တောလည် တောင်လည်   ပြီးခဲ့တဲ့ဥပုဒ်နေ့မှာ ဓါတ်ပုံဝါသနာရှင် ဘော်ဘော်က ဘယ်နားသွားပြီးဓါတ်ပုံရိုက်ရင်ကောင်းမလဲ ကိုပေါက်လဲ လိုက်ခဲ့ပါလို့ခေါ်ပါတယ်။ အဲဒါနဲ့ တစ်ခါဘဲရောက်ဘူးတဲ့ မန်းလေးမြို့အရှေ့ဘက် ရဲရွာသွားတဲ့လမ်းကို သွားဘို့ စိတ်ကူးပေါက်သွားပါတယ်။ ပြင်ဦးလွင်သွားတဲ့ကားလမ်းအတိုင်းလာလိုက်တာ 16မိုင်တိုးဂိတ်အလွန် တံတိုင်းရှည်ရွာအဝင်လမ်းကနေ ကွန်ကရစ်လမ်းအတိုင်းသွားလိုက်ရင် အင်မတန်လှပတဲ့မြင်ကွင်းများရှိတဲ့နေရာကိုရောက်ပါတယ်။ လမ်းဘေးတစ်ဘက်တစ်ချက်မှာ တောင်တန်းများကဝန်းရံလို့နေပါတယ်။ လမ်းအနောက်ဘက်ခြမ်းမှာတော့ တောင်တန်းအောက်မှာ ဒုဌဝတီမြစ်က စီးဆင်းလို့နေပါတယ်။ အနောက်ဘက်ကတော့မြင့်မားတဲ့တောင်တန်းတွေ တောင်ခါးဖြတ်တွေကိုမြင်ရတာ နိုင်ငံခြားကားထဲက အတိုင်းပါဘဲ။ ကျနော်တို့လဲ သွားနေရင်းက လှတယ်ထင်ရတဲ့နေရာတွေမှာဆင်းပြီး ဓါတ်ပုံတွေရိုက်ကြပါတယ်။ အတူသွားတဲ့သူနှစ်ယောက် တစ်ယောက်က ကင်နွန်ဘိုးအေကင်မရာ နောက်တစ်ယောက်ကတော့ နီကွန် ဧရာမ ကျနော်ကတော့ထုံးစံအတိုင်းအိမ်သုံးပေါက်စနလေးနဲ့။ ဒါပေမယ့် ပုံကောင်းတွေရတော့ပျော်ခဲ့ပါတယ်။ ဟိုခြုံတိုး ဒီခြုံတိုး နဲ့ရိုက် ပုရွက်ဆိတ်လဲကိုက် ဝါးရွက်တွေရှ ပုံလေးတွေပြန်ကြည့်မိတော့အမောပြေပါတယ်။   ကဲ ခံစားကြည့်ကြရအောင်   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 14*10*2013 […]


“လောကကိုနုတ်ဆက်ချိန်”     သွားလေသူ ခင်မောင်တိုးကတော့ “နေဝင်ညကိုကူးဖြတ်ပြီးမှ ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်………………”လို့ဆိုခဲ့ပြီး ဟင်္သာတထွန်းရင်ကတော့ “နေညိုချိန် တိမ်တောက်တဲ့အခါ” လို့ ဆိုပြန်ပါတယ်။ နေမင်းကြီးက ဂြိုဟ်ပြာ ကမ္ဘာမြေကြီး ကိုခွဲခါနီးအချိန်တိုင်းမှာ အင်မတန်မှ ခမ်းနားလှပတဲ့ အရောင်တွေဖြန့်ဝေပေးသလို ရုပ်ဆိုးသူတောင်မှလှတယ်လို့ထင်ရလောက်အောင် အရောင်အသွေးစုံတဲ့ ဆည်းဆာညနေခင်းများနဲု့နုတ်ဆက်လေ့ရှိပါတယ်။ ကျနော်ကလဲ ဒီညနေခင်းလေးများကိုနှစ်သက်မက်မောတဲ့အတွက် အမြဲတမ်းလိုလို လက်ဆော့မိပါတယ်။ ကဲ ညနေခင်းလေးတွေလှတယ်ဆိုတာ ဟုတ်မဟုတ် ကြည့်လိုက်ကြရအောင်   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 13-10-13                


