“အီးဘယ်သူပေါက်…………….မောင်ပေါက် “   ကျနော်မနက ်မနက်လမ်းလျောက်သွားတဲ့အခါ လမ်းလျောက်သူလူတော်တော်များများရဲ့လက်မှာ ရေဒီယုိုအသေးလေးတွေ ကိုယ်စီကိုယ်စီပါလာကြတာကို တွေ့ရပါတယ်။ မြန်မာ့အသံက မလွှင့်လို့ ကြားရခဲတဲ့ မြန်မာသီချင်းအဟောင်းအကောင်းလေးတွေကို အဲဒီရေဒီယိုလိုင်းတွေက နေပြီး လွှင့်ပေးတော့ အလွမ်းပြေ ကြားရတတ်ပါတယ်။ တစ်ခါတစ်လေတော့လဲ မနက်စောစောစီးစီးမှာ အဆွေးသီချင်းတွေလာချင်လာနေတတ်ပါတယ်။ အများအားဖြင့်ကတော့ မြန်မာနိုင်ငံနဲ့ဆို်င်တဲ့သတင်းတွေ၊နိုင်ငံတကာသတင်းတွေ၊ ဝေဖန်ချက်တွေကိုဝေဝေဆာဆာလွှင့်ပေးနေတာကိုကြားနေရပါတယ်။ အခုအချိန်မှာတော့ မြန်မာဘာသာနဲ့လွှင့်တဲ့နိုင်ငံခြားလုိုင်းတွေလဲများသထက်များလာတယ်ဆိုတော့ ကိုယ်နှစ်သက်ရာလိုင်းကို ကိုယ်ရွေးနားထောင်လို့ရနေပြန်ပါတယ်။ အချို့လူတွေများဆို မနက်လမ်းလျောက်ရင်း ၊ဆိုင်ကယ်စီးရင်း စက်ဘီးစီးရင်း ၊ကားမောင်းရင်း ရေဒီယိုလေးကို လက်ကကိုင်ပြီး နားထောင်ရင်းခေါင်းလေးကတငြိမ့်ငြိမ့်တကယ့်အရေးကြီးကိစ္စကိုလုပ်နေတဲ့အတိုင်း။ ပဲများတာလဲ နည်းနည်းတော့ပါတာပေါ့။   ဟိုအရင်တုံးက ဆိုရင်  BBC နဲ့ VOA နှစ်လိုင်းဘဲ  အကောင်းလုပ်ပြီးနားထောင်ခဲ့ရတာပါ။ နားထောင်ရတာကလဲ သိပ်ပေါ်ပေါ်တင်တင်ကြီးတော့နားထောင်လို့မရ။ တကယ့်ကို တိုးတိုးတိတ်တိတ်လေး။ နားထောင်သူများကလဲ တစ်ရက်နားမထောင်လိုက်ရရင် တစ်ရက်ခေတ်နောက်ကျသွားသလို ကို […]


  ရခိုင်အလှူကနေ ဖြာခွဲထွက်လာတဲ့ အလှူတစ်ခုကတော့ ကျနော်တို့ရွာသား ကိုထွန်းဝင်းလတ် တို့ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ နမီးအုပ်စု မှာရှိတဲ့ ခေါင်တုန့်စည်ရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းလေးအတွက် ထပ်မံလှူဒါန်းဖြစ်ခြင်းပါဘဲ။ ပထမဆုံးရခိုင်အတွက်အလှူငွေကောက်တယ်။ အဲဒီအထဲကမှ ဒီကျောင်းလေးအတွက်ခွဲလှူဖို့ ဆုံးဖြတ်။ ကိုထူးဆန်းက လှူဒါန်းမယ့်ငွေနဲ့ ဝယ်ရမယ့်ပစ္စည်းစာရင်း မန်းလေးကို ပို့ပေး။ ကိုပေနဲ့ကျနော်က လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး ကိုထွန်းဝင်းလတ်နေတဲ့မော်လူးကို မီးရထားနဲ့ပြန်ပို့။ ပထမအခေါက်က သွပ်နဲ့သံ အဓိကထားဝယ်။ ဟိုမှာဝယ်လို့ရတာကို ဟိုမှာဝယ်ဘို့အတွက် ပိုနေတဲ့ငွေကို ကိုထွန်းဝင်းလတ်ဆီပြန်လွှဲ။ ဒါပေမယ့် မပြည့်စုံသေးဘဲထပ်လို။ လိုငွေကို ကိုထူးဆန်းက ကျနော်ဆီထပ်လွှဲ။ ကျနော်က တစ်ခါ ကိုထွန်းဝင်းလတ်ဆီကို အပြင်ငွေလွဲကနေထပ်ပို့။ အဲဒီအခါမှ ကိုထွန်းဝင်းလတ်ဆီကိုရောက်။ ကိုထွန်းဝင်းလတ်က တစ်ခါ လူရောငွေရောစိုက်ထုတ်လိုက်တဲ့အခါ ကျောင်းလေးတစ်ကျောင်းဖြစ်တည်ခွင့်ရသွားပါတယ်။ (3-10-2012)နေ့မှာတော့ ကျောင်းထိုင်ဘုန်းကြီးက ပို့ပေးလိုက်တဲ့ အလှုရှင်ဂုဏ်ပြုမှတ်တမ်းလွှာလေး […]


