ငါးရံ့ကို မြွေမျို အတိတ်ဘယ်လိုကောက်မလဲဗျို   ရန်ကုန်ရောက်တဲ့ မနက်စောစော လမ်းလျောက်ပြီးပြန်အလာ မြက်တောလေးတစ်ခုကိုဖြတ်လာခဲ့ပါတယ်။ သွားနေရင်း ရွှပ်ကနဲအသံကြားတော့ အောက်ငုံ့ကြည့်မိမှ အလန့်တကြားဖြစ်သွားပါတယ်။ မြွေခပ်သေးသေးတစ်ကောင်ကို ရိပ်ကနဲ့မြင်လိုက်ရလို့ပါ။ ရှည်တော့ အတော်လေးရှည်ပါတယ်။ ရေမြွေဖြစ်ဘို့များပါတယ်။ သူ့ရှေ့မှာ မဲမဲလေးမြင်လို့ကြည့်လိုက်တော့ ငါးလေးတစ်ကောင်ကို မြွေက မျိုမလို့ပြင်နေတာ။ ကျနော်လမ်းလျောက်တဲ့မြက်ခင်းအစပ်မှာရေစပ်စပ် အိုင်ကလေးရှိနေတော့ အဲဒီအထဲက ငါးကို ဖမ်းလာတာဖြစ်နိုင်ပါတယ်။ အဲဒါနဲ့သေချာကြည့်တော့ ငါးကို ကန့်လန့်ချီလာတာကနေ မြေကြီးပေါ်ချ။ အလျားလိုက်ဖြစ်အောင်ထားပြီးစ မျိုပါတယ်။ မြွေက ကျနော်သွားတဲ့လမ်းမှာ ကန့်လန့်ခံနေပါတယ်။ ငါးလဲ ပါးစပ်ထဲရောက်သွားရော ကျနော်လဲ သတ္တိ အပြည့်နဲ့ ရှေ့တည့်တည့်က သွားရိုက်ပါတယ်။ အဲတော့ မြွေက ခေါင်းထောင်ကြည့်ပါရော ဘာလာရှုပ်သလဲပေါ့။ ခဏနေတော့ ငါးလဲပါးစပ်ထဲရောက် တာနဲ့ တတွန့်တွန့်နဲ့ထွက်ပြေးပါတော့တယ်။ သိပ်မကြာခင်မြက်တောထဲရောက်ပျောက်ပေါ့။.     ကျနော်တို့မြန်မာလူမျိုးတွေက […]


            “လုလင်နဲ့ကောက်ပို…………….တွေ့ခဲ့တဲ့တောင်သမန်အာရုဏ်တက်”   ညနေ7း30မှာ ဖုန်းစကားပြော ည10း30 ရောက်တော့ ကားပေါ်ရောက်နေပြီတဲ့။. မနက်5း30မှာ မန်းလေးမြို့အဝင်က တံခွန်တိုင်အဝိုင်းပါတ်မှာနှစ်ယောက်ဆုံ. အထုပ်အပိုးတွေနဲ့ တောင်သမန်မှာ ကိုတောက်လျောက်သွား။ နှစ်ယောက်ဆုုံတုံး အသားကုန်နှက်ထားတဲ့ပုံလေးတွေပါ.။ 3-1-2013မှာ တင်ထားတာ မတက်လို့ ပြန်တင်လိုက်ရပါတယ်။   ကိုပေါက်လမ်းသလားနေသည်    


