အဝေးအနီးးးးးးးးးးးးးးးးးးးးးးးးးးးးးး       သခင်မတောင်လို့ အမည်တွင်တဲ့မယ်အုတောင်ပေါ်ကို အဖော်အပေါင်းတွေနဲ့ရောက်ခဲ့ပါတယ်။ ငယ်ငယ်ကတော့ပွဲတော်ကျင်းပတဲ့အချိန်မှာသာရောက်ခဲ့ဘူးတာပါ။ အဲဒီတုန်းကတော့ တောင်တက်သူတွေနဲ့စည်စည်ကားကား။ ပွဲတော်ချိန်ဆိုတော့ သရဖီပန်းရနံ့လေးများကလဲတသင်းသင်း။ အခုကျနော်ရောက်ချိန်ကတော့ တပို့တွဲလပြည့်ခါနီးအချိန်။ ရွက်ဟောင်းစွန့်လို့ရွက်သစ်လောင်းချိန်။ တစ်တောင်လုံးရွက်ကြွေတွေနဲ့ဖုံးလွှမ်းလို့နေပါတယ်။       တဖြည်းဖြည်းနဲ့တောင်ပေါ်ကိုတက်လာတဲ့အခါ ဟိုးအဝေးကမြင်ကွင်းတွေကိုမြင်လာရပါတယ်။ အမြင့်ကိုရောက်ချိန်မှာ ဘေးပါတ်ဝန်းကျင်ကိုတပြန့်တပြောကြီးမြင်ရတဲ့အရသာက ဘာနဲ့မှမတူပါဘူး။ နေ့စဉ်နဲ့အမျှ မွန်းကျပ်ဆူညံတဲ့ပါတ်ဝန်းကျင်ကနေ တိတ်ဆိတ်အေးချမ်းသော သန့်ရှင်းလွတ်လပ်သော နေရာဒေသကိုရောက်တဲ့အခါ စိတ်တွေကလဲ အလိုလိုအေးချမ်းလို့လာပါတယ်။ ဒီသခင်မတောင်ပေါ်ရောက်တော့ မြောက်ဘက်မှာ မိုးကုတ်မြို့ကိုသွားတဲ့လမ်းနဲ့တောင်ကြီးတစ်တောင်။ အနောက်ဘက်မှကတော့ ဂူဘုရားလေးနှစ်ဆူနဲ့တောင်ကတုံးတစ်ခု.။ အရှေ့ဘက်မှာတော့ရွှေရောင်ဝင်းနေတဲ့စေတီ.။။ တောင်ဘက်ခြမ်းမှာတော့ ကျနော်တို့လာခဲ့ကြတဲ့ ဖုန်ထူထူလမ်းကလေးနဲ့ လယ်ကွင်းပြင်တွေထန်းတောတွေ။ မြင်မြင်သမျှနေရာတွေကလွမ်းစရာ။                 အဝေးအနီးမြင်မြင်သမျှက အလွမ်းဓါတ်ကိုပံ့ပို့းပေးနေသလိုပါဘဲ။ တစ်ခေါက်လောက်အရောက်သွားကြည့်လိုက်ပါလား။   […]


             “မယ်တော်လေးပါးရှိရာ ဘုံကိုးဆင့်သို့” ကျောက်ခဲကြီးတွေကို စီထားတဲ့လမ်းကနေတောင်ပေါ်ကိုတက်ခဲ့ကြပါတယ်။ အရွက်ကြေတဲ့ရာသီဖြစ်လို့ တတောင်လုံးမှာ အရိုးပြိုင်းပြိုင်းသစ်ပင်တွေနဲ့ရွက်ကြွေတွေကိုဘဲမြင်နေရပါတယ်.။ တောင်တက်လမ်းတစ်လျောက်မှာအရိပ်မရှိ။ ထူးထူးခြားခြားဒီနေ့မှ ကံကောင်းထောက်မစွာနဲ့မိုးတွေအုံ့နေပါတယ်.