“လှေပျက်နဲ့ အတူ ခရီးဆက်ခဲ့ကြသူများ …………….”   ပြီးခဲ့တဲ့ တနင်္ဂနွေက ကိုသောင်းတို့ရုံးက ဝန်ထမ်းဆုပေးပွဲလေးကို ကျနော်ရောက်သွားပါတယ်။ အလုပ်မပျက်တဲ့သူ စည်းကမ်းလိုက်နာသူ အလုပ်ကြိုးစားသူ အလုပ်ပေါ်မှာစေတနာထားသူ ဆိုတဲ့ဂုဏ်ပုဒ်နဲ့ပြည့်စုံတဲဝန်ထမ်းတွေကို ဆုပေးတာပါ။ အဲဒီပေးတဲ့ဆုထဲမှာ တန်ဘိုးအကြီးဆုံးကတော့ မြေကွက်ပေါ့။ လုပ်သက်ဆယ်နှစ်ကျော်ရှိပြီး ရိုးသားကြုးိစားတဲ့ ဝန်ထမ်းငါးယောက်ကို တစ်ကွက်ကို သိန်းတစ်ရာ့ငါးဆယ်လောက်တန်တဲ့ မြေကွက်တစ်ကွက်စီပေးပါတယ်။ ပေခြောက်ဆယ်-ပေတစ်ရာကွက်တွေပေးတာပါ။ မြို့ပေါ်မှာတော့ မဟုတ်ပါဘူး၊။ သူတို့ လုပ်ငန်းခွင်က တာဝန်ယူပြီးဆောက်နေတဲ့လုပ်ကွက်နဲ့သိပ်မဝေးတဲ့ ရွာထဲမှာပေါ့။ အခုတော့ရွာ နောင်မှာတော့  အမြန်လမ်းမကြီးနဲ့ ဆက်သွားရင် စည်ကား လာဘို့ အလားအလာရှိတဲ့နေရာဆိုရင်လဲမမှားပါဘူး။ လေးငါးနှစ်လောက်တော့ စောင့်ရမှာပေါ့နော်။ ဘယ်လိုဘဲပြောပြော ကိုယ်ပိုင်အိမ်ယာလေးတစ်ခုပို်င်ဆိုင်သွားတယ်ဆိုတော့ အတိုင်းမသိဝမ်းသာနေကြတာကို မြင်နေရပါတယ်။ ပွဲမပြီးခင်မှာ ကိုသောင်းက ကျနော်ကို မပြန်နဲ့အုံးနော်ဆိုတာနဲ့ ကျနော်လဲ လူရှင်းတဲ့ ဒေါင့်လေးတစ်ခုမှာ ထိုင်နေလိုက်ပါတယ်။ ************************************************   […]


တိမ်ညနေခင်း ကို အမိဖမ်းခြင်း ကွယ်လွန်သူ ဇော်ဝမ်းဆိုခဲ့ အထီးကျန်အရုပ်ဆိုးဆိုတဲ့သီချင်းလေးရှိပါတယ်။ အဲဒီအထဲမှာ ပါတဲ့ စာသားတစ်ခုက (ဖြူနီညိုပြာ စိမ်းဝါတွေချယ်သောအခါရောင်စုံဖြာ လှလိုက်တာ ) ဆိုတာလေးပေါ့။ အဲဒီသီချင်းကြားမိတော့ တိမ်တွေကို ပိုပိုပြီးစိတ်ဝင်စားမိလာပါတယ်။ နောက်ကင်မရာနဲ့လက်ဆော့ချိန်မှာ တိမ်တွေနဲ့လှတတ်တဲ့ ညနေခင်းတွေကို လိုက်ပြီး လိုက်ဆော့ပါတော့တယ်။ တိမ်တွေရေထဲမှာအရိပ်ကျနေရင်သဘောကျသပေါ့။ အခုတော့ တိမ်တွေနဲ့ အလှဆင်ထားတဲ့ညနေခင်းလေးကိုအမိဖမ်းပြီး  လက်ဆော့ထားတာလေးတွေကို စုစည်းပြီး တင်ပေးလို်က်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့   7-10-2013   2 အဝေးပြေးလမ်းမနံဘေးက တိမ်ညနေခင်း     3 ပလီတဲ့တိမ်                        


