“အဝေးကစေတီ”(မြောက်ဥက္ကလာပ)     ကျနော်ရန်ကုန်ရောက်တိုင်း အောင်မင်္ဂလာကားဝင်းကနေတည်းတဲ့အိမ်ကိုတဲ့အခါ ကုန်းကျော်တံတားကွေးကွေး ကြီးနားရောက်ရင်မြင်ရတဲ့ စေတီဖြူဖြူကြီးတစ်ခုရှိပါတယ်။ မြင့်လဲ အတော်မြင့်သလို ပုဂံခေတ်က စေတီနဲ့ပုံစံတူပါတယ်။ စွယ်တော်ဘက်လမ်းလျောက်ရင်လဲ ဒီဘုရားကိုမြင်ရပါတယ်။ ကျနော်အတော်လေးလဲစိတ်ဝင်စားပါတယ်။ အဲဒီဘုရားအမြင့်ကသာ တက်ကြည့်ရရင် အတော်ဝေးဝေးထိမြင်ရမယ်လို့ထင်မိလို့ပါ။ ရန်ကုန်သာ တစ်နှစ်တစ်ခေါက်ရောက်ပေမယ့် မဝင်ဖြစ်ခဲ့ပါဘူး။       2013 နှစ်ဆန်းမှာရန်ကုန်ကို တစ်ခေါက်ထပ်ရောက်ပါတယ်။ တိုက်ဆိုင်စွာ 2012 ရော 2013 ပါ ဇန်နဝါရီလဆန်းရဲ့ပထမအပါတ်မှာ ရန်ကုန်ကိုရောက်နေတာဘဲဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်ရက် မယ်လမုဘက်ကို လမ်းလျောက်ရင်းထွက်လာခဲ့ပါတယ်။ မယ်လမုဘုရားမှာ ဓါတ်ပုံရိုက်ပြီးပြန်အထွက်အဲဒီဘုရားကိုလှမ်းမြင်နေရပါတယ်။ အဲဒီကိုသွားမယ်ဆိုပြီး လမ်းအနောက်ဘက်ကူး။ သံလမ်းကိုကျော်ပြီး ဘယ်လိုသွားရမလဲ လို့ အဲဒီနားမှာနေသူကိုမေးကြည့်တော့ အတော်လေးဝေးတယ်ပြောပါတယ်။ နောက်ရပ်ကွက်တွေထဲဖြတ်သွားရင်မျက်စေ့လည်မယ်ပြောပါတယ်။ ဒါနဲ့ဘဲ မချင့်မရဲနဲ့ပြန်လာခဲ့ပါတယ်။     6-1-2013နေ့မနက် […]


“ငါးတို့ပျော်ရာ ရေကန်သာ(တုံမမနောက်ကလိုက်ခြင်း)” ရန်ကုန်ရောက်တဲ့ရက်မှာဘဲ Mလုလင်နဲ့အရင်ဆုံးတွေ့ပါတယ်။ နောက်တော့ ရန်ကုန်မှာကိုပေါက်အကြွေးရှင်နဲ့တွေ့ဘို့စီစဉ်ရပါတယ်။ ကျနော့်အကြွေးရှင်က ကျနော်တို့ရဲ့ငှက္ကဌကြီး ဦးပါ ပေါ့။ သူနဲ့တွေ့ ပြီး သူဧည့်ခံတဲ့ထမင်းတွေစား ကော်ကော်တွေသောက် တစ်ခါမှ မရောက်ဘူးတဲ့ ဆိုင်လေးမှာပေါ့။ နောက်တော့ တော်ကီတွေ အားရအောင်ပွားပြီး ပြန်ခဲ့ကြပါတယ်။     နေ့လည်ပိုင်းနေကပူတော့ ဓါတ်ပုံရိုက်ဘို့နေရာ စဉ်းစားမရဖြစ်နေပြန်ပါတယ်။ ဆောင်းပေမယ့် မန်းလေးထက်ပူတဲ့ရန်ကုန်ဖြစ်နေပါတယ်။ အဲဒါနဲ့ ဟိုတလောကမှ ကျနော်တို့ရွာသူ တုံမမ တင်ထားတဲ့ကမ္ဘာအေး ငါးကန်ကိုသတိရသွားပါတယ်။ ဒါနဲ့ဘဲ ဆူးလေကနေ ကမ္ဘာအေးကို ပြေးကြပါတယ်။ ကမ္ဘာအေးဝင်းထဲရောက်တော့ ငါးကန်နေရာကိုလိုက်ရှာကြပါတယ်။ ဟိုမေးဒီမေး ဟိုမှားဝင်ဒီမှားဝင်နဲ့ဘဲ ငါးကန်နားကိုရောက်သွားပါတယ်။ ကင်မရာတစ်လုံးနဲ့ဟိုချိန်ဒီချိန်ဆိုတော့ လန့်တဲ့အတွဲတွေလန့်ပေမယ့် ကဲတဲ့အတွဲက တော့ ခပ်ကဲကဲပါဘဲ။     ကန်စပ်နားရောက်တော့ နေရောင်က အနောက်ဖက်ကထိုးနေတော့ ဓါတ်ပုံရိုက်ဘို့ ခက်ပါတယ်။ […]


  “စွယ်တော်ရဲ့စွယ်တော်”   ကျနော်တည်းတဲ့အိမ်က ရန်ကုန်က စွယ်တော်စေတီနဲ့နီးပါတယ်။ အိမ်က ကုန်းကျော်တံတားအောက်မှာပါ၊ မနက်စောစောအိပ်ယာထ တံတားပေါ်တက်။ စွယ်တော်ဘက်ကို လမ်းလျှောက်ထွက်ပါတယ်။ ဘုရားနားရောက်တော့ အလင်းမလာမီ မှောင်မဲမဲ လ တောင်မဝင်သေးပါဘူး။ ဒါနဲ့ဘုရားနဲ့တွဲ့ပြီးဓါတ်ပုံလေးရိုက်ထားပါတယ်။ အများအားဖြင့် တော့ စွယ်တော်ဘုရားအရှေ့ဘက်ကနေပါတ်ပြီးကန်ဘက်ကိုသွားပါတယ်။ ပြန်လာရင်ဘုရားထဲဝင်ပြီး တစ်ပါတ် ပါတ်ပါတယ်။ ခါတိုင်းလိုဘဲရင်ပြင်တော်ပေါ်တက်ပြီး ဓါတ်ပုံရို်က်ရင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ ဘုရားစောင့်တဲ့ လုံခြုံရေး က ဒီပေါ်မှာ လေ့ကျင့်ခန်းမလုပ်ရလို့ပြောတာနဲ့အောက်ဆင်းပြီး လေ့ကျင့်ခန်းလုပ်ပေါ့။               ခဏနေတော့ရောင်နီတက်လာတဲ့အခါ ကြည်နူးစရာပုံတွေကိုရပါတယ်။ အပြန်လမ်းမှာတော့ မရမ်းရောင်စွယ်တော်ပွင့်လေးတွေကို မြင်မိတေ့ ဓါတ်ပုံရိုက်မိပြန်ပါတယ်။ ဒီတစ်ခါတော့ စွယ်တော်ဘုရားအသွားမှာမြင်ရခဲ့တဲ့စွယ်တော်ပန်းလေးတွေက လှပ။   ကိုပေါက်လမ်းသလားနေသည် မဟာရန်ကုန် (16-1-2013)   […]


“လေးဆူဓါတ်ပုံရွှေတိဂုံကိုဆောင်းနံနက်ခင်းမှာဖူးမြင်ရခြင်း”     ကန်တော်ကြီးကထွက်လာတော့လမ်းမလျောက်ချင်တာနဲ့တက္ကဆီငှားလိုက်ပါတယ်။ ဓါတ်လှေကားနားအရောက် တစ်ထောင်။ ဝင်ခါနီးမှာ၂၀ဝကျပ်ကိုအဆင်သင့်ထုတ်ထားလိုက်ပါတယ်။ ဂိတ်ဝင်ကြေးပေးဘို့။ ဓါတ်လှေကားနားရောက်တော့ အသင့်ယူလာတဲ့ ပလပ်စတစ်အိတ်လေးထုတ်ပြီးဖိနပ်ထည့်။ ယူမလာရင် တစ်အိတ်ငါးဆယ် ထပ်ကုန်မယ်လေ။ ဒါနဲ့ဘဲဓါတ်လှေကားထဲဝင် အထွက်ရောက်တော့ ပန်းရောင်းနေသူတွေကိုတို့ဝှေ့လို့ထွက် ဓါတ်လှေကားအသုံးပြုတဲ့အတွက် အလှူငွေထည့်ပြီး  ရင်ပြင်တော်ပေါ်ကိုရောက်လာပါတယ်။ မနက်စောစောပေမယ့် ဘုရားဖူးတွေနဲ့စည်ကားနေပါတယ်။         မဒမ်ပေါက်က လူနည်းနည်းရှင်းတဲ့ဇရပ်တစ်ဆောင်မှာ ဘုရားဝတ်ပြုနေတုန်း ကျနော်ကတော့ လက်ဆော့ဘို့ရင်ပြင်ပေါ်မှာလမ်းသလားပါတယ်။ ရောက်တိုင်းရိုက်နေကျ ထန်းပင်နဲ့စေတီကိုရိုက်ပါတယ်။ ရင်ပြင်ပေါ်မှာကျနော်လို့ဘဲ လက်ဆော့နေသူရှိတယ်။   မြန်မာဝတ်စုံလေးနဲ့နိုင်ငံခြားသူလေးကိုတွေ့တယ်။ နံနက်စောစောအလုပ်မသွားခင်ဘုရားလာပြီးဆီမီးပူဇော်သူရှိတယ်။ အဝေးက ဘုရားဖူးသူတွေရှိတယ်။ မပြောင်းမလဲ အိန္ဒြေကြီးစွာနဲ့သပ္ပါယ်လွန်းတဲ့ရွှေစေတီရှိတယ်။     ကြောက်စရာကောင်းတဲ့ဘီလူးရုပ်ကြီးနားမှာ ဆီမီးအမွှေးတိုင်ပူဇော်ထားတာရှိတယ်။ ကျနော် မဒမ်ပေါက်နားရောက်တော့ အစာတောင်းပြီးနားနေတဲ့ကျီးကန်းနှစ်ကောင်တွေ့တယ်။ ဒါပေမယ့် ကျနော်က တော့ ပျောက်ဆုံးနေသလိုလို။     […]


“ညည်းတို့ပိုက်ဆံတွေဘယ်ရောက်ကုန်လဲအေ့”     တစ်ရက်မဒမ်ပေါက်ဈေးသွားမယ်ဆိုတော့ ဈေးလိုက်ပို့ပေးရပါတယ်။ အဲတော့သူဈေးဝယ်နေတုန်း ကျနော်က ဈေးအပြင်ဘက် နားကအရိပ်ရတဲ့ ဗာဒံပင်လေးအောက်ကနေစောင့်ပါတယ်။ ဘေးဘက်မှာတော့ လက်ဖက်ရည်ဆိုင်အကြီးကြီး။ ဆိုင်ကတော့ သိပ်ကြီးကြီးမားမား မဟုတ်ပေမယ့် ဈေးနားကဆိုင်ဆိုတော့စည်ပါတယ်။ ဒီတော့ ဆိုင်ရှေ့မှာ ဆိုင်ကယ်တွေ စက်ဘီးတွေရှုပ်ယှက်ခပ်လို့နေတတ်ပါတယ်။ ကျနော်ရပ်စောင့်တဲ့ နေရာလေးနားမှာ ထီးတွေသော့တွေပြင်တဲ့ဆိုင်လေးရယ်၊ဘုရားပန်းဆိုင်လေးရယ်၊ ငှက်ပျောသီးကြော်ရောင်းတဲ့ဆိုင်လေးရယ်ရှိပါတယ်။ နောက်ပြီး တံမျက်စည်းတွေ သံပုံးတွေ မီးဖိုတွေရောင်းတဲ့ဆိုင်လေးလဲရှိပါတယ်။ အဲဒီဆိုင်လေးတွေက သူတို့ဆိုင်ရှေ့ရပ်ရင် သိပ်မကြိုက်ပါဘူး။ ကွယ်နေရင်ဈေးဝယ်မဝင်မှာစိုးလို့ပါ။ ရပ်စရာနေရာကလဲ မရှိပြန်တော့ ဟိုနားရပ် ဒီနားရွှေ့နဲ့ဈေးစောင့်ရပါတယ်။ အဲလိုကျနော်စောင့်နေတုန်း “ဦးလေးဆိုင်ကယ် ဟိုးဘက်နားရွှေ့ပေး”ဆိုတဲ့အမိန့်ပေးတာလိုလို ပြောလာတာကြားရတော့ လေသံကို မကျေနပ်ပေမယ့် မလှမ်းမကမ်းကို ရွှေ့ပေးလိုက်ရပါတယ်။   ခဏနေတော့ ကလစ်ဆိုင်ကယ်လေးတစ်စီးက ကျနော်ဖယ်တဲ့နေရာမှာရွှပ်ကနဲဝင်ရပ်လိုက်ပါတယ်။ ဆိုင်ကယ်မောင်းလာတဲ့ကောင်လေးက အသက်နှစ်ဆယ်စွန်းစွန်းအရွယ်။ အရိုးခေါင်းတွေပုံပါတဲ့ အနက်ရောင်တီရှပ် လက်မှာက တက်တူးရောင်စုံ။ ကောင်လေးခါးကို […]


