“တစ်ကျော့ပြန်        …………………..”     ကျုပ်ဆိုတဲ့အကောင်က သူများပြောတိုင်းမယောင်ဘူးဗျ။ ကျုပ်လုပ်ချင်တာကျုပ်လုပ်တာဘဲ။ ကျုပ်ဆေးလိပ်သောက်တုံးကလဲ တစ်ရက်တစ်ဘူးတော့အေးဆေးဘဲ။ အဆုပ်ကင်ဆာတွေ နီကိုတင်းတွေ ပါတ်ဝန်းကျင်လေထု ညစ်ညမ်းတာတွေလာမပြောနဲ့။ ကျုပ်တို့သောက်တဲ့ဆေးလိပ်ကမီးခိုးမထွက်လဲဒီပြင်နေရာတွေက ကျုပ်ဆေးလိပ်မီးခိုးထက်မကတာတွေထွက်နေတာ။ ဟိုဟာဒီဟာတွေနဲ့စာလာမဖတ်နဲ့ ။ မိုးအေးအေးမှာ တစ်ယောက်ထဲရှိနေချိန်မှာ စီးကရက်လေးခဲရင်း တွေးနေရတဲ့အရသာ ဘာနဲ့မှမတူဘူးလေ။ ကျုပ်သောက်ချင်သောက်မှာဘဲ။   ကွမ်းစားတုံးကလဲဒီလိုဘဲ။ ပါးစပ်ထဲကွမ်းလေးတစ်မြုံ့မြုံ့နဲ့နေရတာ ဖီလင်ဘဲ။ ထမင်းစားပြီးတာနဲ့ ပါးစပ်ထဲကွမ်းလေးတစ်ယာလောက်ပစ်ထဲ့ပြီး တမြုံ့မြုံ့နဲ့နေရတာ ဘယ်လောက်ကောင်းတယ်ဆိုတာ စားဘူးတဲ့သူမှသိတာ။ ပါတ်ဝန်းကျင်ညစ်ညမ်းတာတွေကျောက်တည်တတ်တယ်ဆိုပြီးလာမခြိမ်းချောက်နဲ့။ ကျုပ်တို့ကွမ်းတံတွေးမထွေးလဲ ညစ်ပတ်ပေရေနေတဲ့နေရာတွေက အနှံ့။ ကျုပ်စားချင်စားမှာဘဲ။ အရက်လဲဒီအတိုင်းဘဲ။ ကျုပ်သောက်ချင်သောက်မယ် မသောက်ချင်မသောက်ဘူး။ စိတ်တူရာမိတ်ဆွေလေးတွေနဲ့ သူတစ်ခွက်ကိုယ်တစ်ခွက်လှည့်ရင်း ဟိုပြောဒီပြော ပြောရတာ တယ်အရသာရှိသကိုးဗျ။ အရက်သမားလူမလေးစားတို့ အသဲခြောက်တာတို့ ဘာတို့လာမရွှီးနဲ့။ လူဆိုတာ တစ်နေ့တော့သေမှာပဲ။ အရက်မသောက်ဘဲနဲ့အကျင့်ပျက်နေတဲ့ကောင်တွေလဲတစ်ပုံကြီး   ပိုက်ဆံကုန်တဲ့အကြောင်းလဲလာမပြောနဲ့ ဟိုလိုမကုန်လဲ ဒီလိုကုန်မှာဘဲ။ […]


                    “နံနက်ခင်းအရုဏ်တက် စစ်ကိုင်းတံတားဘက်ဆီသို့”   ကျနော်ရယ်ဘိုသော့ရယ်ကအလုပ်ပိတ်ရက်မတူပါဘူး။ သူက ကုန်ပါပြီ ဝန်ထမ်း တနင်္ဂနွေပိတ်တယ် ကိုးနာရီမှရုံးတက်ရတယ်။ ကျနော်က ပုတ်ထိပုတ်ထ ဈေးသည် ဥပုဒ်နေ့ဘဲပိတ်တယ် မနက် 8နာရီဆီအလုပ်ကိုရောက်ရပါတယ်။ အဲတော့ နှစ်ယောက်အတူလက်ဆော့ဘို့ကခဲယဉ်းပါတယ်။ တစ်ခါတစ်ရံညနေခင်းလေတွေဆော်ချင်နှက်ချင်ပေမယ့် ညနေခင်းများက ကျနော်တကယ်အလုပ်ရှုပ်တဲ့အချိန်။ နောက်တော့ အတူရိုက်လို့ရမယ့် အချိန်ကို တွေ့သွားပါတယ်။၏ တနင်္ဂနွေမနက်စောစော ဒါဆိုအနီးအနားရိုက်လို့ရ။ ဥပုဒ်နေ့မနက်စောစော အသင့်အတင့်ဝေးတဲ့နေရာကိုသွားရိုက်လို့ရပါတယ်။   တစ်ရက်မတော့ ကျနော်စိတ်ကူးယဉ်တာလေးသူ့ကိုပြောပြပါတယ်။ မနက်စောစော နေအထွက် စစ်ကိုင်းတံတားပေါ်ကနေ ရွှေကြက်ကျကို လှမ်းလက်ဆော့ဘို့။ အဲဒါနဲ့ဥပုဒ်နေ့တစ်ရက် မနက်စောစော ငါးနာရီ သူက ကျနော်ကိုဝင်ခေါ်ပါတယ်။ ကန်တော်ကြီးကဖြတ်တက် ရှမ်းလေးကျွန်းကနေကန်ပါတ်လမ်းဘက်သွား။ အဲဒီကမှ စစ်ကိုင်းတံတားပေါ်ရောက်ပါတယ်။ […]


                              “ပြင်ဦးလွင်မှအပြန်လမ်း”     ညနေ နှစ်နာရီကျော်ကျော်လောက်မှာတော့ ပြင်ဦးလွင်ကနေပြန်ဆင်းလာခဲ့ပါတယ်။ အပြန်လမ်းမှာတော့ ဗျုးပွိုင့်ညနေခင်းလေးကို ရချင်မိပါတယ်။ ဆောင်းဝင်စပြုပြီဆိုတာရယ် တစ်ယောက်ထဲရယ်ဆိုတော့ သိပ်မိုးချုပ်လို့တော့မရပါဘူး။ ဒါနဲ့ဘဲလမ်းမှာတွေ့တဲ့ တိမ်ပုတ်ပုတ်လေးရယ် ရွာထဲအဝင်လမ်းကလေးရယ်။ ချစ်စရာ အဝါအစိမ်းရောနေတဲ့လယ်တောအိမ်လေးကို တော့အမိအရ။ အပြန်လမ်းဆင်းလာရင်းနဲ့တစ်နေရာမှာ တောရိုင်းပန်းဝါဝါလေးတွေ့တော့ မနေနိုင်။ သူ့နံဘေးနားမှာတော့ ကိုင်းတောလေးရယ် တိမ်ပြာပြာရယ်ကလှပ။ နောက်တော့ ဗျုးပွိုင့်မှာဆင်းပြီး ထပ်ရိုက်။ အဲဒိကဆက်အဆင်း ဇီးပင်ကြီးအလွန်မှာတော့ ဟိုးအဝေးက တောင်ခါးပြတ်ကြီးကိုလက်ဆော့၊ အောက်ဆုံးနားအရောက်မှာတော့ ညနေငါးနာရီခွဲကျော်ကျော်ပေမယ့် နေမင်းက ဝင်လုဆဲဆဲ။ အရင်က ခက်ခဲစွာမောင်းခဲ့ရတဲ့ကျော်တောင်လမ်းကျဉ်းလေးရောက်တော့ မြေပြန့်လဲနီးပြီမို့ ဆိုင်ကယ် လမ်းဘေးထိုးပြီး […]


