“ကိုလေး လိုလူ………ရှောင်တော်မူ ………..”   ကိုအောင်မောင်းတို့ ရုံးက နယ်အရောင်းအဖွဲ့ ဘိုဆန်ဆန်ပြောရင်တော့ မိုဘိုင်းအဖွဲ့တနင်္ဂနွေနေ့ညနေကပြန်ရောက်လာပါတယ်။                                                 နောက်လေးရက်လောက်နေတော့ အဲဒီအဖွဲ့ခေါင်းဆောင် စိုးထွန်းက  ခွင့်တောင်းလာပါတယ်။ သူအခုပြန်လာတဲ့ နယ်က ဆိုင်တစ်ဆိုင်က ပစ္စည်းတွေပြန်သိမ်းခွင့်ပြုဘို့ပေါ့။ အဲတော့ အကျိုးအကြောင်းကို မေးရပါတော့တယ်။ သူတို့သွားရောင်းတဲ့မြို့က ဆိုင်တစ်ဆိုင်က သူတို့ဆီက စီးကရက်ဆယ်ပုံးယူပါသတဲ့။ တန်ဘိုးတွက်ကြည့်ရင် ဆယ်သိန်းကျော်ကျော်ပေါ့။ အသွားမှာ ပစ္စည်းချ သူတို့ကားပြန်လာရင် အဲဒီကုန်ဘိုးရှင်းပေးမယ်ဆိုတော့လဲရောင်းခဲ့ပါသတဲ့။ တကယ်သူတို့ပြန်လာတဲ့အခါ ကုန်ဘိုးရှင်းမပေးလိုက်ပါဘူးတဲ့။ ပစ္စည်းလဲကျန်သေးတယ်ပေါ့။ တနင်္လာနေ့ရောက်ရင် ဘဏ်ကနေလွှဲပေးမယ်ဆိုပြီး ပြောလိုက်ပါသတဲ့။ စိုးထွန်း တို့ အဲဒီဆိုင်ကိုရောက်တာ သောကြာနေ့ပေါ့ လွှဲပေးရမယ့် ဘဏ်တို့ ထုတ်မယ့်သူရဲ့မှတ်ပုံတင်နံပါတ်တွေဘာတွေယူထားလိုက်ပါသတဲ့။ ဒါပေမယ့် အင်္ဂင်္ါနေ့ထိငွေလွှဲမလာပါဘူး။                                       ဖုန်းဆက်တော့လဲမကိုင်ပါဘူးတဲ့။                                                                စိုးထွန်း  စိတ်ပူလာပါတယ်။ အဲဒါနဲ့သူတို့လို့ အရောင်းသမားအချင်းချင်းစုံစမ်းတဲ့အခါ အဲဒီဆိုင်အနေအထားက သိပ်မဟုတ်ဘူးဆိုတာသိလာရပါတယ်။ ကုန်တွေကို အကြွေး ယူထားလိုက်တယ်။ […]


  “ လေလှန်သလို လှန်တဲ့ စုကြေးလေလံ  “ ပြီးခဲ့တဲ့ သုံးရက်လောက်က ကိုငယ်တို့အိမ်ဘက်ကိုရောက်တော့ ကြည့်ရတာတစ်ခုခုလိုနေသလိုခံစားရပါတယ်။ သေချာကြည့်မိတော့မှ ကိုငယ်တို့ အိမ်ဘေးကစတိုးဆိုင်ပိတ်ထားတာကိုတွေ့ရပါတယ်။ ဒီဆိုင်ကအရမ်းကို ရောင်းရတဲ့ စတိုးဆိုင်လေးထဲမှာ ပါ  ပါတယ်။ ကျနော်ကိုယ်တိုင်လဲ တစ်ခါတစ်ခါ အိမ်အသုံးအဆောင်ပစ္စည်းတွေလိုရင် ဒီဆိုင်က ဘဲ ဝယ်သွားတတ်တာများပါတယ်။ ပစ္စည်းစုံတယ် ဈေးမှန်တယ်ဆိုတဲ့ အရည်အချင်းတွေနဲ့ပြည့်စုံတဲ့အပြင် ဆက်ဆံရေးလဲကောင်းတယ် ဆိုတော့ ရောင်းကောင်းတာဘယ်ဆန်းမလဲနော်။ တစ်နေရာရာ သွားပြီး အလှူအတန်းတွေသွားများလုပ်ကြသလားလို့တွေးမိပါတယ်။ ဒါနဲ့ ဘဲ ကိုငယ်ကို မေးရတာပေါ့ “ဘယ်များသွားကြလဲ”လို့ “လေ အလှန်ခံလိုက်ရတာ”လို့ပြန်ဖြေတော့ ကျနော့် သူပြောတာကို နားမလည်ပါဘူး။ အဲတော့ “ဘာလဲ”လို့ထပ်မေးရတာပေါ့။ “ကိုပေါက် ခေတ်နောက်ကျသွားပြီ စုကြေး လေလံမလျော်နိုင်လို့ထွက်ပြေးရတာ” လို့ ဆိုပါတယ်။ ကျနော်က ဒီစုကြေးလေလံကိစ္စနဲ့ပါတ်သက်ပြီး သိပ်နားမလည်ပါဘူး။ ကိုငယ်ကိုဘဲ […]


“ကိုပေါက်လက်ဆော့ခြင်းကို ခံခဲ့ရသော မန်းလေးက တိမ်များ” ၂၀၁ဝခုနှစ် မေလမှာ ကျနော်လက်ထဲကို    ဆမ်ဆောင်းအိမ်သုံးကင်မရပေါက်စနလေးရောက်လာပါတယ်။ ၂၀၁၁ မေလမှာဘဲမှာတော့ အိမ်သုံးကင်မရာပေါက်စန cannon A3300 လေးရောက်လာခဲ့ပါတယ်။ ၂၀၁၂ နှစ် မတ်ချ်လမှာတော့ အိမ်သုံးပေါက်စနလေး cannon A2200 တစ်လုံးထပ်ရောက်လာပြန်ပါတယ်။ ဒီ A2200လေးကို ရွာသားကြီးကိုစိန်သော့လိုက်ဝယ်ပေးတာပါ။ ဒီကင်မရာလေးကို အသုံးပြုပြီး ရန်ကုန်  ပန်းတနော် ပုသိမ် ချောင်းသာမန်းလေး တောင်ကြီး အောင်ပန်းကျယ်ခေါင် ရွှေလီ နေရာအနှံ့ရောက်ခဲ့ပါတယ်။ မန်းလေးမြို့အနီးတစ်ဝိုက်ကတော့ မရောက်ဘူးသောနေရာမရှိသလောက်။ ဒီကင်မရာလေး သင်ပေးလို့ဘဲ အလင်းအမှောင်တွေ ဒေါင့်တွေအနေအထားတွေကို သိခဲ့ရပါတယ်။ ဒီကင်မရာလေးနဲ့ဘဲလှပသောပုံပေါင်းများစွာရခဲ့ပါတယ်။ ဒီကင်မရာလေးကပေးခဲ့သော ဓါတ်ပုံဖြင့် ပိုစ်စကဒ်(၄)ခုုထုတ်ဖြစ်ခဲ့ပါသည်။ သို့သော် ၂၀၁၃ အောက်တိုဘာ ၂၂ရက်မှာတော့ ဒီကင်မရာလေးက ကျနော်ဒဏ်ကို မခံနိုင်တော့သည့်အတွက် ထွက်ပြေးသွားခဲ့လေသည်။ နေ့စဉ်နှင့်အမျှ လက်ပွန်းတတီးနေခဲ့သောကြောင့် […]


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း(၆)ဇာတ်သိမ်း အပိုင်းခြောက် လွန့်လူးလွင့်လွင့် ဒါနဲ့ဘဲကျမတစ်ယောက်တည်း မွေးရပ်မြေကိုပြန်ခဲ့ပါတော့တယ်။မန္တလေးရောက်တော့ကျမအိမ်ကိုပြန်မသွားပါဘူူး။ (ပြန်သွားရင်လဲ လက်ခံမှာမဟုတ်ပါဘူး) အပြင်အဆောင်တစ်ခုမှငှားနေရင်း အလုပ်ရှာရပါတယ်။ ပါလာတဲ့ ငွေလေးကို ချွေတာပြီးသုံးစွဲရင်းပေါ့။ ပြင်ပလုပ်ငန်းပေါများတဲ့မန္တလေးမှာ ကောက်ပဲသီးနှံရောင်းတဲ့ပွဲရုံတစ်ခုမှာ စာရေးမအလုပ်ကိုရပါတယ်။ အဲဒီမှာနေရင်း ကျမ ရဲ့မပြီးဆုံးသောပညာရေးကို ဆက်ဘို့ကြိုးစားရပါတော့တယ်။ အခုခေတ်မှာ တတ်တာမတတ်တာအပထား ဘွဲ့လေးတစ်ခုမှ ရမထားဘူးဆိုရင် ဘဝတိုးတက်လမ်းအတွက်ခက်ခဲ့တဲ့အပြင် အများရဲ့အထင်အမြင်သေးတာပါခံရပါတယ်။ ဒါနဲ့ဘဲအဝေးသင်တက် နေ့စဉ်အလုပ်မှန်မှန်သွား ဖြစ်သလိုစား စက်ဘီးလေးနဲ့ တစ်ကိုယ်တော်ပေါ့။ ကျမ မန်းလေးပြန်ရောက်နေတာကိုသိတဲ့ ကေသီက ကျမဆီကိုလာပေမယ့် မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မတွေ့ချင်တော့ပါဘူး။ ဒါပေမယ့်လဲ သူငယ်ချင်းကောင်း ယောက်မကောင်း ပီသတဲ့ ကေသီက အလုပ်အားပြီဆိုတာနဲ့ ကျမကို လာလာခေါ်ပါတယ်။ သူ့နဲ့ အပြင်ကို သွားရင်လိုက်ပေမယ့် သူတို့အိမ်ကိုတော့ ဘာကိစ္စနဲ့မှ မသွားပါဘူး။ အနေအထိုင်ဆင်းရဲတာခံနိုင်ပေမယ့် သူများက ကိုယ့်ကို […]


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း ငါး ဘဝရဲ့ခြေလှမ်းသစ်များ မနက်ပိုင်းမင်္ဂလာဆောင်ပြီး အဲဒီနေ့ နေ့လည်မှာဘဲ မကွေးကိုပြန်ခဲ့ကြပါတယ်။ ကျမအိမ်ကပေးလိုက်တဲ့ လက်ဖွဲ့ကို မောင်တို့ အိမ်က ကျမလက်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။ ကျမကလဲ မောင်တို့အဒေါ်ကိုဘဲပြန်အပ်ထားလိုက်ပါတယ။် ကျမတစ်သက် အဲ့လောက်များတဲ့ ငွေကို ကိုင်လဲ မကိုင်ဘူးသလို သုံးစရာအကြောင်းလဲမရှိသလိုပါဘဲ။ မကွေးပြန်ရောက်တဲ့အခါမှာတော့ မောင်က ဦးလေးတို့ဆီစက်မှာဦးလေးနဲ့အတူအလုပ်လုပ်ရပါတော့တယ်.။ မနက်ပိုင်းမှာဦးလေးနဲ့ နှမ်းဝယ် ပဲဝယ်လုပ်။ နေ့လည်ဆီစက်မှာ ဝင်လုပ်ပေါ့။ ကျမကတော့ ဒေါ်ဒေါ်နဲ့အိမ်မူ့ကိစ္စ ကူလုပ်ပေါ့။ ဒီလိုနဲ့ဘဲကျောင်းဖွင့်ချိန်ရောက်တဲ့အခါ ဦးလေးတို့က ကျမကိုကျောင်းပြန်တက်ဘို့ စီစဉ်ပေးတာနဲ့ ကျောင်းဆက်တက်ရပါတယ်။ မောင်ကတော့ လုပ်ငန်းခွင်ထဲမှာပေါ့။ ဦးလေးတို့က ကျမတို့နှစ်ယောက်ကို စားရိတ်ငြိမ်းတင်ကျွေးထားတာပါ။ မောင်ရတဲ့လခကို ကျမတို့နှစ်ယောက်သုံးချင်ရာသုံးရုံပါဘဲ။ သူတို့ကလဲသားသမီးမရှိတော့ကျမတို့ကသားသမီးလိုဖြစ်နေပါတယ်။ ကျမလဲမကွေးရောက်မှ တကယ့်ကျောင်းသူဘဝရောက်သွားသလိုပါဘဲ။ သူငယ်ချင်းအသစ်တွေလဲ လွတ်လွတ်လပ်လပ်လဲနေရတော့ပျော်ပါတယ်။ အတော်များများက ကျမကို အိမ်ထောင်သည်မှန်းမသိကြပါဘူး။ ပြန်တွေးကြည့်ရင်ကျမမှားခဲ့တာအများကြီးပါဘဲ။ […]