  “ဆောင်းနံနက်ခင်း ကန်တော်ကြီး အရင်အခေါက်တွေတုံးက ရန်ကုန်ကိုရောက်တာနဲ ့မနက်စောစောထ ရွှေတိဂုံတက် ပြီးရင်ကန်တော်ကြိးမှာလမ်းလျောက်ပေါ့။ မနက်စောစောထရပြီးရွှေတိဂုံသွားရင် ဘတ်စကားနဲ့သွားတော့ သက်သာလို့ပါ။ နေမြင့်ရင် ဘတ်စကား မစီးရဲပါဘူး။ ကျနော်ရုပ်က တောသားရုပ် အိတ်ကြီးလဲပါသေးတော့ ခါးပိုက်နိူက်ခံရမှာကြောက်ပါတယ်။ ဒီတော့ စောရင် ဘတ်စကားနဲ့ဒိုး နေမြင့်ရင် တက္ကဆီနဲ့သွားပေါ့။ ဘုရားသွားရင် မဒမ်ပေါက်ပါ ခေါ်သွားလေ့ရှိပါတယ်။     ဒီတစ်ခေါက် အတော်နဲ့ဘုရားကိုမသွားဖြစ်ပါဘူး။ 6-1-2013နေ့မနက် မှာ သွားဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ဘတ်စကားစီး ပြီး ရွှေတိဂုံမှတ်တိုင်မှာဆင်း။ ကန်တော်ကြီးထဲဝင်လမ်းလျောက် ။ ကျနော်က လမ်းလျောက်ရင်းလက်ဆော့၊ ဒီတစ်ခေါက်ကတော့ ကြာပင်တွေမတွေ့ရတော့ပါဘူး။ ဆောင်းရက်ဖြစ်တော့လမ်းလျောက်သူလဲများပါတယ်၊ ကြမ်းခင်းတွေက သံပြုတ်တဲ့နေရာကပြုတ်နေပါတယ်။ ကျနော်လမ်းလျောက်လို့တံတားအလယ်လောက်အရောက်နေရောင်လေးစထွက်လာပါတယ်။ အင်မတန်မှလှပတဲ့မြင်ကွင်းလေးလို့ခံစားမိပါတယ်။ ဟိုးတစ်ခါက တော့ ရွာသူတစ်ယောက်ကပြောဘူးပါတယ်။ “ ရန်ကုန်ကန်တော်ကြီးက ပိုလှတယ်  “တဲ့။ […]


                ဆောင်းနံနက်ခင်း မန်းလေးနန်းမြို့ရိုး       ဒီနေ့မနက် နည်းနည်းအအေးပေါ့ပါတယ်။ အခုရက်အေးတယ်ဆိုပြီးလမ်းမလျောက်တော့ အချိန်တွေပိုနေပါတယ်။ အဲတော့ ကျုံးနံဘေးဘက်ကို ဆိုင်ကယ်ခြေဆန့်လိုက်မိပါတယ်။ မနက် 7:30လောက်ဆိုတော့ ကျုံးပေါ်ကိုနေရောင်နုနုလေးခနေတာတွေ့ရပါတယ်။ နေရောင်လင်းလက်စ မြူမှုန်ဝေ့ဝဲစဆိုတော့ နန်းမြို့ရိုးက တစ်မျုးိလှနေသလိုပါဘဲ။ ကျနော်ရောက်နေတာက ၂၆ဘီလမ်းနဲ့လမ်း၈ဝဆုံတဲ့ ကျုံးအနောက်တောင်ဒေါင့်မှာပါ။ အဲနားရောက်တော့ ဆိုင်ကယ်လမ်းဘေးရပ် ဇက်သော့ခပ်။ လက်ဆော့ဘို့ ပလက်ဖောင်းပေါ်ခုန်တက်ပြီးတဲ့အခါမှာ ဒီပုံလေးတွေကိုရလိုက်တာပါဘဲ။ ဓါတ်ပုံရိုက်လို့မှအားမရခင် အလုပ်က ဖုန်းဆက်ခေါ်တော့ လက်စသပ်ပြီးပြေးရတော့ ပုံများများတော့ မရိုက်ဖြစ်လိုက်ပါဘူးဗျို့။       ကိုပေါက်လမ်းသလားနေသည်-ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 16-1-2012        