။ အဲတော့ တောင်ပေါ်ကိုမမောမပန်းဘဲတက်နိုင်ခဲ့ပါတယ်။ လမ်းပြကလေးကိုဘယ်ထိသွားရမှာလဲလို့မေးတော့ အဝေးမှာရှိတဲ့တောင်ပေါ်စေတီကိုလက်ညှိုးထိုးပြပါတယ်။ ကျောက်စီလမ်းကလေးကသွားနေရင်းက အောက်ကိုဆင်းပြီးအပေါ်ပြန်တက်လိုက်တဲ့အခါမှာတော့ ဘေးနံရံသာရှိပြီးအမိုးအကာမရှိတဲ့ အဆောက်အဦထဲကိုရောက်သွားပါတယ်။ အဲဒီနေရာရောက်တော့ မြောက်ဘက်က မန်းလေးမိုးကုတ်သွားတဲ့လမ်းမကိုစီးမိုးလို့မြင်နေရပါတယ်။ အဝေးမှာတော့ တောင်ကုန်းကြီးတစ်ခုက မားမားမတ်မတ်။ လမ်းပြကလေးမလေး ပြတဲ့နေရာကိုကြည့်လိုက်တော့ ကျနော်တို့သွားမယ့်စေတီ။ မော့ကြည့်ရလောက်အောင်အတော်မြင့်မြင့်ထိ ထပ်တက်ရမယ်ဆိုတာသိလိုက်ပါတယ်။ ကျနော်နဲ့ပါလာတဲ့အဖော်တွေကတော့ တောင်ပေါ်ကိုအရင်တက်နှင့်ကြပါတယ်။ ကျနော်ကတော့ ထုံးစံအတိုင်း ဓါတ်ပုံရိုက်ရင်း ကျန်နေခဲ့ပါတယ်။ အားလုံးရောက်လို့လှမ်းခေါ်လို့ အပေါ်ဆက်တက်ခဲ့ရပါတယ်။         အပေါ်က နန်းထဲမှာတော့ နတ်ရုပ်ထု လေးခု။ ရှေ့ဆုံးက မရွှေအု ခေါ် တောင်တော်သခင်မ။ သူ့နောက်မှာတော့ အမေရေယာဉ် အမေဆည်ကတော် […]


မရွှေအုရဲ့ကျားရဲတွင်းသို့အဝင်   တစ်ရက်တော့မတွေ့တာကြာတဲ့ မိတ်ဆွေတစ်ယောက်က “အိမ်ပြန်ရောက်နေပြီရွာကို ဘယ်နေ့လာမလဲ”ဆိုပြီး တော့ ဖုန်းဆက်လာပါတယ်။ သူနေတဲ့ရွာကိုတော့ ကျနော်လဲတစ်ခါမှမရောက်ဘူးသေးပါဘူး။ သခင်မတောင်နားမှာလို့သိရပါတယ်။ သခင်မတောင်ကို မရောက်တာ အနှစ် ၂ဝနီးပါးဆိုတော့ ဘယ်လိုသွားရမယ်ဆိုတာခပ်မေ့မေ့။ အဲတော့ သွားလဲ သွားချင်နေတာနဲ့အကိုက်ဖြစ်သွားပါတယ်။ ဒါနဲ့ဘဲ အလုပ်ပိတ်ရက်မှာ ရုံးက ကလေးတွေနဲ့သွားမယ်လို့ စဉ်ထားလို်က်ပါတယ်။ သူတို့ရွာကိုဘယ်လိုလာရလဲလှမ်းမေးပေါ့။ “ကြာနီကန်ကျော်ရင် သခင်မတောင်ရောက်ရော သခင်မတောင်ဘေးကလမ်း အတိုင်းလာခဲ့၊ ပထမဆုံးတွေ့တဲ့လမ်းနှစ်မွှာရောက်ရင် တောင်ဘက်ကိုချိုးခဲ့ “အင်ကျယ်ရွာ “ကိုရောက်လာမယ်။ ရွာထဲဝင်ပြီဆိုတာနဲ့ ကျနော်နာမယ်ကို မေးလိုက်ရင်ရတယ်” @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ အလုပ်ပိတ်ရက်ရောက်တော့ မနက် ၈နာရီခွဲလောက်လူစုပြီးထွက်ခဲ့ကြပါတယ်။ မန်းလေးတောင်အနောက်ဘက်လမ်းကနေ မတ္တရာသွားတဲ့လမ်းတိုင်းလာခဲ့တာပေါ့။ ရွှေကျင်ဂိတ်အလွန် လမ်းအရှေ့ဘက်ခြမ်းမှာ နေကြာပန်းခင်းကြီးကိုတွေ့ပါတော့တယ်။ အဲဒီကနေဆက်လာလိုက်တာ ၈မိုင်ကျော်ကျော်လောက်သွားအပြီး ကြာနီကန်လမ်းခွဲကိုရောက်ပါတယ်။ ကြာနီကန်အဝင်ရောက်တော့  သူ့ဆီကိုလာနေပြိဆိုတဲ့အကြောင်းဖုန်းဆက်လိုက်ပါတယ်။ လမ်းခွဲရောက်တာနဲ့ အရှေ့ဘက်ကိုချိုးလိုက်တော့ မကြာခင်လေးမှာတင် ကြာနီကန်သုဿာန်ကိုရောက်ပါတယ်။ သုဿာန်လဲလွန်ရေ […]


