“ခေါင်းမာမနေဘဲ ပြောင်းလိုက်ကြရအောင်ပါ”     မနေ့ညနေစောင်း အောင်တော်မူဘုရားကအပြန်မှာပေါ့။ လမ်း၃ဝ အတိုင်း အနောက်ဘက်ကို ဆင်းလာပြီး ၇၈လမ်းရောက်တော့ တောင်ဘက်ကိုကွေ့ပြီးလာခဲ့ပါတယ်။ ၃၆လမ်းရောက်တော့ လမ်း၈ဝဘက်ပြန်သွားဘို့ ဆိုင်ကယ်ကို အကွေ့ မျက်လုံးဒေါင့်မှာ  ရိပ်ကနဲမြင်လိုက်လို့ကြည့်လိုက်တော့ လမ်းပြောင်းပြန်စီးလာတဲ့ ဆိုင်ကယ်နှစ်စီးကိုဘွားကနဲတွေ့လိုက်ရပါတယ်။ ကျနော်ကလဲ ဆိုင်ကယ်ဘရိတ်ကိုဆောင့်အုပ်လိုက်တော့ ဟန်ုချက်ပျက်ပြီးဆိုင်ကယ်လဲမလိုဖြစ်သွားပါတယ်။ ကျနော့်ရှေ့တည့်တည့်မှာ တစ်စီးကို သုံးယောက်စီ စီးလာတဲ့ ဦးထုပ်မပါ ဘာမပါနဲ့ လူငယ်တွေကိုတွေ့လိုက်ရပါတယ်။ လဲသွားသူကို ထူပေးရကောင်းမှန်းလဲမသိ။ ဆိုင်ကယ်ပေါ်ကမဆင်းဘဲ  ကြည့်နေတဲ့  သူတို့မျက်နှာပေး မထီတရီကိုမြင်ရတော့ စိတ်ထဲမှာထောင်းကနဲဖြစ်သွားပါတယ်။ ဘေးနားမှာရပ်နေတဲ့ ကောင်လေးနှစ်ယောက်က ပြေးလာပြီး “လေးလေး ဘာဖြစ်သွားသေးလဲ” လာမေးတော့ မှလမ်းပြောင်းပြန်စီးလာတဲ့ ဆိုင်ကယ်သမားတွေက ဝေါကနဲမောင်းပြေးကြပါတယ်။ ဒါနဲ့ဘဲ ဆို်င်ကယ်ဆက်မောင်းလာခဲ့တော့ ဒီ ၃၆လမ်း ၇၈-၈ဝကြား မှာ တစ်လမ်းမောင်းလုပ်ထားတကိုကို သိပါလျက်နဲ့အနောက်ကနေ အရှေ့ကို […]


“အဆင်သင့်ရှိပြီလား??????????????????”   တကယ့်ကို စစ်စစ်ပေါက်ပေါက်ပြောကြစတမ်းဆိုရင် ဟိုလွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်ကလို့ပြော ရမယ်ထင်ပါတယ်။ ဦးနုလက်ထဲကနေ အိမ်စောင့်အစိုးရလက်ထဲရောက်ပြီး မဆလခေတ်ကိုပြောင်းသွားတဲ့အချိန်ကနေ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်အထိ  ကျနော်တို့မှာရွေးချယ်ပိုင်ခွင့် လုံးဝမရှိခဲ့ပါဘူး။ နေ့စဉ် နေထိုင်စားသောက်မူ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကို “ပပက”(ပြည့်သူ့ဆိုင်)ကဝယ်ရတယ်၊ အဲလိုဝယ်တဲ့နေရာမှာ ကိုယ်လိုချင်တာကို ရွေးချယ်လို့ ဝယ်ခွင့်မရှိ။ သူတို့ သတ်မှတ်ပေးထားတဲ့ ခွဲတမ်း ဒါမှမဟုတ် ကံကောင်းခြင်းလက်ဆောင်လို့ဆိုနိုင်တဲ့                     မဲပေါက်တာကိုဘဲဝယ်ခွင့် သုံးစွဲခွင့်ရကြတာပါ။ သက်မဲ့ပစ္စည်းမှာတောင်ရွေးချယ်ခွင့်မရဘူးဆိုတော့ သက်ရှိဆိုတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်ကာလများမှာ ရွေးချယ်ပွဲမှန်သမျှဟာ ဘောင်ဝင်အောင်ဆောင်ရွက်ရုံသက်သက်လို့ပြောရင်ရပါတယ်။ ဝန်ထမ်းခန့်ထားဘု့ိရွေးချယ်ရာမှာ၊ တိုင်းနဲ့ပြည်နယ်အားကစားသမားရွေးချယ်ရာမှာ၊ နိုင်ငံလက်ရွေးစဉ်အားကစားသမားရွေးချယ်ရာမှာ၊ ဝန်ထမ်းခန့်ထားဘို့အတွက်လူရွေးချယ်ရာမှာ၊ ရပ်ကွက်၊မြို့နယ်၊တိုင်း၊နိုင်ငံ အုပ်ချုပ်ဘို့အတွက် လူရွေးချယ်ရာမှာ အစရှိတဲ့ ဖြစ်စဉ်တိုင်းအတွက် အထက်က ချမှတ်ပေးထားတဲ့ သူကိုသာရွေးချယ်ကြတာဖြစ်ပါတယ်။ လူတွေ့စစ်ဆေးတာတွေ အရည်အချင်းစစ်တာတွေ မဲပေးပြီးရွေးချယ်တာတွေအားလုံးဟာ အဖြေထွက်ပြီးသာ ရွေးချယ်ပြီးသားမှန်းသိပါလျက်နဲ့ အပြောလွတ်ရုံလေး ဟန်ဆောင်ပန်ဆောင် […]


