ချစ်လှစွာသော     ကျနော်ငယ်စဉ် ကလေးဘဝကတည်းက တရုပ်စံကားပင်ရဲ့ ဖွဲ့တည်ပုံရော စကားပွင့်လေးတွေရဲ့အနံ့ရော အပွင်ဖြူဝါဝါလေးတွေပါနှစ်သက်ပါတယ်။ ကျနော်ဆယ်တန်းအောင်ပြီးတော့တက်ခဲ့တဲ့ သင်တန်းကျောင်းတစ်ခုလုံးကလဲ စကားပင်တွေအပြည့် ။ မွှေးမြနေတဲ့ စကားပန်းရနံ့များက သတိရစရာ။   “စကားပွင့်လေး တစ်ပွင့် နှစ်ပွင့် အိ်ပ်နေအချစ်ကလေးမျက်လုံးပွင့်။ မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ တိတ်တိတ်ကလေးရင်တွေခုန်……………….” ဘာညာကွိကွ ကဗျာတွေရေးခဲ့ကြတာပေါ့။ အဲဒီတုန်းက မောင်ပန်းမွှေးကဗျာခေတ်ကိုးဗျ။   စစ်ကိုင်းတောင်ရဲ့ သင်္ကေတမှာလဲ တရုပ်စံကားပင်က မပါမဖြစ်။ စစ်ကိုင်းတောင်ပေါ်က ဆွမ်းဦးပုညရှင်ရောက်တဲ့တစ်ရက် စံကားပန်းတွေပွင့်နေတာမြင်တော့ စိတ်က အတိတ်တွေဆီပြန်ရောက်သွား။ အဲတော့ငယ်စဉ်ကတည်းက  ချစ်လှစွာသောစကားပွင့်လေးများကို အခုကြီးလာတော့လဲ ဒီတရုပ်စကားကိုနှစ်သက်ဆဲပါဘဲ။     ကိုပေါက်လမ်းသလားနေသည် 4-4-2014              


  လိမ္မော်ရောင်နံနက်ခင်းလေး       ဒီနှစ်ကတော့ ကျနော်အပျင်းကြီးတဲ့နှစ်လို့သတ်မှတ်ရင်ရနိုင်ပါတယ်။ ဇန်နဝါရီလ ရန်ကုန်က ပြန်လာပြီးကတည်း ရာသီဥတုအေးတာ ပင်ပန်းတာ ညတစ်နာရီထိုးလောက်မှအိပ်ဖြစ်တာကိုအကြောင်းပြပြီး မနက် မနက် ခါတိုင်းလို့ လမ်းမလျောက်ဖြစ်။ တစ်ရက်လျောက် နှစ်ရက်နားကြာတော့ လူက အပျင်းလူသားဖြစ်လာပါတယ်။ မတ်လရောက်ရင်တော့ နေ့တိုင်းလျောက်မယ် ကြံစည်ပေမယ့် တစ်ရက်လျောက် နှစ်ရက်နား ဆိုတော့ ကိုယ့်ကို ကိုယ်လဲ အားမရ။ အဓိက အချက်က ဓါတ်ပုံ ရိုက်ချင်စိတ်မရှိတာလဲ ပါ ပါတယ်။ တစ်ရက်တော့ လမ်းမလျောက်ဖြစ်ဘဲ အိမ်ရှေ့ထွက်အရပ် လိမ္မော်ရောင်ကောင်းကင်တွေ့လိုက်တော့ ကင်မရာယူပြီး ကျုံးနံဘေးကို အပြေးအလွားသွားတော့ တကယ်ကို မှီတယ်ဆုိုရုံလေးပါဘဲ။ ဓါတ်ပုံ ဆယ်ပုံလောက်အရ နေမင်းက ပုန်းနေတဲ့ တိမ်ကြားကထွက်လာတော့ အမြင်မလှ။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 3-4-2013   […]


