“နောက်ကျသားးးးးးးးးးးးးးးးးးးးးးးးးးးးး” (ကိုဘလက်ချောအတွက်မွေးနေ့လက်ဆောင်)     သီတင်းကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်ဖိတ်စာတွေမြင်ရတော့ ကျနော်အတွေးလေးတွေက ဆက်သွားပါတယ်။ သီတင်းကျွတ်ပြီးလို့ မင်္ဂလာဆောင်မယ်။ ပြီးရင်တော့ ………………………………………။ ငယ်ငယ်က ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတွေကိုမြင်ရင် “သီတင်းကျွတ်ပြီး မီးပုံးပြန်လွှတ်ရအောင်”လို့ မသိဆိုးဝါးစွာ စလေ့နောက်လေ့ရှိခဲ့ပါတယ်။ ဆက်တွေးမိပြန်တာက မွေးထားထဲ့ မိမိရင်သွေးလေးတွေကို ကြီးစဉ်ငယ်လို်က် သားဦး သမီးဦး သားလတ် သမီးလတ် သားထွေး သမီးထွေး သားနှောင်း သမီးနှောင်း အစရှိသဖြင့်မွေးထားတဲ့အစဉ်အလိုက်ခေါ်တတ်တာလဲမြန်မာ့ရိုးရာပါဘဲ။ နောက် တစ်ခုရှိပြန်တာက အသက်ကြီးမှ မွေးတဲ့ကလေးကိုတော့   “နောက်ကျသား”ဆိုပြီး ရှက်ရှက်နဲ့ခေါ်ရပြန်ရော။ တစ်ခုတော့ရှိတယ် ဒီလိုနောက်ကျသားလေးတွေကို မိဘတွေက အချစ်ပိုလေ့ရှိတာအမှန်ပါဘဲ။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ကိုးဗျ။ ရွာထဲက ကိုဘလက်ချောရဲ့မွေးနေ့က ပြီးသွားတာ ကြာပေါ့။ စိန်ဗိုက်ဗိုက်က ပို့စ်တင်ပါတယ်။ ဒါပေမယ့် ကျနော်က လူကြီး […]


                “တိမ်တွေကြောင့်ပိုလှနေတဲ့ အောင်ပန်းမြို့ကလေး”     အောင်ပန်းရောက်ရင် ကျနော် ရူ့ခင်းသာမှာဘဲ တည်းလေ့ရှိပါတယ်။ အောင်ပန်းနဲ့ ပင်းတယ ကလောလမ်းဆုံနားမှာရှိပါတယ်။ အဲဒီက ဝန်ထမ်းကလေးတွေသဘောကောင်းတာရယ် သန့်ပြန့်တာရယ် နောက်ဈေးနဲ့နီးတာရယ်ကြောင့်ပါ။ နောက်အဲဒီ ဟိုတယ်က အပေါ် ထပ်ကို ကျနော်ဓါတ်ပုံတက်ရိုက်တာကို စိတ်တိုင်းကျ ရိုက်ခွင့်ပြုထားလို့တည်းတာလည်းပါပါတယ်။ ကျနော်အောင်ပန်းကိုရောက်တဲ့ညနေမှာဘဲ မိုးသားတွေတက်နေတာကြောင့် တိမ်တွေက ညို့မှောင်မှောင်။ ဒါပေမယ့် အပြာရောင်လေးတွေက လဲ တစ်စွန်းတစ်စ စွန်းထင်းလို့နေပါတယ်။ တိမ်တောင်ထုတွေကလဲ အဖြူအပြာရောလို့ ကောင်းကင်မှာ ထောင်တက်နေပါတယ်။ သိပ်မကြာခင်လေးမှာဘဲ အလင်းစတွေရုပ်သိမ်းလို့ တိမ်တွေကလဲ တောင်တန်းနောက်ကိုပြေးဝင်ပါတော့တယ်။ နေဝင်ခါနီးမှာတော့ တိမ်အဖြူက အပေါ်က ပုစွန်ဆီရောင်အလင်းများက အနားသတ်နေပုံကတကယ်လှပ။ ကျနော်ကတော့ တိမ်တွေကိုနှစ်သက်သူဆိုတော့ အောင်ပန်းမြို့ကို […]


  “’ဒုန်းကနဲဒိုင်းကနဲ ဘုံးကနဲ ဗိုင်းကနဲ မီးထွန်း ပွဲ”   သီတင်းကျွတ်နားနီးပြီဆိုရင်  ၈၄လမ်း ၄ဝနဲ့၄၁လမ်းကြားမှာဗျောက်အိုးတွေမီးရှူး မီးပန်းတွေရောင်းတဲ့ဆိုင်လေးတွေအလျိုုလျိုနဲ့ပေါ်လာပါတယ်။ လမ်းအနောက်ဖက်တန်းက ပလက်ဖောင်းရှေ့မှာထွက်ကြတာပါ။ အတိအကျပြောရင်တော့ လမ်းပေါ်ဈေးတက်ရောင်းတာပါဘဲ။ ဒီလိုအချိန်ရောက်တယ် ဆိုရင် သတင်းစာထဲမှာ တီဗွီမှာ အထိတ်တလန့်မဖြစ်အောင်ဗျောက်အိုးမဖောက်ရ ဘာညာကွိကွ ဗျောက်ဖောက်ရင် ဗျောက်ရောင်းရင် ဘာနဲ့ညာနဲ့ ဆိုပြီးကြေငြာတာကတော့ နှစ်တိုင်း လိုလိုတိုင်းဖတ်ရပါတယ်။ ဒါပေမယ့်လဲ ဘယ်လိုဘဲကြေငြာ ကြေငြာ ဘယ်လိုဘဲစည်းကမ်းတွေထုတ်ထုတ် အောက်တိုဘာလဆန်းတာနဲ့တပြိုင်နက်ထဲ ဈေးချိုထဲကဆိုင်တွေကလဲ ဗျောက်အိုးတွေမီးရှူးမီးပန်းတွေကို စုဆောင်း နှစ်စဉ်ရောင်းနေကျ ဗျောက်အိုးသည်တွေကလည်း ဗန်းလေးတွေကိုယ်စီနဲ့ မန်းလေးမြို့လေးပြင်လေးရပ်မှာရောက်အလာ ဝယ်သူတွေကလဲ တစ်အုံးအုံး လမ်းပေါ်မှာ တဗုံးဗုံး တဘိုင်းဘိုင်း တအုံးအုံးတဒိုင်းဒိုင်း နဲ့ဗျောက်ဖောက်သံတွေကလဲ ကြားနေရစမြဲ ရှူးကနဲအသံအကျယ်ကြီးမြည်ပြီး မီးပန်းရောင်စုံကြီးတွေကောင်းကင်တက်သွားတာတွေ ကလဲမြင်နေရမြဲ ဆိုတော့  အဲလို ကြေငြာလိုက်တာကိုက “ ဗျောက်ရောင်းဘို့အချိန်ကြပါပြီခင်ဗျား  […]


          “အောင်ပန်း ရဲ့ မိုးနှင်းမူန်တွေကြားက နံနက်ခင်းလေး”     အောင်ပန်းကနေ ကလောကိုသွားတဲ့လမ်း မြို့ပြင်အထွက် ဘီးခွန်ကောက်တဲ့နေရာလွန်ရင် လမ်းအကွေ့လေးက အတော်လှပါတယ်။ သူ့အောက်ဖက်ကို ငုံ့ကြည့်ပြန်ရင်လည်း လယ်ကွင်းစိမ်းစိမ်းတွေရယ် မီးရထားလမ်းလေးရယ်ကကြည့်ရတာ မျက်စေ့ပသာဒရှိလှပါတယ်။ (7-10-2012)နေ့ ညနေ ငါးနာရီလောက် ဒီနားကို ဆိုင်ကယ် ကယ်ရီငှားပြီး ထွက်လာခဲ့ပါတယ်။ ဓါတ်ပုံရိုက်မယ်လို့ လုပ်နေတုံး တည်းခိုးခန်းမှာ ဧည့်သည်ရောက်နေတယ်ဆိုတာနဲ့ အမြန်ပြန်ပြေးခဲ့ရတော့ ဓါတ်ပုံသေချာမရိုက်ခဲ့ရပါဘူး ။ နောက်နေ့မနက် (8-10-2012)နေ့ မနက်မှာတော့ ထုံးစံအတိုင်းလမ်းလျောက်ထွက်ခဲ့ပါတယ်။ မနက်ငါးနာရီခွဲလောက်မှ ထွက်လာခဲ့တာပါ။ မိုးနှင်းမူန်လေးတွဲက တဖွဲဖွဲကျလို့နေပါတယ်။ တီရှပ်ကလေးနဲ့ထွက်လာမိတော့ အတော်လေးအေးပါတယ်။ ဒါနဲ့ နွေးသွားအောင်ခပ်သွက်သွက်လျောက်လိုက်ပါတယ်။ မိုးနှင်းတွေ ဝေနေတော့လမ်းကိုကောင်းကောင်းမမြင်ရပါဘူူး ဒီလိုနှင်းထဲမှာလမ်းမလျောက်တာ အတော်ကြာပြီဆိုတော့ အေးစိမ့်စိမ့် နဲ့ အတော်လေးအရသာရှိပါတယ်။ […]


              “မြို့အောင်ပန်း မှ သဘာဝပုံရိပ်များ…………….”     ကျနော်လက်ဆော့တဲ့အခါ  သဘာဝရူ့ခင်းတွေကိုဘဲလက်ဆော့တာများပါတယ်။ လူပုံကိုပီပြင်အောင်မရိုက်တတ်တာရယ် ကိုယ်ဓါတ်ပုံရိုက်လိုက်တာကို မနှစ်သက်ရင် ပြဿနာဖြေရှင်းရမှာ စိုးတာလဲ  ပါ ပါတယ်။ အဲတော့ ပြန်မပြောတဲ့ ကို်ယ်ရိုက်သမျှငြိမ်ခံတဲ့ သဘာဝမြင်ကွင်းတွေကိုဘဲ စိတ်ချလက်ချရိုက်တာပေါ့။ ဒါပေမယ့် တောင်ပိုင်းရှမ်းပြည်ကို 2011 စက်တင်ဘာလမှာအလည်သွားတဲ့အခါ တိုင်းရင်းသားတွေရဲ့ ရိုးသားတဲ့ အပြုံးတွေ လွတ်လပ်အေးချမ်းစွာနေတတ်ပုံတွေမြင်ရတော့ သူတို့ကို မှတ်တမ်းတင်ချင်စိတ်ပေါ်လာပါတယ်။ အထူးသဖြင့် လွိုင်ကော်မြို့ကိုသွားတဲ့ လမ်းခရီးမှာ ပအိုဝ့်မလေးတွေရဲ့ လှပသေသပ်စွာ ခြယ်သထားတဲ့အလှတွေကိုမြင်တော့ ရောက်တုံးရောက်ခိုက်မှတ်တမ်းတင်ထားခြင်တဲ့စိတ်တွေ ပေါ်လာပါတယ်။ အဲဒီကစလို့ လူပုံတွေကိုလည်း မှတ်တမ်းတင် ပါတော့တယ်။   ဒါပေမယ့်လူ့သဘာဝအရ ဓါတ်ပုံရိုက်မယ်ဆိုရင် ရှက်ကိုးရှက်ကန်းဖြစ်သွားတတ်ပါတယ်။ အဲဒီအခါ သဘာဝကျကျလိုချင်တဲ့ကျနော့်မှာ ပုံကောင်းကောင်းမရ။ […]


                “အောင်ပန်းမြို့က ကိုရင် ”   အောင်ပန်းရောက်လိုု့ မနက်စောစော ထလမ်းလျောက်တဲ့တစ်ရက် မိုးနှင်းမူံတွေနဲ့ ပိတ်ဆိုင်းလို့နေပါတယ်။ ကျနော်လမ်းလျောက်တဲ့ရှေ့မှာတော့ ဦးဇင်းတစ်ပါးကိုတွေ့ရပါတယ်။ အပြန်လမ်းမှာလဲ ဆွမ်းတန်း တစ်တန်းကိုတွေ့ရပါတယ်။ ဆွမ်းလောင်းမယ့်သူကလဲ အဆင်သင့်စောင့်လိုနေပါတယ်။ နောက်ရက် လွယ်မယ်တောင်ကိုတက်တဲ့အချိန်မှာ တောင်ပေါ်ကနေ ကိုရင်လေးတွေဆင်းလာတာကို တွေ့ရပါတယ်။ တောင်ခြေက ရပ်ကွက်ထဲကိုဆင်းလာပြီးဆွမ်းခံထွက်လာကြပါသတဲ့။ တစ်ချို့ကလဲ ဖောက်ထားတဲ့ကွန်ကရစ်လမ်းအတိုင်းဆင်း။ တစ်ချို့ကတော့ ထင်းရူးတောလေးထဲကို တရွှေ့ရွှေ့တိုးဝင်သွားတာကိုမြင်ရ။ ကျနော် တောင်ပေါ်က ပြန်ဆင်းလာချိန်မှာတော့ ကိုရင်တစ်ချို့က ဆွမ်းခံပြန်လာပါပြီ။   အဲဒီအချိန်မှာ အောင်ပန်းမြို့ကိုပထမဆုံးအကြိမ်ရောက်တုံးကမြင်ရတာလေးကို ပြန်သတိရမိပါတယ်။ နံနက်ခြောက်နာရီခွဲလောက်မှာ ကိုရင်လေးတစ်ပါးက ကြေးစည် လေးထုထုပြီ လမ်းပေါ်ကို လျှောက်လို့သွားပါတယ်။ သိပ်မကြာခင်မှာ ဆွမ်းတန်းကြီးကြွလာပါတော့တယ်။ ဆွမ်းတန်းအရှည်ကြီးက နှစ်တန်းပါ။ […]


“ပြဒါးပျယ်နေတဲ့ မှန်ထဲမှာ စလေအညာက ပုလွေဆရာ့နောက်လိုက်နေတဲ့ကြွက်တွေကိုတွေ့လိုက်တယ်”   ၁၉၆၂ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရတဲ့ ကျနော်တို့အဘို့ ကိုယ်ပိုင်ဆိုင်တာလေးတွေ နဲ့ ကိုယ့်ရပိုင်ခွင့်လေးတွေ လက်လွတ် ဆုံးရှုံးမှာကို စိုးရွှံတဲ့ကြောက်စိတ်နဲ့ နှစ်ပေါင်းများစွာနေလာခဲ့ကြရပါတယ်။ အဲဒီစိ်တ်တွေရဲ့ အကျိုးဆက်ကတော့ ကိုယ်စွမ်းကိုယ်စနဲ့ မိမိကိုယ်မိမိယုံကြည်တာတွေ တစထက်တစ မသိမသာ ပျောက်ဆုံးသွားခဲ့တာပါဘဲ။   နောက်တစ်ချက်က ရုံးပြင်ကန္နားသွားရမှကိုကြောက်ရွှံ့တဲ့စိတ်တွေကိုဖျောက်မရနိုင်တာပါ။ ကျနော်တို့မြန်မာလူမျုးိတွေက ရုံးရောက်ဂါတ်ရောက်အင်မတန်ကြောက်ပါတယ်။ အဲလိုသွားရတာကို  ကျက်သရေမရှိ မင်္ဂလာမရှိ လို့သတ်မှတ်ထားခဲ့ကြပါတယ်။ ဟိုးနှစ်ပေါင်းများစွာ အင်္ဂလိပ်လက်ထက်ကတည်းက အရိုးစွဲနေအောင်ကြောက်ခဲ့ကြတာပါ။ ကြောက်ဆိုလဲကြောက်စရာပါဘဲ။ အင်္ဂလိပ်ခေတ်ကတည်းက သုံးစွဲလာခဲ့တဲ့ ဥပဒေ-ဓမ္မသတ်အတော်များများဟာ စကားလုံးခန့်ထည်မူ့နဲ့အတူ ကျနော်တို့သာမန်လူတွေနားမလည်နိုင်လောက်တဲ့ ထည်ဝါလှတဲ့ ပြောဆိုသုံးနုူန်းတာတွေကြောင့် ပိုမိုပြီးကြောက်ရွှံခဲ့ကြတာလဲအမှန်ပါဘဲ။ သူတို့ပြောတဲ့စကားအသုံးအနှုန်းကိုသေချာမသိဘဲဖြေလိုက်မိရင်အမှန်ကနေအမှားဖြစ်သွားတတ်လို့လဲ ကြောက်ကြတာပါ။ တကယ်လဲ မေးတာကိုသေချာနားလည်ဘဲ ကြောက်ကြောက်ရွှံ့ရွှံနဲ့ ဟုတ်ကဲ့မိလို့ ဒုက္ခရောက်ခဲ့ကြတာ တွေကိုလဲ နားမဆန့်အောင်ကြားဘူးထားကြတာကိုး။ တရားရုံးမှာ […]