“အသီးမှာ…………….သို့.တမ်းချင်း ”   ဒီအချိန်ကတော့ အသီးမှာသရက်လို့ အတင်စားခံထားရတဲ့ သရက်သီးတွေပေါ်ချိန်ပါဘဲ။ ပြီးခဲ့တဲ့လေးငါးရက်လောက်က ပေါ်ဦးပေါ်ဖျားဆိုပြီး သရက်သီးတွေဝယ်လာခဲ့ပါတယ်။ စိန်တစ်လုံး သရက်သီးတွေပါ။ ဈေးကတော့ တစ်လုံး ၃၅ဝ အလုံးကလဲ လှမှလှ။ အဲဒီနေ့ညနေစာ ထမင်းစားတော့ သရက်သီးနဲ့စားမယ်ဆိုပြီး ဟင်းတောင်ထပ်မချက်။ တကယ်စားကြည့်တဲ့အခါ စားနေကျ  စိန်တစ်လုံးအရသာမျိုး ရမလာပါဘူး။ အချဉ်ဓါတ် နည်းနည်း ကဲနေပါတယ်။ အသီးအနေအထား ပုံစံကလဲ စိန်တစ်လုံးအစစ်။ ဝယ်လာတဲ့ဆိုင်ကလဲ အမြဲဝယ်နေကြဖောက်သည်။ သရက်သီးရဲ့အသားကလဲ   စိန်တစ်လုံးအသားလိုနူးနူးညံ့ညံ့။ ဒါပေမယ့်လည်း စားရတာ အရသာမရှိတာတော့အမှန်။ အဲတော့ ဒီတစ်ခါပိတ်ရက်ရောက်ရင် မနှစ်ကလို စိန်တစ်လုံးထွက်တဲ့ခြံမှာသွား ဝယ်မယ်လို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%     အမှတ်ရစရာလေး စမြုံ့ပြန်ရရင်မနှစ်က သရက်သီးတုံးခါနီးအချိန်ရောက်မှ စိန်တစ်လုံး သရက်သီးစားချင်စိတ်ပေါက်လာပါတယ်။ အဲဒါနဲ့ စိန်တစ်လုံးသရက်တွေပေါတဲ့ ပေါ်တော်မူဘက်မှတော့ […]