              တောင်ပေါ်ကစေတီကို တောင်ပေါ်မှမြင်ရခြင်း         အိုဟောင်းပြီးရေညှိတက်နေတဲ့အုတ်စီလမ်းကလေးကနေတက်လာတဲ့အခါအပေါ်မှာ ဇရပ်တစ်ဆောင်မြင်ရပါတယ်။ ဇရပ်ရဲ့အရှေ့ဘက်ကျောက်ဆောင်အငူစွန်းကနေလှမ်းကြည့်ရင် ဧရာဝတီမြစ်ကိုမြင်ရပါတယ်။ ကျောက်အဖျားစွန်းလေးနားကိုသွားပြီး ဓါတ်ပုံရိုက်လိုက်တဲ့အချိန်မှာ ကျနော်ချောင်းရိုက်တာခံလိုက်ရပါတယ်။ ဘဲဥမလက်ချက်ပါဘဲ။ အားလုံးလဲမြင်ဘူးလောက်ပါပြီ။     အဲဒီနားမှာရိုက်ပြီးဇရပ်ထဲရောက်လို့ အနောက်ဖက်လှမ်းကြည့်လိုက်တော့ ရွှေရောင်လက်လက်ထနေတဲ့ သီတဂူ ဆန်ချီစေတီတော်။ အဝေးမှာတော့ကောင်းမူတော်စေတီတော်။ အဲဒီဇရပ်ထဲရောက်တော့ ကျနော်တို့အုပ်စုလိုက်ကြီး ဓါတ်ပုံတွေရိုက်ကြပါတယ်။ ခဏနေတော့ ကျနော်က အဝေးကမြင်ကွင်းတွေကြည့်နေရင်းက နောက်ဘက်လှည့်ကြည့်လိုက်တော့ အသက်အရွယ်အတန်အသင့်ရနေတဲ့စုံတွဲတစ်တွဲကိုမြင်ရပါတယ်။ အရှေ့ဘက်အခြမ်းကိုကြည့်လိုက်တော့ စေတီတစ်တစ်ဆူနဲံထိုင်ကိုယ်တော်ရုပ်ပွားတော်တစ်ခု။ ရှင်ပင်နံကိုင်းစေတီတော်ဖြစ်ပါသတဲ့ မေးကြည့်လို့သိတာပါ။ အဲတာနဲ့အဖွဲ့တွေတက်သွားတဲ့တောင်ပေါ်ကိုလိုက်သွားတဲ့အခါ လွတ်လပ်ကျယ်ပြန့်တဲ့ မြင်ကွင်းကိုမြင်ရပါတော့တယ်။ အောက်ဖက်မှာ စစ်ကိုင်းတံတား။ အနောက်ဘက်က ဆွမ်းဦးပုညရှင် သီတဂ ဆန်ချီစေတီတော်နဲ့ကောင်းမူတော်ရွှေရောင်ဝင်းဝင်း။ ဓါတ်ပုံရိုက်နေတုန်း မထင်မှတ်ဘဲ တိမ်တစ်အုပ်ကရွှေ့အလာမှာ လှပသောပုံတွေကို […]


“ဘွပုတ်…………..ရေ”       အေးမြတဲ့ တောင်ပေါ်မြို့လေးရဲ့အရှေ့မြောက်ဘက် မြို့အစွန်က လူသူမရှိသလောက်နည်းပါးတဲ့တောင်ကုန်းလေးပေါ်မှာရှိနေတဲ့ လူဘဝရဲ့နောက်ဆုံးခရီးအတွက် ယာယီနားခိုရာနေရာလေးတစ်ခုကို ကျနော်တို့ မရောက်ချင်ပေမယ့်ရောက်လာခဲ့ရပါတယ်။ ကွင်းပြင်ကျယ်ကိုဖြတ်လာတဲ့ဆောင်းမြောက်ပြန်လေက အရိုးထဲထိစိမ့်ဝင်လို့နေပါတယ်။ ဆောင်းနေ့လည်ခင်းပေမယ့် တောင်ရိပ်တောရိပ်တွေကြောင့် ထင်ပါရဲ့ အနွေးထည်အထပ်ထပ်ဝတ်ထားတောင်မှတစ်ကိုယ်လုံးအေးစက်နေသလို စိတ်တွေက လည်း အလိုလို ထိုင်းမှိုင်းလေလံ။ ပါတ်ဝန်းကျင်တောင်ကုန်းတစ်ခုလုံးအပြည့် နီးပါးလောက် တောထနေတဲ့ နေကြာရိုင်း ပန်းဝါဝါတွေကတော့ လူသားတွေရဲ့အပူတွေနဲ့သူတို့ ပါတ်သက်ဆက်နွယ်ခြင်းမရှိသလိုအေးဆေးငြိမ်သက်။ အစကတော့ ငိုပွက်ဆူညံနေတဲ့ နေရာလေးက “ဂျိန်း”ဆိုတဲ့အသံကြီးရဲ့အဆုံးမှာ ခဏလေး တိတ်ဆိတ်သွားပေမယ့် တအိအိ ရှိုက်ငိုသံလေးတွေကတော့ သဲ့သဲ့ကလေး ထွက်ပေါ်နေဆဲ။ သိပ်မကြာခင်အချိန်လေးမှာ လူတစ်ယောက်လောကထဲက ထွက်ခွာပြီဆိုတာကို  အတည်ပြုပေးနေတဲ့ မီးခိုးမျှင်လေး တွေ မီးသင်္ဂြိုဟ်စက်ခေါင်းတိုင်က စတင်ထွက်ပေါ်လို့လာပါတယ်။ “သွားပေတော့ ဘွပုတ် ရေ”လို့ စိတ်ထဲက တီးတိုးရေရွှတ်နေဆဲမှာဘဲ ကိုကြီးရေ”ဘွပုတ်”တော့သွားပြီနော် လို့ နုတ်ဆက်တာကို […]