“ နည်းနည်းလေးဘဲ လျှော့ကြည့်စမ်းပါ” ရီစရာလေးတစ်ခုလို့ပြောရင်ရနို်င်တဲ့အဖြစ်အပျက်လေးကိုကြားလိုက်ရတဲ့အခါ ကျနော့်ခေါင်းထဲမှာတော့ တွေးစရာတွေအများကြီးရလာခဲ့ပါတယ်။ ကျနော်မိတ်ဆွေကိုအောင်မောင်းက လူသုံးကုန်တွေဖြန့်တဲ့ကုမ္ပဏီကဝန်ထမ်းပေါ့။ ဒါအကြောင်းလေးကလဲ သူပြောပြလို့သိရတာပါ။ ပြောရရင်တော့ မဆုံးနို်င်သောအကြွေးဇာတ်လမ်းလေးပါဘဲ။ ကျနော်တို့မြန်မာနို်င်ငံရဲ့အရောင်းအဝယ်လောကရဲ့ နေ့စဉ်ဖြတ်သန်းမူ့ကအကြွေးစံနစ်ပါဘဲ။ စူပါမက်ကက်တွေနဲ့ စားသောက်ဆိုင်ကြီးတွေကလွဲရင်အားလုံးအကြွေးပါဘဲ။ စားသောက်ဆိုင်ဆိုတာတောင်မှ အရပ်ထဲမှာဖွင့်တဲ့စားသောက်ဆိုင်လေးတွေမှာ တောင်အကြွေးပေးရတတ်ပါသေးတယ်။ စားသောက်ပြီးခါမှ “ညနေအိမ်ကလူ အလုပ်ပြန်လာရင်ပေးမယ် မှတ်ထားလိုက်တော့” ဆိုပြန်ရင်လဲအကြွေးပေးလိုက်ရတာပါဘဲ။ ရပ်ကွက်ထဲက ကုန်စုံဆိုင်ကို “အမေက ဆန်တစ်ပြည်ပေးလိုက်ပါတဲ့ ညနေကျရင်ပေးမယ်တဲ့”လို့ ကလေးလွှတ်ပြီးယူခိုင်းရင်းလဲ ရောင်းချင်နေတော့ပေးလိုက်ရတာပါဘဲ။ “ကုန်ကတော့ တွဲရှိတုံးတင်ချင်တာ အရင်အကြွေးကတော့နောက်လေးငါးရက်နေမှ ပေးနိုင်မှာ” လို့ဆိုပြန်ရင်လဲ ကိုယ်က ရောင်းချင်နေတော့ အကြွေးပေးလိုက်ရတာပါဘဲ။ အခုခေတ်မှာတော့ အကြွေးမှ မရောင်းဘူးဆိုရင် ပစ္စည်းများများ မကုန်နိုင်ပါဘူး။ တယ်လီဖုန်းကနေ ကုန်အမှာအော်ဒါတွေတက်ရင်လဲအကြွေးပါဘဲ။ အရောင်းသမားလေးတွေ ပစ္စည်းလိုက်စပ်ရင်လဲအကြွေးပါဘဲ။ သူုတို့လိုချင်တဲ့ ကုန်ကတော့အရင်ချပေးထား နောက်မှ ပိုက်ဆံလိုက်ကောက်ပေါ့။ ဒါကတော့ မြန်မာပြည်ကြီးရဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့ကုန်သည်များရဲ့ဘဝပါဘဲ။ *************************************************** […]


“ဝင်စားမိမှား” တစ်ခါတစ်လေ စိတ်ပျင်းတဲ့အခါ အလုပ်ပါးတဲ့အခါ ရုံးက လုပ်ဖော်ကိုင်ဘက် ကလေးတွေနဲ့စကားစမြည်ပြောဖြစ်ကြပါတယ်။ အများအားဖြင့်တော့ သူတို့ပြောတာကို ကိုယ်က နားထောင်ရတာများပါတယ်။ တိုးတက်ပြောင်းလဲမူ့တွေက ဖျပ်ကနဲဖျပ်ကနဲ လျပ်ပြက်လိုက်သလို မြန်ဆန်လွန်းတဲ့ အခုခေတ်ကာလမှာတော့ သက်ငယ်စကား သက်ကြီးကြား ဖြစ်သွားပါပြီ။ သူတို့လေးတွေရဲ့အမြင်အသိတွေကလဲ ကျနော်တို့ ငယ်ငယ်ကလို ထုံအအ မဟုတ်ဘဲ ချက်ဆိုတာနဲ့ မီးတောက်ရုံမက အားလုံးပြာကျပြီးသားဆိုလောက်အောင်ကို အိုင်ကျူတွေကလဲ မြင့်တာကိုး။ သူတို့လေးတွေနဲ့စကားပြောမှ ကိုယ်မသိတာတွေအများကြီးဆိုတာသိလာသလို ကိုယ်မကြည့် မမြင်ရပေမယ့် သူတို့ပြောပြတာနားထောင်ရင်းကိုယ်သိလိုက်ရတာလဲ အများကြီးပါဘဲ။ တီဗွီက ဟိုဟာလာတယ် ဒီဟာလာတယ်ဆိုတာကို ကိုယ်က စောင့်မကြည့်ပေမယ့် သူတို့ပြောပြလို့ ဒီနေ့ခေတ်စားနေတာ လူတွေစိတ်ဝင်စားနေတာကိုလဲသိလာတာအမှန်ပါဘဲ။ ကလေးတွေနဲ့ပြိုင်တာ အမြဲရှုံးနေတဲ့လူကြီးတွေရဲ့အစီအစဉ်မှာ တင်ဆက်သူရဲ့ လေသံနဲ့အမူအရာတွေက ကထပ်နေတာမထူးဆန်းတော့တာ။ ပိုက်ဆံတွေရွေးခို်င်းတဲ့အစီအစဉ်ကလဲ ရင်ခုန်စရာမကောင်းတော့တာ။ အစီအစဉ်တင်ဆက်သူလုပ်နေတဲ့ယောကျာ်းလေးအချို့ရဲ့လေယူလေသိမ်းနဲ့ အမူအယာတွေက မိန်းမထက်တောင်နုနွဲ့နေတာ။ အိ်မ်မက်ဆုံရာအစီအစဉ်က ရဲသွေးနောင် […]


“မြန်မာစံတော်ချိန်” ပြီးခဲ့တဲ့သုံးလေးရက်လောက်က နယ်မှာနေတဲ့ မိတ်ဆွေတစ်ယောက်က အကူအညီတောင်းလာပါတယ်။ ကုမ္ပဏီတစ်ခုကနေသူဝယ်ထား တဲ့ကုန်ဘိုးက ငွေသွင်းရမယ့်ရက်ရောက်နေလို့ငွေစိုက်သွင်းပေးဘို့ပါ။ အဲဒါနဲ့ဘဲ ငွေသွားသွင်းပေးရတယ်ဆိုပါတော့။ ကျနော်သွားပေးရတဲ့ကုန်ဘိုးက သိန်းလေးဆယ်ကျော်ကျော်လောက်ပါ။ ဒါပေမယ့် အဲဒီငွေပြည့်မပြည့်စစ်တာကို နာရီဝက်ကျော်ကျော်စောင့်ခဲ့ရပါတယ်။ ငွေလက်ခံတဲ့ကောင်မလေးက ပိုက်ဆံရေလိုက် သူ့ဟန်းဖုန်းက အသံမြည်လာရင်ဖုန်းလေးဖွင့်ပြီး နားထောင်လိုက်။ တအိအိနဲ့ရီလိုက်။ ကျနော်ဘက်လှည့်ပြီး “ဦးလေး ခဏနော်လို့ပြောလိုက်”။ ရေလက်စပိုက်ဆံကို အစ ကနေပြန်စစ်လိုက်။ “ကွမ်……” ဆိုတဲ့အသံလေးမြည်လာရင်ဖုန်းကိုကြည့်ပြီး ခွိကနဲ့ရီလိုက်။ စာပြန်ရိုက်လိုက်။ (ဖုန်းက အင်တာနက်ချိတ်ထားပုံရပါတယ်) ကျနော်ကို ခဏနော်လို့ပြောလိုက်နဲ့ ဖုန်းလေးပွတ်လိုက်နဲ့ဆိုတော့ စက်နဲ့ပိုက်ဆံစစ်တာ ဆယ့်ငါးမိနစ်လောက်နဲ့ပြီးရမှာကို နာရီဝက်လောက်ကြာသွားပါတယ်။ ကျနော်အလုပ်လုပ်ရမယ့်အချိန်တွေလျော့ပါးလို့သွားပါတယ်။ *********************************************************** ကျနော့်လက်ကိုင်ဖုန်း ဟန်းဆက်က အတော်လေးစုတ်နေတော့ နောက်တစ်လုံးအသစ်လဲလိုက်ပါတယ်။ ဟန်းဆက်အဟောင်းထဲမှာ ထည့်ထားတဲ့ “ ဖုန်းမြည်သံ “လေးတွေကို ကျနော် အတော်လေးသဘောကျတဲ့ တီးလုံးလေးတွေပါ ပါတယ်။ ဖုန်းအဟောင်းထဲက […]