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း သုံး နေရာဟောင်းဆီသို့အပြန် ထမင်းဆိုင်ရောက်တော့ ဒေသထွက်ပင်လယ်စာရော တရုပ်အစားအစာရတဲ့ဆိုင်လေးဖြစ်နေပါတယ်။ မီးနူးကြည့်ပြီး အငယ်လေးမှာ မမ မှာ ဆိုပြီးလုပ်နေတော့ အနားမှာရပ်နေတဲ့ ကောင်မလေးကရီပါတယ်။ နောက်တော့ ပုစွန်မီးဖုတ်သုတ်တာကောင်းတယ်လို့ ကောင်မလေးကပြောပါတယ်။ ကျမက ပုစွန်သုပ်ရယ် အစိမ်းကြော် ရယ်တစ်ပွဲမှာလိုက်ပါတယ်။ နောက်ပင်လယ်စာ စားမယ်လုပ်တော့ အများကြီးဆိုကုန်မှာမဟုတ်ဘူးနော်လို့ ကျမက ပြောတော့ ဆိုင်က ကလေးမလေးက နှစ်ယောက်ထဲဆို ပွဲဝက်လုပ်ပေးမယ်ပြောတာနဲ့ ပြည်ကြီးငါး တစ်ပွဲ ကင်းမွန် သုတ်တစ်ပွဲမှာလိုက်ပါတယ်။ အဲဒီမှာ အငယ်လေးက “ မမ ကျနော်ဘီယာတစ်လုံးလောက်သောက်မယ်နော်”လို့ပြောတော့ ကျမက ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ဆိုင်က ကလေးမလေးကို သူက “ကျားစီးမယ်”လို့ပြောလိုက် ပါတယ်။ ထိုင်နေရင်း ကျမတို့နှစ်ယောက်သူ့အကြောင်းကိုယ်အကြောင်းပြောကြ ခေတ္တဝေးကွာနေတဲ့ကိုယ့်မြို့အကြောင်းပြောကြ၊ အစောက ဓါတ်ပုံရိုက်တုံးက ဖီလင်တွေပြောလို့မှ မဝခင် ထမင်းတွေဟင်းတွေရောက်လာပါတယ်။ […]


  “နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင်   “(အခန်းဆက်ဝတ္တုရှည်) အပိုင်းနှစ် အပိုင်း-၂ ပင်လယ်ပြင်မှ ဆီးကြိုခြင်း နောက်နာရီဝက်လောက်အကြာမှာ ကိုတင့် က သူတို့အလုပ်က                                                                                         […]


“ မိုက်မဲသူတစ်ယောက်အကြောင်း”  လူမိုက်ဆိုတဲ့လူမို်က်မှာ နောင်တ တရားတွေကတော့များမှများ။ သူတို့ရဲ့လက်သုံးစကားတွေကတော့ “ဆုံးရှုံးမယ်မှန်းသိရင် စကတည်းက မယူခဲ့ပါဘူး။  ခွဲရမယ်ဆိုတာသိခဲ့ရင် စကတည်းက လွဲအောင်နေမိမှာပါ။ အဆုံးသတ်မှာ ဝေးရမယ်ဆိုရင် ပြေးတွေ့ဘို့ကြိုးစားမိမှာမဟုတ်ဘူး။ မုန်းသွားမယ်ဆိုတာကြိုသိရင် ချစ်မိအောင်မနေခဲ့ပါဘူး။ “ ဆိုတာပါဘဲ။   မသိစိတ်ရဲ့ချဉ်ခြင်းကို သိစိတ်ရဲ့ ဆင်ခြင်ခြင်းက အရှုံးပေးလိုက်ရတဲ့အခါ ကိုယ်ကိုကိုယ် မကျေနပ် မှန်ရှေ့မှာရပ်ရင်း စွတ်စွဲငြင်းခုံခြင်းတွေနဲ့ ရန်ဖြစ်တတ်တာကလဲ အဲဒီလိုလူမိုက်ပါဘဲ။ ဟော……………. ကျနော်လဲအခုမှန်ရှေ့မှာရပ် ရန်ဖြစ်နေမိပြန်ပြီ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 25-10-2013  


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင်   “(အခန်းဆက်ဝတ္တုရှည်) အပိုင်းတစ်…….(အကြောင်းပါစရာလို့ဆိုကြတဲ့……………..သို့အသွား) လပြည့်ရက်နီးလေလေ လှိုင်းတွေကထန်လေလေလို့ ပင်လယ်ကမ်းစပ်မှာနေသူတွေကတော့ပြောကြပါတယ်။ တဝေါဝေါအသံတွေနဲ့အတူ တဝုန်းဝုန်းပြေးလာတဲ့ လှိုင်းခေါင်းဖြူလေးတွေက သောင်စပ်အဆုံးထိအရှိန်ပြင်းပြင်းနဲ့   ပြေးလာခဲ့ပေမယ့်စက္ကန့်ပိုင်းလေးအတွင်းမှာဘဲ လာရာလမ်းအတိုင်း ပင်လယ်ထဲကိုပြန်ပြီး ဆင်းသွားရပြန်ပါတယ်။ ဆင်းလိုက်တက်လိုက်လုပ်နေတဲ့ လှိူင်းတွေကြောင့် သဲပြင်တွေက အံ့ဩစရာကောင်းလှစွာညီညာပြန့်ပြူး။ ပင်လယ်ကတွန်းလွှတ်လိုက်တဲ့ အခါ ကမ်းစပ်ကိုအားနဲ့မာန်နဲ့ပြေးတက်လာလိုက်၊ ပင်လယ်ကပြန် ဆွဲလိုက်ရင် လာရာလမ်းအတိုင်းပင်လယ်ရင်ခွင်ထဲကို ပြန်ဝင်လိုက်နဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ မရပ်မနား စုန်ချီဆန်ချီ။ ကျမတို့လူသားတွေကရော ပင်လယ်လှိုင်းကလေးတွေနဲ့ထူးမခြားနားပါဘဲ။ လောကကြီးထဲကို ဝင်လိုက်ကြ ပြန်ထွက်သွားလိုက်ကြ။ လရဲ့ဆွဲအားက ပင်လယ်ပြင်ကိုလှိုင်းတွေဖြစ်စေခဲ့တယ်ဆိုရင် ကျမတို့လူသားတွေကို ဝင်စေထွက်စေအောင်ဖန်တီးနေတဲ့ဆွဲအားတွေကိုရော ဘယ်သူများဖန်ဆင်းခဲ့သလဲလို့တွေးမိရင်ပြုံးမိပါတယ်။ ပင်လယ်ကမ်းစပ်မှာအေးဆေးထိုင်အုန်းရေသောက်ပျော်ပါးစွာဆော့ကစားနေသူ                                                                                                   လေညှင်းခံရင်းလမ်းလျောက်နေသူတွေကို ကျမငေးမောလို့ကောင်းနေတုန်း “မမ” တယောက်ထဲလား” လို့ မေးလိုက်တဲ့  