      19 ကွေ့ဝိုက်သောလမ်းကလေး   “ထင်းရူးရိပ်………”     ကျနော် သင်္ကြန်အပြီးအောင်ပန်းကိုရောက်တုန်းက  မြို့အပေါ်စီးကရိုက်ချင်လို့ အနောက်ဘက်တောင်ခါးပန်းကို ခြေလျင်သွားခဲ့ပါသေးတယ်။ ဒါပေမယ့် အပေါ်လဲရောက်ရော အိမ်တွေနဲ့ပိတ်နေတော့ မြင်ကွင်းမရှင်း။ တောင်ကြောရဲ့ အနောက်တောင် ဖက်အစနားမှာရှိတဲ့ တရုတ်သချင်္ိုင်းနားကို သွားတော့ ခွေးအုပ်လိုက်ကြီးကမာန်ဖီပြ နေတော့ ဆက်မသွားရဲ။ အဲဒါနဲ့ဘဲ အတော်လေးမြင့်တဲ့ အိမ်ဝရန်တာကဘဲ  အမှတ်တရရိုက်ခဲ့ရပါတယ်။ (အဲဒီပုံတောင် မတင်ရသေးဘူးထင်တာပါဘဲ)   ဒိတစ်ခေါက်ရောက်တော့ လမ်းလျောက်ပြီးတောင်ပေါ်တက်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။ ပထမရက် မနက်လမ်းလျောက်ထွက်ချိန်မှာတော့ မုးိနှင်းတွေနဲ့ပိတ်ဖုံးလို့နေပါတယ်။ ကလောအထွက်ဘက်ခဏလမ်းလျောက်ပြီးပြန်လာခဲ့ပါတယ်။ နောက်နေ့ မနက်ခြောက်နာရီလောက် တည်းခိုးခန်းက ထွက်အလာ ဆိုင်ကယ် ကယ်ရီသမားလေးက “လေးလေး ဘယ်လဲ လိုက်ပို့ပေးမယ်လေ ”လို့ပြောလာပါတယ်။ အောင်ပန်းကို အပေါ်စီးက ရိုက်ချင်တယ် ဒါပေမယ့် တောင်ဘက်က […]


                    “တောင်ကြီးမြို့မှာလက်ဆော့ခဲ့သမျှ”     လမ်းလျောက်တဲ့မနက်မှာ မိုးတွေက ကျလာ ထီးမပါ အဲတာနဲ့လမ်းတစ်ဝက်ကလှည့်ပြန်ခဲ့ရပါတယ်။ အဲဒါနဲ့စည်ပင်သာယာပန်းခြံထဲမှာခဏမိုးဝင်ခိုလိုက်ပါတယ်။ သိပ်မကြာခင်မိုးတိတ်သွားတော့ ကလေးတွေဆော့ဘို့စင်ကလေးလုပ်ထားတာတွေ့ရပါတယ။် ဒါနဲ့ဘဲအဲဒီစင်ပေါ်တက်ပြီး မြန်မာပြည်မြေပုံ ပုံစံလုပ်ထားတဲ့ ပန်းခင်းလေးကို ရိုက်ပါတယ်။ ပထမတစ်ခေါက်ကတည်း ကဒီပုံလေးကို လက်ဆော့ချင်ပေမယ့် အပေါ်စီးကမြင်ရတဲ့နေရာမရှိလို့မရိုက်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ခါတော့ စိတ်တိုင်းကျလက်ဆော့နိုင်ခဲ့ပါတယ်။ မိုးလေးက နည်းနည်းရွာထားတော့ သစ်ပင်ပေါ်တင်နေတဲ့ရေစက်ရေပေါက်တွေကိုလက်ဆော့ ဘို့လိုက်ရှာပြန်ရော။ အဲဒါတွေမတွေ့ခင်ခေါင်းပေါ်မော့ကြည့်လိုက်တော့ မယ်ဇလီပွင့်ဝါဝါကြီးတွေ။. မန်းလေးကအပွင့်ကသေးပါတယ်။ အဲတော့ ဘာရမလဲ လက်ဆော့ တာပေါ့။ ပန်းခြံမြောက်ဘက်အထွက်နားရောက်တော့ သစ်ပင်လေးတွေပေါ်မှာ မုးိစက်တွေသီးနေတာမြင်တော့ လက်ဆော့မိပြန်ရော။ ကုန်းလိုက်ကွလိုက် ထိုင်လိုက်ငုံ့လိုက်လုပ်နေတဲ့ ကျနော့်ကို ပန်းခြံစောင့် တာဝန်ယူထားသူ မျက်စေ့နောက်တဲ့အထိပါဘဲ။ အဲဒီမှာလက်ဆော့လို့အားရလို့ထွက်လာလိုက်တာ ကမ္ဘောဇဘဏ်ရှေ့ရောက်တော့ […]


  “ဂရုမစိုက်ဘူးကွာ”   ပြီးခဲ့တဲ့စနေနေ့ ကျနော် မြို့သစ်ဘက်ကိုသွားတော့ သိပ္ပံလမ်းကနေ ၇၃လမ်းထဲကိုချိုးကွေ့လိုက်ပါတယ်။ အဲဒီလမ်းကလေးက သစ်ရိပ်ဝါးရိပ်နဲ့ဆို နေပူသက်သာလို့ပါ။ မရောက်တာလဲ အတော်ကြာတော့ဖြတ်သွားချင်တာလဲ ပါပါတယ်။ ဝင်ဝင်ချင်း လမ်းဒေါင့်မှာ အရင်ကရှိတဲ့ ဘီယာဆိုင်ရော လက်ဖက်ရည်နဲ့တွဲထားတဲ့ အကြော်ဆိုင်လေးရောမရှိတော့။ သူတောင်ဘက်က မြေကွက်လပ်ကတော့ သံဇကာ ကာထားပြီး တပ်မတော်စိုက်ခင်းလို့ရေးထားပါတယ်။ အထဲမှာတော့ ကြံပင်တွေနဲ့စိမ်းစိမ်းစိုစို။ ဟိုးတုန်းကတော့ကြက်ဆူခင်းတွေပေါ့။ အဲဒီကနေ နည်းနည်းလေးရှေ့ဆက်သွားလိုက်တော့  အရင်ရှိတဲ့ကျောက်လမ်းနဲ့ သစ်ပင်ခင်တန်းလေးကြားမှာ မြေနီလမ်းအသစ်ဖောက်ထားတာကိုတွေ့ရပါတယ်။ အရင်တုန်းက မြေကွက်လပ်ကြီးမှာ အကာအရံတွေနဲ့ဖြစ်နေပါတယ်။ အဲဒီက နံရံပေါ်မှာတော့ကုမ္ပဏီတွေရဲ့ကြော်ငြာပေါင်းစုံကပ်ထားပါတယ်။ အော်မြိုသစ်တည်ဆောက်ရေး အဆင့်မြင့် လူနေအိမ်ယာစီမံကိန်းလို့ထင်ပါရဲ့လို့တွေးနေတုန်းအဲဒီအနောက်ဘက်က မြေလမ်းကနေ ကားအကြီးအပြာရောင်တစ်စီးဖြတ်လဲမောင်းလိုက်ရော ပါတ်ဝန်းကျင်တစ်ခုလုံး လေနီကြမ်းဝင်မွှေ့လိုက်တဲ့အတိုင်းဖုံတွေလုံးတက်သွားပါတော့တယ်။ ဖြစ်ဖြစ်ခြင်းတော့ ဓါတ်ပုံမရိုက်နိုင်။ မျက်နှာကို အုပ်ထားရလို့ပါ။ ကားလဲလွန်သွားရော ဒီပုံလေးတွေရလိုက်ပါတယ်။ အဲဒီကားကတော့ ဂိတ်-2 ဆိုတဲ့အထဲကိုဝင်သွားပါတယ်။ လမ်းဘေးက […]


        8 ဘုရားဒါယိကာ မင်းတုန်းမင်း နောက်တစ်ပါတ်ဆိုရင် မန်းလေးတောင်ခြေက  ကုသိုလ်တော်ဘုရားပွဲစပါပြီ မန်းလေးသားများ အမှတ်ရအောင်သတိပေးတာပါ   ကိုပေါက်လမ်းသလားနေသည် (23-10-2012)  


