“လေထဲတွင်လွင့်ပျံ့ ခဲ့သော လွင့်ပျံ့နေဆဲဖြစ်သော”     ဟိုလွန်ခဲ့သောနှစ်များစွာရဲ့မနက်ခင်းလေးတွေကို စိုးမိုးထားတာကတော့ “ဘီဘီစီ” ဆိုတဲ့အသံလွှင့်ဌာနကထုတ်လွှင့်ပေးနေတဲ့မြန်မာပြည်သတင်းတွေပါဘဲ။ အထူးသဖြင့်မြို့ပြမှာနေထို်င်တဲ့ပညာတတ်များနဲ့နိုင်ငံရေးကိုစိတ်ဝင်စားသူလူအတော်များများ ရဲ့ နေ့စဉ်အလုပ်တွေထဲကမဖြစ်မနေဆောင်ရွက်ကြတဲ့ အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုနားထောင်တဲ့လူတွေထဲမှာအဆင့်မြင့်ရာထူးကြီးကြီးယူထားကြတဲ့စစ်ဘက်နယ်ဘက် ဝန်ထမ်းတွေလဲပါတယ်ဆိုတာ အံ့ဩဘွယ်ရာ သိရပြန်ပါတယ်။ နားထောင်တဲ့ရည်ရွယ်ချက်ခြင်းတော့ မတူဘူးပေါ့။ မနက်စောစော “ဘီဘီစီ”ကမြန်မာပိုင်းအစီအစဉ်လာပြီဆိုတာနဲ့ သူတို့ပြောတာဟောတာလေးတွေကို သေသေချာချာနားထောင်။ လက်ဖက်ရည်ဆိုင်မှာရုံးမှာလူစုံတဲ့စကားဝိုင်းမှာဆုံကြပြီဆိုရင်  နားမထောင်လိုက်ရတဲ့ မိတ်ဆွေတွေကို နားထောင်လိုက်ရတဲ့သူက တစ်ဆင့်ပြန်ဖောက်သည်ချ။ နားထောင်ပြီးသားလူအချင်းချင်းကတော့ ကိုယ့်အမြင်သူ့အမြင်ဖလှယ်ကြ။ “ဘီဘီစီ” ကလွှင့်ခဲ့တာ ဝေဖန်ခဲ့တာတွေ ကရော တကယ်အစစ်အမှန်တွေဟုတ်ရဲ့လားလို့ ဘယ်သူမှသေသေချာချာ မတွေးမိခဲ့တာလဲအမှန်ပါဘဲ။ နောက်ပိုင်းမှာ တော့ ဒီအသံလွှင့်ဌာနက လွှင့်တာတွေကို လူတွေက ယုံကြည်လာတယ်ဆိုတဲ့ အချိန်မှာတော့ ဒီအစီအစဉ်ကို လူသိရှင်ကြားနားထောင်လို့မရတော့ပါဘူး။ ဒါကိုနားထောင်တာကလည်း သိုသိုသိပ်သိပ် တိုးတိုးတိတ်တိတ်လုပ်ရတဲ့စာရင်းထဲမှာပါသွားပြန်ပါတယ်။ ကိုယ်နေတဲ့နေရာနဲ့ ဟိုးအဝေးကြီးမှာရှိနေတဲ့ အသံလွှင့်ဌာနကနေလွှင့်တာကို အနီးမှာရှိတဲ့လူ တွေက မက်မက်စက်စက် […]


“လိုတာပေး၏………………. မပေး၏ လိုတာရ၏ …………မရ၏”     အခုရက်သွားရင်းလာရင်းတွေ့တဲ့သူက “လေးအောင် နည်းနည်းဝလာတယ်”တို့ ခင်မင်ရင်းနှီးသူတွေက “ဝိတ်ချအုံး ဘိုက်ကြီးကို နည်းတာမဟုတ်ဘူး”တို့ပြောသံကြားရင် စိတ်တိုပါတယ်။ မှန်ကြည့် ကြည့် မကြည့်ကြည့် ပုံပျက်ပန်းပျက် ဖြစ်နေပြီဆိုတာတော့ ကိုယ့်ကို ကိုယ်သိနေလို့ပါ။ “ကိုယ့်ဝမ်းနာကိုယ်သာသိ “ဆိုတဲ့ စကားပုံလေးအတိုင်းပါဘဲ။ မီးဒုက္ခရေဒုက္ခတွေနဲ့ အိပ်ရေးပျက်တာတွေများတာကြာပေါ့။ ညတစ်ချက်နှစ်ချက်ထိုးအထိ ရေစောင့်ပြီးတင်။ ရေတင်ရမယ့်အချိန် မီးမလာရင ်မီးစက်မောင်း ပြီး ရေတင်ရတယ် ဆိုတော့ ပင်ပန်းတာပေါ့။ ဖြစ်ချင်တော့ ရေစောင့်တင်ရင်း အိပ်ချိန်လွန်သွားရင် တော်တော်နဲ့အိပ်မပျော်။ အဲတော့ ဟိုလုပ်ဒီလုပ် ဟိုဟာဖွင့်ကြည့် ဒီဟာဖွင့်ကြည့်နဲ့ မိုးလင်းခါနီးမှအိပ်တဲ့အခါလဲရှိပြန်ပါတယ်။ အရင်ကတော့ ညဆယ်တစ်နာရီလောက်ဆို အိပ်။ မနက်ငါးနာရီထ ငါးနာရီ ဆယ့်ငါးဆို အိမ်ကထွက်လို့ ကန်တော်ကြီးဘက်လမ်းလျောက်ပါတယ်။ ကျုပ်တို့မန်းလေးကန်တော်ကြီးကလမ်းလျောက်လို့ကောင်းပါတယ်။ တစ်ခုဘဲရှိပါတယ် မနက်ဝေလီဝေလင်းမှာ […]


“အလင်းရောင်အောက်မှာပျောက်နေသောဘဝများ”   မနေ့ နေ့လည့်ခင်း တက္ကသိုလ်ဘက်ကအပြန် ရုတ်တရက်မိုးတွေရွာချပါတယ်။ သိပ်မကြာခင်မိုးတိတ်သွားပေမယ့် လမ်းပေါ်မှာတော့ရေတွေဖွေးလို့ပါဘဲ။ မန္တလေးမှာတော့မိုးလေးမှ မရွာလိုက်နဲ့ မြောင်းရေက လျံ လမ်းမှာရေတိုးဖို့ အဆင်သင့်ဖြစ်ပြီးသားပါဘဲ။ ၃၅လမ်းကုန်းကျော်တံတားပေါ်ကတက်လာတော့ မြောင်းရေလျှံလို့ အိုင်ထွန်းနေတဲ့ ညစ်ပတ်ပတ်ရေထဲမှာ ကလေးလေးတွေဆော့နေတာမြင်ရပါတယ်။ မီးပွိုင့်နားမှာနေပြီး တောင်းရမ်းစားသောက်နေတဲ့ကလေးတွေပါဘဲ။ ကုန်းကျော်တံတားရဲ့ အမြင့်ဆုံးကုန်းတက် ရဲ့အလည်ခေါင်လောက်မှာ ၁ဝနှစ်အရွယ်လောက်ရှိတဲ့ ကလေးမလေးတစ်ယောက်က တစ်နှစ်သားလောက်ရှိတဲ့ကလေးလေးကို ချီထားရင်း က လာသမျှကားကို လက်ဖြန့်လို့တောင်းနေပါတယ်။ ကားတွေက သူ့ကိုရှောင်ကွင်းသွားရတာလဲ တဒုက္ခပါဘဲ။   ရုံးရောက်လို့အင်တာနက်ဖွင့်လိုက်ပြန်တော့ ဒီလိုတောင်းရမ်းစားနေတဲ့ကလေးတစ်ယောက် ကော်ရှုလို့ စိတ်ဖောက်ပြန်ပြီးသူဝတ်တဲ့အင်္ကျ ီကို သုံးပြီး ကြိုးဆွဲချသေတယ်ဆိုတဲ့သတင်းအောက်မှာ ပေးထားလိုက်တဲ့ ကော်မင်းတွေ မှတ်ချက်တွေ ကောက်ချက်တွေတစ်ပုံကြီး။ တစ်ယောက်ကများဆို ကော်ဘယ်လိုရှူတယ်ဆိုတာကိုများ ဗဟုသုတရအောင်ရေးထားလိုက်ပုံက မလုပ်ဘူးသေးတဲ့သူတောင် သူရေးထားတာဖတ်လိုက်ရင် ကော်ရှုဘို့တတ်သွားနိုင်လောက်အောင်ကို အနုစိတ်လှပါတယ်။   တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါဘဲ […]


