ဒီထက်ကောင်းတဲ့ နည်းလမ်းလေးမရှိတော့ဘူးလားဗျာ   ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျောက်တော်ကြီးဘုရားကိုအသွား အရှေ့မြောက်ကျုံးထိပ်မှာ ယာဉ်ထိန်းတွေအများကြီးစောင့်နေတာ တွေ့ရပါတယ်။ ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်တွေကိုလိုက်ဖမ်းနေတာပါ။ ယာဉ်ထိန်းတွေက ဦးထုပ်မပါတဲ့ဆိုင်ကယ်မြင်ရင် ဖြစ်ဖြစ် ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်က နန်းရှေ့မီးပွိုင့်ကိုကျော်လွန်ပြီးလွတ်သွားတဲ့အခါ ဝိုင်ယာလက်နဲ့လှမ်းပြောရင်ဖြစ်ဖြစ် လမ်းလယ်ခေါင်ကနေတက်ပြီးတားပါတယ်။ အဲဒီအခါမှာ ဆိုင်ကယ်သမားကလည်း တားထားတဲ့လူတွေကို ကွေ့ပါတ်ပြီးရှောင်မောင်းပါတယ်။ မျက်နှာချင်းဆိုင်က လာတဲ့ ဆို်င်ကယ်များကလဲ “ရှေ့မှာဖမ်းနေတယ်နော်” လို့လှမ်းအော်ပြီးသတိပေးရင် ဦးထုပ်မပါတဲ့ဆိုင်ကယ်တွေက ပြန်ကွေ့လို့ လမ်းပြောင်းပြန် စီးပြီး ထွက်ပြေးပါတယ်။ မော်တော်ပီကယ်များကလဲ ဦးထုပ်မပါဘဲ ဇွတ်ဝင်လာတဲ့ဆိုင်ကယ်တွေကို မတားနို်င်တာအမှန်ပါဘဲ။ မတော်လို့ ဖမ်းရင်းဆိုင်ကယ်လဲ သွားလို့ လူတစ်စုံတစ်ရာဖြစ်ခဲ့ရင် မော်တော်ပီကယ်မှာဖြေရှင်းရခက်နို်င်ပါတယ်။ ဖမ်းတယ်ဆိုတာသိတော့လဲ ရှောင်ကွင်းကွေ့ပါတ်မောင်းကြတာ အန္တရာယ်ကြီးလှပါတယ်။ အပွင့်လင်းဆုံးပြောရရင် အတော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။ အဲတော့ စည်းကမ်း မဲ့တဲ့သူတွေကိုဖမ်းတယ်ဆိုတာ မှန်ကန်သောလုပ်ရပ်ပါ။ ဒီလိုလူတွေကို ဖမ်းဆီးတာကို အခုလိုဖမ်းမယ့်အစား ဘယ်လိုနည်းနဲ့ သေသေသပ်သပ်လေးဖမ်းရင်ကောင်းမလဲလို့စဉ်းစားပေးကြပါလားလို့ […]