        “ပြာပြာလွင်လွင်တောင်ကြီးတစ်ခွင်”     တောင်ကြီးဈေးအနောက်ဖက်နားကနေပြီး အေးသာယာဘက်ကို  မြို့ပါတ်ကားနဲ့ထွက်ခဲ့ပါတယ်။. ကားထဲကနေထိုင်ရင်းခေါင်းထွက်လို့ အဆင်းလမ်းကို တကြည့်ကြည့်နဲ့ပေါ့။ ဓါတ်ပုံရိုက်ဘို့ဘယ်နေရာကောင်းလဲလို့ရွေးရင်းပေါ့။ တောင်အဆင်းလမ်းတနေရာမှာရေတံခွန်အသေးလေးတွေ့ပေမယ့် မဆင်းမိ။ ကိုယ်တကယ်သွားချင်တဲ့နေရာက ရေတံခွန်အကြီးနှစ်ခုနဲ့နီးတဲ့နေရာကိုပါ။ အဲဒီကိုသွားမယ်ဆိုရင် စိုက်ပျုးိရေးခြံနားကို ဆင်းမှ တောင်တက်လမ်းကို ပြန်တက်လို့ရမှာပါ။ လမ်းမှာရိုက်ဘို့ကောင်းတဲ့နေရာလေးကိုစိတ်နဲ့မှတ်။ စိုက်ပျုးိရေးခြံနားကိုရောက်တော့ ကားကဆင်း။ လမ်းမှာရိုက်ဘို့တေးထားခဲ့တဲ့နေရာကို ပြန်သွားပါတယ်။ အဆင်းလမ်းကိုပြန်တက်သပေါ့။ အဲဒီလမ်းမှာ ပြာလွင်နေတဲ့ကောင်းကင်ကြီးနဲ့ ညို့မိူင်းတဲ့တောင်များရဲ့နောက်ခံပန်းချီကားတွေကိုအရအမိရိုက်ပြီး ပြန်ဆင်းလာခဲ့ပါတယ်။   နောက်နေ့ နေ့လည်ခင်းတည်းခိုခန်းခေါင်မိုးကိုတက်အကြည့် တိမ်ညိုနဲ့တိမ်ပြာရောယှက်လို့ တောင်ကြီးမြို့ကြီးကို လွမ်းခြံထားတာကိုတွေ့ရပါတယ်။ နောက်စွယ်တော်စေတီရောက်ပြန်တော့လဲ ပြာလွင်တဲ့ကောင်းကင်ကိုတွေ့ရ။ ကျနော်မရောက်ခင်ရက်က တောင်ကြိးမှာမိုးမပြတ်ဘူးလို့သိရပါတယ်။ ကံကောင်းတော့ မိုးတွင်းမှာ ပြာလွင်တဲ့ကောင်းကင်အောက်က တောင်ကြီးမြို့ကို မြင်ခွင့်ရခဲ့ပါတယ်.   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (23-10-2012)    


    “စိမ်းစိမ်းစိုစို တောင်ကြီးမြိုတစ်ခွင်”     ခါတိုင်းတောင်ကြီးကို ညကားနဲ့သွားတော့ မနက်မိုးတိုးမှောင်တောင်မှာရောက်လေ့ရှိပါတယ်။ အဲတော့လမ်းက စိမ်းစိုတဲ့မြင်ကွင်းတွေကို မမြင်ဘူးတာများပါတယ်။ ဒီတစ်ခေါက်လမ်းမှာကားဘီးပေါက်တော့ တောင်ကြီးအတက်လမ်းရဲ့စိမ်းလန်းပုံတွေမြင်ရပါတယ်။ ရေတံခွန်ကိုလဲတွေ့ခဲ့ရသပေါ့။ အဲဒါနဲ့နောက်နေ့ မှာတော့ စိမ်းမြစိုလွင်နေတဲ့တောင်ကြီးမြင်ကွင်းလေးတွေကို လက်ဆော့ခဲ့သမျှပို့ပေးလိုက်ပါတယ်၊။   ကိုပေါက်လမ်းသလားနေသည် တောင်ကြီးအောက်တိုဘာ 5 13-10-2012