  “အလင်းပက်စ…….ရန်ကုန်..လှချက်က ကမ်းကုန်“     ရန်ကုန်ရောက်ပြီးနောက်တစ်ရက်မှာလဲ မနက်လမ်းလျောက်ထွက်ခဲ့ပါတယ်။ ဝေဇယန္တာလမ်းနံဘေးက မြန်မာအသံဝင်းကြီးထဲမှာ မြူတွေအငွေ့ထလို့နေတာ လှပလွန်းပါတယ်။ ဒါပေမယ့် အဲဒီအထဲကိုဝင်လို့မရပါဘူး။ မနက်ငါးနာရီခွဲကျော်ကျော်ရောက်တော့ ရောင်နီလေးတွေတက်လို့လာပါတယ်။ ပန်းရောင် အပြာနုရောင်ရောယှက်နေတဲ့ နံနက်ခင်းအလင်းစက်များကြောင့် ကောင်းကင်ကြီးမြင်ရတာ ရောင်စုံပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပါဘဲ။ ဆောင်းပေမယ့် ရွက်ကြွေတွေမြေခနေလို့ ရိုးတံပြိုင်းပြိုင်းဖြစ်နေတဲ့ သစ်ပင်တွေကလဲ ရောင်စုံအလင်းကြောင့်ပိုလှပနေသလိုလို။ လမ်းလျောက်လာရင်းက ပါရမီလမ်းက ကန်စွန်းခင်းများအနေားရောက်တော့ ချောင်းသေးသေးလေးမှာ မြူငွေ့တွေထနေတာရယ် အလင်းရောင်နီက လဲ အနီဘက်ကို သန်းလာတာရယ်ကြောင့် မြင်ရတာ စိတ်အေးချမ်းလှပါတယ်.။ အဲဒီကနေလျောက်လာရင်း ဂန္တမာ ဂေါက်ကွင်းဘက်ကြည့်လိုက်တော့ မြက်ခင်းများမှာမြူငွေ့တွေထနေတာကိုမြင်တော့ ခပ်တည်တည်ဘဲ အထဲဝင်သွားပြီး လက်ဆော့ပါတယ၊်။ အားရပါးရလက်ဆော့ ပြီးအပြင်ပြန်ထွက်လာမှ အဝင်တုံးက မမြင်လိုက်တဲ့ ခွေးမိုက်ကယ် တစ်အုပ်က မာန်ဖီပြီးအ သံတွေပေးတာ မြင်မှ အတော်လေးလန့်သွားပါတယ်.။ ဒါပေမယ့် အဲဒီနားမှာနေသူတွေက […]


    “ရန်ကုန်ရောက်စ……………နံနက်ခင်း” ၂၀၁၂ ခုနှစ်ကို နုတ်ဆက်ဘို့ တစ်ရက်အလို မှာ ရန်ကုန်မြို့ကိုရောက်လာခဲ့ပါတယ်။ အောင်မင်္ဂလာအဝေးပြေးကွင်းကနေ တည်းအိမ်ရောက်တော့ မနက်ခြောက်နာရီ။ အိမ်နောက်ဘက်က ခြုံပုတ်လေးများအနားမှာ မြူတွေ့ဝေ့ဝေ့ ဆိုင်းဆိုင်း။ အိမ်ထဲဝင်အထုပ်အပိုးတွေချ အဝတ်လဲ ပြီး လမ်းလျောက်ထွက်ခဲ့ပါတယ်။ ကျနော်တည်းတဲ့နေရာက မြောက်ဥက္ကာလာပအစ နဝဒေး ကုန်းကျော်တံတားနားမှာပါ။ လမ်းလျောက်လို့သိပ်မကြာခင် နေရောက်လေးက