“လွှတ်တော့ လွတ်”     “   အမေ… ကြည့်လက်စ ကိုရီးယား ကားအဆက်မဝယ်သေးဘူးလား ဇာတ်ရှိန်မြင့်နေပြီ” “   ဝယ်မရသေးဘူး ဟဲ့ နှင့်ပထွေးတွေက ဖမ်းသွားတာ အရင်းပြုတ်လို့ တဲ့ ဈေးမထွက်နိုင်သေးဘူး” “   အန်းမကြီး တို့တောင့်ကြည့်ပြီးနေပြီတဲ့” “   ဟဲ့ ငါတို့က လမ်းဘေး ဗန်းနဲ့ရောင်းတဲ့ ဆိုင်က ဝယ်ရတာဟဲ့ ။ သူတို့က မြို့်လယ်ခေါင်မှာဖွင့်တဲ့ တိုက်ကြီးတွေကနေဝယ်တာ ” “   ဟင် ဘာကွာလို့လဲ” “  အ ချက်အေ  ခိုးကူးခွေဖမ်းရင် ဈေးထဲမှာဗန်းနဲ့ရောင်းတဲ့ဆို်င်တို့ ရပ်ကွက်ထဲ ရောင်းတဲ့ ပါချီပါချက်ဆိုတွေဘဲ အရင်မိတာအေ့” “   ဒါဆို တိုက်ကြီးတွေနဲ့ဆိုင်းဘုတ်တပ်ဖွင့်နေတာတွေက တရားဝင်ဖွင့်ခွင့်ရထားတာပေါ့” “   ဖမ်းမယ်ဆိုရင် အဲဒီတိုက်တွေက ဆိုင်ပိတ်ပြီးသားဘဲ ဒီလိုပါဘဲအေ လွှတ်ထားတဲ့သူများကတော့ […]


“ရှယ်ပြဿနာ”         ပြီးခဲ့တဲ့သုံးလေးရက်လောက်က ကျနော်နဲ့ မိတ်ဆွေသုံးယောက် မုန့်ဟင်းငါးသွားစားကြပါတယ်။ ကျနော်တို့ကတော့ ဘာဖြစ်ဖြစ်စားပေမယ့် တစ်ယောက်ကတော့ ဘဲဥ ငါးဖယ်ထည့်တာ မကြိုက်ပါဘူး။ အဲဒီနေ့က မုန့်မှာတော့ မုန့်ဟင်းငါး အစုံသုံးပွဲ ဘူးသီးကြော်နဲ့တစ်ပွဲလို့မှာလိုက်ပါတယ်။ မုန့်လာချတော့ သုံးပွဲက ပဲကြော် တစ်ပွဲက ဘူးသီးကြော်။ ဒါပေမယ့် အားလုံးမှာ ငါးဖယ်ဘဲဥပါလာပါတယ်။ စားပွဲထို်းကောင်လေးကို လှမ်းခေါ်ပြောတော့ ရိုးရိုးလို့မှာရင် အဲဒါတွေမထည့်ဘူးလို့ပြောပါတယ်။ ဒါနဲ့ဘဲ ဘဲဥတွေ ငါးဖယ်တွေကို ဖယ်စားလိုက်တော့ ကိစ္စပြီးသွားပါတယ်။   မနေ့က တစ်ခါထပ်ပြီးသွားစားတော့ အစုံသုံး ရိုးရိုး တစ် ရိုးရိုးက ဘူးသီးကြော်နဲ့လို့မှာလိုက်ပါတယ်။ ကျနော်တို့မှာလိုက်တဲ့ စားပွဲထိုးလေးက  မုန့်မှာတဲ့ကောင်တာထိမသွားဘဲ ကျနော်တို့ စားပွဲနားနေဘဲ မုန့်ဟင်းငါး အစုံသုံး ဘူးသီးကြော်နဲ့ ရိုးရိုးတစ် လို့လှမ်းအော်လိုက်ပါတယ်။ […]


“စဉ်ဆက်မပြတ်လည်ပါတ်လျက်ရှိသော……..”   အလှူတစ်ခုမှာ သူငယ်ချင်းတွေစုမိကြတဲ့ တစ်ရက် မာကြောင်းသာကြောင်း တစစ တိုးတက်ပြောင်းလဲနေပြီလို့ ထင်ရတဲ့ ကိုယ့်ရပ်ကိုယ့်မြေအကြောင်း ဟိုအကြောင်းဒီအကြောင်း စုံစီနဖာပြောနေရင်းကနေရောင်းကြဝယ်ကြတဲ့အကြောင်း ဆီကို အလိုလို ရောက်သွားပါတယ်။ အဲဒီမှာ “ကိုထွန်းဝေ”က သူများကိုပေးထားတဲ့အကြွေးတွေ ပြန်တောင်းလို့မရတာကိုအစဖော်ပြီးပြောလိုက်တဲ့အခါ”အကြွေး”ဆိုတာလူတိုင်းကြုံတွေ့နေရတဲ့ ကိစ္စဆိုတော့လည်း တစ်ယောက်တစ်ပေါက်ဝင် ဝင်ပြောရင်း ဇာတ်ရှိန်မြင့်ကလာပါတယ်၊ “မင်းဆွေ”က “ကြွေးယူတုန်းကသာခပ်တည်တည်နဲ့ ယူသွားတာ။ သွားတောင်းလိုက်ရင် နက်ဖြန် နက်ဖြန်နဲ့ နက်ဖြန်ပေါင်းကို မကုန်နိုင်တော့ဘူး “လို့ညည်းတဲ့အခါ “ဖုန်းဆက်ရင် မကိုင်တာကိုလည်းထည့်ပြောအုံးလေ”လို့ “ကိုလေးမောင်”က ထပ်ဖြည့်ပေးပါတယ်။ “ကိုင်ပါတယ် သူက လူကြီးမင်းလို့ခေါ်တတ်တဲ့ ကောင်မလေးကို ကိုယ်စားလှယ်လွှဲထားတာလေ” လို့ “ကိုချစ်မောင်”ကဝင်ပြီးပြောတော့ ဝေါကနဲပွဲကျသွားပါတယ်။ “အောင်မာ မင်းတို့ပိုက်ဆံက ဘယ်လောက်များလို့လဲပြန်မေးတဲ့ကောင်ကရှိသေးတယ်”လို့ “ကိုဘသင်း”က လဲ ဝင်ဖြည့်ပေးပါတယ်။ ” လူတိုင်းစိတ်ညစ်ရတဲ့အုံးစားရတဲ့ဒီ အကြွေး ဆိုတာကြီးကို ဘယ်ကောင်ကများ […]


“မေးချင်တာလေးတစ်ခု”     မြန်မာပြည်အနှံ့အပြားမှာ ကားအိုကားဟောင်း တွေကို နံပါတ်အလိုက် လဲပေးနေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် လမ်းမတွေပေါ်မှာ အုတ်တင်တဲ့ကား သဲတင်တဲ့ကား နောက်ကနေကြည့် ရင်နံပါတ်တောင်သေချာမမြင်ရတဲ့ကားတွေက လူအသွားအလာရှုပ်တဲ့နေရာတွေမှာ လမ်းပိတ်မောင်းတာကို မြင်နေရပါတယ်။ နောက် အိမ်ဆောက်ရာမှာသုံးတဲ့သံချောင်းအရှည်တွေတင်တဲ့ကား တွေရဲ့နောက်မှာ သံချောင်းတွေအစွန်းထွက်လို့ ။ ဘာမှလဲ အမှတ်အသားလုပ်မထား။ သံတိုင်ပါမှန်းသိအောင် အဝတ်စလေးလဲ တန်းလန်းချည်မထား။ မသိလို့ဝင်ဆောင့်မိရင်တော့ ပွဲခြင်းပီးသေနိုင်ပါတယ်။ ဒီနေ့မနက်ပိုင်း မနက်က မြိုသစ် အသွား73လမ်းပေါ်မှာ သဲတင်တဲ့ကားနောက်က လိုက်တဲ့သူမှန်သမျ သဲတွေစင်ပါတယ်။ ကျော်တက်ဘို့လမ်းတောင်းတော့ လည်းလမ်းမပေး။ စိတ်ပျက်စရာ။ မုန့်တင်လာတဲ့ဆိုင်ကယ်ကလေးကလဲ  ဘေးဘယ်ညာ မမြင်ရလောက်အောင်ဘေးနှစ်ဖက်မှာ ချိတ်ထားတဲ့ မုန့်တွေက ဆိုင်ကယ်နှစ်စီးစာလောက်နေရာယူထားပါတယ်။ သူ့ကိုကျော်တက်ချင်ပေ့မယ့် သူက ကွယ်ထားတော့ မျက်နှာချင်းဆိုင်က ဘာလာနေတယ်ဆိုတာကို မမြင်ရတော့ မကျော်တက်ရဲ။ မေးခွန်းကတော့ တစ်ခွန်းဘဲမေးချင်ပါတယ်။   […]


“သတိထားလို့ ဆင်ခြင်စရာ”     ဒီနေ့ နန်းရှေ့က ဆွမ်းကျွေးက အပြန်အလာ အတူသွားခဲ့ကြတဲ့ မိတ်ဆွေတွေနဲ့ စကားစမြည်ပြောရအောင် ရယ် အအေးသောက်ချင်တာရယ်ကြောင့် 35လမ်းနားက သပ်ရပ်တယ်ထင်တဲ့ အအေးဆိုင်လေးကို ဝင်လိုက်ပါတယ်။ ဒီဆိုင်နားကို ဖြတ်သွားပေမယ့် တစ်ခါမှ ဝင်မထိုင်ဘူးလို့ ထိုင်ချင်တာလဲပါ ပါတယ်။ တစ်ခါမှ မထိုင်ဘူးတော့ ဘာတွေရတယ်ဆိုတာလဲမသိပါဘူး။ တစ်ယောက်က ကော်ဖီအေး တစ်ယောက်က စပျစ်။ တစ်ယောက်က အသီးဖျော်ရည်တစ်မျိုးမှာတော့ အသီးအစစ်မရ အနံ့ဘဲရမယ်တဲ့။ အဲလိုဖြေလိုက်တဲ့ အခါ ကျနော်က ဘာသောက်ရမှန်း မသိတော့ အသီးအစစ်နဲ့ဘာရလဲမေးတဲ့အခါ ကောင်တာက ဝန်ထမ်းအမျိုးသမီးက ဒီမှာကြည့် ဆိုပြီး ကဒ်ပြားတစ်ခုထိုးပေးပါတယ်။ သူကဒ်ပြားချပေးပုံက လေးစားမူ့လုံးဝမရှိတဲ့ အမူအယာနဲ့ ဖတ်ကြည်လိုက်တော့ သဘောင်္ နာနတ် ဖရဲ ပန်းသီးနဲ့ နဂါးမောက်သီး ဒါဘဲရှိပါတယ်။ […]


“ထိုးထွင်းဉာဏ်ကောင်းသတဲ့လား”     ဟိုတစ်နေ့က သူငယ်ချင်းတွေလက်ဖက်ရည်ဆိုင်ထို်င်ကြတော့ ပြောကြတာ ဟိုရောက်ဒီရောက်ပေါ့။ ပြောရင်းကနေ ထိုးထွင်းဉာဏ်အကြောင်းရောက်သွားပါတယ်။. ကျနော်တို့မြန်မာလူမျိုးတွေထိုးထွင်းဉာဏ်ကောင်းတဲ့အကြောင်းပေါ့။ စည်းကမ်းတစ်ခုသတ်မှတ်လိုက်တာနဲ့ ဘောင်အတွင်းကနေချိုးဖောက်နိုင်တဲ့ နည်းလမ်းတွေချက်ခြင်းရအောင်ရှာနို်င်တယ်လို့ပြောလာပါတယ်။ တစ်ယောက်ကတော့ ထိုးထွင်းဉာဏ်မဟုတ်ဘူး အဲဒါ ကလိန်ကကျစ်ဉာဏ်လို့ ခေါ်တယ်လို့ ပြောတဲ့အခါ မဟုတ်ဘူး ဟုတ်တယ်ငြင်းကြပါတော့တယ်။   ကျနော်ကတော့ ကိုယ့်ထက် အုံးပြေးသူက စားသွားလို့ခံလိုက်ရတာလေးကိုပြန်သတိရပါတယ်။ ကျနော်ကြက်သွန်ကြော်ဖိုတစ်ဖိုမှာအလုပ် ဝင်လုပ်တုန်းကပေါ့။ ကြော်ပြီဆိုမှတော့ ထင်းသည်နဲ့ဆက်ရတော့တာပေါ့။ သူုတို့က မုန့်ဖိုကိုအရောက်လာပို့ပေါတယ်။ တစ်လမှာတော့ ကျနော်ပိုင်ရှင်က ထင်းကုန်တာ အရင်ကထက်မြန်လာတယ်။ ထင်းအသုံးဂရုစိုက်ပါလို့မှာပါတယ်။ အဲတော့ အရင်ဆုံး ကြော်တဲ့ကြက်သွန်အရေအတွက်နဲ့ သုံးတဲ့ထင်းအရေအတွက် စစ်ကြည့်တော့ မပြောင်းလဲ။ အဲတော့ ထင်းပိုသုံးတယ်ဆိုတာမဟုတ်ရင် ထင်းတွေပျောက်ပြီလို့ခန့်မှန်းရတာပေါ့။ အဲဒါနဲ့အဝင်အထွက်ကိုစစ်ကြည့်တော့လဲ မသင်္ကာစရာမတွေ့။ ဒါနဲ့ ဖိုက သုံးမယ့်ထင်းကိုသေချာအရည်အတွက်နဲ့ စစ်ပေးတော့လဲ အဲဒီဘက်က အပိုအလိုမရှိ။ ထင်းထားတဲ့ […]


“ပင့်အားနဲ့ဖိအား ”   ကျနော်တက္ကသိုလ်ပထမနှစ် အောင်ပြီးစအချိန်မှာ တစ်နှစ်ဘဲခြားပြီးအဖေရော အမေပါ အသဲရောဂါနဲ့ ခြောက်လစီခြားပြီးကွယ်လွန်သွားခဲ့ပါတယ်။ ကျနော်အောက်မှာ (၂)နှစ်စီဘဲခြားတဲ့ နှမငယ်တစ်ယောက်နဲ့ညီငယ်တစ်ယောက် ကျန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လက်ငုတ်လက်ရင်းဆိုလို့ ကျနော်တို့နေတဲ့ရပ်ကွက်ထဲမှာဖွင့် ထားတဲ့ လက်ဖက်ရည်ဆိုင်လေးဘဲကျန်ခဲ့ပါတယ်။ အဲတော့ ကျနော် တက်နေတဲ့ကွန်ပြူတာသိပ္ပံကိုဆက်မတက်တော့ဘဲ အဝေးသင်ပြောင်းပြီး အိမ်ကလက်ဖက်ရည်ဆိုင်လေးကို ဆက်ဦးစီးခဲ့ပါတယ်။ ကျနော်အမေဖက်ကတော့ဟိုးမြင်းခြံနယ်ဘက်ကဆိုတော့ ဆွေမျိုးတွေနဲ့တွေ့ဘို့မလွယ်ကူပါဘူး။ အဖေ့ဘက်ကတော့ တစ်မြိုထဲနေ အဒေါ်နှစ်ယောက်ရှိပါတယ်။ တစ်ရက် အဖေ့တစ်နှစ်ပြည့်နဲ့ အမေ့ခြောက်လပြည့်အတွက် အိမ်မှာ ဆွမ်းကပ်လို့ အဒေါ်နှစ်ယောက်လုံးလာကြတဲ့အခါ ……………………………………………………………………………     “မောင်ဌေး သားတို့ မောင်နှမတတွေအဆင်ပြေကြလား။ ငါ့တူက အကြီးဆုံးဆိုတော့ မင်းကိုဘဲမှာရတော့မယ်။ အဖေရော အမေရော မရှိတော့ဘူးဆိုတော့ မင်းအောက်က ညီလေး ညီမလေးတွေ ကို မင်းဘဲ စောင့်ရှောက်ရတော့မှာလေ။ ဒေါ်ကြီးတို့ ဝိုင်းနိုင်ဝန်းနိုင်တယ်ဆိုတာ […]


  လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ (   ဈေးရောင်းပါးရင် သတိထား အမှတ်နှစ်)   ကျုပ်တို့မြန်မာပြည်ရဲ့ဈေးသည်လောကမှာ ဇွန်လဆိုတာဈေးရောင်းပါးတဲ့လဆိုတာ ခေတ်အဆက်ဆက်ကတည်းက လက်ခံလာခဲ့ကြတာပါ။ ဒီဇွန်လမတို်င်ခင် အေပရယ်လ မြန်မာနှစ်သစ်ကူး သင်္ကြန်မှာ မီးကုန်ယမ်းကုန် ကဲခဲ့သဲခဲ့ကြတာကလဲ ရှိသမျှပိုက်ဆံအားလုံးကုန်သလောက်။ သူ့နောက်က မေလမှာတော့ အရှိန်တွေလျော့ကြရပါတယ်။ နောက်လာမယ့် ဇွန်လဆိုတာ ကလေးတွေကျောင်းဖွင့်တဲ့လ။ အဲတော့ ဒီလမှာဆိုရင် မရှိမဖြစ်စားကုန်သောက်ကုန်ကလွဲရင် ကျန်တဲ့ပစ္စည်း တွေအားလုံး အရောင်းအဝယ်ထိုင်းပါတယ်။ ဒီလို လမျုးိရောက်ရင် ဈေးသည်မှန်သမျှဖောက်သည်မျှော်ကြရပါတယ်။ ကိုယ့်လက်ထဲရှိတဲ့ပစ္စည်းဆိုတာ ရောင်းထွက်မှ ငွေဖြစ်မှာကိုး။ ငွေဖြစ်မှသာ ကိုယ်ယူထားတဲ့ကုန်ကြွေးတွေကို “ရော့….အင့်”ဆိုပြီးပေးနိုင်မှာကလား။ အခုလိုရက်မျုးိဆိုရင် ဆိုင်ရှေ့ဖြတ်သွားတဲ့လူမှန်သမျှ ကိုယ်ဆိုင်လာတဲ့ ဈေးဝယ်ဖြစ်စေချင်သလို မြည်လာသမျှဖုန်းသံကိုလဲ ပစ္စည်းအော်ဒါပေးမယ့်ဖုန်းဖြစ်စေချင်လှပါတယ်။ အချုပ်ပြောရရင် ဒီလို အရောင်းဝယ်ပါးတဲ့လဆိုတာ ကျုပ်တို့အရမ်းရောင်းချင်နေတဲ့အချိန်ပေါ့။ အဲတော့ ဈေးဝယ်သာမှန်လို့ကတော့ တည့်အောင် အရောင်းအဝယ်ဖြစ်အောင်ရောင်းမယ်လို့ စိတ်ထဲမှာ […]


“အတိတ်ကို အလည်ပြန်သွားခဲ့တဲ့ည” ဆန်းစကွေးကွေး လရောင်လေးရဲ့ အလင်းစက်များက မူန်ပြပြ ရီဝေဝေ သစ်ရွက်ကြိုသစ်ရွက်ကြားတွေမှာ ဝိုးတို့ဝါးတားဖြာကျ ကဗျာဆန်စွာလှပ လွမ်းဘို့ကောင်းတဲ့ညလေးတစ်ညပါဘဲ။ အိပ်လို့မရပါဘူးဆိုမှ ရာသီဥတုကလဲပူမှပူ။ မကြားချင်ပါဘူးဆိုမှ ဘယ်ကလာမှန်းမသိတဲ့ အသံတွေကလဲ ဆူလိုဆူ။ အစိုးမရတဲ့စိတ်တွေကလဲ ဟိုရောက်ဒီရောက် ကိုယ့်အနားကပျောက်သွားတဲ့ ချစ်ခဲ့ဘူးသူကို သတိရလို့ရ။ အထီးကျန်ည တစ်ကိုယ်တည်းည အဖော်မရှိတဲ့ ည