“နောက်ကျသားးးးးးးးးးးးးးးးးးးးးးးးးးးးး” (ကိုဘလက်ချောအတွက်မွေးနေ့လက်ဆောင်) သီတင်းကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်ဖိတ်စာတွေမြင်ရတော့ ကျနော်အတွေးလေးတွေက ဆက်သွားပါတယ်။ သီတင်းကျွတ်ပြီးလို့ မင်္ဂလာဆောင်မယ်။ ပြီးရင်တော့ ………………………………………။ ငယ်ငယ်က ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတွေကိုမြင်ရင် “သီတင်းကျွတ်ပြီး မီးပုံးပြန်လွှတ်ရအောင်”လို့ မသိဆိုးဝါးစွာ စလေ့နောက်လေ့ရှိခဲ့ပါတယ်။ ဆက်တွေးမိပြန်တာက မွေးထားထဲ့ မိမိရင်သွေးလေးတွေကို ကြီးစဉ်ငယ်လို်က် သားဦး သမီးဦး သားလတ် သမီးလတ် သားထွေး သမီးထွေး သားနှောင်း သမီးနှောင်း အစရှိသဖြင့်မွေးထားတဲ့အစဉ်အလိုက်ခေါ်တတ်တာလဲမြန်မာ့ရိုးရာပါဘဲ။ နောက် တစ်ခုရှိပြန်တာက အသက်ကြီးမှ မွေးတဲ့ကလေးကိုတော့ “နောက်ကျသား”ဆိုပြီး ရှက်ရှက်နဲ့ခေါ်ရပြန်ရော။ တစ်ခုတော့ရှိတယ် ဒီလိုနောက်ကျသားလေးတွေကို မိဘတွေက အချစ်ပိုလေ့ရှိတာအမှန်ပါဘဲ။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ကိုးဗျ။ ရွာထဲက ကိုဘလက်ချောရဲ့မွေးနေ့က ပြီးသွားတာ ကြာပေါ့။ စိန်ဗိုက်ဗိုက်က ပို့စ်တင်ပါတယ်။ ဒါပေမယ့် ကျနော်က လူကြီး […]