                    “ စစ်ကိုင်းတောင်အရှေ့နားဆီက“   ဒီဇင်ဘာဆောင်းတစ်ရက် ရန်ကုန်မှာရွာသူတစ်ယောက်မန်းလေးကိုဖြတ်လို့ စစ်ကိုင်းတောင်ဆီကို ရောက်လာပါသတဲ့။ အဲဒီမှာသူက မန်းလေးက ရွာသူားတွေကိုတွေ့ချင်တော့ ဖုန်းဆက်လာပါတယ်။ အဲတော့လဲ မန်းလေးက ရွာသူတွေက အပြင်ထွက်လာသူမရှိ။ ရွာသားများဘဲရှိလို့အကြောင်းပြန်ရင်း ရွာသားတွေကို ပေါင်းစုရအောင်မောင်းထုပါတယ်။ (ခေတ်သစ်မောင်းကတော့ ဟန်းဖုန်းပါဘဲ) ညကတော့ ဟိုလူလဲပါ။ ဒီလူလဲပါ။ ဓါတ်စာပညာရှင် က သူ့ကားနဲ့သွားမယ်ဆိုတာနဲ့အားလုံးကိုကျနော့်ရုံးမှာချိန်းလိုက်ပါတယ်။ ချိန်းထားတာက ဆယ်နာရီ။ ရောက်မလာသေးတော့ အားလုံးကိုထပ်ဆက်သွယ်တော့ တစ်ယောက်က လူကြီးနောက်ဂေါက်ရိုက်။ တစ်ယောက်ကတော့ ကျောက်ကိုက်လို့ အိပ်ယာမထနိုင်။ ဒါနဲဘဲ လာသူသုံးယောက်နဲ့ ကျနော် ပေါင်းလေးယောက်စစ်ကိုင်းတောင်ကို ခရီးဆက်။ ချောင်ကိုမရောက်ဘူးတော့ ရွာသူဆီ ဖုန်းဆက်လို့နေရာမေး။ ဟိုမေးဒီမေးနှစ်ခါလောက်ဆိုတော့ သွားလိုတဲ့နေရာရောက်။ […]


                    “တောင်တက်လမ်းမှာတွေ့ခဲ့ရသမျှ”     စားလို့သောက်လို့ပြီးတော့ တောင်ပေါ်တက်ဘို့ပြင်ကြပါတယ်။ တောင်ကုန်းလေးက ကျောက်ဆောင်တွေနဲ့အပြည့်နဲ့ပါဘဲ။ အောက်ခြေမှာတွေ့တဲ့ရွှေစေတီလေးကနေ တောင်ဘက်ကိုဆက်သွားတော့လမ်းမှာ ဒူးတုပ်နေတဲ့ပုံစံထုလုပ်ထားတဲ့ ကျောက်ဆင်ရုပ်ကြီးကိုမြင်ရပါတယ်။ တောလမ်းလေးရှိတယ်လို့ပြောတာနဲ့ ကျနော်က ရှေ့ကအသွား လမ်းလဲဆုံးရော စေတီလေးတစ်ဆူကိုမြင်ရ။ ဆက်သွားမယ်အလုပ်လမ်းပျောက်သွားမှ လမ်းမှားမှန်းသိရပါတယ်။ အဲဒါနဲ့အောက်ဘက်ပြန်ဆင်းလိုက်မှတောင်တက်လမ်းအမှန်ကိုတွေ့ရပါတယ်။ အဲဒီကနေဆက်အသွားလမ်းမှာလဲ ကျောက်ဆင်ရုပ်တစ်ရုပ်ထပ်တွေ့။ အဲဒီကနေတောလမ်းလေးအတိုင်းသွားတော့ ဥမင်လှိုဏ်လေးတစ်ခုကို အဝင်တံခါးတွေ ဆောက်ထားတာတွေ့ရ။ မြင်ရတဲ့ပုံကတော့ ဆက်မဆောက်တဲ့ပုံ့စံပါဘဲ။ အဲဒီကနေ အုတ်စီလမ်းလေးအတိုင်းဆက်သွားတော့အပေါ်မှာ ဇရပ်တစ်ဆောင်။ အဲဒီဇရပ်လေးရဲ့အတက်မှာတော့ ကျနော်တို့သွားမယ်ဆိုတဲ့ စေတီလေးကိုမြင်နေရပါတယ်။ အဲဒီနားမှာဘဲ ကျနော် ချောင်းရိုက်တာ ခံလို်က်ရပါတယ်။     ကိုပေါက်လမ်းသလားနေသည် (20-12-2012)      


