Local GuidesPhotographyအရောက်နောက်ကျတဲ့ ရွှေပိတောက် ကိုေပါက္(မႏၱေလး)April 19, 20135min43519 အရောက်နောက်ကျတဲ့ ရွှေပိတောက် အချိန်မှန်မရောက် နောက်ကျတဲ့ပိတောက်။ သစ္စာဖောက်တယ်လို့တော့ မဆိုရက်။ လှချက်က ရက်စက်တော့ ပက်ပက်စက်စက်ကြီးကို လက်ဆော့ မိပါတယ်။ ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ 19-4-2013 CONTINUE READING
Local GuidesPhotographyTravelငုဝါပန်းတွေက မြိုင်မြိုင်မြိုင် ကိုေပါက္(မႏၱေလး)April 18, 20133min3254 “ငုဝါပန်းတွေက မြိုင်မြိုင်မြိုင်” မနေ့က မိုးရွာတော့ ပိတောက်တွေပွင့်ပြီထင်ခဲ့ပေမယ့် ပိတောက်က ပွင့်မလာ။ စစ်ကိုင်းဘက်မှာ တရားစခန်းဝင် သီလရှင် ဘဝကို ခံယူနေသော ရွာသူရှိရာ ကျောင်းကိုသွားပြီး အလှူထမင်းစား။ အသွားလမ်းမှာ မြင်ခဲ့ရတဲ့ ငုပင်လေးကို စိတ်ထဲမှာဖျောက်မရ။ အပြန်လမ်းမှာတော့ စိတ်ထဲမှာတေးထားတဲ့ငုဝါပင်လေးကို ဝင်လို့လက်ဆော့။ ကဲကြည့်လိုက်ကြပေတော့ ဗျို့။ ကိုပေါက်လမ်းသလားနေသည် 17-4-2013 CONTINUE READING
CulturesLocal GuidesPhotographyTravel“မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့” ကိုေပါက္(မႏၱေလး)April 17, 20133min40414 “မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့” 17-4-2013 မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ မဟာမြတ်မုနိရုပ်ရှင်တော်(ဘုရားကြီး)ကိုရောက်ခဲ့ပါတယ်။ မနက်ရှစ်နာရီခွဲလောက်မှာကို ဘုရားဖူးများနဲ့စည်ကား။ ရွှေသင်္ကန်းကပ်ချင်ရင် အရင်ကတော့ အရှေ့ဘက်ကဝင်ရပါတယ်။ ဒီနေ့ကတော့စည်ကားလွန်းတော့ တောင်ဘက်ပေါက်ကနေဝင်ရပါတယ်။ ရွှေသင်္ကန်းကပ်ဘို့စောင့်ဆိုင်းနေတဲ့လူတန်းကတော့အရှည်ကြီးပါဘဲ။ ကဲ နှစ်သစ်မှာ ပျော်ရွှင်ခြင်းအသစ်များနဲ့ဘဲ ဆုံတွေ့နို်င်ကြပါစေ။ ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 17-4-2013 CONTINUE READING
CulturesLocal GuidesPhotographyမဟာသင်္ကြန်အကြတ်နေ့ ပုံရိပ်များ ကိုေပါက္(မႏၱေလး)April 15, 20134min39818 အတော်လေးပျော်စရာကောင်းတဲ့ မန်းသင်္ကြန် အကြတ်နေ့ ပုံရိပ်များ မျှဝေခံစားလိုက်ပါတယ်။ အပူတွေလျော့ပြိး အပျော်တွေတိုးပါစေ။ CONTINUE READING