“တစ်နှစ်တိတိစောင့်ခဲ့မိပါသည်……..သို့သော်” ကျနော်သူမကို တွေ့ရဘို့ ရက်နဲ့တွက်ရင် ၃၆၅ နာရီနဲ့ဆိုရင် X ၆၀ မိနစ်နဲ့ဆိုရင် ဆပွား စက္ကန့်နဲ့ပြန်တွက်ရင် အများ အများကြီးပေါ့။   မနှစ်ကဒီရာသီ ခရီးသွားရင်းနဲ့ ခပ်လှမ်းလှမ်း လမ်းဘေးတစ်နေရာမှာ ပန်းလေးတွေဝေနေတဲ့သူမကို အဝေးကအမှတ်မထင် လှမ်းမြင်မိတာကအစ နေ့စဉ်နဲ့အမျှ သတိရလို့နေမိသပေါ့ဗျာ။   အဲဒီနားကိုရောက်တိုင်းသူနဲ့များ ပြန်ဆုံအုံးမလားလို့ မျှော်လင့်ချက်တွေနဲ့ငေးအကြည့် ဘေးကပါလာတဲ့အကြောင်းသိနေသူက “သူက တစ်နှစ်မှတစ်ခေါက်ဘဲ ရောက်တာဗျ”လို့ ဆိုအလာ ရှက်ရှက်နဲ့ရီနေလိုက်ရပါတယ်။   စက္ကန့်များ မိနစ်များ နာရီများရက်များ ဆိုတာ တားလို့လဲမရ သူ့ဘာသူ အလိုလိုသွားနေတာကိုးဗျ။ တစ်နှစ်ဆိုတဲ့ကာလအတိ ပြည့်ပြိဆိုတာနဲ့ သူမနဲ့ဆုံဘူးတဲ့နေရာကို ကျနော်အရောက်…………………………….. မနှစ်ကနဲ့မတူ ပျိုမျစ်ခြင်းကင်း အိုမင်းနေတဲ့သူ့အဆင်း မြင်မြင်ခြင်းဘဲ ကျနော့်မှာ ဘာလွမ်းလို့လွမ်း ရမှန်းမသိ ဖြစ်မိပါတော့တယ်။     […]


“ချုပ်စေသင့်၏ မသင့်၏ သိမ်းစေသင့်၏မသင့်၏”     အခုတလော ဂျာနယ်ကောက်မကိုင်လိုက်နဲ့ ကိုင်လိုက်ပြီဆိုတာနဲ့ တွေ့ရမြင်ရတဲ့သတင်းတွေက စိတ်မချမ်းမြေ့စရာ။ ဟိုနားမှာ သပိတ်မှောက် ဒီနားမှာ ဆန္ဒဖော်ထုတ် စိတ်ရှုပ်စရာနဲ့ စိတ်မကောင်းစရာမြင်ကွင်းတွေ။ တစ်ခါ မြေအသိမ်းခံရလို့ လယ်အသိမ်းခံရလို့ အသနားခံစာတင်ရတဲ့သတင်းတွေ ဘဲဖတ်နေရတော့ အေးချမ်းသာယာဘို့ လိုသေးတယ်ဆိုတာ ကို ပြောပြနေသလိုပါဘဲ။ ဂျာနယ်တစ်စောင်မှာ ကျူးကျော်ဆိုပြီးမြေအသိမ်းခံရလို့ ငိုယိုပြီးတောင်းပန်နေတဲ့ ဓါတ်ပုံကိုမြင်ရတော့ ကျုပ် စိတ်ထဲမှာအတော်လေးမကောင်းပါဘူး။ ကိုယ်တိုင်လဲ လက်လွတ်ဆုံးရှုံးဘူးတော့ ကိုယ်ချင်းစာမိတာလဲ ပါသပေါ့။ သူတို့ဝယ်ထားတာ တရားဝင်တာ မဝင်တာအပထား ပိုင်ဆိုင်မူ့လေးတစ်ခု ပျောက်ဆုံးသွားတော့ စိတ်ထဲမှာ ထိခို်က်နာကျင်ရမှာကတော့အမှန်ပါဘဲ။ တရားမဝင်မှန်းသိပါရဲ့နဲ့ ဝယ်သူတွေမရှိသလို စည်းတွေဘောင်တွေကို ဥပဒေတွေကို နကန်းတစ်လုံးမှမသိဘဲ ဝယ်လိုက်တဲ့သူတွေလဲပါမှာတော့ ဧကန်မလွဲပါဘဲ။ ဒီလိုမြေယာ ပိုင်ဆိုင်မူ့နဲ့ပါတ်သက်ပြီး ကျုပ်တို့ လဲ လက်လွတ်ဆုံးရှုံးဘူးတော့ ဒီလိုအသံများကြားရင် […]