        “မီးရောင်စုံနဲ့လှနေတဲ့ခြင်္သေ့”   တစ်ခါက ဖေ့စ်ဘုတ်မှာ ခြင်္သေ့နှစ်ကောင်ကို မီးရောင်စုံတွေထွန်းထားတာကိုတွေ့လိုက်ရပါတယ်။ သေချာကြည့်တော့ ဓါတ်ပုံထဲမှာ ပါတဲ့လူက ကိုယ့်အသိဖြစ်နေပါတယ်။ အဲတော့ စပ်စုရတာပေါ့ ဘယ်နားမှာရိုက်ထားတယ်ဆိုတာကို။ ဒီနေရာက ကျနော်အမြဲတမ်းဖြစ်သွားဖြတ်လာ လုပ်နေတဲ့နေရာဖြစ်နေပါတယ်။ အဲတော့ လဲ စိတ်ထဲမှာ ရိုက်ရန်နေရာဆိုပြီး စာရင်းတို့ထားလိုက်ရတာပေါ့။ ဒီ ခြင်္သေရုပ်ကြီးတွေနားမှာအရင်က ညညဆိုရင် လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်                                ဖွင့်ခဲ့တော့အကြိမ်အတော်များများ  ထိုင်ခဲ့ဘူးပါတယ်။ 24-4-2013 နေ့ညအလုပ်ကအပြန်မှာတော့ အဲဒီခြင်္သေ့နှစ်ကောင်ကို မီးထွန်း ထားတာကိုတွေ့လိုက်ရပါတယ်.။ အဲဒီဘုရားဝင်းထဲမှာအလှူရှိလို့ပါ။ ထုံးစံအတိုင်းလူရှုပ်ရှုပ်ကားရှုပ်ရှုုပ်ကြားထဲကနေလက်ဆော့ခဲ့တာလေးကို မျှဝေလိုက်ပါတယ်။၏         ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 25-4-2013          


“မည်သူစောင့်၏ မစောင့်၏ တားသူရှိ၏ မရှိ၏”     ဒီနေ့မနက်အလုပ်သွားဘို့ အိမ်ကထွက်ခါနီးမှာ အဝေးက မိတ်ဆွေ တစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ “ ကိုပေါက် ကျုပ်မန်းလေးရောက်နေတယ်ဗျ။ ခင်ဗျားပြောပြောနေတဲ့ ‘တိုရှည်’ ဆိုတဲ့မုန့်စားချင်တယ်ဗျာ၊ နောက်ချပါတီနဲ့ ဘာဂျီကြော်ရောဗျာ။” “ရတယ်လေ ကျနော်လာခေါ်မယ် ဘယ်နားမှာတည်းတာလဲ” “၃၅လမ်းကုန်းကျော်နားမှာဗျ ကျုပ်မိန်းမနဲ့ကလေးတွေလဲပါတယ်”   အဲလိုပြောတော့ ကျနော်မှာအုံးစားသွားပါတယ်။ မန်းလေးမှာ ဆိုးတာတစ်ခုက ကိုယ့်မှာ ကိုယ်ပိုင်ကားမရှိရင်  ဧည့်ဝတ်ကျေဘို့ အတော်ခက်ပါတယ်။ ဧည့်သည်ကတစ်ယောက်ထဲဆိုရင် ပြဿနာမရှိပေမယ့် တစ်ယောက်ထက်ပိုရင် ထမင်းလိုက်ကျွေးဘို့ တို့ ဟိုနားဒီနားလိုက်ပို့ ဘို့က အဆင်မပြေတတ်ပါဘူး။ မန်းလေးမှာ သင့်တင့်တဲ့နူန်းထားနဲ့ပြေးတဲ့ တက္ကစီ မရှိတာကြောင့်ပါ။ တက္ကစီ ရှိတယ်ဆိုပေမယ့်လဲ ဈေးကြီးသလို ကားအရေအတွက်ကလဲမများ။ ကျနော်မှာကလဲ ကားမရှိ ဆိုင်ကယ်ဘဲရှိတာကိုး။ အဲဒါနဲ့ အမြန်ဆုံးစဉ်းစားလိုက်တော့ […]


        “ကင်မရာနဲ့ဆွဲတဲ့စိတ္တဇ ဓါတ်ပုံ”     ပြီးခဲ့တဲ့ရက် ညနေပိုင်း မန်းလေးမှာလေကြီးမိုးကြီးကျပါတယ်။ နောက်နေ့မနက်ရောက်တော့လည်း လေကခပ်ပြင်းပြင်းလေးတိုက်နေတုန်းပါဘဲ။ မနက်လမ်းလျောက်ထွက်ရင်း တက်သိမ်းအင်းထဲက ကရိဝိက်နားရောက်တော့ လေပြင်းတော့ ရေလှိုင်းတွေက ဘောင်ဘင်ခတ်လို့နေပါတယ်၊ အဲဒီ နားက စင်လေးပေါ်မှအညောင်းဖြေရင်းလက်ဆော့ တော့ ဒီပုံလေးတွေရပါတယ်။       ကိုပေါက်လမ်းသလားနေသည် 24-4-2013                        