    4   “ဝါစိမ်းနီ တစ်ထွေ အလွမ်းစေ………………..”     အခုရက်ပိုင်းမှာတော့ မန်းလေးနွေအစမှာကို အတော်လေးပူနေပါပြီ။ အရှေ့တောင်ဘက် ကျုံထိပ်ကိုရောက်တဲ့ တစ်ရက် ကျူံးမြို့ရိုးနီနီ။ ကျုံးရေပြင်စိမ်းစိမ်း။ အုတ်ခုံနံဘေးမှာပေါက်နေတဲ့ ညောင်ပင်က ရွက်ဝါတွေနဲ့အပြည့်။ လက်ဆော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းခြင်တော့ ကျုုံးနံဘေးက သံဇကာတစ်ခုက ပြုတ်နေပါတယ်။ ဒါနဲ့ဘဲ ကျုုးအတွင်းဘက်က အုတ်ခုံလေးထဲ ကုတ်ကုတ်ကပ်ကပ်နဲ့ဝင်ပြီးလက်ဆော့ခဲ့ပါတယ်။ လှမလှကတော့ …………………….     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 1-4-2013          


  တစ်နှစ်ဆိုတာဘာမှ မကြာလိုက်ဘူးနော်   မနှစ်က ဒီလိုသင်္ကြန်နီးတဲ့အချိန် ကျုံးနံဘေးရောက်တော့ သင်္ကြန်မဏ္ဍပ်ဆောက်တာတွေ့ရော။ အဲဒါနဲ့ဘဲ မန်းလေးဆွမ်းဟော်တယ်ရှေ့ကနေ လမ်းလျောက်ရင်း မဏ္ဍပ်တွေဓါတ်ပုံရိုက်လာခဲ့တာပေါ့။ အဲဒီမဏ္ဍပ်ပုံလေးတွေကို သူများထက်ဦးဦးဖျားဖျားတင်မယ်ဆိုပြီး ရွာထဲတင်တာပေါ့။ တင်ပြီး စက်ပိတ်။ နောက်တစ်ခါပြန်ဖွင့်တော့ ဓါတ်ပုံတွေမှာ နာမယ်တွေတပ်ထားတာတွေ့ပါတော့တယ်။ အဲဒီမှာ စိတ်တွေတိုပြီး စာတွေရေးတော့တာပေါ့။ ကျနော်က ကျနော်ပုံတွေမှာ နံမယ်မရေးပါဘူး။ ပုံအလှပျက်မှာစိုးတာရယ် ကျနော်လို့ လက်ဆော့ တဲ့သူတစ်ယောက်ရဲ့ ဓါတ်ပုံက သူများယူသုံးရလောက်အောင် မလှပ မသေသပ်ဘူးလို့ ခံယူထားတာလဲပါတယ်။ အဲတော့ပုံမှာ နံမယ်တွေရေးထားတော့ စိတ်တွေတို လူကြီးတန်မဲ့ စွာလန်ကျဲလုပ်တာပေါ့။ နောက်တော့ ရန်ဖြစ်လို့လဲဝရော သူနဲ့ကိုယ်နဲ့သားအဖဖြစ်သွားရော။ ပထမတစ်ယောက်တုံးကလဲ ရွှေဘိုသားနဲ့ရန်တွေဖြစ်ပြီး သားအဖဖြစ်။ အခုတော့ ရွှေဘိုသားလဲ မိန်းမရသွားလားတောင်မသိ။ ပျောက်နေပါတယ်။ အခုသားကြီးကတော့ လိမ္မာပါတယ်.။ အရက်မသောက် ဖဲမရိုက် အလေမလိုက် […]