အသံကိုကြားလို့မော့အကြည့်မှာ “အငယ်လေး”လို့ ကျမစိတ်ထဲမှာအမည်ပေးထားတဲ့ ကောင်လေးဖြစ်နေပါတယ်။ သူမေးလိုက်မှ ချောင်းသာကို တစ်ယောက်ထဲရောက်လာဖြစ်တဲ့အကြောင်းကို ကျမ ပြန်တွေးမိပါတော့တယ်။ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ကျမရန်ကုန်ကိုအလုပ်ကိစ္စနဲ့ ရောက်နေတဲ့အချိန် […]


ကျနော်လွမ်းသည် မိုးဖွဲပြီးစနံနက်ခင်းတစ်ရက် အဝါရောင်ကောင်းကင်ကြီးအောက်က ကန်ရေပြင်နံဘေး ကျနော်အရောက် အေးငြိမ့်သက်သက်လေပြေလေးတွေက ဖြေးဖြေးမွမွ။ လေတိမ်းတိုင်းယိမ်းကတတ်တဲ့ သူ့ဆံပင်တိုစစ လေးတွေကို သတိရမိတော့။ ကျနော့်လွမ်းပါတယ်။ ဟိုးအဝေးးးးးးးးးက ပြေးထွက်လာတဲ့သံစဉ်များ ဘာမှန်းမသိ ကျနော့်နားထဲမှာကြားနေမိတာကတော့ “လွမ်း တယ် လွမ်းတယ် လွမ်းတယ်” တဲ့ အဲဒါကလဲ ကျနော်ကိုလွမ်းစေပါတယ်။ မိုးမိပြီးစ သစ်ပင်ကိုင်းဖျားမှာ ငှက်ကလေးက နားလို့ခို သစ်ရွက်အဖျားမှာ ငွေရည်မိုးစက်တို့က တွဲလွဲခို သူနဲ့ခွဲ ခဲ့ရတဲ့နေ့ကလဲ အဲသလို သူ့ခေါင်းမှာမိုးစိုစို ကျနော်ခေါင်းမှာမိုးစိုစို အို ပိုလို့တောင်လွမ်းလာသလိုလို။ ခုတော့သူက ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အဝေးဆီကိုပြေးထွက် တစ်ယောက်တစ်နေရာ ဆုံနိုင်ရန်ဝေးးးးးးးးးးးးးးးးးးးးးးးး နေတဲ့သူ့ကို သတိရတိုင်း အောက်မေ့တိုင်း တမ်းတတိုင်း လွမ်းတိုင်း “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ် “”တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်” […]


သီတင်းကျွတ်မတိုင်မီတစ်ရက် အောင်ပင်လယ်ဘက် ရောက်အသွားမထင်မှတ်ဘဲရခဲ့တဲ့ ပုံလေးတွေပါ။။                   ကိုပေါက်ရဲစနက်ရှော့မဟုတ်တဲ့လက်ဆော့


“စစ်ကိုင်း ဆွမ်းဦးပုညရှင်မှ ပန်းချီပညာရှင်”   ပြီးခဲ့တဲ့ ရက်က ပြည်ပက မိတ်ဆွေတစ်ယောက်မန်းလေးကို အလည်ရောက်လို့လာပါတယ်။ သူက စစ်ကိုင်းတောင်ကို သွားချင်တယ်ဆိုတာနဲ့ လိုက်ပို့ပေးပါတယ်။ ဆွမ်းဦးပုညရှင်စေတီတော်ပေါ်ရောက်တဲ့အခါ မိတ်ဆွေကဘုရားဝတ်ပြုနေချိန် ကျနာ်ကတော့ လှည့်ပါတ်ပြီး လက်ဆော့ဘို့ ကောင်းတာလေးကိုရွေးနေမိပါတယ်။ ဟိုရက်က