                      “မေမြို့သို့မဟုတ်…………….သို့အသွားလမ်း”   မန်းလေးမြို့ နဲ့ ၄၁ မိုင်အကွာမှာရှိတဲ့ နာမည်များစွာပိုင်ဆိုင်တဲ့ တောင်ပေါ်မြိုှုလေးကို သွားဘို့ ကိစ္စပေါ်လာခဲ့ပါတယ်။ ခါတိုင်းတော့အဖော်တွေနဲ့အတူသွား။ ဒီတစ်ခေါက်ကတော့တစ်ယောက်တည်း။ ဟိုကလူတွေကလှမ်းသတင်းပေးပါတယ် “မနက်ပိုင်းဆိုရင် အတော်လေးအေးတယ်နော်”တဲ့။ ဒါနက်သိပ်အစောကြီးမတက်ဘဲ မနက် ရနာရီခွဲလောက်မှာ မနက်စာ စားသောက်ပြီးထွက်လာခဲ့ပါတယ်။ သိပ္ပံလမ်းအတိုင်းအရှေ့တက်အောင်ပင်လယ်ရောက်။ မေမြို့ (ခ)ပြင်ဦးလွင်(ခ)ပန်းမြို့တော်(ခ)ပန်းကမ္ဘာမျှော်စင်လို့ ခေါ်ကြတဲ့ခရီးလမ်းကိုစခဲ့ပါတယ်။ လက်ဆော့စရာ ဟိုငေးဒီငေး ။ ဆောင်းနေအခမှာ အလင်းတန်းလေးကျနေတာမြင်တော့ မနေနိုင်တော့ပါဘူး။ အဲဒါနဲ့ဆင်းပြီးရိုက်။ လမ်းသွားနေရင်းကိုယ့်ရှေ့ ကမုန့်သယ်က ဆိုင်ကယ်အပြည်တင်လာတာကိုရိုက်ချင်တော့ မှီအောင်လိုက်။ ကင်မရာကို ဘယ်လက်နဲ့ကိုင်ရိုက်လိုက်တာ လိုချင်တဲ့ပုံလေးကိုရလို်က်ပါတယ်။ လမ်းမှာ ဆိုင်ကယ်ကားရေဆေးတဲ့နေရာက ရေပန်းလေးတွေမြင်ပေမယ့် ဗျုးပွိုင့်မှာကြာအုံးမယ်ဆိုတာသေချာတော့ မရိုက်ဖြစ်။ ဗျူးပွိုင်မရောက်ခင်ခြောက်ထပ်ကွေ့လမ်းခွဲလေးမှာ […]


                        “တောင်သမန်ရင်ခွင်ထဲက လှေ”       ငယ်စဉ်ကတည်းက လှေကလေးတွေကိုစိတ်ဝင်စားခဲ့။ ကလေးဘဝက ကျောင်းသုံးဗလာစာအုပ်ကို ဆုတ်ပြီး စက္ကူလှေကလေးတွေလုပ်လို့ မိုးရွာလို့ဖြစ်လာခဲ့တဲ့ ရေစီးကြောင်းထဲမျောခဲ့။ သီတင်းကျွတ်ရက်များမှာ သွပ်ပြားနဲ့လုပ်ထားတဲ့ လှေကလေးကို ဖယောင်းတိုင်မီးအပူနဲ့ အိမ်ရှေ့ရေမြောင်းလေးထဲမှာမျောစေခဲ့။ အလယ်တန်းကျောင်းသားဘဝ မိုးတွင်းရောက်ရင် ကျောင်းရဲ့အနောက်ဘက်က အင်းဘဲအင်းထဲမှာ တစ်နာရီငါးမူးပေးလို့လှေစီးခဲ့ကြ။ အရွယ်ရောက်ချိန်မှာတော့ တောင်သမန်အင်းစပ်က မယ်ဇယ်ပင်ရိပ်မှထိုင်ရင်းတံငါလှေကလေးတွေကိုငေးမောခဲ့။ အခုအချိန်မှာတော့ မိုးရေတက်ရေ တဖွေးဖွေးအချိန်များမှာ ရှမ်းလေးကျွန်းဘက်မှာ တံငါလှေလေးတွေကိုသွားလို့ လက်ဆော့။ မနက်လမ်းလျောက်ရင်းကန်တော်ကြီးထဲမှာ လှော်ခတ်နေတဲ့လှေကလေးများအတူ ရေပြင်ကျယ်ထဲကို စိတ်ကူးနဲ့ လိုက်ပါခဲ့မိတာကလဲ အကြိမ်ကြိမ်အခါခါ။ မျှော်လင့်မထားပါတဲ့ ခရီးစဉ်တစ်ခုမှာ မြန်မာပြည်ရဲ့တောင်ပေါ်ရေကန်(၁၁)မိုင်အကျယ် ရှိတယ်ဆိုတဲ့ အင်းလေးရေပြင်ကျယ်ထဲမှာ […]


                    ဒီပုံလေးတွေကတော့ မနက်လမ်းလျောက်ရင်း သစ်ပင်မှာ တွဲလွဲခိုနေတာလေးတွေကို လက်ဆော့ ထားတာပါ။ လှတယ်မဆိုနို်င်ပေမယ့်……………………………..


“လွှတ်ချစရာတွေအများကြီး”     တစ်ခါကလို့ဘဲဆိုလိုက်ပါတော့မယ်။ ကျနော်တို့အလုပ်လုပ်တဲ့ဆိုင်ရှေ့ကို  နေ့လည်ခင်း သုံးနာရီလောက်ဆိုရင် လက်သုတ်စုံသယ်တို့ ကြာဇံကြော်သယ်တို့လာတတ်ပါတယ်။ ကျနော်တို့ကလဲ အဆာပြေဝယ်စားကြတာပေါ့။ တစ်ရက် မှာတော့ ကျနော်တို့အဲလိုစားကြတာကို ပိုင်ရှင်ဆရာကြီးကတွေ့သွားပါတယ်။ နောက်ရက်မှာ မုန့်ပုံးကြီးတစ်ပုံးဝယ်လာပါတယ်။ နေ့လည်ဆာရင်အဆာပြေစားဘိုု့ပေါ့။ ကျနော်တို့ ပိုက်ဆံမကုန်စေချင်တာလဲပါသလို ဆရာကြီးကအပြင်အစားအစာ “ပူစီပါစာ”တွေစားတာကိုလဲမနှစ်သက်တာပါ ပါတယ်။ အဲဒီတုန်းက မုန့်ပုံးက လေးဒေါင့်ဆယ်ဝင်ပုံးအကြီးကြီးပါ။ မိသားစုစားမယ်ဆိုရင်တောင် အတော်ကြာကြာ စားနိုင်လောက်တဲ့ ဘီစကွတ်တွေပါ ပါတယ်။ မယုံနိုင်စရာ အဲဒီမုန့်ပုံးက တစ်ပါတ်တောင်မပြည့်သေးဘဲကုန်သွားပါတယ်။ ကုန်ဆို မုန့်ပုံးရောက်တဲ့နေ့ကစလို့ လူတော်တော်များများ က နောက်ဖေးဝင်တိုင်း ထွက်ခလုတ် ဝင်ခလုတ်နိူက် နိူက်စားကြတာကိုးဗျ။ မဆာလဲစား ဆာလဲစား ဆိုတော့ ရေရှည်ဘယ်ခံနိူ်င်ပါ့မလဲနော့။ အဲဒီမုန့်ပုံးလဲကုန်ရော နောက်ဘယ်တော့မှ ဝယ်မကျွေးတော့ပါဘူး။ ဆရာကြီးကတော့ ပြောပါတယ်။ “အခွင့်ပေးလိုက်လျောတာနဲ့ ရပိုင်ခွင့်ကို ခွဲခြား မသိကြဘူး […]


                  “ကိုပေါက်လက်ဆော့ခဲ့တဲ့ တောင်သမန်”     တောင်သမန်အင်းကို အကြိမ်မရေမတွက်နိုင်အောင်ရောက်ခဲ့ဘူးပါတယ်။ ဒါပေမယ့် မနက်အရုဏ်တက်ကိုတော့ အခုတစ်ကြိမ်ဘဲရောက်ဘူးပါတယ်။ မနက်စောစော ဝမ်းရေးအတွက် လာသူ မနက်စောစော ကျန်းမာရေးအတွက်လမ်းလျောက်လာသူ မနက်စောစော တောင်သမန်အလှကို ခံစားဘို့လာသူ မနက်စောစော တောင်သမန်ကို မှတ်တမ်းတင်ဘို့လာသူ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်လာခဲ့ကြသူချည်းပါဘဲ။ ဝါသနာအရ မှတ်တမ်းတစ်ခု တင်ထားချင်တဲ့ကျနော်ကတော့ မြင်မြင်သမျှကို ခလုပ်နှိပ်မိပါတယ်။ တံတားပေါ်ကို ဈေးသည်လေးတွေဖြတ်လာတာ တံတားပေါ်ကို တိမ်ခိုးလေးတွေတက်လာတာ တံတားပေါ်ကို စက်ဘီးစီးလာတာ တံတားပေါ်ကို ငှက်ကလေးတွေဖြတ်ပျံသွားတာ တောင်သမန်ရင်ခွင်ထဲမှာ တံငါလှေလေးတွေရောက်လာတာ တောင်သမန်အင်းရေပြင်ထဲက တံငါသယ်လေးရေဆာလို့ရေသောက်နေတာ တောင်သမန်အင်းရေပြင်ထဲဆင်းပြီး ငါးပိုက်တန်းချနေတာ စက်ဘီးလေးက နားသလိုလှဲနေပြီး ပိုင်ရှင်တော့ ငါးမျှားနေတာ တွေကို မှတ်တမ်းတင်ခဲ့မိ […]


                          “နံနက်ခင်း လင်းစ တောင်သမန်”   တစ်ရက်မှာတော့ တောင်သမန်အင်းကိုသွားဘို့ စိတ်ကူးရကြပါတယ်။ ကျနော်အလုပ်ပိတ်တဲ့ဥပုဒ်တစ်ရက် မနက် ငါးနာရီလောက်မှာအိမ်ကထွက်ခဲ့ပါတယ်။ ဘိုသော့က ဆိုင်ကယ်နဲ့လာပြီး ကျနော့်ကိုဝင်ခေါ်ပါတယ်။ အဲဒါနဲ့ ကပ်ကျော်ကွေ့ကနေပြီး တောင်သမန်အင်းဖက်မြောက်ဘက်ကိုလာ အဲဒီကမှ အနောက်ဘက်ကန်ဘောင်အတိုင်း တောင်သမန်အင်းကိုလာခဲ့ကြပါတယ်.။ ကျနော်တို့ရောက်ချိန်မှာတော့မှောင်မှောင်မဲမဲ ရောင်နီကတော့ အစပျုးိနေပါပြီ။ နည်းနည်းစောသေးတာနဲ့ တောင်ခွင်မင်းကြိးနားကလက်ဖက်ရည်ဆိုင်မှာခဏထို်င်ကြပါတယ်။ ပြီးတာနဲ့ တံတားကိုအပေါ်စီးကြည့်လို့ရတဲ့ တောင်သမန်အင်းအနောက်ဖက်မယ်ဇယ်ပင်တွေနားက ဘုရားအမြင့်ကနေတက်ရိုက်မယ်ဆို အဲဒီဘက်ကိုသွားခဲ့ကြပါတယ်။ တံတားတောင်ဘက်က ဆို်င်တွေကြားကလဆင်းလဲဆင်းရော ခွေးတွေကဝိုင်းဟောင်ပါတော့တယ်။ အဲဒါနဲ့လက်ဖျောက်လေးတီး ပါးစပ်ကလဲ တကျွတ်ကျွတ်လုပ်ပြီး ခွေးကိုမိတ်ဆွေဖွဲ့ရပါတယ်။ ဘယ်မှမသွားဘဲရပ်ပြီး တကျွတ်ကျွတ်လုပ်တဲ့အခါမှ သာ ခွေးတွေက အမြီးတနှံ့နှံ့နဲ့လုပ်ပြီးအနားကပ်လာပါတော့ တယ်။ […]