                       “သင်္ကြန်ဈေး……………………..”   မတ်လရောက်ပြီဆိုတာနဲ့ အချဉ်ပေါင်းသယ် ထီသယ်တွေဆီက သင်္ကြင်္န်သီချင်းတွေစကြားရပါပြီ။ အေပရယ်လ်လဆန်းပြီဆိုတာနဲ့ သင်္ကြန်အထူးလျော့ဈေးဆိုင်တွေအလျိုလျိုပေါ်လာကြပါပြီ။ အဲဒါကျနော်တို့ရဲ့မန္တလေးမြို့ရဲ့ထုံးတမ်းစဉ်လာဆိုရင်လဲမမှားပါဘူး။ ကျနော်ညနေအလုပ်ကအပြန်ဆိုရင် ၈၄ လမ်းအတိုင်းပြန်လေ့ရှိပါတယ်။ ၃၉လမ်း ကျော်ပြီဆိုတာနဲ့လမ်းတစ်ဖက်တစ်ချက်မှာ”သင်္ကြန်အထူးလျှော့ဈေး”ဆိုတဲ့ အထည်ဆိုင်ကလေးတွေကိုစတွေ့ရပါတော့တယ်။ အရှေ့ဘက်ခြမ်းမှာတော့ အိမ်ထဲမှာအကျအနကိုဖွင့်ထားပြီးအနောက်ဘက်ခြမ်းကတော့ ယာယီဝါးတဲလေးတွေနဲ့ ဆိုင်ဖွင့်ကြတာပါ။ လမ်း၄ဝနဲ့၄၂လမ်းကြားမှာတော့  လမ်းအနောက်ဘက်ခြမ်းမှာ” မိုးနတ်မယ်” ကသူ့ခြံဝန်းကြီးထဲမှာ အတန်းလိုက်ကြီးခင်းထားလိုက်တာများအားရပါးရ။ သူ့နံဘေးမှာလဲ ဆိုင်ကလေးတွေ ရှိနေသလို လမ်းအရှေ့ဘက်တန်းမှာလဲဆို်င်တွေကတန်းစီလို့။ ဝယ်သူတွေကလဲရှိသမျှဆိုင်တိုင်းမှာအုုန်းအုန်းထလို့။ လမ်းဘေးမှာ ကားထိုးရပ်ပြီးရောင်းတဲ့အထည်ဆိုင်၊ ယာယီစင်လေးထိုးပြီးရောင်းတဲ့ဆိုင် ခုံကလေးချပြီးရောင်းတဲ့ဆိုင် ဘယ်ဆိုင်မဆိုရောင်းရတာပါဘဲ။ ဆို်င်တိုင်းမှာ ဝယ်သူတွေအပြည့်နဲ့ပါဘဲ။ ကျနော်တို့ မန္တလေးမှာတော့ သင်္ကြန်ဆိုတာနဲ့ရင်ထဲကိုအပျော်တွေကူးစက်လာသလိုပါဘဲ။ နောက်ဒီလိုသင်္ကြန်ရောက်ခါနီးပြီဆိုတာနဲ့ သင်္ကြန်တွင်းမှာ ဝတ်ဘို့စားဘို့လည်ဘို့အတွက် လုံးပန်းရသလို နှစ်ဆန်းတစ်ရက်နေ့မှာဝတ်ဘို့အတွက်ပါ အဝတ်အစားအသစ်တွေဝယ်ကြပါတယ်။ နောက်ကျနော်တို့မန္တလေးက ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဆို်င်တွေများတော့ အဲဒီဆိုင်တွေမှာအလုပ်လုပ်တဲ့သူတွေလဲများပါတယ်။ ဒီလိုသင်္ကြန်နားနီးရင် ဆိုင်ရှင်တွေက သူတို့ဆိုင်မှာအလုပ်လုပ်တဲ့သူတွေကို သင်္ကြန်မုန့်ဘိုးဆိုပြီး […]


              “ညနေ”   အရှေ့ဖက်က ထွက်လာတဲ့နေမင်းကြီး အနောက်ဖက်ကို ရောက်ရှိသွားချိန်ကိုတော့ ညနေ လို့ခေါ်ကြပါတယ်။ မြေကမ ္ဘာကနေပြန်လည်ထွက်ခွာခါနီးမှာ လှပသောရောင်စဉ်များကို အစွမ်းကုန်အပ်နှင်း သွားခဲ့ပြန်ပါတယ်။ ဒါကြောင့်လဲ အလင်းရုပ်သိမ်းခါနီးအချိန် ညနေခင်းများကတော့ လှပစွာကုန်ဆုံးတာများပါတယ်။ အခုနောက်ပိုင်းမှာတော့ အရင်က သတိမမူမိခဲ့သောညနေခင်းလေးများကို သတိတရခံစားမိနေတတ်ပါတယ်။ အလုပ်ပိတ်ရက်တစ်ညနေခင်းမှာတော့ မိတ်ဆွေတစ်ယောက်က တောင်သမန်အင်းကနေလှမ်းဖုန်းဆက်ပါတယ်။ “ကိုပေါက် ဓါတ်ပုံရိုက်ရအောင်လာခဲ့ပါလား” အဲလို့လှမ်းခေါ်လိုက်တော့ ကျနော်အရမ်းကိုစိတ်ဆိုးသွားပါတယ်။ ဒါနဲ့ဘဲ “ခင်ဗျားတို့ဘယ်မှာလဲ အခုလာခဲ့မယ်  “ဆိုပြီးထွက်လာခဲ့ပါတယ်။ သူတို့က တောင်သမန်အင်းအရှေ့ဖက်ခြမ်းမှာရောက်နေပါသတဲ့။ တောင်သမန်းအင်းကို လာတဲ့သူ အတော်တော်များများကတောင်သမန်အင်းရဲ့ အနောက်ဘက်ခြမ်းကိုဘဲရောက်ဘူးတာများပါတယ်။ ရတနာပုံတက္ကသိုလ်ရှိတဲ့အရှေ့ဘက်ခြမ်းကိုတော့ အရောက်အပေါက်နည်းပါတယ်။ သူတို့ဆီကိုလိုက်သွားရင်း ရတနာပုံတက္ကသိုလ်ဘက်အဝင်လမ်းအရောက်မှာ ညနေခင်းနေရောင်ကြောင့် ပုစွန်ဆီရောင်တောက်နေတဲ့ တောင်သမန်ရေပြင်ကိုလှပစွာတွေ့ရပါတော့တယ်။ အင်းအစပ်မှာတော့ လှေကလဲနဲ့ဘဲကျောင်းသားကိုမြင်ရပြန်ပါတယ်။ ဒါနဲ့ဘဲသူတို့ […]


“အပိုင်ချည်တဲ့ အိုင်တီ အီကော်နော်မီသင်္ကြန်”     မန္တလေးဆိုတာ မြန်မာပြည်ရဲ့သင်္ကြန်မြို့တော်လို့ပြောနိုင်လောက်အောင် မန်းလေးသူမန်းလေးသားများက သင်္ကြန်နဲ့ပါတ်သက်ရင် အကဲပိုကြပါတယ်။ ဆောင်းအကုန်နွေအကူးတပေါင်းလွန်မြောက် မတ်ချ်လရောက်ပြီဆိုတာနဲ့သင်္ကြန်အငွေ့အသက်တွေကို စတင် ခံစားနိုင်ပါပြီ။ နွေရောက်ပြီဆိုတာကို ဥဩတွန်သံလေးတွေကအချက်ပေးသလို သင်္ကြန်ရောက်တော့မယ်ဆိုတာကို အချဉ်ပေါင်းသယ်လေးတွေထီသယ်လေးတွေဖွင့်တဲ့ သင်္ကြန်သီချင်းတွေက သတိပေးပါတယ်။ ဟိုအရင်ကတော့ သင်္ကြန်ဆိုတာကျနော်တို့မြန်မာလူမျိုးများအတွက်အနားယူတဲ့ရက်ပါဘဲ။ ဆိုင်တွေပိတ် လုပ်ငန်းကြီးတွေပိတ် ဘုရားဖူးထွက်သူထွက်။ ရေကစားဘို့ ပြင်သူကပြင် တရားစခန်းဝင်ဘို့စဉ်သူကစဉ်ပေါ့။ ဘာဘဲပြောပြော အရင်ကတော့ သင်္ကြန်ဆိုတာ စိတ်လွတ်ကိုယ်လွတ်ပျော်ဘို့ပါးဘို့ဘဲ အာရုံရှိကြပါတယ်။ **************************************************** ဒါပေမယ့် သင်္ကြန်ဆိုတာ မြန်မာလူမျိုးများအတွက် အင်မတန်မှ စီးပွားရှာလို့ကောင်းတဲ့ အကွက်အကွင်းကြီးလဲဖြစ်နေပြန်ပါတယ်။ သင်္ကြန်မတိုင်ခင်မတ်လ ဆန်းလောက်က