မိုးတွေအရမ်းရွာထားတော့ သစ်ပင်တွေကသန့်ရှင်းစိုလက်။ နေလည်ခင်းဖြစ်ပေမယ့်ဆောင်းအစမို့ မြူမူန်မူန်။ စိတ်မချမ်းမြေ့စရာကောင်းတာကတော့ မြစ်အလည်ခေါင်မှာတောင်သောင်ထွန်းနေတဲ့ ဧရာဝတီ။ အဲလိုကြည့်နေရင်းက စေတီတော်တောင်ဘက်စောင်းတန်းအနောက်ဒေါင့်ကိုရောက်လာပါတယ်။ စေတီတော်အရိပ်က ရင်ပြင်တော်ကကျောက်ပြားပေါ်ရွှေရောင်အလင်းစက်တွေ ကျရောက်နေတာရိုက်နေတုန်း အကျှီင်္အဖြူ နုတ်ခမ်းမွှေး စစနဲ့လူတစ်ယောက်က ကျနော့်ကို ပြုံးကြည့်နေပါတယ်။ သူ့ကိုကျနော်လဲ ပြန်ပြုံးပြရင်း အလှည့်အကြည့် သူကျောဖက်မှာချိတ်ဆွဲထားတဲ့ ပန်းချီကားများစွာ။ ရောင်စုံပန်းခင်းကြီးခင်းထားသလို လှပလိုက်ပါတဲ့ ရေဆေးကားတွေ။ အောက်ဖက်မှာတော့ အခရိုင်းလစ်ဆီဆေး ပန်းချီကားများ။   ဘေးဘက်မှာတော့ ဓါးခြစ်ပန်းချီကားများ။ ကျနော်က သူကို ဒီပုံတွေရိုက်ခွင့်ရမရ ပြောတော့ […]


  “ပြာလွင်လွင်”   ပြီးခဲ့တဲ့ရက်က မိတ်ဆွေများနဲ့ဓါတ်ပုံရိုက်ထွက်ခဲ့ကြပါတယ်။ အားလုံးသုံးယောက်။ ရဲရွာဘက်ကအပြန်နေဝင်ချိန်ကိုေ ရတံခွန်တောင်အသွားလမ်း အောင်ပင်လယ်မှာ ရိုက်မယ်ဆိုပြီး ဆည်တော်ကြီးမြောင်းဘောင် အတိုင်းလာခဲ့ကြတာပါ။ အဲလိုလာနေရင်း တစ်ခါက ရွှေမင်းသားပြောတာကိုသတိရသွားပါတယ်။ ဒီမြောင်းဘောင်လမ်းတစ်နေရာမှာတောင်အရိပ်တွေက ရေထဲကိုကျ နေတာရှိတယ်ဆိုတာကိုပါ။ အဲလိုသွားနေရင်းက ရေကြည်ပေါက်မရောက်ခင်တစ်နေရာ မြောင်းဘောင်လေး နံဘေးကိုကြည့်လိုက်တော့ တောင်တန်းတွေရဲ့ အရိပ်က ရေထဲမှာကျနေတာကို မြင်တော့ မိူရသလို ဝမ်းသာသွားကြပါတယ်။ ဒါနဲ့ဘဲဆင်းပြိး ဓါတ်ပုံတွေရိုက်ကြပါတယ်။ ဒါပေမယ့်လုံလောက်တဲ့အလင်းရောင်က မရ။ ပုံကစိတ်ထင်သလောက်ပြတ်သားမှူမရှိ။ ဒါပေမယ့် ပြာလွင်သော ရှမ်းတောင်များရဲ့ ပုံရိပ်ကို ကင်မရာထဲမှာမြင်ရတော့ ကြည့်မဝ။ တကယ့်သဘာဝအလှတရားများ။ ကျနော်က အပြာနုရောင်နှစ်သက်သူ။ ပြာလွင်လွင်တောင်တန်းမျာက  ကျနော်ကို့ဖမ်းစားထားလိုက်ပါတယ်။ နောက်တစ်ချိန်ထပ်၍ လက်ဆော့မယ်လို့ ဆုံးဖြတ်မိပါတယ်။ ကဲ ပြာလွင်လွင်လေး လှမ လှ။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 16-10-2013 […]