    ”  ပျောက်စေသင့်၏ မသင့်၏”   တောင်းရမ်းစားသောက်တဲ့လူများရဲ့ပြဿနာက ကမ္ဘာအနှံ့အပြားမှာ ဖြေရှင်းလု့ိခက်ခဲတဲ့ကိစ္စတစ်ရပ်ပါဘဲ။ ကုသဘို့ နည်းလမ်းမရှိ ဆေးမရှိသေးတဲ့ရောဂါဆိုးတစ်ခုလဲဖြစ်ပြန်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလဲ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၊အင်္ဂလိပ်ခေတ်၊ဂျပန်ခေတ်၊အရင်းရှင်ခေတ် ဆိုရှယ်လစ်ခေတ်နဲ့ စစ်အုပ်ချုပ်ရေးခေတ်ဆိုပြီး ခေတ်တွေသာအမျိုးမျိုးပြောင်းလာခဲ့ ပေမယ့် ဒီ “တောင်းရမ်းစားသောက်သူ”ကတော့ ရှိနေစမြဲပါဘဲ။ ဘယ်လိုဘဲယဉ်ကျေးအောင် စကားလုံးတွေပြောင်းသုံးပေးမယ့်လဲ  “သူတောင်းစား”လို့ခေါ်တာကလဲ နုတ်ကျိုးနေပါပြီ။ “သူတောင်းစား” စကားလုံးက အကြားရဆိုးပေမယ့်  အတော်အနေချောင်တဲ့ လူတန်းစားလဲဖြစ်နေပြန်ပါတယ်။ သာမန်လုပ်ကိုင်စားသူတစ်ယောက်ထက် ဝင်ငွေကောင်းတဲ့လုပ်ငန်းလဲဖြစ်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရမယ် ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ ဆိုရှယ်လစ်ခေတ်မှာတောင်မှ “သူတောင်းစား”ဆိုတဲ့လူတန်းစားက ရှိနေခဲ့ပါတယ်။ “သူတောင်းစား”ပပျောက်ရေးဆိုပြီးစီမံကိန်းတွေချပြီး တင်းတင်းကျပ်ကျပ်လုပ်ခဲ့ပေမယ့် ခဏသာပျောက်ကွယ်သွားခဲ့ပြီး နေမြဲအတိုင်းရှိနေခဲ့ပါတယ်။ “မရှိလိုမလှူ မလှူလို့ မရှိ” တို့ “အလှူရေစက်လက်နဲ့မကွာ”ဆိုတဲ့ စကားကို အမြဲလက်ကိုင်ထားတဲ့ကျနော်တို့နိုင်ငံမှာတော့ဒီ“သူတောင်းစား”တွေ ရှင်သန်ကြီးထွား ဘို့ရာ လွယ်ကူလွန်းလှပါတယ်။ နောက်တစ်ချက်က  မရှိနွမ်းပါးသူကို ကူညီချင်တဲ့စိတ်အပြည့်ရှိတဲ့ […]


                                                                    “ဘယ်လို သေလိုက်ရရင် ကောင်းမလဲ”   “မောင်နင်နဲ့ငါ မယူရသေးဘူးလေ” ဒါပေမယ့်ချစ်လွန်းတော့ နင်ဖြစ်ချင်တာဘာမဆို နင်လိုချင်တာဘာဖြစ်ဖြစ် ဖြစ်စေချင်တာငါလိုက်ဖြစ်ပေးခဲ့တာလဲနင်အသိ။ စည်းကျော်တာမကျော်တာ ငါမသိ ဘောင်လွန်တာမလွန်တာငါမသိ အဖိုးတန်တာ မတန်တာငါမသိ စောင့်ထိန်းတာ မထိန်းတာငါမသိ နင်လိုချင်တယ်ဆို နေ့ညမအချိန်မရွေး ငါလို်က်လျောပေးခဲ့တာလဲနင်အသိ။ @@@@@@@@@@ တွေ့နေကျ နင့်အခန်းမှာ အတူဆုံကြတဲ့တစ်ရက်  ရိုမင်းတစ်တဲ့ တစ်ရည်သာတဲ့ဇာတ်လမ်းမှာ ငါကမင်းသမီး နင်ကမင်းသား အမြင့်ဆုံးဇာတ်ဝင်ခန်းကိုမှ ကြံကြံဖန်ဖန်မှတ်တမ်းတင်ချင်ပါသတဲ့ မောင်လိုချင်တာလိုက်လျောနေကြငါ ဘယ်သူသိတာမှတ်လို့နော် သိပ်တော့မကြာပါဘူး […]


