာနဲ့ ကျနော် လဲ သွားပြီးမှတ်တမ်းတင်ခဲ့ပါတယ်။ အခုပုံတွေကတော့ ဂီတအဖွဲ့ ရဲ့မှတ်တမ်းပါ။   နောက်နေ့ မှာ အကအဖွဲ့ ရဲ့ မှတ်တမ်း ပုံတွေ တင်ပေးပါမယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 6-9-2014


“ပြေနိုင်ခဲသည်……………………”  (အပိုင်းနှစ်)     ကိုမင်းရေ  မိသူ က ကျနော်ကို ခါး ခါး သီးသီး မုန်းတီးနေတယ်ဆိုတာ ပြောရင်ဘယ်သူမှ ယုံမယ်မထင်ဘူး။ မိသူ က ကျနော်အပေါ်အမြဲတမ်းဂရုစိုက်တာ ကြင်နာယုယ တာ ကိုအားလုံးက မြင်တွေ့နေကြတော့ ကျနော်ကိုအတော်ကံကောင်းသူလို့ထင်ကြမယ်။ ကျနော်ကိုယ်တိုင်ကလဲ မိသူ ကျနော်ကိုမုန်းတီးနေတယ်ဆိုတာ ယုံတောင်မယုံနိုင်ပါဘူး။ သူများကိုပြောပြရင်လဲယုံနို်င်မယ် မထင်ပါဘူး။ မိသူက ကျနော်ကို ဘယ်တော့မှ လက်မထပ်ဘူး သူ့ ဘဝ ကို ဖျက်ဆီးခဲ့သူ မို့ ခါးခါးတူးတူး မုန်းတယ်လို့ပြောလိုက်တဲ့နေ့က ကျနော်ကိုနောက်နေတယ်ထင်မိတာ။ ကျနော်က သူ့ ကိုလက်ထပ်ဘို့ပြောတဲ့အချိန်ရောက်မှ သူ့ဆီက ဒီစကားကိုကြားလိုက်ရတာ။ သူဘဲရူးသလား ကျနော်ဘဲနားကြားလွဲသလားလို့တောင်ထင်မိတယ်။   ကိုမင်း ရေ ချောင်းသာကမီးပုံပွဲလုပ်တဲ့ညကိုမှတ်မိသေးလား။ အဲဒီနေ့ကကျနော်တို့အားလုံးအုန်းရည်တွေ တစ်ယောက်တစ်လှည့်သောက်ကြတယ်လေ။ ဒါပေမယ့် အဲဒီအုန်းရည် […]


“ပြေနိုင်ခဲသည်……………………” (အပိုင်းတစ်) ရန်ကုန်မိုးသည် ကျနော်လို့ အညာသားတစ်ယောက်အတွက်တော့ အင်မတန်စိတ်ဆင်းရဲစရာကောင်းသော အရာ ထဲမှာပါလေသည်။ ထီးကိုင်လေ့ကိုင်ထ မရှိတော့လဲရောက်လေရာမှာထီးမေ့ကျန်တတ်လေသည်ပေါ့။ ဒီတော့ ကျနော့်ညီမများကလဲ ကျနော်ကိုထီးမငှားချင်တာအပြစ်မဆိုသာ။ ကျနော်ရန်ကုန်လာတိုင်း သူတို့ အိမ်က ကျနော်ယူသွားသောထီးတို့သည် ပိုင်ရှင်အသစ်လက်သို့ရောက်ပေါင်းများလေပြီ။ နောက်တော့ကျနော်က လည်း ထီးမကိုင်တော့  ။ သူတို့ထီးကို မငှားတော့ တူ တူ မ များ ကလဲ တော်တော်လေးစိတ်ချမ်းသာ သွားကြမည်ထင်ပါသည်။ မိုးရွာလာလျင် တစ်နေရာရာဝင်ပြီးမိုးခိုလိုက်။ မိုးတိတ်လျင်ဆက်သွားလိုက်နဲ့အထာကျလို့နေခဲ့လေပြီ။ ရန်ကုန်မိုးဆိုတာက တဝေါဝေါနဲ့ အခုရွာလိုက် ခဏနေတိတ်လိုက်။ တစိမ့်စိမ့်စွေပြီးရွာတတ်သောအညာမိုးနဲ့တော့ကွာခြားလေသည်။   “ရွှေလင်ပန်း”မှာအလုပ်တွေပြီးလို့ပြန်လာတော့ ညနေသုံးနာရီထိုးပြီ။ မြို့ထဲကိုပြန်မယ့် ရုံးကားနဲ့လိုက်လာပြီး စွယ်တော်ဘုရားနားက ကျနော်တည်းခိုသောအိမ်မှာ ဆင်းနေခဲ့မယ်လို့စဉ်းစားထားပေမယ့် အင်းစိန်ဈေးနားရောက်တော့ တာမွေ မှာနေတဲ့သူငယ်ချင်းက သူ့အိမ်ကို လာဘို့ လှမ်းဖုန်းဆက်လေသည်။ အဲတော့လဲသူတို့ နဲ့ […]