          “လက်ကျန်ရှင်းတမ်း “ ဖေ့စ်ဘုတ်က ကျနော့်ဝေါပေါ်မှာ ငုဝါပန်းပုံတွေ ကို တင်ထားတာကို တွေ့ တဲ့ အဝေးက မိတ်ဆွေတစ်ယောက်ကငုဝါပန်းပုံတွေထပ်လိုချင်ပါတယ်လို့ ပြောလာပါတယ်။ သူလို့ချင်ပုံကလဲ ခပ်ဆန်းဆန်း။ ငုဝါပန်းလေးတွေအတန်းလိုက်ကျနေတာကိုလိုချင်ပါသတဲ့။ အဲတော့ သူလိုချင်တဲ့ ပန်းအနေအထားမျိုး ပွင့်နိုင်တဲ့အပင်ကိုစဉ်းစားရပါတော့တယ်။ ငုပင်ကတော့ မန်းလေးမှာပေါပါတယ်။ ရန်ကုန်ဆိုရင် စွယ်တော်ဘုရားမှာရှိတယ်။ စွယ်တော်အဝင်ဝက မီးသတ်ဌာနမှာရှိတယ်။ ကန်တော်ကြီးထဲမှာရှိတယ်။ ကိုယ်သိတာလေးပြောတာပါ.။ မန်းလေးမှာတော့ ဆီဒိုးနားထဲမှာရှိတယ်။ တက္ကသိုလ်ဗောဓိကုန်းဘုရားနားမှာရှိတယ်။ နောက် ရဲသိပ္ပံနားမှာရှိမယ်။ ဒါနဲ့ဘဲ ငုဝါမုဆိုး လုပ်ရင်း ကျုံးနံဘေးက ဆီဒိုးနားနဲ့ကပ်ရက် ဆွမ်းဟိုတယ် ထဲကိုရောက်တော့မှ လိုချင်တဲ့ ငုဝါပန်းကိုရပါတော့တယ်။ နောက်တော့လဲ ကပ်လျက်မှာရှီတဲ့ ဆီဒိုးနားထဲဝင်ရိုက်။ ဒါပေမယ့် အဖူးမကျန်အပွင့် သက်သက်ဆိုတော့မလှ။ ရဲသိပ္ပံကွင်းအရှေ့ဘက်က အပင်သေးသေးလေးက လဲ […]


  “မကျေပွဲ သရေပွဲ” မနှစ်က 18-4-2012မှာ မေမြို့ကိုအရောက်သွားပြီး စိန်ပန်းပြာပင်တွေကို လိုက်ရိုက်ပါတယ်။ မြို့အနှံ့လောက်ကိုသွားပြီးရိုက်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်စိတ်တိုင်းမကျ။ တစ်နှစ်မြောက်တဲ့ 18-4-2013 မှာလဲ တိုက်ဆိုင်စွာမေမြို့ကိုသွားဖြစ်ပါတယ်။ စိန်ပန်းပြာတွေကိုတွေ့တော့ မနှစ်ကနဲ့မတူအောင် မကျေပွဲနွဲခဲ့ပါတယ်။ ဒီတစ်ခေါက်ကတော့ နေ့ချင်းပြန်ဆိုတော့ သိပ်အများကြီးမသွားနိုင်ပါဘူး။ မဟာအံ့ထူးကံသာ ရင်ပြင်ပေါ်က အပင်ရယ်၊ အင်ဂျင်နီယာတက္ကသိုလ်နားကအပင်ရယ်၊ ယူနိုက်တက်ထမင်းဆိုင်နားကအပင်ရယ်ဘဲရိုက်ဖြစ်ပါတယ်။ ညနေပိုင်းရောက်တော့စိန်ပန်းပြာတွေက နေထိတော့နွှမ်းနေသလိုလို။ ကျနော့်အမြင် စိန်ပန်းပြာက အနီလောက် မလှသလို၊ နောက်သူ့အနံ့စူးစူးကလဲ ကြာလာတော့ ခေါင်းနောက်လာသလိုလိုပါဘဲ။ ဒီနှစ်လဲ မကျေပွဲလို့သာ သတ်မှတ်ပြီးရိုက်ပေမယ့် မနှစ်ကအတိုင်းထူးမခြားနားဆိုတော့ သရေပွဲ လို့ဘဲ သတ်မှတ်လိုက်ပါတယ်။     ကိုပေါက်လမ်းသလားနေသည် 19-4-2013                   […]