  “မိုးသည်းတဲ့နေ့ကစိန်ပန်းပင်အောက်မှာ” (အလွမ်းတစ်) မေလရဲ့အပူလွန်ကဲတဲ့နွေတစ်ရက်မှာပေါ့။ နေ့လည်ခင်းနာရီပြန်တစ်ချက် အကာကွယ်မဲ့သောကတ္တရာလမ်းထက်မှာ နေရောင်ခြည်တွေအခ အပူပျံ့ငွေ့တွေကချောင်းချောင်းထ။ အဲဒီအချိန်ကြီးမှာ မိုးစက်တွေက ပိုးပိုးပေါက်ပေါက်နဲ့ ရုတ်တရက်အကျ ကျနော် လဲ နီးရာအပင်နံဘေး အမြန်ပြေးအခို စိန်ပန်းပင်အိုကြီးအောက် မထင်မှတ်ဘဲ ရောက်သွားပါတယ်။ မိုးစက်တွေက ရက်ရက်စက်စက်ရွာအချ စိန်ပန်းပွင့်အနီတွေကလဲ ပက်ပက်စက်စက်ကြွေကျ မြင်ရတာ လွမ်းစရာကြီးပါဗျာ။ အဲဒီအချိန်ခဏလေးမှာ အဖြစ်ခြင်းတူလွန်းပါတဲ့ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေ နောက် တွေရဲ့နောက် ကျနော့်စိတ်တွေက ကောက်ကောက်ပါအောင်လိုက်သွားပါတော့တယ်။ (အလွမ်းနှစ်) ကလေးတုံးကလိုပြောရင်ဟိုရှေးရှေးတုံးကလိုု့ဆိုပါစို့.။ အဲဒီတုန်းကခေတ်စားတဲ့ ကိုင်ဇာ့သီချင်း “ငယ်ငယ်တုန်းကသူငယ်ချင်း မင်းအရမ်းချစ်ဘို့ကောင်းတယ် အိမ်အပြန်ကျောင်းအဆင်းမှာသိချင်းလေးဆို”ပေါ့ နေ့စဉ်အတူတူ ကျောင်းသွားနေကျလမ်းနံဘေးမှာပေါက်နေတဲ့ စိန်ပန်းပင်ကြီးအောက် ရောက်ပြီဆိုမှဖြင့် ဆော့တဲ့အခါဆော့ ထိုင်တဲ့အခါထိုင် ငေးတဲ့အခါငေး မုန့်တွေအပြန်အလှန်ကျွေးတဲ့အခါကျွေး တောင်စဉ်ရေမရ စကားတွေပြောတဲ့အခါပြော ကျနော်တို့အတွက်ကတော့ ကွန်းခိုစရာနေရာလေးပါဘဲ။ မူလတန်း အလယ်တန်း […]


“မေလအတွက် မန်းဂေဇက်က မော်လူးအလှူ” ကိုထွန်းဝင်းလတ် ဦးဆောင်ခဲ့တဲ့မော်လူးအလှူအတွက် ပစ္စည်းများဝယ်ပြီးပါပြီ။   အစက လေးကြောင်းမျဉ်းစာအုပ်ကို တစ်ဒါဇင် 1150ကျပ်တန်ဝယ်ပေမယ့် အသေအချာကြည့်တော့ ဈေးသက်သာတယ်ဆိုတဲ့စာအုပ်က စာရွက်သားကြမ်းကြမ်း စာမျက်နှာနည်းနည်းဆိုတော့ 1500ကျပ်တန်ကို 1450နဲ့ဆစ်ပြီးဝယ်လိုက်ပါတယ်.