“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၁)            (ဖောင်ကြီးမှ အမှတ်ရစရာများ )     ဖောင်ကြီးလိုနေရာမျိုးမှာ သတိရစရာတွေရှိသလားလို့မေးရင် ရှိတယ်လို့ပြန်ဖြေရမှာအမှန်ပါဘဲ။ ပထမဦးဆုံးသတိရစရာကတော့ ဖောင်ကြီးမှာကြည့်ရတဲ့ရုပ်ရှင်ပါဘဲ။ ဖောင်ကြီးမှာတစ်ပါတ်(၂)ကြိမ်ရုပ်ရှင်ကြည့်ရပါတယ်။ ပြတိုင်းကျနော်ကြည့် ပါတယ်။ ရုပ်ရှင်ပြတဲ့ရက်တွေက ဗုဒ္ဓဟူးနေ့ နေ့လည်ပွဲရယ် စနေ နေ့ ညနေပွဲရယ်ကြည့်ရတာပါ။ ရုပ်ရှင်ပြတဲ့နေရာကတော့ အခမ်းအနားတွေလုပ်တဲ့ “အုန်းတောခန်းမ”မှာပြတာပါ။ အုန်းတောခန်းမ လို့အမည်ပေးထားတာကတော့ “တောင်သူလယ်သမားညီလာခံ” ကျင်းပခဲ့တဲ့ အုန်းတော ဆို တဲ့ ရွာ ကိုဂုဏ်ပြုတဲ့အနေနဲ့ပေးထားတာပါ။ အဲဒီတုန်းက ရုပ်ရှင်တစ်ပွဲကို ငါးမူး လား ပြားလေးဆယ်လား ပေးရပါတယ်။ ရုပ်ရှင်က ကြည့် ချင်လဲရတယ် မကြည့် ချင်လဲရတယ်။ ရီစရာကောင်းတာကတော့ ဗုဒ္ဓဟူးနေ့ပြတဲ့ပွဲပါဘဲ။ ပြတဲ့အချိန်ကညနေလေးနာရီပွဲပါ။ တကယ်တော့ အဲဒီအချိန်က PTပြေးရတဲ့အချိန်ပါဘဲ။ ကျနော်တို့ကိုရွေးချယ်ခွင့်ပေးထားပါတယ်။ ရုပ်ရှင်ကြည့်ချင်ကြည့် […]


စွန်ရဲအင်းမှ……………ပုံရိပ်များ(ဓါတ်ပုံပိုစ်)   စွန်ရဲအင်းကမန်းေးလးမြို့ရဲ့တောင်ဘက်မှာရှိတဲ့ ကျောက်ဆည်မြို့အနားမှာတည်ရှိတဲ့အင်းလေးဖြစ်ပါတယ်။ မန်းလေးဘက်ကလာမယ်ဆိုရင်ရွှေသိမ်တော်ဘုရား ကို နည်းနည်း လေးအကျော်မှာရှိပါတယ်။                                                                                       လမ်းဘယ်ဘက်ခြမ်း (မန်းလေးအခေါ်အရှေ့ဘက်)ကို  လှမ်းကြည့် လိုက်ရင် […]