Local GuidesPhotographyငုဝါဝါ တို့ တွဲလွဲခို ကိုေပါက္(မႏၱေလး)April 15, 20133min4938“ငုဝါပန်းတွေကမြိုင်” သင်္ကြန်နားနီးရင် ပိတောက်ပွင့်သလို ငုဝါတွေလဲအမြဲပွင့်ပါတယ်။ ပိတောက်က မွှေးပေမယ့် ငုဝါကတော့ ရနံ့ကင်း။ ပိတောက်က ပြွတ်ခဲနေအောင်ပွင့်ပေမယ့် ငုဝါက တွေ တွဲလွဲလေးတွေ.။ ပိတောက်က တစ်ရက်ဘဲ ခံပေမယ့် ငုဝါကတော့ အပင်မှာထားရင် ရက်ကြာကြာခံ။ ပိတောက်ကရွှေရောင်တောက်ပေမယ့် ငုဝါကတော့ အဝါဖျော့ဖျော့။ ပိတောက်က တစ်နှစ်မှာ တစ်ရက်သာပွင့်ပေမယ့် ငုဝါကတော့ ရာသီချိန်ရောက်တာနဲ့ပွင့်။ ပိတောက်က တော်ဝင်နန်းထိုက် အများကြိုက်လို့ပန်ဆင်လိုသူပေါတဲ့ပန်း။ ငုဝါကတော့ ပန်သူမဲ့။ သို့သော် ဘယ်သူတွေဘယ်လိုသဘောထားထား ငုဝါပန်းတွေကတော့ သူ့ရာသီရောက်တာနဲ့မြိုင်နေတာပါဘဲ။. ကျနော်တို့ရဲ့ နေစဉ်ဖြတ်သန်းမှု့မှာ ငုဝါပန်းလေးတွေလိုသဘောထားနိုင်ကြပါ့မလား။ အောင် အပြင်လောကကြီးမှာတော့ ငုဝါပန်းတွေကမြိုင်……………………………… ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။. 8-4-2013 CONTINUE READING
CulturesLocal GuidesPhotographyTravelမဟာသင်္ကြန်အကျနေ့နံနက်ခင်းရဲ့ပျော်စရာပုံရိပ်များ ကိုေပါက္(မႏၱေလး)April 14, 20136min2649 သင်္ကြန်ပုံရိပ်လေးတွေကြည့်ပြီးပျော်ရွှင်နိုင်ကြပါစေ CONTINUE READING
Local GuidesPhotographyTravel၂၀၁၃ မဟာသင်္ကြန်အဖွင့်ပုံရိပ်များ(မဟာသင်္ကြန်အကြိုနေ့) ကိုေပါက္(မႏၱေလး)April 14, 20133min35617 သင်္ကြန်အကြိုနေ့။ အအေးစတုဒီသာလုပ်နေတာကို ဝင်ပြီးလက်ဆော့။ ညနေပိုင်းရောက်တော့ ဝေးဝေးလံလံမသွားချင်တော့ အိမ်နားက မဏ္ဍပ်မှာရေကစားနေကြတာကိုသွားလို့လက်ဆော့။ သူများတွေပျော်နေချိန်မှာ အရုပ်လိုက်ရောင်းတဲ့ စက်ဘီးကိုမြင်တော့ ဟတ်ထိသွားတယ်။ ကိုပေါက်လမ်းသလားနေသည်( မဟာသင်္ကြန် ၂၀၁၃)CONTINUE READING
Creative WritingDrama, Essays..“ပိတောက်တွေဝေပြန်ပေါ့ ” ကိုေပါက္(မႏၱေလး)April 13, 20131min34416 “ပိတောက်တွေဝေပြန်ပေါ့ ” ဒီနေ့မနက် “ဝေ” အိပ်ယာနိုးတဲ့ အချိန် သင်းပျံ့တဲ့ ပိတောက်ရနံ့တွေက “ဝေ့” အခန်းထဲမှာလွင့်နေပါတယ်။ အိပ်ယာထဲကမထသေးဘဲ လူးလိမ့်လို့အပျင်းကြောဆန့်ရင်း ကနေ ပြူတင်းပေါက်ဘက်ကိုမော့ကြည့် လိုက်တော့ ခြံစည်းရိုးနားမှာကပ်နေတဲ့ တစ်ပင်တည်းသော ပိတောက်ပင်ပျိုလေးက အပွင့်တွေဝေလို့။ အိပ်ယာကိုအမြန်သိမ်းခြင်ထောင်ကို လုံးထွေးတင်ပြီး အပြင်ဘက်လှမ်းကြည့်လိုက်တဲ့အခါ နံနက်ခင်းအေးအေးမှာ ခပ်ဖြေးဖြေးလေးတိုက်ခတ်နေတဲ့ တန်ခူးလေကြောင့် အပင်ထက်မှာအစီအရီပွင့်နေတဲ့ ပိတောက်ပန်းဝါဝါလေးတွေရယ် ပိတောက်ရွက်စိမ်းစိမ်းတွေ လေထဲမှာယိမ်းနွဲ့လို့နေပုံက“ခူးမှာလားရှင့် “ လို့မေးနေသယောင်ယောင်။ ရင်ခုန်စရာကောင်းအောင် လှပသော အပွင့်တွေနဲ့ဝေနေတဲ့ ပိတောက်ပန်းလေးတွေကို ကြည့်နေရင်း ဆရာဇော်ဂျီရဲ့ “မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့ ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့ ခေါင်းကြွကာဆာဝေဝေနဲ့ သူလဲလေ လောကီသားလိုပ ကြွားချင်လှပေလိမ့်မယ်…..” ဆိုတဲ့ စကားလုံးအဖွဲ့အနွဲ့အလှလေးများက ပိတောက်ရနံ့များနဲ့အတူ လေထဲမှာ […]CONTINUE READING