                                    “နံနက်ခင်း မန်းလေးတောင်ကမြင်ကွင်း ”   ပုံမှန်ရက်တွေမှာ တော့မနက်လမ်းလျောက်ထွက်ရင်းတက်သိမ်းအင်းတစ်ဝိုက်လက်ဆော့ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ကင်မရာတစ်လုံးနဲ့ဟိုနားလျောက်လက်ဆော့ဒီနားလက်ဆော့နေတာကမြင်နေကျမြင်ကွင်းပါဘဲ။ ကျနော်ကလည်း ဒီနေရာတွေမှာရိုက်ရတဲ့အခါ စိတ်ထဲမှာဘယ်လိုမှမနေပါဘူး။ ဒါပေမယ့်တစ်ခါတစ်ရံ အခြားနေရာတွေကိုသွားလက်ဆော့တဲ့အခါမှ တစ်ယောက်ထဲဆိုနည်းနည်းလေးတော့ စိတ်ထင့်ပါတယ်။ လူလူခြင်းပြဿနာတက်မှာကိုတော့မစိုးရိပ်ပါဘူး။ မတော်တဆ အန္တရာယ်ဖြစ်မှာကိုစိုးရိမ်မိတာပါ။ ကျနော်တို့ ဓါတ်ပုံရိုက်သူများက ကိုယ်စိတ်ဝင်စားတဲ့မြင်ကွင်းလေးကို ရောက်သွားရင်ပုံလေးကိုရဘို့ လွဲလို့ ဘာမှသိပ်ခေါင်းထဲမှာ မရှိတတ်လို့ပါ။ တစ်ခါတစ်ရံမှာလဲ အမြင့်တွေဘာတွေတက်ရိုက်။ တစ်ခါတစ်ရံအစွန်အဖျားမှာတက်ရိုက်။ အဲလိုမျုးိတွေရှိတတ်တော့ အဖော်ပါရင်ပိုကောင်းပါတယ်။   တစ်ရက် ဘိုသော့ကမနက်စောစောမန်းလေးတောင်သွားရိုက်ဘို့ပြောပါတယ်။ အဲဒါနဲ့Mလုင်နဲ့တစ်ခါသွားဘူးတဲ့ မန်းလေးတောင်ဓါတ်တော်တိုက်ကနေရိုက်မယ်လို့စိတ်ကူးလိုက်ပါတယ်။ အဲဒါနဲ့မနက်ငါးနာရီအိမ်ကထွက်မယ် သူကကျနော်ကိုလာခေါ်မယ်ဆိုပြီးချိန်းလိုက်ကြပါတယ်။ […]


                    15 “ပျော်တယ်ဟေ့…………………”       “မုံရွာမှာလက်ဆော့ခဲ့သမျှာ”     ကျနော်က အပြင်မှာပျော်ပျော်နေတတ်ပါတယ်။ စလိုက်နောက်လိုက်။ ဓါတ်ပုံတွေရိုက်တဲ့အခါမှာတော့ အစက ပေါက်ကရပုံတွေရိုက်ပါတယ်။ တစောင်းရိုက်လိုုရိုက် ကန့်လန့်ရိုက်လို့ရိုက်ပေါ့။ နောက်ထူးထူးခြားခြား အမြင်မျုးိနဲ့သူများရိုက်တာမြင်ရင်လဲ သဘောကျပါတယ်။ ကိုယ်တိုင်လဲတတ်နိုင်သမျှလက်ဆော့ကြည်ပါတယ်။ ဒါပေမယ့် သူများတွေ စနက်ရှော့ တာက လှတပတ။ ကျနော်လက်ဆော့တာမ မလှမပ။ ဒီတစ်ခါမုံရွာသွားကြတော့ အထက်အမြင့်ကနေ အောက်ဖက်ကို အတော်များများရိုက်ခဲ့ပါတယ်။ အာလိန်ငါးဆင့်မှာ ရွှေတောင်ဦးမှာပေါ့။ နောက်ပြီး ရွှေတောင်ဦးဘုရားအရောက်မှာ အောက်မှာလူတွေအုံးနေတာကိုကြည့်လိုက်တော့ တိရစ္ဆာန်ဥယျာဉ်အသေးလေးရှိနေတာကို တွေ့တော့ထုံးစံအတိုင်းပေါ့။. ကဲ မလှမပလေးတွေခ့စားလိုက်ပါအုံးနော်။     ကိုပေါက်လမ်းသလားနေသည် 14-11-2012  


                          “အိန္ဒြေရရ သလ္လာမြေအလှ”       မုံရွာကိုအရင်တစ်ခေါက်ရောက်တော့ ညနေစောင်း။ မိုးကလဲ    တစိမ့်စိမ့်။ တကယ်ရောက်တော့ကလဲ ကမ်းနားလမ်းမှာတင် အချိန်ကုန်။ အဲတော့ ဘာမှ ဓါတ်ပုံသိပ်မရိုက်ဖြစ်။   ဒီတစ်ခေါက်ကတော့အလည်သက်သက်ဆိုတော့ ပိုလက်ဆော့ဖြစ်ပါတယ်။ ဗောဓိတစ်ထောင်ကနေ ရွှေတောင်ဦးအသွားလမ်းရယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း က ရွှေတောင်ဦးစေတီပေါ်ကတော့ ပိုရိုက်ဖြစ်ပါတယ်။ တောင်ရဲ့အနောက်ဖက်ခြမ်းကတော့ စိမ်းစိမ်းစိုစို သာသာယာယာ ခံစားလိုက်စမ်းပါအုံးဗျာ။   ကိုပေါက်လမ်းသလားနေသည် 15-11-2012  


                “နံရံပေါ်မှရုပ်လုံးကြွ”   မြန်မာ့မူ့လက်ရာ ပန်းဆယ်မျိုး ထဲမှာအပါအဝင်ဖြစ်တဲ့ အင်္ဂတေရုပ်ကြွ သစ်သားရုပ်ကြွတွေကို ဘုရားအတော်များများမှာမြင်ရလေ့ရှိပါတယ်။ မန်းလေးက ရွှေကျီးမြင် အိမ်တော်ရာစေတီတွေရဲ့ နံ့ရံတွေမှာတွေ့နိုင်ပါတယ်။ မိုးညှင်းသမ္ဗုဒ္ဓေရောက်တဲ့အခါ အာလိန်ငါးဆင့်ကတက်ပြီး အဆင်းအောက်ခြေနံရံမှာ ဒီလိုရုပ်ကြွတွေ တွေ့ရတာပါဘဲ။ တစ်ခုကတော့ စန္ဒကိန္နရီဇာတ်ထုတ်က ဇာတ်ဝင်ခန်း။ ကျန်တာကတော့ ကျနော်မသိ။ မန်းလေးသကျသီဟဘုရားမှာလဲ ဒိလိုရုပ်ကြွတွေရှိပါတယ်။ တစ်ရက်တော့ လက်ဆော့တင်ပေးလိုက်ပါအုံးမယ်   ကိုပေါက်လမ်းသလားနေသည် 14-11-2012