      “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၀)            (ဖောင်ကြီးက နည်း တစ်နဲ့ နည်းနှစ်)     ဖောင်ကြီးသင်တန်းမှာအတင်းကျပ်ဆုံးတားမြစ်ထားတာကတော့ အရက်သောက်တာကိုပါဘဲ။ အရက်သောက်တာမိခဲ့ ရင် ချက်ခြင်း RTU လုပ်မယ်လို့ပြောထားပါတယ်။ ဒါပေမယ့် ဒီသင်တန်းကိုလာတက်ရ တဲ့ လူတွေက အသက်အရွယ်စုံပါတယ်။ လာတက်ကြရတဲ့အကြောင်းတရားကလဲအမျိုးမျိုးပါဘဲ။ ကျနော်လို့ အတွေ့အကြုံရချင်လို့လာတက်သူရှိမယ်။ ရုံးကနေ ဇွတ်အတင်းအကျပ်တက်ခိုင်းလို့ လာတက်ရသူရှိမယ်။ ကိုယ်တိုင်ကဘွဲ့ရမထား တော့ ရာထူးတက်အောင်လို့ သင်တန်းလာတက်သူရှိတယ်။ အသက်အရွယ်က ရ နေပြီး ဒါပေမယ့် ဒီသင်တန်းမတက်ရင်ရာထူးတက်မပေးဘူးဆိုလို့ လာတက်သူရှိတယ်။ အဲလိုအရွယ်စုံဆိုတော့ လဲအရက်နဲ့ မကင်းနိုင်သူတွေလဲပါတာပေါ့။ အချို့ကတော့ အရက်ပုလင်းကို ဖွက်ယူလာပါတယ်။ ည ဆယ်နာရီထိုးပြီး လို့ အဆောင်မီးတွေမှိတ်အိပ်ချိန်ရောက်မှ နည်းနည်းပါးပါးချပါတယ်။ ကျနော်တို့ သင်တန်းမှာအရက်ကိုအတော်ခုံခုံမင်မင်သောက်ခဲ့ပုံရတဲ့သူတစ်ယောက် ပါလာပါတယ်။ သူ  […]


ဟိုရိုက်ဒီရိုက်( ဓါတ်ပုံပိုစ်)             ဟိုရောက်ဒီရောက်လို့ ရေးလိုက်ရတာက   စွန်ရဲ အင်း ကပုံ တွေရယ် ကျောက်မဲကပုံတွေရယ် တင် လိုက်လို့ ပါ။ ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   21-8-2014


      “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“               အမှတ်(၉)(ဖောင်ကြီးအမှတ်တရများ တစ်)     ကျနော် တို့သင်တန်းတက် တဲ့ အခါ စာသင်ရတာကတော့ မပင်ပန်းပါဘူး။ ကိုယ်ကြားဘူးနားဝရှိပြီးသာစာတွေသင်ရတော့ပြဿနာမရှိ။ နေ့လည်ပိုင်း စာရင်းကိုင်ပညာ အချိန်ရောက် ရင်တော့ အားလုံးစိတ်ညစ်ပါတယ်။ ကျနော်က စာရင်းကိုင်သင်တန်းတက်ဘူးတော့အခက်အခဲမရှိပေမယ့် စာရင်းအင်းပညာာကို အရင်ကမသင်ဘူး သူများအဘို့ကတော့ တော်တော်နဲ့နားမလည်နိုင်ပါ။ စာရင်းကိုင်ပညာ သင်ရတဲ့အချိန်က ထမင်းစားပြီးချိန်လည်းဖြစ်တော့ အဲဒီအချိန်ဆိုရင် တတန်းလုံးနီးပါးအိပ်ငိုက်တတ်ကြပါတယ။် ပင်လဲ ပင်ပန်းတော့ နည်းနည်းလေးတော့ ခိုးအိပ်လိုက်ကြတာအမှန်ပါဘဲ။   ကျနော်တို့သင်တန်းက သင်တန်းသား ၂၀ဝကျော်တော့ တန်းခွဲနှစ်ခုခွဲသင်ရပါတယ်။ အုန်းတော် ခန်းမကြီးရဲ့အရှေ့ဘက်မှာစာသင်ဆောင် ၂ဆောင်ရှိပါတယ်။ ကျနော်ကတော့ ယောက်ျားလေးတွေချည်းဘဲ ပါတဲ့အခန်းမှာကျပါတယ်။ စာသင်တဲ့ အခါမှာ မတူပေမယ့် စစ်ရေးပြချိန်မှာတော့ တူ ပါ တယ်။ ဖောင်ကြီးမှာက […]