“ မမေ့တတ်သူသာ………….“   ကျနော်မနေ့က အမှားတစ်ခုကျူးလွန်လို်က်မိပါတယ်။ ကျနော် အမှတ်တမဲ့မေးလိုက်တဲ့ မေးခွန်းလေးတစ်ခုက လူငယ်တစ်ယောက်ရဲ့ဒဏ်ရာ ကို သွားဆွပေးသလိုဖြစ်စေခဲ့လို့ပါဘဲ။ မနေ့က ကျနော့်လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း လေထဲကနေသိကျွမ်းကြတဲ့ လူငယ်လေးတစ်ယောက် ဆိုင်ထဲကိုဝင်လာတော့ ကျနော်ကလှမ်းခေါ်လိုက်ပါတယ်။ သူုနဲ့ စာအကြောင်းပေအကြောင်းတွေ ဟိုအကြောင်း ဒီအကြောင်းတွေ ပြောနေကြရင်းကနေ “မင်း ကောင်မလေး ရော ပါမလာဘူးလား” လို့မေးလိုက်မိပါတယ်။ “ သူက ကျနော်ကို လမ်းခွဲ သွားပြီ လေးလေး “ “သူ က မင်းကို အရမ်းချစ်တယ် ဆို  “ “အခုတော့ သူ တစ်ကယ် ချစ်တဲ့ လူ ကို တွေ့ ပြီ တဲ့၊ ကျနော်ကို ချစ်တယ် လို့ ထင်ခဲ့ မိတာ တကယ် တော့ […]


ရေချုးိဆိပ်(ဓါတ်ပုံပိုစ်) ့မြို့နေလူတန်းစားရဲ့ ရေချိုး တာ က ကိုယ့်အခန်းထဲ ကိုယ်အလုပ်ပိတ်ချုးိတော့ရင်ခုန်စရာမရှိ။ မြစ်နားချောင်းနား က လူများရဲ့ ရေချိုးချိန်ကတော့ ရင်ခုန်စရာ ပျော်စရာကောင်းလှပါတယ်။ ရေချုးိဆိပ် လို့ ဆို တာ နဲ့ ဆရာမြို့ မငြိမ်းရေးပြီးဝင်းဦးသီဆိုတဲ့ ရေချုးိဆိပ် သီချင်းက နားထဲ ကိုအလိုုလိုရောက်လာပါတယ်။ “ကို်ယ်လက်သန့်ရှင်း ရေချုးိဆင်းရာဝယ် ရေကိုကူးလို့ အထူးကျန်းမာတယ်။ အိပွဲ့ အိပွဲ့ ငှက်သမ္မန်ဖြတ်သွားတယ်”   ရေနားရောက်ရင် ကလေးတွေ က ရေး ကူ းမယ် ဒိုင်ဗင်ထိုးမယ်။ ငယ်ကတဲ က ရေ ကိုကျွမ်းကျင်နေသူတွေပေါ့။ သူတို့ကိုကြည့်တာနဲ့တင်ပျော်လာသလိုပါဘဲ။   ဒီပုံလေးတွေကတော့ ဧရာဝတီမြစ်ကမ်းနံဘေးကို ကျနော်ရောက်ခဲ့စဉ် အချိန်ကာလ အမျုိုးမျုးိမှာ မှတ်တမ်းတင်ခဲ့ တဲ့ ပုံလေးတွေပါဘဲ   ကဲ […]