ဖျပ်ကနဲထွက်လာတော့ နှင်းကွဲသွားပါတယ်။ ဒါနဲ့ဘဲ ဝေဇယန္တာ လမ်းမကြီးအတိုင်း တောင်ဘက်ကိုလျောက်လာခဲ့ပါတယ်။ ဒီလို ဆောင်းနေရောင်နဲ့ဆိုရင် ဂန္တမာကုန်တိုက်ကြီးရဲ့ တောင်ဘက် မှာရှိတဲ့ဂေါက်ကွင်းနားကသစ်ပင်ကြားမှာ အလင်းတန်းတွေ ကို ဖမ်းဆုပ်နိုင်မယ်လို့ ထင်မိလို့ပါ။ နောက်အဲဒီဂေါက်ကွင်းနဲ့ မျက်နှာခြင်းဆိုင်မှာရှိနေတဲ့ မြန်မာအသံဝင်းကြီးရဲ့ အုဌ်တံတိုင်းနံဘေးက ကန်စွန်း ခင်းကြီးမှာ နှင်းတွေဝေ့နေတတ်လို့ပါ။ တကယ်ရောက်တော့လဲ မြင်ရတဲ့ မြင်ကွင်းက တကယ်ကိုလှပါ ပေရဲ့ ။   […]


မန်းလေးဂေဇက်ဆိုက်မှာ သီချင်းမတင်ရဆိုတဲ့အတွက် ဒီထဲကပါတဲ့ သီချင်းတွေကို ဖျက်ထားပါတယ်။ နောက်မသိတဲ့လူများ တင်မိမှာစိုးလို့ပါ။


“ဘိုသော့ကို ခပ်သော့သော့လေးလွမ်းလိုက်တဲ့ စိန်အလွမ်း “   (၁၁-၁-၁၃)နေ့က ဥပုဒ်နေ့ဖြစ်တော့ ကျနော်အလုပ်ပိတ်ပါတယ်။ မနက်ပိုင်းမှာအောင်ပင်လယ်ဘက်ရောက်သွားပါတယ်။ မြူတွေမူန်နေတာရယ် စပါးပင်တွေရိတ်သိမ်းပြီးကာစဆိုတော့ ရိုးပြတ်တွေဘဲကျန်နေတော့ မြင်ကွင်းကမလှ။ ဒါနဲ့ဘဲ ဆိုင်ကယ်ပါတ်စီးပြန်လာခဲ့ပါတယ်။ ပုံလဲ သိပ်မရိုက်ဖြစ်ပါဘူူး။ နေ့လည်ပိုင်းရောက်တော့ ရွာထဲက ဆေးဆရာကြီးနဲ့လက်ဖက်ရည်သောက်ဘို့ချိန်းလိုက်ပါတယ်။ သူနဲ့ချိန်းတာစောသေးတယ်ဆိုပြီး အင်တာနက်ဆိုင်ဝင်ပြီး ဖေစ်ဘုတ်မှာပုံတွေတင်ပါတယ်။ အတော်ကြီးကြာမှ ချိန်းထားတာကို သတိရပြီး လှမ်းဖုန်းဆက်ကြည်တော့ရောက်နေတာကြာပြီ ဆိုတာနဲ့ကမန်းကတန်းထပြေးရပါတယ်.။ လေးနာရီထိုးတော့ ဆရာကြီးနဲ့လမ်းခွဲလို့ပြန်လာတဲ့အချိန် ဆောင်းနေအကျလေးက လှနေပါတယ်။ ဒါနဲ့ဘဲ အိမ်မပြန်သေးဘဲရှမ်းလေးကျွန်းဘက်ထွက် ကန်ပါတ်လမ်းကိုသွားပြီး မင်းဝံတောင်ကြီးကို အလျားလိုက်မြင်နေရတဲ့ နေရာကနေထိုင်ပြီး နေအဝင်ကိုစောင့်နေမိပါတယ်.။ အဲလိုတစ်ယောက်ထဲမြက်ခင်းပေါ်ထိုင်နေရင်း ရွာကို စွန့်ခွာသွားတာကြာတဲ့ ရွာ့ ဓါတ်ပုံဆရာကြီး Diamond Key (ခ)ကိုစိန်သော့ (ခ) ဘိုသော့ ကို သတိရမိပါတယ်။   ဘိုသော့နဲ့ကျနော်မန်းလေးတစ်မြို့ထဲမှာနေပေမယ့် မသိကြပါဘူး.။ အမှတ်ရစရာအကြောင်းတစ်ခုကတော့ […]