“အောင်ပါစေ အောင်ကျော်ချမ်းအေး ဆိုတဲ့ရွှေမန္တလေး……………..ရေ”   မန်းလေးမှာထူးခြားတာက ဝါတွင်းဆိုရင် သီချင်းဆိုပြီးအလှူခံတဲ့အဖွဲ့တွေထွက်ကြတာပါဘဲ။ ဆွမ်းလောင်းဘို့ အတွက် ဆိုပြီးရည်ရွယ်ပြီးထွက်ကြတာများပါတယ်။ အနီးဖိတ်၊အဝေးဖိတ် နဲ့ ဥပုဒ်နေ့တွေမှာထွက်ကြတာပါ။ ဟိုအရင်ကတော့ အခုခေတ်လို မြန်မာ့အသံမရှိ၊ မြဝတီမရှိ၊ ချယ်နယ်လ်ဆဲဗင်းမရှိ၊ စကိုင်းနက်မရှိ၊ဂြိုလ်တုစလောင်းမရှိ ဆိုတော့ ဒီလို့အဖွဲ့လေးတွေကိုတခုတ်တရ နားထောင်ကြရတာပေါ့။ ကို်ယ်ကြိုက်တဲ့အဖွဲ့ များ လာမယ် ဆိုရင်အိမ်ရှေ့မှာ ရပ်ပါ။ ဘယ်သီချင်းဆိုပါလို့ တောင်းဆိုကြပါတယ်။ လက်ဖက်ရည်တစ်ခွက် တစ်ကျပ်ခေတ် မှာ တောင်မှ သီချင်းနားထောင်ဘို့ အတွက် အလှူ ငွေ ငါးကျပ် တစ်ဆယ် ထည့် ကြတာပါ။ တွန့်တိုစိတ်လဲမရှိ သီချင်း ကိုလ ဲ ဝါ သ နာ ပါ တဲ့ သူဌေးများကတော့ အစိတ် ငါးဆယ် ထည့် သပေါ့။ […]


      “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“               အမှတ်(၈)(ဖောင်ကြီး)   ဖောင်ကြီးသင်တန်းလို့ပြောလိုက်ရင်ပထမဆုံးသတိရ မိတာကတော့ ညနေခင်းလေးမှာ နေ့ စဉ်သွားခဲ့တဲ့ “ဘုရားလေးဈေး”ကမုန့်ဆို်င်တန်းလေးပါဘဲ။ သွားစရာဆို တာကလ ဲ ဒီတစ်နေရာဘဲရှိတာကိုး။ ညနေထမင်းစားပြီးချိန်နဲ့ ညစာကြည့်ခန်းမဝင်ခင်အချိန်လေးအတွင်းမှာ ကိုယ့် နဲ စိတ်တူရာသင်တန်းသား တွေ စုပြီး ကိုယ် အတွဲ နဲ့ ကိုယ် ဘုရားလေးဈေးကိုအပြေးအလွှားသွားကြတာပေါ့။ အဲဒီမှာလက်ဖက်ရည်ရမယ် နွားနို့ရမယ် ငှက်ပျောထုပ်ရမယ်။ ကြည့်ချင်စရာ ကောင်မလေးတွေရှိမယ်။ ဟုတ်တာမဟုတ်တာ အပထား အပျင်းပြေ သွားစရာနေရာလေးတစ်ခုပါဘဲ။ ကျနော်တို့နေတဲ့အဆောင်နဲ့ဆိုရင် တစ်မိုင်ကျော်ကျော်လောက်တော့ဝေးမယ်ထင်ပါတယ်။ မြို့ မှာနေတုံးက ဒီလောက် ဝေး ရင် စီးစရာယာဉ် မရှိ ရင်မသွားချင်ခဲ့ တဲ့ သူတွေက ဖောင်ကြီးအရောက်မှာတော့ ဒီလောက်လမ်းလျောက်ရတာလောက်တော့ အေးဆေးပါဘဲ။ အဲဒီက အပြန်မှာ မနက်အတွက်စားစရာငှက်ပျောထုပ်တို့ဘာတို့ဝယ်လာတတ်ကြပါတယ်။ […]


“ဖေစ်ဘုတ်ပေါ်က ကျနော်ရဲ့ မျက်နှာစာ ဓါတ်ပုံလေးများ  ထဲမှကျနော်နှစ်သက်သော (ဓါတ်ပုံပိုစ်)”                   ကျနော် ရိုက်ထားတာလေးတွေ ထဲက ကျနော် နှစ်သက် လို ့ ဖေစ်ဘုတ်မှာ ကာဗာ ဖို တို အဖြစ် သုံးခဲ့ တဲ့  ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 17-8-2014  