    နေရောင်ကိုကြိုလင့်နေတဲ့ အဝါရောင်နေကြာပန်းလေးများ(သို့မဟုတ်)မအိအတွက် နေသုံးနေ ကျနော်ကျောင်းသားဘဝက ကြည့်ရတဲ့ ရုပ်ရှင်ကားတစ်ကား ကိုအခုထိမှတ်မိလို့နေပါတယ်။ မင်းသမီးကတော့ ဆိုဖီယာလောရင့်ပါ။ စစ်အခြေခံဇာတ်လမ်းပေါ့။ ဇာတ်ကားနာမယ်က နေကြာပန်း ( sunflower) ဒီကားကို မြန်မာပြန်ပြီး စုံနံသာမြိုင်ဆိုတဲ့နာမယ်နဲ့ရိုက်ဘူးပါတယ်။ ဇာတ်လမ်းကတော့ စစ်အတွင်းကပျောက်ဆုံးသွားတဲ့ယောက်ျားကိုရှာပုံတော်ဖွင့်တာပေါ့ ကျနော်မှတ်မိနေတာကတော့ အဲဒီကားထဲမှာပါတဲ့နေကြာပန်းခင်းကြီးကိုပါဘဲ။ ဒါပေမယ့် ကျနော်မွေးရပ်မြေမန်းလေးမှာနေကြာခင်းဆိုတာမရှိ။ ရှမ်းပြည်ဘက်ရောက်ပြန်တော့လဲ နေကြာခင်းတွေမြင်ပေမယ့် ဓါတ်ပုံရိုက်ဘို့အခွင့်မသာ။ တစ်ခါ မန်းလေးမြို့သစ်ထဲက လယ်ကွင်းတစ်ခုမှာ နေကြာပန်းခင်းကိုမြင်ပေမယ့် ဓါတ်ပုံရိုက်မယ်အလုပ် သိပ်ရှုပ်တဲ့ခွေးတစ်အုပ်ကြောင့် လက်မဆော့ခဲ့ရ။ အဲဒီမှာရွာထဲက မအိက နေကြာပန်းခင်းကို တွေ့ရင်ဓါတ်ပုံရိုက်ဘို့ ပြောဘူးပါတယ်။ တစ်ရက်တော့ ကြာနီကန်ဘက်အသွား လမ်းဘေးမှာ နေကြာပန်းခင်းကြီးကိုမြင်ရပါတယ်။ အဲတော့ အပြေးအလွှားသွားပြီးလက်ဆော့လိုက်မှ စိတ်အဆာပြေသွားပါတယ်။ ရိုက်ထားတာအများကြီးဆိုတော့နောက်ရက်ဆက်ပြီး နေကြာပန်းတွေလာပါအုံးမယ်နော်။ ကိုပေါက်လမ်းသလားနေသည် 23-2-2013         […]


  “ပေါက်ပန်းပွင့်ပြီ”     ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ၈၄လမ်းအတိုင်း ဆိုင်ကယ်စီးလာလိုက်တာ ဘုရားကြီးစာတိုက်ကွေ့နားလေးလဲ လွန်ရော လမ်းပေါ်မှာ ပေါက်ပန်းပွင့်တွေကြွေနေတာမြင်ရပါတယ်။ အပေါ်မော့်ကြည့်လိုက်တော့ပေါက်ပန်းပွင့်တွေပွင့်နေလိုက်တာများအရွက်မမြင်ရသလောက်။ လှတော့လဲအတော်လေးလှပါတယ်။ မန္တလေးမြို့ထဲမှာကျနော်အမြဲသွားလာနေတဲ့နေရာလေးမှာ ပေါက်ပန်းပင်ရှိတဲ့နေရာက ၈၄လမ်းပေါ်က စာတိုက်ကွေ့နားမှာတစ်ပင်နဲ့ လမ်း၃ဝ ၈၄-၈၅ကြားမှာနှစ်ပင်ဘဲရှိပါတယ်။ ဒီပေါက်ပန်းက တပို့တွဲလမှာပွင့်တဲ့ပန်းပါ။ ဆောင်းအနှောင်းမှာ နွေအစမှာပွင့်တဲ့ပန်းပါ။ သူ့အပွင့်လေးတွေရဲ့အရောင်က သုံးဘီးကားရောင် ဒါမှမဟုတ်ပုစွန်ဆီရောင်ဖျော့ဖျော့။ ကြက်တူရွှေးနုတ်သီးနဲ့သူ့အပွင့်ပုံသဏ္ဍန်ကခပ်ဆင်ဆင်။ အရွက်က အစိမ်းရောင်၊ ပေါက်ပင်ပေါ်များ ကြက်တူရွေးနားနေရင်ခွဲခြားဘို့မလွယ်ပါဘူး။ ဒါကြောင့်မို့လို့လဲ “ပြည်နဲ့အရေးပေါက်နဲ့ ကျေး မင်းရေးသဖွယ်တိမ်တောင်ကျယ်”ရှေးကစာဆိုုရှိခဲ့တာပါ။                 ပေါက်ပန်းတွေလှိုင်လှိုင်ပွင့်တဲ့ဒီလိုအချိန်အခါရောက်ရင် ရန်ကုန်မန္တလေးလမ်းဟောင်း ပေါ်မှာ မြစ်ငယ်တံတားကိုလွန်ပြီဆိုတာနဲ့ပေါက်ပန်းပင်တွေကိုတွေ့ရတော့တာပါဘဲ။ လမ်းဘေးဝဲယာမှာ ပင်လုံးကျွတ်ရဲနေအောင်ပွင့်ကြတော့တာပေါ့။ ရာသီက မှုန်ရီရီ လမ်းဘေးက လက်ပံပင်တွေပေါက်ပင်တွေက အရွက်မဲ့ […]


                      “ဆောင်းအကြွင်း ရက်များက  မန်းလေး”     အခုရက်က ဆောင်းပြန်ပြေးတဲ့ရက်တွေပါဘဲ။ အဲတော့ မြူမှုန်တွေက ပိတ်ပိတ်ဆီးဆီးဆိုတော့ ပါတ်ဝန်းကျင်က မကြည်မလင်။ အထူးသဖြင့်နံက်ခင်းလေးတွေမှာ နေအလင်းရောက်လာပေမယ့် မူန်ရီဝေဝေ။ ဒီလိုနံနက်ခင်းလေးတစ်ခုမှာအလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုအသွား ကျုံးနံဘေးရောက်တဲ့အခါ မူန်ဝေဝေ မြင်ကွင်းကြားမှာ မြို့ရိုးနီညို ထန်းပင်ညိုတိုတို ရေပြင်စိမ်းစိမ်း ကောင်းကင်ပြာပြာ မှာ လက်ပံပင်လေးတစ်ပင်က မြိုရိုးနောက်ကတိုးထွက်နေတာမြင်လိုက်ရပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ကိုရပ်ပြီးလက်ဆော့ထားတာလေးကိုတင်ပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 16-2-2013  


  အချစ်ဇာတ်လမ်းလေးတစ်ပုဒ်     ကျမတို့ညီအမနှစ်ယောက်ရှိတာ အစကတော့အေးဆေးပါဘဲ။ ညီမဝမ်းကွဲလေးတွေတော့ရှိသပေါ့။ တစ်ရက်တော့ အငယ်မ ကိုလာရစ်နေတဲ့သူှရှိလာတယ်။ အငယ်မကလဲ မဆွတ်ခင်က ညွှတ်ချင်ချင် ကျမကတော့ မကန့်ကွက်ပါဘူး ကိုယ့်သဘောကိုယ်ဆောင်။ အစကတော့အပေးအယူမျှမျှနဲ့ ပျော်လို့ရွှင်လို့။ နောက်အဆုံးမတော့ သူဘဲ ပွင့်ဦးကြွေလို့ကျန်ခဲ့ရတာ။ သိတော့လွန်ကုန်ပြိလေ။ ကျမကတော့အပူမရှာမိတော့  အရင်အတိုင်းပါဘဲတော်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 