Photographyရေသောက်ဆင်းသော အလင်းမူန် အလင်းစက်များ ကိုေပါက္(မႏၱေလး)April 11, 20132min2707 ဒီပုံတွေကတော့ မနက်လမ်းလျောက်ရင်း ရိုက်လာခဲ့တဲ့ တကယ့်ကိုလက်ဆော့ခြင်း သက်သက်ပါဘဲ ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ CONTINUE READING
Local GuidesPhotographyTravelသင်္ကြန်အထူးလျှော့ဈေး တဲ့ သွားဝယ်ကြရအောင် ကိုေပါက္(မႏၱေလး)April 9, 20133min2323 “သင်္ကြန်အထူးလျော့ဈေးနော်” ဒီလိုသင်္ကြန်ရက်ရောက်ရင် ကျနော်ဖိနပ်ဝယ်လေ့ရှိပါတယ်။. အထူးလျော့ဈေး ဆိုတော့ တကယ်လဲ သက်သာလို့ပါ။ ပုံမှန်တစ်သောင်းကျော် ဆိုတဲ့ ဖိနပ်က ဒီအချိန်ဝယ်ရင်လေးငါးခြောက်ထောင်။ ရွေးတတ်ရင် ကောင်းတာရပါတယ်။ ပုံရောင်းတော့ ပြောင်လက်ဝင်းသန့် မနေပေမယ့် စီးပျော်ပါတယ်။ ကင်းဘတ်ဖိနပ် လမ်းလျောက်ရင်စီးဘို့ဝယ်လိုက်တယ် တစ်ရံ4500။ ရိုးရိုးဖိနပ်က 5500 တစ်ရံဝယ်ရင် တစ်ရံ လက်ဆောင် ။ ပုံထားတဲ့အထဲက ကြိုက်တာရွေးယူ။ အဲတော့ ဝယ်ဖြစ်တာပေါ့။ အပြန်လမ်းမှာတော့ 39လမ်းနဲ့42လမ်းကြား 84လမ်းပေါ်က ဆိုင်အချို့ကိုလက်ဆော့လာပါတယ်။ ဒီလိုအချိန်မှာဆိုရင် 29-35ကြား လမ်း80ပေါ်မှာ 39-42ကြား84လမ်းမှာသင်္ကြန်အထူးလျော့ဈေးဆိုင်တွေအရမ်းပေါပါတယ်။ ဈေးဝယ်တွေနဲ့လဲစည်ကားနေတတ်ပါတယ်။ ကဲ နောက်ရက်တွေဖွင့်သေးတယ်. သင်္ကြန်လျော့ဈေးဆိုင်လေးတွေကို ဈေးဝယ်ထွက်လို်က်ကြရအောင်။ ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့။ 9-4-2013 […]CONTINUE READING
Local GuidesPhotographyTravelမန်းလေးလာလို့ ဘုရားကြီးရောက်ရင် လုပ်အားနဲ့ကုသု်ိလ်ယူကြပါ ကိုေပါက္(မႏၱေလး)April 9, 20133min54519 “မန်းလေးလာလို့ ဘုရားကြီးရောက်ရင် လုပ်အားနဲ့ကုသု်ိလ်ယူကြပါ” မန်းလေးမြို့ရဲ့နံနက်ခင်းကို စတင်ဖွင့်လှစ်တဲ့အချိန်ကတော့ မဟာမုနိရုပ်ရှင်တော်လို့နာမတော်ရှိပြီး ကျနော်တို့ မန်းလေးသားတွေအလွယ်ခေါ်လေ့ရှိတဲ့ ဘုရားကြီး ကို မျက်နှာသစ်တော်ရေ ဆက်ကပ်ချိန်ဖြစ်ပါတယ်။ ဘုရားဆင်းတုတော်ကို သက်တော်ထင်ရှားရှိသည့်အလား နေ့စဉ့် မျက်နှစ်သစ်တော်ရေဆက်ကပ်ခြင်းကို ရှေးနှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်ခဲ့သည်မှာ ယနေ့ထိ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ဆဲ။ မျက်နှာသစ်တော်ရေ ဆက်ကပ်ရာတွင်အသုံးပြုသောအမွှေးနံ့သာရည်အတွက် သနပ်ခါးများကို ဘုရားကြီးမြောက်ဘက်စောင်းတန်း၏ အရှေ့ဘက်တွင် သွေးကြပါသည်။ ဘုရားဖူးလာရောက်သူများက တစ်ယောက်တစ်လက် သနပ်ခါးသွေးကာ ကုသိုလ်ယူကြစမြဲ။ မသိသေးသောသူများအတွက် မျှဝေပေးလိုက်ပါတယ်။ ဘုရားကြီးမြောက်ဘက်မုဒ် စက်ဘီးအပ်လက်ခံသောနေရာ၏ အနောက်တည့်တည့်တွင်ရှိပါသည်။ ရောက်တုန်းရောက်ခိုက် ကုသိုလ်ယူနိုင်ပါသည်။ ကိုပေါက်လမ်းသလားနေသည် 7-4-2013 CONTINUE READING