“ဒီရင်ခွင်လေးမှာ ခိုလှုံဘူးသူတိုင်း ဒီနေရာလေးရောက်ခဲ့ရင် ဘယ်လိုခံစားရမယ်ဆိုတာကို ” မန်းလေးတက္ကသိုလ်ဘက်ထဲမှာ ငုဝါပင်ရှိမလားလို့ အလုပ်အားတဲ့တစ်ရက်မှာသွားရှာလို်က်ပါတယ်။ ဝင်ဝင်ချင်း အရင် ရုက္ခဗေဒ ဌာန နားမှာ တစ်ပင်တွေ့လိုက်ပါတယ်။ အဲဒါနဲ့ သံဇကာနဲ့ပိတ်ထားတဲ့အထဲကို ခပ်တည်တည်နဲ့ဝင်သွားလိုက်တော့ အဲဒီနားမှာခုံတွေနဲ့ ထိုင်နေသူတွေက ဘယ်လဲလို့မေးပါတယ်။ ဓါတ်ပုံခဏရိုက်မယ်လို့ပြောရင်း ဆက်ဝင်သွားလိုက်ပါတယ်။ အထဲရောက်တော့စိတ်ပြောင်းသွားပါတယ်။ မိန်းအဆောက်အဦးကြီးကိုလဲမြင်မိရော ကျောင်းအတူတက်ခဲ့တဲ့ရက်များက သူငယ်ချင်းတွေကို သတိရမိပါတယ်။ မိန်းလှေခါးထစ်များမှာထိုင်။ လာသမျှကောင်မလေးတွေကို မထိတထိစ။ အချင်းချင်းလဲတစ်ယောက်နဲ့တစ်ယောက်စ။ လှတယ်ဆိုရင်ငေးကြည့်၊ သူငယ်ချင်းများနဲ့ပေါက်ကတွေပြောပြိီးရီကြ။ ညနေခင်းများမှာ မတောက်တစ်ခေါက် ဂစ်တာတီးတာကို အားလုံးက ကီးကြောင်တွေနဲ့ ဝိုင်းဆိုကြ။ အဲဒီတုံးက မန်းလေးတက္ကသိုလ်မြေမှာဘိုထီး သီချင်းများ ခေတ်စားခဲ့။ ညညဆိုရင် ရွှေမန်း သစ္စာအနားမှာ သွားလို့ အခမဲ့ဖျော်ဖြေရေးတွေလုပ်ကြ။ မမေ့နိုင်စရာရက်များပါဘဲ.။           မိန်းရှေ့ကနေထွက်လာပြီး […]


            18-4-2013နေ့က ပြင်ဦးလွင်အရောက် မဟာအံထူးကံသာဘုရားမှာ လူစည်စည်ကြားထဲမှာ အားမနာလျာမကျိုးဇွတ်တိုးပြီး ရိုက်ခဲ့တဲ့ ပုံစံအမျိုးမျိုးနဲ့ပုံတော် ကြိုက်သော် ယူနို်င်ပါ၏။   ကိုပေါက်လမ်းသလားနေသည် 19-4-2013  


  “ပြင်ဦးလွင်ဆိုဘဲ…………………..”     မေမြိုု့လို့ခေါ်တဲ့ ပြင်ဦးလွင်သွားတော့ ကန်တော်ကြီးထဲကတော့ အမြဲရောက်ပါတယ်။ ဒီတစ်ခါထူးထူးခြားခြား မြင်ကွင်းလေးတွေ့လိုက်တော့ လက်ဆော့ မိပြန်ပါတယ်။ ရေးထားတာကတော့ ပြင်ဦးလွင်……ဆိုဘဲ။     ကိုပေါက်လမ်းသလားနေသည် 18-4-2013