12-2-2013   အချစ်ဇာတ်လမ်းလေးတစ်ပုဒ်     ကျမတို့ညီအမနှစ်ယောက်ရှိတာ အစကတော့အေးဆေးပါဘဲ။ ညီမဝမ်းကွဲလေးတွေတော့ရှိသပေါ့။ တစ်ရက်တော့ အငယ်မ ကိုလာရစ်နေတဲ့သူှရှိလာတယ်။ အငယ်မကလဲ မဆွတ်ခင်က ညွှတ်ချင်ချင် ကျမကတော့ မကန့်ကွက်ပါဘူး ကိုယ့်သဘောကိုယ်ဆောင်။ အစကတော့အပေးအယူမျှမျှနဲ့ ပျော်လို့ရွှင်လို့။ နောက်အဆုံးမတော့ သူဘဲ ပွင့်ဦးကြွေလို့ကျန်ခဲ့ရတာ။ သိတော့လွန်ကုန်ပြိလေ။ ကျမကတော့အပူမရှာမိတော့  အရင်အတိုင်းပါဘဲတော်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 12-2-2013   […]


      အနိုင်ကျင့်ခံရခြင်း ကျမတို့ညီမတစ်တွေ အေးအေးချမ်းချမ်းလေးနေခဲ့ကြတာပါ။. တစ်ရက်တော့ သူတို့ညီအကိုတစ်တွေရောက်လာကြတယ်။ ကျမတို့ကတော့ခပ်ကင်းကင်းနေချင်ကြတာပါ။ ဒါပေမယ့်အမေက သူတို့ဘက်ခပ်ပါပါ။ လက်ခံလိုက်ပါလို့ပြောတော့ အမေ့စကားကို မပယ်ချင်တော့ မချစ်သော်လည်းအောင့်ကာနမ်းပေါ့။ သူကလဲ အမေက လိုက်လျောက်မှန်းသိတော့ စိတ်ညစ်စရာကောင်းလောက်အောင်ကိုအခွင့်အရေးတွေယူတာပါဘဲ။ ကျမတို့ပိုင်ဆိုင်တဲ့နေရာကို ဟိုဝင်ဒီထွက်ယောက်ယက်တွေခပ်ပြီး ဖလမ်းဖလမ်းထနေတာ အမြင်ကပ်စရာ။ အမေကတော့ သဘောတွေကျလို့။ ကျမတို့ကတော့ အနိုင်ကျင့်ခံရတယ်ထင်မိတာပါဘဲ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 13-2-2013          


“မူန်ရီဝေဝေ မန္တလေး”   ဆောင်းအဆင်း နှင်းကြွင်းကမူန်ရီရီ။ ညိုနီနီ နန်းမြို့ရိုး ရယ်ကြောင့် လွမ်းစိတ်က ဝေစီ။ ဟန်ချီချီ လာပြန်ပြီ လက်ပံနီတွေက ပေးပြန်သည်ဒီအလွမ်းရယ်နဲ့ နန်းတစ်ခို အလွမ်းပိုအောင် ထန်ုးညိုညို ညီနောင်အစုရယ်က စိမ်းပြာလဲ့ ရေပြင်ဆီ ပြေးဝင်ခစား တားမရပါ အလွမ်းဆာ ငါ့ရဲ့စိတ်တွေက ဝေးးးးးးးးးကာလ ဟို အတိတ်ဆီကို မနှေးအမြန် အပြေးပြန်လို့သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး   ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ။   16-2-2013