စပြီး “အခါတွင်း”အတွက်ဆိုပြီးရည်ရွယ်လို့ ရောင်းကြဝယ်ကြကတော့ နှစ်စဉ်နှစ်တိုင်းပါဘဲ။ ရှေးရှေးကတော့ သင်္ကြန်မှာလူကြီးသူမများကိုရေကန့်တော့ဘို့အတွက် ရော သင်္ကြန်ကြိုဘို့အတွက်ပါ မြေအုးိတွေကိုကြိုတင်လို့စုဆောင်းကြရပါတယ်။ ဒါလဲ ကြီးမားခဲ့တဲ့ဈေးကွက်တစ်ခုပါဘဲ။ (အခုခေတ်မှာတော့ မြေအိုးကိုအလေးခံပြိး […]


“အရုဏ်”   နံနက်ပိုင်းလမ်းလျောက်တဲ့ရလဒ်ကတေ့ စိတ်ကြည်လင်ခြင်းပါဘဲ။ ဒါပေမယ့် ၂၀၁၃ ခုနှစ်ရန်ကုန်ကပြန်လာကတည်းက လမ်းမလျောက်ဖြစ်ပါဘူး။ သိပ်အေးလွန်းတော့ စောစောမထနိုင်။ နောက်ကျမှလျောက်ရင်လဲ အလုပ်မမှီ။ ဒါပေမယ့် အလုပ်ပိတ်ရက်ဆိုရင်တော့ကြိုးစားပြီးလျောက်ဖြစ်ပါတယ်။ မတ်ချ်လရက်များမှာတော့ လမ်းပြန်လျောက်ဖြစ်ပါတယ်။   အရုဏ်မှာထွက်ပေါ်လာသောနေမင်းနီနီ၊ ဝမ်းစာအရှာထွက်သောလှေငယ်။ ခိုမှီတွယ်နေသောပိုးမျှင်များ၊ အရိုင်းပြိုင်းပြိုင်းအရွက်မဲ့သောရိုးတံများ။ အင်းရေပြင်ပေါ်ရေသောက်ဆင်းနေသောနံက်ခင်းရောင်ခြည်၊ ကမ်းစပ်မှာအလေ့ကျပေါက်နေသောခြံနွယ်များ တွဲလောင်းကျနေသောသစ်ရွက်အို တစ်စထက်တစ်အလင်းရင့်လာသောနေမင်း၊   အားလုံးပေါင်းစုကြည့်လိုက်တော့ ကြည်နူးဘွယ်အရုဏ်နံနက်ခင်းလေးဖြစ်သွားခဲ့ပါတယ်။       ကိုပေါက်လမ်းသလားနေသည် 24-3-2013                    


    “စိမ်းမြအေးရိပ်တွင် တစ်မှေးအိပ်စက်ခြင်း”   တစ်စထက်တစ်စ ပူနွေးလာသော ကမ္ဘာမြေ။ ရေခဲတောင်တွေ အချိန်မတော် ပျော်ကျ ရေကြီးတဲ့နေရာကြီး။ မိုးခေါင်တဲ့နေရာခေါင် လေတိုက်သောနေရာတိုက် မြေပြိုတဲ့နေရာပြို ဖြစ်လိုက်ပြီဆိုမှ အသဲအသန် ယိုယွင်းလာသောဥတုရာသီနဲ့အညီ မမျှတသောအဖြစ်အပျက်များ ရှောင်လွှဲသွားချင်လို့မရ။   ဖြစ်ချင်သလိုဖြစ်နေတဲ့လောက မမျှတခြင်းများနဲ့အမြဲကြုံ ပေါများသူ ပေါသထက်ပေါ ခက်ခဲသူခက်သထက်ခက် ဘက်လိုက်တဲ့လောကပါလ တိုင်တည်စရာလူမရှိ သိသိကြီးနဲ့ငုံ့ခံ လောကဓံဆိုတာ ဒါမျိုးပေါ့။   သဘာဝကအဆစ်ပေးလိုက်တဲ့ ဝမ်းလေးတစ်ထွာ၊ ဆန့်လိုက်တော့ အူဂင်္ဂါ ငြိမ်သက်အောင်ဖြည့်စွက် ခက်ခဲတဲ့နေ့စဉ်။ -ရှာရဖွေရ မောပါ့ အချိန်တိုင်း ခေါင်းတွေပူ ကိုယ်တွေကိုက် စိတ်တွေနာ ကြံရာမရ။ လာမယ့်ဘေး ပြေးတွေ့လို့ရအောင် စိမ်းမြသောသစ်ပင်ရိပ် ခဏလေးမှေးအိပ်လိုက်ပါအုံးမယ်။   ကိုပေါက်လက်ဆောင်အတွေးစဉ် 22-3-2013       […]