                “အမှတ်တမဲ့ မှ အမှတ်တရ”     အခုတစ်လောမှာ ခရီးသွားရင်းကော ဓါတ်ပုံရိုက်သက်သက်ပါ ထွက်ဖြစ်ပါတယ်။ အောက်တိုဘာလမှာ ရွာထဲက မိတ်ဆွေတွေနဲ့ မင်းကွန်းစစ်ကိုင်း။ ကိုစိန်သော့နဲ့တောင်သမန် မနက်အာရုဏ်တက်။ နောက်တစ်ခါ Mလုလင်နဲ့ လည်း တောင်သမန်အာရုဏ်တက်။ နောက်ရွာထဲက မိတ်ဆွေအချို့နဲ့ စစ်ကိုင်းတောင်ရိုးနဲ့ တောင်သမန်နေ့လည်ခင်း။ အဲဒီမှာရူ့ခင်းတွေလိုက်ရိုက်ရင်း မျက်စေ့ညောင်းတဲ့အခါ ပါတ်ဝန်းကျင်ကလူများရဲ့ အမှတ်တမဲ့လှုပ်ယှားမူ့လေးတွေကို လက်ဆော့ခဲ့တာလေးတွေက ပြန်ကြည့်တော့အမှတ်တရ။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (16-12-2012)  


  “တိမ်လှိုင်းကြက်ခွပ်” အလုပ်ပိတ်တဲ့တစ်ရက် အပြင်ထွက်မလုို့လုပ်တုံး “လေးပေါက်………….ဘယ်မှာလဲ”ဆိုပြီးဖုန်းဝင်လာပါတယ်။ ရန်ကုန်မှာနေတဲ့ရွာသူတစ်ယောက်။ မန်းလေးကိုအလည်ရောက်နေပါသတဲ့။ အဲဒါနဲ့သူတို့ဘယ်ရောက်နေလဲဆိုတော့မြောက်ပြင်မှာတဲ့။ သူတို့ရောက်တဲ့နေရာနဲ့မဝေးတဲ့ 19လမ်းက မင်းသီဟလက်ဖက်ရည်ဆိုင်မှာချိန်းလို်က်ပါတယ်။ ရောက်လာတော့စကားတွေပြောကြ။ ပြီးရင်ဘယ်သွားချင်လဲမေးတော့ နန်းတွင်းကို သွားချင်ကြပါသတဲ့။ ဒါနဲ့ဘဲ ကျုံးကိုမြောက်ဘက်ကနေပါတ် အရှေ့ပေါက်ကနေ နန်းတွင်းထဲကိုဝင်လို့ မြနန်းစံကျော်ရွှေနန်းတော်ကိုအလည်သွားကြပါတယ်၊ နန်းတော်ထဲအရောက်ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တိမ်တွေကလှိုင်းကြက်ခွပ်ထနေပုံကလှပါ။               အဲဒိက အပြန် သူ့တို့ကို တည်းအိမ်ရောက်အောင်လိုက်ပို့။ အိမ်မပြန်နိုင်သေးဘဲတိမ်ကြက်ခွပ်တွေကို ဓါတ်ပုံရိုက်ချင်လို့ ဧရာကမ်းနံဘေးပြေးမယ်လုပ်တော့ နေကျတာ မြန်နေတော့ အချိန်မမှီလောက်။ ရေပြင်ရယ် ကျယ်ပြန့်တဲ့ကောင်းကင်ရယ်ရှိမယ့်နေရာကို အမြန်ဆုံးရောက်မယ့်နေရာကို တွက်ကြည့်တော့ တက်သေးအင်း အနောက်မြောက်ဘက်ခြမ်းကိုသတိရတော့ ဆိုင်ကယ်ကို အမြန်မောင်းလာခဲ့ပါတယ်။ ရောက်တဲ့အချိန်မှာကို နေရောင်က မင်းဝံကိုကွယ်ခါနီးနေပါပြီ။ ဒါနဲ့ဘဲ ့ တိမ်လှိုင်းကြက်ခွပ်တွေနဲ့တက်သေးအင်းရေပြင်ကို နေဝင်ချိန်လေးနဲ့ တွဲဖက်လိုက်တဲ့အခါမှာတော့ […]