“စွဲလမ်းတဲ့သံယောဇဉ်”     မနေ့ညနေခင်းက မိသားတစ်စု လမ်းလျောက်ထွက်ကြတဲ့အခါ အနောက်ကျုံးလမ်းမှာ ခိုလေးတွေကိုအစာကျွေးနေကြတာကိုမြင်တော့ ကျမသားလေးက ခိုစားကျွေးချင်တယ်လို့ ပူဆာပါတယ်။ ဒါနဲ့ဘဲ ခိုစာငါးရာဘိုးဝယ်။ ခွက်ကလေးကိုသားလက်ထဲ ထည့်လိုက်တော့သားလေးက ခိုတွေကိုအစာကျွေးရင်း ပျော်ရွှင်လို့နေပါတယ်။ သားလေးခိုစာကျွေးနေတာကိုကြည့်နေတဲ့နေရာနဲ့မနီးမဝေး ကျုံးနံဘေးနားက သံတိုင်လေးပေါ်မှာ အညိုနုနုလေးနည်းနည်းစွက်ထားခိုဖြူလေးတစ်ကောင် နားနေတာတွေတော့ လွန်ခဲ့သော အနှစ်နှစ်ဆယ်လောက်က ခိုဖြူလေးတစ်ကောင်ကျမတို့အိမ် ခြံစည်းရိုးပေါ်မှာနေ့စဉ်နေ့တိုင်းလာနားနေတာကို ပြန်မြင်ယောင်မိပါတယ်။ အဲဒီခိုဖြူလေးက ကျမတို့ ဘဝနဲ့ဆက်စပ်နေခဲ့တာအမှန်ပါဘဲ။   ဇာတ်ကြောင်းလှန်ရရင်ဖြင့် ကျမတို့မွေးရာဇာတိကတော့ မြစ်ကြီးနားရထားသံလမ်းရိုး နံဘေးက ရွာမကမြို့မကျဒေသလေးကဘဲဆိုပါစို့။ ကျမတို့ မေမေရဲ့အမေ ကျမတို့ဖွားဖွားကရှမ်းလူမျိုးပါ။ ဖွားဖွားက အိမ်ထောင်ရေးကံဆိုးပါတယ်။ သားသမီးလေးယောက်အရမှာ အင်မတန်မှစိတ်သဘောထားကောင်းမွန်တဲ့ကျမတို့အဖိုးက ယာခုတ်ရင်းခြေထောက်ကိုငုတ်စူးရာကနေ ပိုးဝင်ပြီးအနာကြီးဖြစ်လာပါတယ်။ အဲသဟာကိုဆေးမြီးတိုနဲ့ကုရင်း ဟိုအရွက်လေးအုံဒီအရွက်လေးအုံကနေ                ဗြုန်းဆိုဆုံးသွားခဲ့တာပါ။ တောအရပ်တောဒေသဆိုတော့မေးခိုင်ပိုးတွေဘာတွေနားမလည်တာလဲပါတာပေါ့။ အဖိုးဆုံးတော့  သားသမီးလေးယောက်ကျန်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ပထမဆုံးသားဦးကလဲ အဖိုးဆုံးပြီးမကြာခင်မှာ ကျောက်တူးမယ်ဆိုသွားလိုက်တာ […]