သန်းခေါင်ယံည အိပ်မရတဲ့အတူတူ ဟိုနားဖွ ဒီနားအဖွမှာ ဖွင့်မကြည့်တာ အကြာကြီးကြာနေတဲ့ ဒိုင်ယာရီစာအုပ်အဟောင်းကြားမှာ “သတိရရင်ကြည့်ပါကြည့်မိရင်သတိရပါ”လို့ သေးသေးသော့သော့လက်ရေးလေးအောက်က ပြုံးနေတဲ့မိန်းမလှလေးရဲ့ ဆေးရောင်ပျယ်စ ဓါတ်ပုံလေးကတစ်ပုံကို တစ်ဝက်တစ်ပျက်သာကျန်နေရှာတဲ့ စွယ်တော်ရွက်လေးတစ်ရွက်နဲ့ ယှဉ်တွဲလျက် မြင်လိုက်ရတဲ့ ခဏ ထိန်းမနိုင်တဲ့စိတ်တွေက ဟိုးအဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အတိတ်ဆီကို ရိပ်ကနဲပြန်ပြေးအသွားမှာ အိပ်မောကျသွားသလိုငြိမ်သက် ချစ်ခဲ့ဘူးတဲ့ရက်များကို ပြန်သတိရ ငါ နင့်ကို လွမ်းလိုက်တာ မိတိုက်ရာ။ ငါ […]


“၅၅အလွန်” စိုစိုစိမ်းစိမ်းလေးနဲ့စ ရော်ရွက်ဝါမှာဆုံးသွားတဲ့ သစ်ရွက်များလို ……………………………………………. ………………………………………. ကျနော်ဆိုတာကလည်း “ဘဝ “လို့အမည်တတ်ထားတဲ့ ဘာမှန်းမသိတဲ့ ကန့်သတ်ခြင်း လွင်ပြင်ကျယ်ထဲမှာ ပျော်တလှည့် ပျင်းတစ်ခါ ခွင့်လွှတ်ခြင်းရန်ဖန်ရန်ခါ မနိုင်၍သည်းခံရခြင်း မြောက်များစွာ အောင်မြင်ခြင်းတစ်ကြိ်မ်တစ်ခါ ကျရှုံးခြင်းပေါင်းအကြိမ်များစွာ တက်ကြွတစ်ခါ တွေဝေတစ်လှည့် တစ်ခါတစ်ခါရုန်းကန် တစ်ခါတစ်ခါ မျောပါ တစ်ခါတစ်ခါကန့်လန့်သွား သံသရာကြီးထဲမှာ ………………………………………… ကူးခတ်တယ်ထင်ရင်း နစ်မြုတ်။ အမြင့်တက်တယ်ထင်ရင်း ပြုတ်ကျ။ ပျော်ရွှင်တယ်ထင်ရင်း ငိုကြွေး။ ရတယ်ထင်ရင်း ပြန်ပေးနေရ   အော်……………… ဖြတ်သန်းခဲ့သောကာလ ၅၅ ကို နောက်ပြန်ပြေးကြည့်တဲ့အခါ သိလိုက်တာ တစ်ခုထည်းပါဘဲ။ အဲဒါ………………………………. “ငါဟာ……………ငါမဟုတ်ဘူး” “ငါဟာ……………ငါမဟုတ်ဘူး” “ငါဟာ……………ငါမဟုတ်ဘူး” “ငါဟာ……………ငါမဟုတ်ဘူး”  “ငါဟာ……………ငါမဟုတ်ဘူး” ဆိုတဲ့ ကိုငှက်ဆိုခဲ့တဲ့စာသားလေးအတိုင်းပါဘဲဗျာ။   ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ 3-7-2013  