။ ပထမသွားကြည့်ခဲ့တဲ့ဆိုင်က စကားပြောရတာအဆင်မပြေ အလုပ်ကို အလှပ်နဲ့ တူအောင်မလုပ်ဘူးလို့ စိတ်ထဲမှာခံစားရတာနဲ့ မနေ့က ဆိုင်တွေသွားစုံစမ်းပါတယ်။. နောက်ဆုံးတော့ မန်းမြန်မာပလာဇာအောက်ထပ်မှာရှိတဲ့ SOSO စာရေးကိရိယာဆိုင်ကဘဲ ဝယ်လိုက်ပါတယ်။ ကောက်ခံရငွေ ရန်ကုန်က 729000ကျပ် မန်းလေးက 271000ကျပ်စုစုပေါင်းဆယ်သိန်းတိတိရပါတယ်။ ကလေးတစ်ယောက်စာအုပ်တစ်ဒါဇင် ခဲတံတစ်ဒါဇင်ပေတံတစ်ချောင်းနှုန်းနဲ့သတ် မှတ်လိုက်တဲ့အခါ ပထမဆုံး ကလေးအယောက်500စာဝယ်လိုက်ပါတယ်။ လေးကြောင်းမျဉ်းစာအုပ်က ဒါဇင်ငါးရာ ခြောက်လက်မ ပေတံက တစ်ဒါဇင်ကို 400ကျပ်နူန်းနဲ့45ဒါဇင်နဲ့ တစ်ဒါဇင်ကို 8ဒါဇင်ပါတစ်ဘူးကို 2300ကျပ်နူန်းနဲ့ ခဲတံက 8ဒါဇင်ပါ65ဘူးပထမဝယ်လိုက်ပါတယ်။ အဲဒီကမှ ပိုနေသေးတဲ့ငွေကို လေးကျောင်းမျဉ်းစာအုပ် 70ဒါဇင်၊8ဒါဇင်ပါ […]


“ဘုရားကြီးဘဲ နာပါတယ်ဆိုတဲ့ တူးဖို့တူးဖို့ဇာတ်လမ်းများ”     ခေတ်ကာလသားသမီးများ တယ်မလွယ်လှဘူး။ ပြောရဆိုရတာအခက်သားလား။ ကျုပ်လဲစိတ်တိုတိုနဲ့လက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တယ်။ ပြဿနာစတာ က  အိမ်ဆေးသုတ်တာကစတာဘဲ။ အိမ်ဆေးမသုတ်တာလေးငါးနှစ်လောက်ရှိနေတော့ “အရောင်လွင့်နေပြီ အိမ်ဆေးအသစ်သုတ်မယ်”လို့ ပြောလာတော့ သုတ်ပေါ့ အိမ်လှအောင်သပ်ရပ်အောင်လုပ်တာဘဲ ဘာကန့်ကွက်စရာရှိလဲနော့။ အဲဒီမှာ အလတ်ကောင်က တစ်စခန်းထလာတယ်။ ဝါယာကြိုးတွေ အိမ်မှာသွယ်ထားတာ စံနစ်မကျဘူး နောက်ခလုတ်ခုံတွေကလဲနေရာမှားနေတယ် အသစ်ပြန်သွယ်မယ် ရိုက်မယ်။ သွယ်ပေါ့ ဝါယာကြိုးအဟောင်းအမြင်းတွေက မီးတွေဘာတွေထတောက်နိုင်တာကိုး။ ကောင်းအောင်လုပ်တာ ဘဲ ဘာကန့်ကွယ်စရာရှိလဲ လုပ်ပေါ့။ ဒါပေမယ့် ကျုပ်က မေးတယ်  ဘယ်ဟာအရင်စမှာလဲပေါ့.။ အလတ်ကောင်က ဝါယာအရင်ရိုက်မယ်တဲ့။ ကျုပ်က ဆေးအရင်သုတ်ပြီးမှ ဝါယာရိုက်ပါလား လို့ပြောတော့ သူ့သူငယ်ချင်းတွေအားတဲ့ရက်မှာ လုပ်ရမှာလို့ အညွှန့်တက်လာတယ်။ ခလုပ်ခုံတွေဘာတွေ ရိုက်ပြီးမှာ နေရာပြောင်းရင် ခက်မယ်နော် လို့ကျုပ်ကပြောတော့ အေးဆေး ပါ […]