  “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၂)            (ဖောင်ကြီးက သင်တန်းဆင်းတဲ့အခါ )   ဖောင်ကြီး ဘက်ကမိုးများတဲ့အရပ်ဖြစ်ပါတယ်။ ရွာရင်လဲမိုးလုံးမိုးပေါက်ကကြီးပါတယ်။ အဝါရောင်မိုး ကိုဖောင်ကြီးရောက်မှဘဲကြုံဘူးတာပါ။ အဲလိုမိုးများတော့ ကျနော်တို့အဝတ်တွေက မခြောက်တော့ပါဘူး။ ဒိုဘီကလဲအလျင်မှီအောင်မလျော်နိုင်တော့ဘူးပေါ့။ ချွေးစိုလို့မခြောက်တာ မိုးစိုလို့မခြောက်တာတွေကြောင့် စိုထိုင်းထိုင်းတွေပြန်ပြန်ဝတ်ရပါတယ်။ အဲလိုဝတ်တော့ကျနော်တို့မှာ ညှင်းတွေပေါက်လာပါတယ်။ ညှင်းပေါက်တာက ယားတာယံတာမရှိပေမယ့် အရေပြားပေါ်မှာ အကွက်အကွက်တွေထနေတော့အကြည့်ရဆိုးပါတယ်။ အဲဒီမှာတစ်ယောက်က နည်းပေးပါတယ်။ ညှင်းကွက်နေရာကို အဝတ်ကြမ်းနဲ့ နီရဲနေအောင်ပွတ် ပြီးရင်သံပုရာသီးနဲ့ပွတ်လို့ပြောပါတယ်။ ကျနော်တို့လဲ လုပ်တာပေ့ါ စပ်လိုက်တာမှ အရမ်းပါဘဲ။ ဒါပေမယ့် တစ်ကယ်ပျောက်သွားပါတယ်။ ညှင်းဆိုတာက အသားနဲ့အရေပြားကြားမှာ မိူကပ်တာပါတဲ့။ နောက်ထပ်ခံရတာတစ်ခုက တော့ ခြေထောက်တွေမှာသဲဝဲစားတာပါ။ ဘွတ်ဖိနပ်တွေက အကောင်းစားမဟုတ်။ အောက်ကပေါက်တဲ့ဖိနပ်ကပေါက်နေပါတယ်။ မိုးရွာတော့ သဲရောရေ ရောဖိနပ်ထဲမှာဝင်နေတော့ခြေထောက်တွေကသဲဝဲစားကုုန်ပါတယ်။ သဲဝဲစားရင်ခြေထောက်က နည်းနည်းတော့ နာပါတယ။် […]


“ အဲ့ ဒီ ည က ကျ နော် ဥဩ တွေ ဆွဲ တယ်“   တစ်ရက်မှာ တူရာလူတွေစုပေါင်း လုပ်ငန်းတစ်ခုအောင်စေကြောင်းအတွက် ဆုတောင်းပွဲလေးတစ်ခုကျင်းပကြပါတယ်။ မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ တောာက်ပစွာ ပလွှားစွာ အားကျစရာ အဆင်အယင်တွေနဲ့ လမ်းသလား ကြ အော်ကြ ခေါ်ကြ ပြောင်ကြ နောက်ကြ မတွေ ့ ဘူး သေး တဲ့ သူ တွေကလဲ ကျနော်က တော့ ဘယ်သူပါဆို ပြီး လက်တွေ ဆွဲလို့မိတ်ဆက်ကြ ဖုန်းနံပါတ်တွေလဲကြ လိပ်စာကဒ် တွေကို စားပွဲပေါ် ကြဲချ တကယ် ကို ပျော်စရာကြီးပါနော်။ ပဏာမ အခင်းအကျင်းအဖြစ် ဟင်နီကင် နဲ့ တိုက်ဂါး အမည်သညာပေးထားတဲ့ သံဗူး […]


“ဘယ်အသီးစားရင်ကောင်းမလဲ”   လူတွေကတော့ ပြောကြတယ် ဩဇာသီး စားရင်ဩဇာ ရှိ တယ် ဆိုဘဲ။ လူမလေးခွေးမခန့် အလုပ်ခံရတာ တွေ ကြုံတာ များလာတော့ နောက်မှ ရင်ကျပ်ပြီး သေချင်သေပေ့ စေ ဩဇာသီးတွေအကုန်စားချင်စိတ် ပေါက်လာတာတော့ အမှန်ဘဲ နော်။ ဒါပေမယ့်လဲ အခုခေတ်ကြီး က နဂါးတွေတန်ခိုးထွားတဲ့ခေတ်ရောက်နေတော့ နဂါးမောက်သီးဘဲစားရင်ကောင်းမလားလို့တွေးနေမိတယ်။ ကဲ ဘယ်အသီး စားရင်ကောင်းမလဲ။ တစ်ခုတော့ကြိုမှာထားမယ် ချောက်နဲ့ကျောက်ပန်းတောင်း လမ်းခွဲက အသီးတော့ မစားချင်ဘူးနော်။  — at ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ .


” ၅၂၈ သွယ်သော အလွမ်းများ” အဝေးကနေ ခဏလာကြတဲ့ မိတ်ဆွေတွေ နဲ့ ခရီးသွားတဲ့ တစ်ရက်ပေါ့။ မနက်အစောကြီး ကျနော်အိပ်ယာက နိုးလာတာ ပြန်မအိပ်ချင်တော့ ခြံထဲမှာလမ်းလျှောက် နေမိတယ်။ အဲဒီမှာကောင်းကင်ရဲ့အရောင်တွေ ကလှ ပစွာပြောင်းလဲလို့ သွားပါတယ်။ ဒီတော့ ကျနော်က လဲ အမိအရ ဖမ်းထားလိုက်တာပေါ့။ အခုတော့ အတူ ခရီးသွားခဲ့ တဲ့ မိတ်ဆွေ တွေက ဟိုးးးးးးးးးးးအဝေးမှာ။ ကျနော်ကတော့ ဒီဓါတ်ပုံလေးတွေမြင်ရင် သူတို့ကို သတိရ နေတာပေါ့။ ကျယ်ပြောတဲ့လောကထဲမှာ ဘဝဝမ်းရေးအတွက် နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတဲ့ ရေခြားမြေခြားမှာနေတကြတဲ့ သူတို့ကတော့ ကျနော့် ကို သတိရမယ် မထင်မိပါဘူး။ ကျနော် တို ့အညာသား ဆို တာက ဧည့်သည်ကိုမျှော်ပြီး ဧည့်သည်ပြန်ရင်လွမ်းတတ်တဲ့သူတွေကိုးဗျ။ အဲ […]


အညာဒေသ ရဲ့ မရိုးနိုင်သောမြင်ကွင်းများ (ဓါတ်ပုံပိုစ်)     အညာဒေသ ကို ဓါတ်ဖမ်းထွက်ကြတုံးက ရလာ တဲ ့ အမှတ်တရ ပုံလေးတွေကို တင်ပေးလိုက်ပါတယ.်   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ 29-8-2014  


“ငါးဆယ်….ငါးဆယ် ငါးဆယ်”   ဘဝဆိုတာအသက် ၁၀ဝ မနေရပေမယ့် အမူ့ ၁၀ဝ မက ပွေရတယ်ဆိုတာ အသေအချာ။ မသိသူ နှစ်ဦးက  ခေါ်လာလို့ မရေမရာနဲ့ရောက်ခဲ့တဲ့ ဘုမသိ ဘမသိ ဘဝထဲက ၅ဝဆိုတဲ့နှစ်များအတွင်းမှာ   ပျော်ရွှင်ခြင်းတခဏ ဆင်းရဲခြင်းအမြဲအစဉ် သွေလွှဲခြင်းမကြာခဏ မှန်ကန်ခြင်းဆိုတာကတော့ ရေပွက်ပမာ။ တက်တစ်ကြိမ် နိမ့်အခါခါ   မခေါ်ဘဲရောက်တတ်တာက များစွာသော ဒုက္ခ။ မလိုချင်ဘဲအမြဲရနေတာက သောက။ မကြိုဆိုဘဲ အလည်လာသူက ဒေါသ။ မသိမသာ အောင်းနေတာက မောဟ။ အဆုံးသတ်မှာ သိမ်းကြုံးပြီး ရတတ်တာ  နောင်တ။   ဘဝဆိုတာ သေချင်လို့လဲ သေမရ မသေချင်လို့လဲနေမရ။ ရှည်ချင်လို့လဲရှည်မရ။ ကံပေးသမျှ သာနေပေတော့။ လေ ချင် စရာတွေကတော့ များမှများ။ […]


မြောက်ကျုံးဒေါင့်(ဓါတ်ပုံပိုစ်)           ပြီးခဲ့တဲ့ရက် က မြောက်ကျုံးဒေါင့်ရောက်တော့ မှတ်တမ်းတင်ထားတာပါ။   နောင်ဆို  တယ်လီဖုန်းတိုင်တွေထောင် တော့ မယ် ဆို တော့ အခု လို မြင်ကွင်းရချင်မှ ရနိုင်တော့ မယ်လေ။   းဒါကြောင့်မှတ်တမ်းတင်ထားတာပါ     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   27-8-2014