ကျနော့်ရဲ့မွေးနေ့ရက်မှာ မိတ်ဆွေများကို လတ်ဆတ်တဲ့ပင်လယ်စာတွေ ကျွေးချင်ပါတယ်။ ဒီနေရာမှာကျွေးချင်ပေမယ့် ပုံတင်တာ ဘယ်လို့မှ မရတာကြောင့် အခြားနေရာကိုခေါ်ပြီးကျွေးရတာကိုတော့ ခွင့်လွတ်စေလိုပါကြောင်း။ https://www.facebook.com/media/set/?set=a.586576651373308.1073742033.100000629354342&type=1   မွေးနေ့ဆုတောင်းပိုစ်ရေးပေးပါသောအလင်းဆက် ဖုန်းဆက်၍ မွေးနေ့ဆုတောင်းပေးကြသော မတ်စိပို့၍ဆုတောင်းပေးကြသော ဖွဘုတ်ပေါ်တွင်ဆုတောင်းပေးကြသော မန်းဂေဇက်ပိုစ်တွင်ဆုတောင်းပေးကြသော နှင့်တကွမွေးနေ့မှန် မသိ၍ ဆုတောင်းမပေးလိုက်ရသော မိတ်ဟောင်းမိတ်သစ် အားလုံးကို တူညီမျှစွာ ခင်မင်လေးစားပါကြောင်း မေတ္တာတုန့်ပြန်အပ်ပါသည်။ အားလုံး မာကလာ ပါ။ အားလု့းကျေးကျေးပါ။    


“ဈေးရောင်းပါးရင် သတိထား”     ဒီနေ့လက်ဖက်ရည်ဆိုင်ထိုင်ကြတော့ ဟိုပြောဒီပြောကနေ ဈေးရောင်းပါးတဲ့ အကြောင်း၊ တစ်နှစ်ထက်တစ်နှစ်ပိုဆိုးဆိုးလာတဲ့ အကြောင်း ပြောဖြစ်ကြပါတယ်။ ဒီနှစ်၂၀၁၃ခုနှစ် က ခါတိုင်းထက်ကို အရောင်းအဝယ်ပါးပါတယ်။ ရောင်းမကောင်းပါဘူးဆိုမှ ဟိုနားကကြွက်စီကြွက်စီ။ ဟိုနားက ပြဿနာပေါ် ဒီနားက ပြဿနာတက်။ ဟိုမှာဘာတဲ့ ဒီမှာဘာတဲ့ ဆိုပြန်တော့ လက်လီလဲမလာ လက်ကားဖောက်သည်လဲမလာ။   သင်္ကန်းပရိက္ခရာဆိုင်ဖွင့်ထားတဲ့ မောင်ယဉ်အောင်က “ဒီအချိန်ဆို လူလိမ်တွေလာတတ်တယ်”လို့ပြောတော့ ကုန်မျိုးစုံရောင်းတဲ့ ကိုစိန်သော့ က “ဟုတ်ပ”လို့အားရပါရကြီးထောက်ခံပါတယ်။ အဲဒီမှာမောင်ယဉ်အောင်က “ပူပူနွေးနွေးဗျာ ပြီးခဲ့တဲ့သောကြာနေ့ကဗျ”လို့ စကားဆက်တော့ “လုပ်စမ်းပါအုံး အတွေ့အကြုံလေးမျှစမ်းပါအုံး ကိုယ့်အလှည့်ကျရင် ရှောင်နို်င်အောင်လို့ပါ” ဆိုပြီး “ကိုဇေယျာ မျူးိညွန့်”ကဝင်ပြီးစကားထောက်ပါတော့ မောင်ယဉ်အောင်ကဆက်ပြောပါတယ်။   “ပြီးခဲ့ တဲ့သောကြာနေ့ မနက်ဆယ်နာရီလောက်ကဗျာ ကျနော်ဟန်းဖုန်းထဲကိုခေါ်လာတာ အဲဒီလူက ………………………………………………………. “ကံထူး […]