Local GuidesPhotographyTravelမတူညီသောအလှတရားများ ကိုေပါက္(မႏၱေလး)April 8, 20133min35912တူညီ၍ မတူညီသော အလှတရား (ဆွမ်းဦးပုညရှင်-စစ်ကိုင်း) ကျနော်ငယ်စဉ်ကတည်းက နှစ်သက်တဲ့မြင်ကွင်းတွေထဲမှာ စစ်ကိုင်းတောင်ဆွမ်းဦးပုညရှင်ဘုရားကုန်းတော်ရဲ့ အရှေ့ဘက်ခြမ်းကနေ လှမ်းမြင်နေရတဲ့မြင်ကွင်းတစ်ခုလဲ ပါ ပါတယ်။ တရုပ်စံကားပင်များရဲ့ သင်းပျံ့တဲ့ရနံ့များကလဲ ကျနော်စိတ်ကို ညွှတ်နူးအောင်ဆွဲဆောင်နိုင်ပြန်ပါတယ်။ ကုန်းမြင့်များပေါ်က စေတီပုထိုးများ သူ့ရဲ့အရှေ့က မြစ်မင်းဧရာ နဲ့သဲသောင်ပြင်များ ကို လှပစွာမြင်တွေ့နေရ။ ကြည်လင်သောနေ့များမှာ ဟိုး အဝေးမှာရှိနေတဲ့ မန္တလေးတောင်ကို မပီမသမြင်ရတတ်ပါတယ်။ ရင်ပြင်တော်ပေါ်ကနေကြည့်လိုက်ရင် ကျယ်ပျံ့လွတ်လပ်သောရူ့ခင်းကိုမြင်ရခြင်းက စိတ်ကိုပိုမိုကြည်နူးစေပြန်ပါတယ်။ ကျောင်းသားဘဝကတော့ စစ်ကိုင်းတောင်ဆိုတာ ခြေလျင်တက်ရတဲ့ အရပ်ဒေသ။ မန်းလေးသူမန်းလေးသားများ စစ်ကိုင်းဘက်ကို ကူးပြီး ကထိန်ပွဲတော်ကျင်းပလေ့ရှိတဲ့ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာတော့ အများနည်းတူ စစ်ကိုင်းတောင်ပေါ်ကိုတက် ညလုံးပေါက်လျောက်လည်ခဲ့ရတဲ့ နေ့ရက်များကတော့ ဘဝမှ အမှတ်ရစရာ။ တောင်ပေါ်တက်ရင်းညောင်းတော့ လရောင်ဖြာနေတဲ့ မြစ်ပြင်ပေါ်မှာ မီးထွန်းထားတဲ့လှေငယ်လေးများကထွက်လာတဲ့ မှိတ်တုတ်တုတ်အရောင်လေးတွေကိုကြည့်ရင်းငေးမောခဲ့။ မြစ်ရေပြင်မှာမျောပါလာတဲ့ မီးဖောင်လေးတွေကြည့်ရင်းဘယ်ကိုမှန်းမသိလွမ်းခဲ့ရတာတွေကို ပြန်တွေးမိတော့ ပြန်လွမ်းမိပါတယ်။ […]CONTINUE READING
My Dear DiaryPhotography“စွယ်တော်ရွှက်”အတွက် မွေးနေ့လက်ဆောင် ကိုေပါက္(မႏၱေလး)April 7, 20131min47224ဒီနေ့ရွာသားတစ်ယောက်က ကျနော်ကို ဖုန်းဆက်ပြီးချိန်းပါတယ်။ မုန့်ကျွေးချင်လို့တဲ့ ။ နောက်တော့ သူကိုသွားခေါ်။ မုန့်အတူသွားစား။ အထိန်းအမှတ်အဖြစ်ကျွေးတာတဲ့။ အော်ဒါနဲ့သဘောပေါက်သွားပါတယ်။ သူ့မွေးနေ့ပါတဲ့ခင်ဗျာ. မွေးနေ့မှစပြီး ပျော်ရွှင်ဘွယ်ရာကောင်းသော စိတ်ချမ်းမြေ့စရာကောင်းသောအဖြစ်အပျက်များနဲ့ဆုံတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ (ကိုကြီးမိုက်နဲ့အမျုးိမတော်လိုက်ရတဲ့စွယ်တော်ရွက်အတွက်မွေးနေ့လက်ဆောင်ပါ)CONTINUE READING