“စည်းပျက် ကမ်းပျက် ဒီလိုနှက်”   အခုရက်မှာ ဟိုမြို့ရောက်ဒီမြို့ရောက်နဲ့ ကိုပေါက်လမ်းသလားနေခဲ့ပါတယ်။ ဒီတစ်ခေါက်ခရီးထွက်တဲ့အခါ သတိထားမိတဲ့တစ်ချက်ကတော့ တောရောမြို့ပါ ကားစီးနိုင် ဆိုင်ကယ်စီးနို်င်လာတာကိုတွေ့ရတာပါဘဲ။ မြို့ကြီးအဆင့်ဝင်မြို့များမှာတော့ ကားတဝီဝီ၊ ရွာအဆင့်မြို့ပေါက်စနအဆင့်မှာတော့ ဆိုင်ကယ် တတီတီပေါ့။ ဒါလေးကတော့ ဝမ်းသာစရာလို့ပြောနိုင်ပါတယ်။ အားလုံးသွားရေးလာရေးလွယ်ကူတော့ အစစ အဆင်ပြေသွားတာကိုး။   ရောက်လေရာရာမြို့တိုင်း ရွာတိုင်း သွားရင်းလာရင်းလမ်းမှာတွေ့သမျှ ဆိုင်ကယ် စီးသူအားလုံးလောက်နီးပါးက ဆိုင်ကယ်ဦးထုပ်မဆောင်းတာကိုတွေ့ရပါတယ်။ နောက် မစီးရဆိုတဲ့ အမြန်လမ်းမတွေပေါ်မှာလဲ ဆိုင်ကယ်တွေက တဝေါဝေါ။ “ဖြတ်သန်းခွင့်မပြု”လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးတွေကိုမှလဲအားမနာ။ ဒါကြောင့်လဲ အမြန်လမ်းမ မှာဆိုင်ကယ်နဲ့ကား တိုက်မိလို့သေကြတာလဲ မနည်းပါဘူး။   ရောက်သမျှမြို့တွေထဲမှာတောင်ကြီးမြို့ကတော့ထူးခြားစွာယာဉ်စည်းကမ်းလိုက်နာတဲ့မြို့လို့ ပြောနိုင်ပါတယ်။ ဆိုင်ကယ်စီးသူမှန်သမျှ ဦးထုပ်ဆောင်းထားတာ မြင်ရလို့ပါဘဲ။ မော်တော်ပီကယ်တွေကလဲ လူစည်ကားတဲ့နေရာတွေမှာလမ်းဖြတ်ကူးသူကိုအကူအညီပေး။ ဆိုင်ကယ်တွေက လဲလူကူးမျဉ်းကျားတွေမှာလူကူးနေတာမြင်ရင် ဆိုင်ကယ်ကို ရပ်ပေး အရှိန်လျော့ပေးတာ […]


“ရှိစေကောင်း၏ ……………မကောင်း၏”     ကျနော်အဖွားက အ မြင်မတော်တာတွေ့ရင် စကားအခိုင်းအနိူင်းလေးနဲ့ပြောလေ့ရှိပါတယ်။ နေ့လည်နေ့ခင်းမှာ ကျနော်တို့ဦးလေးတွေ အပျင်းဆန့်ပြီးအိပ်ယာပေါ်မှာအိပ်နေရင်၊ အဒေါ်တွေက ခြေပစ်လက်ပစ်ထိုင်နေရင် “အင်း….. ယောကျာ်းပျင်းကျောခင်း  မိန်းပျင်းခြေဆင်း” လို့ဆိုတတ်ပါတယ်။ သူပြောနေတာတောင်မှ အချုးိမပြင်သေးဘူးဆိုရင ် “ ဒီအတိုင်းသာနေလို့ကတော့ ယောကျာ်းဖျင်း ပုလိပ် မိန်းမဖျင်း ကွိတ်နဲ့တော့ နီးနေပြီနော်” လို့ ဆက်ပြီးပြောပြန်ပါသေးတယ်။ ကျနော်ကငယ်သေးတော့ ပုလိပ်ဆိုတာကိုတော့ သိပေမယ့် “ကွိတ်”ဆိုတာ မသိလို့ဆက်မေးရင် “မကောင်းတာလုပ်စားတဲ့ မိန်းမလေ၊ လမ်းထိပ်က မိဦး လိုမိန်းမကိုပြောတာ” ဆိုပြီး ထင်သာမြင်သာရှိအောင် ဥပမာဆောင်လို့ပြပါတယ်။ ညနေစောင်းဆိုရင် မိတ်ကပ်ထူပိန်းပိန်း နုပ်ခမ်းနီရဲရဲ တောက်တောက်ပြောင်ပြောင်အဝတ်အစားကိုဝတ် ကော့လန်ကော့လန်နဲ့ ခါးလေးရမ်းရမ်းပြီး လမ်းလျောက်တတ်တဲ့ ယောကျာ်းလေးမြင်ရင် မျက်လုံးဗျာများပြတတ်တဲ့ မဦး ကိုပြေးမြင်မိတော့မှကျနော်သဘောပေါက်ပါတော့တယ်။ ကွိတ်ဆိုတဲ့ ဘန်းစကားကို […]