“နာဒယ် ကွာ”မှတစ်ပါးပြောကြားရန်စကားလုံးမရှိ     ၂၀၁၃ တပေါင်းလကတော့ စိတ်မချမ်းသာစရာတွေကိုသယ်ဆောင်လာသောလ လို့ဘဲဆိုချင်ပါသည် လက်ပန်းတောင်အစီရင်ခံစာထွက်လာခဲ့။ ဒီအစီရင်ခံစာ ဆောင်ရွက်ဘို့ ဒေါ်အောင်ဆန်းစုကြည်ကို စတာဝန်ပေးကတည်းက အများစုစိတ်ထဲမှာ ထိုးအကျွေးခံရတယ်လို့ သတ်မှတ်ထားခဲ့ကြတာကလဲ နစ်နာမှာကိုကြိုတင်မြင်ကြသောကြောင့်ပင်။ အများကြိုတင်ထင်ထားသလိုဘဲ ဖြစ်လာခဲ့။ အခက်အခဲများကြားမှ မအားလပ်သောတာဝန်များကြားမှ တာဝန်ယူ၍ရေးသားခဲ့သော အစီရင်ခံစာကို ဖတ်မကြည့် ဘဲ လက်မခံဟု ပြောရက်သူများ ပေါ်ထွက်လာခဲ့။ သူတို့အားလုံး၏ အသိစိတ်ထဲတွင် ရို်က်သွင်းခံထားရသည်မှာ “စီမံကိန်းလုံးဝဖျက်သိမ်းရေး”မှလွဲရင် ဘာမှလက်မခံဟု ဖြစ်နေခြင်းက အားလုံးကိုအခက်အခဲဖြစ်စေသည်မှာလဲအမှန်။ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို သဲသဲလှုပ်ခဲ့ကြသောဒေသခံများမှ အစီရင်ခံစာထွက်အပြီး လာရောက်ချိန်တွေ သဲသဲမဲမဲဆန့်ကျင်ခဲ့ကြသည်မှာ အံ့အားသင့်စရာ။ ဂျာနယ်များမှာတွေ့ရတဲ့ ကားပြူတင်းဘောင်ပေါ်မှာ ငေးကြည့်နေသော ဒေါ်အောင်ဆန်းစုကြည်ပုံမြင်ရ သည်မှာ ကျနော့်အတွက်တော့ စိတ်မချမ်းမြေစရာ။ အများစု၏ရေရှည်အကျိုးကို မျှော်ကိုပြီး အပင်ပန်းခံကာ စိတ်နှစ်၍လုပ်ဆောင်ထားသော ကိစ္စအတွက ်ပြန်လည်ရရှိလာသော […]


      “စွန့်ခွာခြင်းအဝါ တိုးထွက်စအနီ ရှင်သန်ဆဲအစိမ်း ”   ကျောက်တော်ကြီးဘုရားထဲကိုရောက်တော့ ဘုရားပုရဝုဏ်ထဲမှာလှည့်ပါတ်ကြည့်ရင်း အစိမ်းအဝါတွေရောနေတဲ့ ညောင်ပင်ကြီးကိုမြင်ရပါတယ်။ အနီးနားကို အသေအချာကပ်ကြည့်လိုက်တော့ ပုရစ်ဖူးချီနေတဲ့ ရွက်သစ်နီနီလေးတွေကိုတွေ့ရပါတယ်။ နေ့လည်ပိုင်းကျုံးနံဘေးရောက်ပြန်တော့လည်း ညောင်ပင်မှာရွက်သစ်နီကျင်ကျင်လေးတွေရော ဖူးစပြုနေတဲ့ ရွက်စိမ်းနုလေးတွေကိုမြင်ရပြန်ပါတယ်။ ကျနော်တို့လိုလူသားတွေက သာ အပြောင်းအလဲတွေနဲ့ အလုပ်ရှုပ်နေပေမယ့် သဘာဝတရားကြီးကတော့ ပုံမှန်လည်ပါတ်နေမြဲပါဘဲ။ အချိန်တန်ရင် ရွက်ဝါအဖြစ်ကြွေသွားမယ်။ ရွက်သစ်တွေပရစ်ဖူးတွေထွက်လာမယ်။ နောက်ရင့်ကျက်လာတော့ စိမ်းမယ်။ ပြီးရင် ရွက်ဝါအဖြစ်ဘဝပြောင်းမယ်။   ဒါပေမယ့် ရွက်သစ်နုတွေကနေ အစိမ်းဘဝကို မကူးပြောင်းမီ ဘယ်လောက်များ ကြွေလွင့်သွားပါသလဲ။ ရွက်စိမ်းဘဝကနေ ဘယ်လောက်များ အချိန်မတိုင်မီလွင့်ပါးသွားခဲ့ပါသလဲ။ သစ်ပင်တစ်ပင်လုံးက ရွက်စိမ်းတွေရွက်ဝါဘဝကိုအားလုံးပြောင်းကုန်သွားပါသလား။ လို့မေးခွန်းတွေမေးမိတော့ မင်းတို့လူသားတွေရော ငါတို့လိုဘဲလား လို့ ပြန်မေးတာခံလိုက်ရပါတယ်။ ကဲ ဘယ်လိုဖြေကြမလဲဗျာ။     ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး […]


    “ဧရာရင်ခွင်မှ အပူအပင်ကင်းသူလေးများ” အလုပ်ပိတ်တဲ့ တစ်ရက် ပျင်းတာနဲ့ဧရာဝတီမြစ်ဘက်ထွက်လာခဲ့ပါတယ်။ ချော်ဆိပ်ကနေထွက်လာလိုက်တာ စီးရင်းစီးရင်းနဲ့ မရမ်းခြံဆိပ်ရောက်လာပါတယ်။ ဆိုင်ကယ်ကို ကွမ်းယာဆိုင်လေးနားမှာရပ်။ ပြုံးပြပြီး ခဏထားမယ်နော်လို့ပြောပြီးဇက်သော့ခတ်လို့တာရိုးကနေမြစ်ဘက်ကိုဆင်းခဲ့ပါတယ်။ မြစ်ကမ်းနံဘေးက မြေပေါ်မှာတော့ အိုးတွေချထားလိုက်တာအစီအရီ။ ကမ်းစပ်မှာတော့ တဲလေးတွေက ဟိုတစ်လုံးဒီတစ်လုံး။ ကမ်းစပ်မှာတော့ ခရီးသွားမယ့် သူတွေရော ပို့ဆောင်ပေးမယ်လှေတွေ မော်တော်တွေ သင်္ဘောတွေနဲ့ ပြည့်ကျပ်ညပ်။ နွေဦးပေါက်ဆိုတော့ဧရာကလဲ ရေနည်းနေပါပြီ။ နေကလဲမနက်ခင်းတောင်ပူစပြု။ အောက်ကသဲပြင်ကလဲပူ။ သောင်ပြင်မှတဲထိုးနေကြတဲ့မိသားစုလေးတွေမှာလဲအပူတွေစု။ ခရီးသွားကြမဲ့လူတွေရဲ့ရင်ထဲမှာလဲအပူတွေစု။ ကုန်ထမ်းနေကြတဲ့သူ သဲကျုံးတဲ့သူ ခေါင်းရွက်ဈေးသည်လေးတွေရဲ့ရင်ထဲမှာလဲ အပူတွေစု။ ဒါပေမယ့် အဲဒီနားက တဲစုလေးမှာနေကြတဲ့ကလေးတွေကတော့ နေပူပူမှာ အပူမရှိသလိုပျော်ပါး။ သူတို့လေးတွေမြင်တော့ ကျနော့်စိတ်တွေလဲပေါ့ပါးသွားသလိုလို။ ကဲ သူတို့နဲ့ရောပြီးအပျော်တွေခံစားလိုက်ကြရအောင်ပါ. ကိုပေါက်လမ်းသလားနေသည် 8-3-2013