        “ပေါင်းစု”     (24-5-2013)ကဆုန်လပြည့် နေ့ နေ့လည်ခင်း မန်းလေးအောင်တော်မူဘုရားမှာ စတုဒီသာပွဲလေးတစ်ပွဲရှိတယ် ကိုပေါက်လာခဲ့ပါလို့ လှမ်းဖိတ်ပါတယ်။ အဲဒီပွဲမှာ ကူညီလုပ်ကိုင်ပေးမယ့်သူထဲက မိတ်ဆွေကလှမ်းဖိတ်တာပါ။ နန်းရှေ့အောင်တော်မူဘုရားကလဲ ဂန္ဓကုဋီတိုက်အသစ်ဆောက်လုပ်ဆဲဖြစ်ပါတယ်။ ညနေသုံးနာရီကျော်ကျော်လောက်ကျနော်ရောက်သွားပါတယ်။ ဘုရားအရှေ့ပေါက်ဝင်စမှာ မဏ္ဍပ်ထိုးပြီတစ်နေရာ၊ သူ့အနောက်က ဇရပ်ထဲမှတစ်နေရာခွဲပြီးကျွေးနေပါတယ်။ အထဲမှာ တဝုန်းဝုန်း မဖြစ်အောင်အဝင်ဝမှာ စောင့်ပြီး စနစ်တကျဝင်စေပါတယ်။ ရင်ပြင်တော်မှာတော့ လာသမျသူလက်ထဲ အအေးခွက်ထဲ့ပေးပြီးသောက်စေပါတယ်။ မဏ္ဍပ်ထဲမှာ ကြာဇံချက်စားနေသူ။ ဟင်းရည်လိုက်ဖြည့်ပေးသူ။ ပုဂံအဟောင်းသိမ်းသူ။ မုန့်လုံးရေပေါ်လုံးနေသူ၊ ကြာဇံဟင်းကိုအလျင်မီအောင်အိုးကြီးတွေနဲ့ချက်နေသူ။ အအေးဖျော်သူ။ ခွက်ထဲထည့်သူ။ လိုက်ကမ်းနေတဲ့သူ။ ပုဂံတွေဆေးနေသူ။ သူ့တာဝန်နဲ့သူ အလုပ်တွေဇယ်ဆက်သလိုလုပ်နေကြတာကိုမြင်ရပါတယ်။   အဲဒီမှာသွားတွေးမိတာလေးတစ်ခု က လုပ်ငန်းတစ်ခုအောင်မြင်ဘို့ဆိုတာ အထဲမှာပါဝင်ပါတ်သက်သူမှန်သမျှ စေတနာပါပါ တာဝန်သိသိလုပ်ဆောင်မှ ဆိုတဲ့အချက်လေးပါဘဲ။   ဒီအလှူပွဲလေးကို မတည်သူက […]


“စည်တော်ကြီး ”     ညနေပိုင်း  ၈၅လမ်းအတိုင်းမြောက်ဘက်ကနေတောင်ဘက်ကိုအလာ မုန့်တီစု လူငယ်များသွေးလှူရှင် အဖွဲ့နားမှာ ပွဲဈေးတန်းလေးခင်းထားတာကိုတွေ့ရပါတယ်။ အဲဒီနားမှာစင်ကလေးထိုးတာမြင်တော့ တရားပွဲလို့ထင်လိုက်ပေမယ့်သေချာကြည့်မှ “စည်တော်ကြီး” အဖွဲ့ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ကိုလမ်းဘေးထိုး စင်ပေါ်မှာထို်င်နေတဲ့ “အဘ” ကိုဓါတ်ပုံရိုက်ခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ အဲဒီ ့ “အဘ” ကပဲ တီးမူတ်မယ့် တူရိယာပစ္စည်းတွေကို နေရာတကျ ချထားပေးပါတယ်။ နဖူးစီးကတော့ ကတ္တှီပါအနီရောင်နဲ့ရေးထားပါတယ် မန္တလေး စိန်မောင်ချို နန်းတော်ရှေ့ မဟာစည်တော်ကြီးအဖွဲ့ ပါတဲ့။ နဖူးစီးအောက်က  စင်နောက်ဆုံးမှာတော့ စည်တော်ကြီး(၂)လုံးချထားပါတယ်။ သူ့နံဘေးမှာတော့ စည်တို(၃)လုံး။ နှစ်လုံးက လှဲထားပြီး တစ်လုံးကတော့ထောင်ထားပါတယ်။ နောက်သံပတ္တလားတစ်လုံး ယကွင်း တစ်စုံ အော်လံနဲ့တွဲထားတဲ့ နှဲကြီးတစ်ခု။ ရှေ့နားမှာတော့ စည်တိုအသေးလေးတစ်လုံး။   အခုတော့ စည်တော်ကြီး နားမထောင်ရတာ အတော်ကြာခဲ့ပါပြီ။ စည်တော်ကြီးအဖွဲ့ကလဲ […]