  “သမင်လည်ပြန်……လွမ်းချင်း”   တကယ်ပြန်တွေးရင် ဘဝဆိုတာ ကိုယ့်အရိပ်ကို် ကိုယ်ပြန်ငုံ့ကြည့်ရင်း ခံစားချက်တွေက ကိုယ့်အပေါ်ကို တဖွဲဖွဲ ပြန်ကျနေတတ်တာမျိုးပေါ့။   ကိုပေါက်လက်ဆောင် အတွေးစဉ် 16-8-2014


    အရင်ကတော့ ကျနော် ရှု့ခင်းတွေဘဲရိုက်ပါတယ်။ အခုနောက်ပိုင်းတော့ မော်ဒယ်တွေလဲ ရိုက်ပါတယ်။   ရိုက်ထားတာ တွေ ထဲ က လှသောအပြုံးကိုဆောင် တယ် လို့ ထင် ရ တဲ့ပုံများကို ရွှေးပြီးတင်ပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 15-8-2014


“အကြည့်များ  (ဓါတ်ပုံပိုစ်)”   အခုရက်ပိုင်းကျနော်ဓါတ်ပုံရိုက်ဖြစ်တဲ့ အခါ   လူတွေရဲ့ ကိုယ်တစ်ပိုင်းပုံ တွေ ထဲ က တစ်ခု ခု ကို ကြည့် နေတဲ့ပုံတွေကိုဘဲရိုက်ဖြစ်ပါတယ်။   အလှဓါတ်ပုံ မဟုတ်ဘဲ သူတို့ ရဲ့ စိတ်ထဲ မှာ ဘာတွေများရှိနေသလဲ ဆို တာ စူးစမ်းချင်စိတ်နဲ့ ရိုက်ခဲ့ မိတာအမှန်ပါဘဲ။   ကဲ မိ်တ်ဆွေ တို့ ပါ ခံ စား ကြည့် လိုက်ကြရအောင်ပါ။           9ပီတိတွေနဲ့အကြည့်     ကဲ အကြည့် တွေ တော့ စုံသွားပါပြိ ဝေဖန်ကြပါအုံး     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ […]


လှ တယ် လို့ ယူ ဆ နိုင်သော( ဓါတ်ပုံပိုစ်)       မနက် နေ့ ည လှမယ်ထင်တာတွေ ကိုတင်ပေးလို်က်ပါတယ်   ကိုပေါ်က်လက်ဆောင်အလင်းပုံရိပ်များ 13-8-2014


“ Mart များ Supplier များနဲ့ Buyer များ”   ပြီးခဲ့ တဲ့ သုံးရက်လောက်က ကျနော်တို့ ပစ္စည်းတွေကို ရောင်းပေးနေတဲ့ Mart တစ်ခု က“အကို တို့ပစ္စည်းတွေ ရောင်းမကောင်းလို့ ပြန်သိမ်းပေးပါ” ဆိုပြီး မိန်းကလေး တစ်ယောက်  ဖုန်း ဆက်လာပါတယ်။ အဲဒီမှာပစ္စည်းပြန်သိမ်းတဲ့ကိစ္စ နဲ့ ပါတ်သက်ပြီး  အဲဒီက buyer ကလေးမနဲ့ စကားအခြေ အတင် ပြော လိုက် ရ ပါတယ်။ သူတို့ ကပစ္စည်း သိမ်းပေးဘို့ ပြောတော့ ကျနော် က ပစ္စည်းသိမ်းပြီးတာနဲ့ ငွေရှင်းပေးမလား မေးတော့ ။ ချက်ခြင်းမရ တစ်ပါတ်လောက်နေ မှ ရမယ်လို့ဖြေပါတယ်။ ဒါဆိုရင် ငွေမရှင်းခင် ရှင်းတမ်းတစ်စောင်ထုတ်ပေးမယ်ပေးမလား မေးတော့။ […]