              (ခရစ်စမတ်နေ့ 2012) နေ့ဆောင်းနံနက်ခင်း တောင်သမန်အင်း     မနေ့ညက ရွာထဲက မိတ်ဆွေတစ်ယောက်ရောက်လာပါတယ်။ သူကလဲမိသားစုနဲ့လာတာဆိုတော့အချိန်သိပ်မပေးနိုင်။ အေးအေးဆေးဆေး တွေ့နိုင်မယ့်အချိန်ကို ခေါင်းပူအောင်စဥ်းစားရပါတယ်။ ခက်တာက ကိုယ်အလုပ်က ခရစ်စမတ်လဲမပိတ်။ သူဘယ်မှာတည်းလဲမေးတော့ တောင်သမန်အင်းနံဘေးက တံခွန်တိုင်ရေကူးကန်နားမှာတဲ့။ ကျနော်နေတာက ကန်တော်ကြီး။ ခေါင်းထဲမှတစ်ချက်လက်သွားပါတယ်။ မနက်စောစောအိပ်ယာထလားလို့မေးတော့ ထတယ်တဲ့။ ဒါနဲ့ဘဲ ဒီဇင်ဘာဆောင်းမနက် ခရစ်စမတ်နေ့ မနက်ခြောက်နာရီကိုလက်ဖက်ရည်သောက် လာခေါ်မယ်လို့ချိန်းလိုက်ပါတယ်။ ကဲ ဒီထက် အေးဆေးတာ ဘယ်မှာရှိလို့လဲနော်။ အဲဒါနဲ့အိမ်က ခြောက်နာရီမတ်တင်းထွက်လာ။ သူ့ဆီသွား ကျွဲဆည်ကန်ကိုလက်ဖက်ရည်သွားသောက်။ ဟန်ကိုကျနေတာပါဘဲ။ 7နာရီထိုးခါနီးတော့ပြန်လာပါတယ်။ အဲဒီမယ် တောင်သမန်အင်းနားလဲရောက်ရော ထုံးစံအတိုင်း လက်ဆော့တော့ ဒီပုံတွေရလာသပေါ့။ ကဲကျနော်နဲ့လက်ဖက်ရည်အသောက်ထွက်တဲ့ ရွာသားကြီးက ဘယ်သူများပါလိမ့်နော်။   […]


                  “နားနားနေနေ လှုပ်လှုပ်ရှားရှား သဘာဝ ပုံရိပ်များ ”     ကျနော် ကင်မရာလေးတစ်လုံးလက်ထဲစရောက်တဲ့အချိန် အင်မတန်ကိုလက်တွေယားနေပါတယ်။ ဒါပေမယ့် လူတွေသွားလာနေတဲ့ကြားတဲ့မှာ ကင်မရာလေး ထုတ်ပြီး ဓါတ်ပုံရိုက်ရမှာစိတ်မရဲပါဘူး။ နောက်အလုပ်အားတဲ့ရက်ကလေးမှာ ကင်မရာလေးတကိုင်ကိုင်ပေါ့.။ ခရီးထွက်တဲ့အခါ သူများမြို့ရွှာဆိုတော့ရိုက်ရဲပါတယ်။ အဲတော့လဲ စစ်ကိုင်း ကောင်းမူတော် မေမြို့ ကို ရောက်တိုင်း လက်ဆော့တာပေါ့။ အဲဒီတုန်းကတော့ “ကိုပေါက်လက်ဆောင်အမြင်ဒေါင့်စောင်းစောင်းလေး” ဆိုတဲ့ အမည်နဲ့ ဓါတ်ပုံတွေတင်ပါတယ်။   စရိုက်စမှာ အရင်ကတည်းစိတ်ကူးယဉ်ခဲ့တဲ့ ရူ့ခင်းပုံတွေကို ရိုက်ဖြစ်ပါတယ်။ တစ်ခါတစ်လေ ပုံတစောင်းတွေဘာတွေဆော်တာပေါ့။ (အခုလဲ စိတ်ကူးပေါက်ရင် တစောင်းတွေရိုက်တုံးပါဘဲ) အဲဒီတုန်းကတော့ ဆမ်ဆောင်းအိမ်သုံးလေးနဲ့ရိုက်တာပါ။ နောက် 2011 သင်္ကြန်တွင်းမှာတော့ […]