“ငွေအရင်းအနှီး မြေအရင်းအနှီး ကျနော်နေ့တိုင်းသောက်နေကျလက်ဖက်ရည်ဆိုင်လေးကိုရောက်တော့ “လေးလေးရေ သမီးတို့ ဒီလကုန်ရင်နေရာပြောင်းပြီ”လို့ ဆိုင်ရှင်ကောင်မလေးကပြောပါတယ်။ “ဆိုင်လခ က လေးသိန်းဖြစ်မယ်တဲ့ အဲတော့သမီးတို့က မလိုက်နိုင်တော့ဘူး အိမ်ငှားခ ဈေးတက်ပေမယ့် လက်ဖက်ရည်နဲ့မုန့်က ဈေးတက်လို့မရဘူး သူများ ရောင်းတဲ့အတိုင်းလိုက်ရောင်းရတာ ” သူ့လေသံမှာ မောသံလေးတွေစွက်နေပါတယ်။ “တစ်လတစ်ခါ လေးသိန်းချပေးဆိုရင် တော်သေးတယ် လေးလေးရေ တစ်နှစ်စာ ၄၈သိန်း တော့ ပက်ခနဲချမပေးနို်င်ဘူးလေ။ ဈေးသက်သာတဲ့နေရာရွှေ့ရမှာဘဲလေးလေးရေ”လို့စိတ်ဒုန်းဒုန်းချထားတဲ လေသံနဲ့ဆိုရှာပါတယ်။ မနက်တိုင်း မနက်တိုင်း ဒီဆိုင်လေးမှာ လက်ဖက်ရည်သောက်လာတာ သုံးနှစ်လောက်ရှိနေပါပြီ။ ဆိုင်ရှင်လင်မယားကလဲ ဖော်ဖော်ရွေရွေ စားပွဲတိုးလေးတွေကလဲ သွက်သွက်လက်လက် ချက်ချက်ခြာခြာ ဆိုတော့ ဒီဆိုင်လေးထိုင်ရတာ စိတ်ချမ်းသာပါတယ်။ ကျနော်လက်ဖက်ရည်သောက်ပြီး ထပြန်လာတော့ရင်ထဲမှာမကောင်းပါဘူး။   သူုတို့ငှားဖွင့်တဲ့ ဆိုင်လေးက ၃၅ပေXပေ၂ဝအခန်းလေးပါဘဲ။ ဆိုင်လေးက နှစ်ထပ်ဆိုတော့ အပေါ်ထပ်လူနေ။ အောက်ထပ်ကတော့ နေ့ဆိုင်ဖွင့် […]


မတူညီသောအလှတရားများ                 “မတူညီသောအလှတရားများ”   လောကကြီးဆိုတာ မတူညီတာတွေထဲက တူညီတာကိုစုဖွဲ့ မရှိမဲ့ရှိမဲ့ အလှလေးများကို ခံစားရင်းအသက်ရှင်နေရတာပါ။   တစ်ခါ တစ်ခါ အရောက်သွားသူကသွား စောင့်မျှော်သူကမျှော် ယူပါအုံးခေါ်သူကကခေါ် ဆယ်ယူဆောင်သွားသူကသွား အကွဲအကွဲအပြားအပြားပေမယ့် ဒီထဲမှအလှတရားတွေပျော်ဝင်လို့နေပြန်ပါတယ်။   တစ်ခါတစ်ခါ သွားကြစို့ ဆိုသူကဆို လာမယ်နော်ပြောသူကပြော စောင့်နေမယ်မှာသူကမှာ နေခဲ့တော့ဆို ထားသူကထား အဖြစ်အပျက်များစွာ ဘဝများစွာ ဒီအထဲမှာလဲ အလှတရားတွေရစ်ဖွဲ့ ချစ်ဖို့လဲကောင်းနေပြန်ပါတယ်။ ကဲ တစ်ယောက် မန်းလေး တစ်ယောက်ကရန်ကုန် တစ်ယောက်က ရတနာပုံ တစ်ယောက်ကဒဂုံ မတူညီ တကွဲတပြားပေမယ့် ရင်ထဲမှာရှိတဲ့အလှတရားကိုယ်စီနေတာကို ယုံအောင်ပုံဆောင်လို့ ပြလိုက်ပါသဗျိုး   ကလု ကစာ ကရွှေ […]