                                               နှစ်ပေါင်း ၁၅ဝ ရှိတဲ့ မန်းလေးမြို့က ကွမ်ရင်မယ်တော်ကျောင်း   ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ရှိတော့ လမ်း ၃ဝ ၈၂-၈၃လမ်းကြားမှာရှိတဲ့ ဖူ့ကျင်းကွမ်းရင် ဗုဒ္ဓဘာသာ ကွမ်ရင်မယ်တော်ကျောင်းကိုရောက်ခဲ့ပါတယ်။ ရင်းနှီးနေတဲ့ဘုရားလူကြိးတွေနဲ့စကားပြောကြည့်တော့ဒီကွမ်ရင်မယ်တော်ဆင်းတုက ဒီနှစ်ပေါင်းတစ်ရာငါးဆယ် သက်တမ်းရှိပြီဆိုတာသိရတော့ အတော်လေးရှေးကျတယ်လိုု့ဆိုနို်င်ပါတယ်။ နောက်တစ်ချက်က အတော်လေးအချုိုးအစားကျနလို့ သပ္ပါယ်လှပါတယ်။   ဟိုအရင်က တရုပ်နှစ်သစ်ကူးရက်များမှာ အလွန်စည်ကားခဲ့တဲ့ကျောင်းလဲဖြစ်ပါတယ်။ အဲလိုပွဲတော်ရက်များမှာ စာပွဲတင်တင်းနစ် နဲ့ဘတ်စကက်ဘောပြိုင်ပွဲများက အတော်လေး အဆင့်မီတဲ့ အားကစားသမားတွေကို ပေါ်ထွက်စေခဲ့တာလဲ အမှန်ပါဘဲ။ နေသူရိန်ဝင်းမီးနဲ့ ဦးကျားကြီးမီးဘေးတုံးကကျောင်းပါတ်ပါတ်လည်က အိမ်များနဲ့ ကျောင်းဝင်းထဲက အဆောင်အချို့ မီးဘေးသင့်ပေမယ့် ပင်မ ဆောင်ကတော့လွတ်ခဲ့ပါတယ်။ ဒီကျောင်းဝင်းထဲမှာ တရုပ်ဘာသာစကားသင်ကြားပေးတဲ့ သင်တန်းများလဲရှိပါတယ်။ လူမျိုးမရွေးဘာသာမရွေး တက်ရောက်နိုင်တာလဲအမှန်ပါဘဲ။             […]


“တစ်နည်းအားဖြင့်  ခရီးသွားကြတဲ့ မိဘ လုပ်သားပြည်သူများခင်ဗျားးးးးးးးးးးးးးးးးးးး”         ၁၉၈၃ခုနစ်ဖေဖော်ဝါရီလ က စလို့ရန်ကုန်ကို ကျနော်မရောက်ခဲ့တာ ၂၀၁၁ခုနှစ် ဇူလိုင်လ ရောက်မှဘဲရန်ကုန်ရောက်ခွင့်ကြုံခဲ့ပါတယ်။ အပွင့်လင်းဆုံးပြောရရင်တော့ အဲကွန်းဘတ်စ် ဆိုသဟာကြီးကို အဲဒီတော့ မှ စစီးဘူးတာပါဘဲ။ တစ်ညလုံးလေအေးတွေလွှတ်ထားပြီး မောင်းတဲ့ကားပေါ်မှာ စောင်ခြုံပြီးလိုက်ရတော့တာပါဘဲ။ ဒါတောင် ကျနော်ရုံးက ကလေးတွေက “လေးလေး စောင်ထည့်သွားနော်”လို့ပြောလို့ပါ။ နို့မဟုတ်ရင်တော့ ခရီးသွားရင် ဘာမှ မသယ်ချင်တဲ့ကျနော်တစ်ယောက် အေးစိမ့်နေတဲ့ကားပေါ်မှာ  အတော်လေး ဒုက္ခရောက်မှာသေချာပါတယ်။ ၂၀၁၂ခုနှစ်ရဲ့နောက်ဆုံးရက်မှာ မင်္ဂလာဆောင်ပွဲတစ်ခုတက်စရာရှိတော့ ခါတိုင်းလိုဘဲ ကားနဲ သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်ရန်ကုန်သွားမှာကို သိတဲ့ သူငယ်ချင်း တစ်ယောက်က ဖုန်းလှမ်းဆက်ပါတယ်။ “ခိုင်မန္တလေး”နဲ့လိုက်ပါလား ကားအသစ် ပရိုမိုးရှင်းလဲရှိတယ် လို့ပြောပေမယ့် ကျနော်က လက်မှတ်ဝယ်ပြီးပါပြီ။ လက်မှတ်တစ်စောင် ၁၃၈၀ဝကျပ်။ ပုံမှန်ကားကား […]