“ရှေးရှေးက  ဆင်ဖြူရှင်မနန်းမတော်မိဘုရားခေါင်ကြီးကောင်းမှူ့      အခုမှာတော့ကျောင်းအိုအို်”                                မြောက်ပြင် ၁၂လမ်းဘက်ကို အလုပ်ကိစ္စနဲ့သွားတဲ့အခါ ၈၆လမ်းဒေါင့်ရောက်ရင် လမ်းမြောက်ဘက်တန်းမှာရှိတဲ့ မဟာစိတြာရာမ တိုက်ကို ဖြတ်သွားရလေ့ရှိပါတယ်။ အပြင်ကလှမ်းကြည့်လိုက်တိုင်း အဝင်ဝမှာရှိတဲ့ ကျောင်း အိုကြီးကိုသတိတရနဲ့ ကြည့်မိပါတယ်။ ရှေးကရှိတဲ့ကျောင်းတွေများ ပြိုပျက်နေတာတွေ့ရင် စိတ်မကောင်းပါဘူး။ ကိုယ်တိုင်ကလဲ ပြင်ပေးနိုင်လောက်အောင် ငွေကြေးမချမ်းသာတော့ သူများတွေကို လက်တို့ ရုံဘဲ တို့ပေးနိုင်ပါတယ်။   ကျနော်မြင်မိခဲ့တဲ့ကျောင်းအိုကြီးမှာ တပ်ထားတဲ့ ဆိုင်းဘုတ်အရဆိုရင် မြန်မာသက္ကရာဇ် 1248 (အင်္ဂလိပ်သက္ကရာဇ် 1884ခုနှစ်)မှာ မင်းတုန်းမင်းရဲ့ မိဖုရားခေါင်ကြိးဆင်ဖြူရှင်မ တည်ခဲ့တယ်လို့ သိရပါတယ်။ ကျနော်သွားတော့ ကျောင်းထဲက ဦးဇင်းတစ်ပါးထွက်လာပါတယ်.။ ဓါတ်ပုံရိုက်ခွင့်တောင်းတော့ ကျောင်းပေါ်ပါတက်ရိုက်လို့ရတယ်ပြောပါတယ်။ ကျနော်ကလဲ “ကျောင်းအဟောင်းတွေကို လမ်းလှမ်းမီသလောက် မှတ်တမ်းတင်ပေးပြီး အင်တာနက်မှာတင်ပေးပါမယ့်ဘုရား။ တပြည့်တော်က တော့ […]


“သဘာဝအလွမ်းမင်းသားကြီး (ဦးကြင်ဥ)” ရှေးကဗျာများပြန်လည်ဖော်ထုတ်ခြင်း အမှတ် (၈) ရှေးကရှိခဲ့ကြတဲ့ မြန်မာ့ကဗျာပညာရှင်တွေ ထဲမှာဆိုရင် မြေထဲစီရင်စု ဆင်ပေါင်ဝဲရွာသား စာဆိုတော်ဦးကြင်ဥကတော့ ဝန်ကြီးပဒေသရာဇာလိုဘဲတီထွင်ဆန်းသစ်သောအတွေးရှိသူလို့ မှတ်သားခဲ့ရပါတယ်။ ရှေးအခါက နန်းတွင်းသူနန်းတွင်းသားများဖတ်ဘို့စာပေတွေကိုရေးသားကြ တဲ့အခါမှာ ဝေဿန္တရာလို မဟော်သဓာလို ဘုရားနဲ့ပါတ်သက်တဲ့ ဇာတက တွေကို စာသားအကွန့်အညွန့်တွေနဲ့ရေးသားပေမယ် ဇာတ်လမ်းကတော့ ဇာတ်ကြီးဆယ်ဖွဲ့ထဲကနေ မထွက်နို်င်ခဲ့ပါဘူး။ ဦးကြင်ဥ ကတော့ ဒီလို ဖတ်ရူ့ရုံသက်သက်ဇာတ်လမ်းတွေသာမကဘဲ နန်းတွင်းသူနန်းတွင်းသာများ ကပြနိုင်မယ့်ပြဇာတ်အများအပြားကိုပါရေးဖွဲ့ ခဲ့ပါတယ်။ သူရေးဖွဲ့ခဲ့တဲ့ဒေဝကုမ္ဘဏ်၊ပါပဟိန်၊ကလာကဏ္ဏီ ပြဇာတ်တွေကတော့ သူ့ရဲ့ကိုယ်ပိုင်စိတ်ကူးအတွင်းကနေပေါက်ဖွားလာခဲ့တဲ့ပြဇာတ်များဖြစ်ပါတယ်၊ အဲလို့ဇာတ်ထုတ်များကိုတော့ ရှေးက “ထိုးဇာတ်”လို့အမည်ပေးခဲ့ပါတယ်။ ဦးကြင်ဥဟာတောသူတောင်သားတစ်ယောက်ဖြစ်ပေမယ့် ထီးသုံးနန်းသုံး ဝေါဟာရများကို နိုင်နင်းကျွမ်းကျင်စွာရေးဖွဲ့နိုင်သလို အများနားလည်အောင် တိုတိုရှင်းရှင်းနဲ့ ထိရောက်စွာရေးနိုင်သူလို့လဲပညာရှင်များကလေးစားစွာ အကဲဖြတ်ခဲ့ကြပါတယ်။ ဦးကြင်ဥ ရေးဖွဲ့တဲ့ ရတုများ ဆယ်နှစ်ရာသီဘွဲ့များနဲ့ညည်းချင်းများမှာ တောတောင်ရေမြေ ရာသီဥတုနဲ့သဘာဝတရားကို အခြေခံထားပြီးအလွမ်းကဲသောရေးဖွဲ့မူ့တွေများတယ်လို့ထင်ရပေမယ့် ပါပဟိန် ပြဇာတ်မှာပါတဲ့ […]


                                            “မြေမျိုပျောက်ကွယ်ခြင်း”   ဂျာနယ်တွေမှာ မန်းလေးမြို့တည်နန်းတည်မှာပါတဲ့ (၇)ဌာနကိုပြန်လည်ဖော်ထုတ်မယ်ဆိုတာကိုဖတ်ရပါတယ်။ အဲဒီ(၇)ထဲမှာပျက်စီးပျောက်ကွယ်နေဆဲ့ဖြစ်တာကတော့သိမ်တော်နဲ့ ပိဋကတ်တိုက်တော်ဖြစ်ပါတယ်။ ပိဋကတ်တိုက်တော်ကတော့ မန်းလေးတောင်ခြေ ဦးခန္တီဇရပ်အနီးမှာရှိပြီး အခုချိန်မှာတော့အဲဒီနေရာမှာ စာသင်ကျောင်းဖြစ်လို့နေပါတယ်။ ပဌာန်းသိမ်တော်ကတော့ မန်းလေးတောင်ခြေက မဟာသကျမာရဇိန်(ခ)ကျောက်တော်ကြီးဘုရားရှေ့မှာ ဖြစ်ပါတယ်။ အရင်ကတော့သံတိုင်တွေကာရံထားတဲ့ဒီနေရာလေးက ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ထွေးပြီး လူဝင်လို့ရတဲ့နေရာ မဟုတ်ပါဘူး။       ပြီးခဲ့တဲ့ရက်က ကျောက်တော်ကြီးဘုရားကိုရောက်သွားတော့ အရင်ကနဲ့မတူဘဲ ရှင်းလင်းသေသပ်။ ပြန်လည်တည်ဆောင်ရေးအတွက် လုပ်သားတွေနဲ့ အပူတပြင်းဆောင်ရွက်။ တိမ်မြုတ်နေတဲ့ အုတ်ရိုးနေရာတွေကို စနစ်တကျပြန်လည်တူးဖော်နေတာက ပိဋကတ်တိုက်နေရာမှာရော ပဌာန်းဟောသိမ်နေရာမှာပါ တစ်ပြိုင်တည်းလုပ်ဆောင်နေတာကိုမြင်ရပါတယ်။ မရဘူးသေးတဲ့ ကျောက်တော်ကြီးဘုရားပုံတော်ကိုတောင်ရခဲ့ပါတယ်။ အဲဒီမှာဘာတွေ့ခဲ့ရသလဲဆိုတော့ လှဲထားတဲ့ သစ်မြစ်ဆုံကြီးထဲမှာ သိမ်တော်အမှတ်အသား ကျောက်တိုင်လေးကို မျိုထားတာ တွေ့ရပါတယ်။         နောက်ရက် မိတ်ဆွေတစ်ယောက်ကိုတောင်သမန်အင်းလိုက်အပို့ […]