      “တိမ်ရောင်စုံနံနက်ခင်းလေး”     မနက်မနက်လမ်းလျောက်တဲ့အခါ  ရောင်စုံတိမ်အဆင်နဲ့လှပတဲ့နံနက်ခင်းလေးတွေကို တွေ့ရတတ်ပါတယ်။ ကျနော်လမ်းလျောက်တာက အရှေ့ကနေ အနောက်ဖက်ကို လျောက်ရတာပါ။ အဲတော့ အရှေ့ဖက်မိုးကောင်းကင်ကြီးလှမလှကို နောက်ပြန်ကြည့်ရတာလဲအမောပါဘဲ။ ကောင်းကင်မှာ အနီရောင်အလင်းစက်တွေကိုများတွေ့ရပြီဆိုရင် မြင်ကွင်းကျယ်ကျယ်လဲရှိ ရိုက်လို့လဲလှမယ့်နေရာဆီကိုရောက်ပြေးရပါတယ်.။ တိမ်တွေလဲလှနေတာများတွေ့ရလို့ကတော့ရိုက်နေကျ နေရာလေးဆီကိုအပြေးအလွှားသွားပေါ့။ အခုမနက်မှာတော့ တိမ်လေးတွေက အဆင်အသွေးလှလှနဲ့ မြင်ရပါတယ်။ တိမ်ရယ် ရေပြင်ရယ် သစ်ပင်တွေရယ်ဆိုတော့ ပြည့်စုံသော ပုံလေးတစ်ပုံကို ရတာများပါတယ်။ ကဲ ခံစားကြည့်လိုက်ပါအုံးနော်………………..   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 30-9-2012      


              “တိမ်တွေနဲ့နီးအောင်အမြင့်သို့်တက်ကြည့်ခြင်း”   ကျနော်ဓါတ်ပုံရို်က်တဲ့အခါ တိမ်တွေ ရေထဲမှာအရိပ်ကျတာတွေကိုအတော်လေးနှစ်သက်မိပါတယ်.။ အထူးသဖြင့်ငယ်ငယ်လေးကတည်းကနှစ်သက်ခဲ့တဲ့တိမ်တောင်ထုတွေကို အခုထိလည်းနှစ်သက်နေတုံးပါဘဲ။ ဒီစက်တင်ဘာလ ကတော့ ခါတို်င်းထက်တိမ်တွေပိုလှတယ်လို့ထင်မိပါတယ်။ ခက်တာက ကောင်းကင်အပေါ်ပိုင်းမှာလေတွေတို်က်နေတော့ တိမ်တွေကရွှေ့လျားလို့နေပြန်ပါတယ်။ တိမ်တောင်ထုလေးပေါ်လာလိုက်။ ညနေကျရင်  သွားရိုက်မယ်စိတ်ကူးထားလိုက်။ တိမ်တွေကြ့ပိုကျသွားလိုက်နဲ့ ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေရိုက်မယ်လုပ်ပြန်ရင် မြင်ကွင်းက မရှင်း။   ခေါင်မိုးမြင့်မြင့်အပေါ်စီးကသာရိုက်မယ်ဆိုရင်တိမ်တွရှင်းနေမှာဘဲလို့တွေးမိပါတယ်။။ မန္တလေးတောင်ပေါ်က တက်ရိုက်ဘို့စဉ်းစားပေမယ့် အဆင်မပြေ။ တိမ်တွေကို အပေါ်အမြင့်ကရိုက်ကြည့်ချင်စိတ်က တိုးတိုးလို့လာပါတယ်။ တစ်ရက် ဟိုတယ်တွေမှာ ဒိုဘီအပ်တာလက်ခံတဲ့မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းရပါတယ်။ သူက ဟိုတယ်အပေါ်ဆုံးထပ်မှာသွားပြီး လျှော်ပေးရမယ့်အထည်တွေကို သွားလက်ခံရပါတယ်။ သူနဲ့အဖော်လိုက်သွားပြီး ခေါင်မိုးပေါ်တက်လိုက်တဲ့အခါ မန်းလေးမြို့ကြီးကိုအပေါ်ကစီးကြည့်လိုက်ရတဲ့ မြင်ကွင်းက ရင်သပ်ရှု့မော။ ကျယ်ပြန်တဲ့ကောင်းကင်မှာရှိနေတဲ့တိမ်တွက ကိုယ်နဲ့ ပို ပိုနီးကပ်လာသလိုပါဘဲ၊။ အရှေ့ဘက်မှာရန်ကင်းတောင် ရှမ်းရိုးမနဲပ […]


                “တိမ်တွေနဲ့အလှဆင်ထားတဲ့မြို့………………………”     ဒီနှစ်စက်တင်ဘာလကတော့ ကျနော်နှစ်သက်တဲ့ တိမ်တွေအမြဲမြင်နေရတဲ့လဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီလိုစက်တင်ဘာလမှတော့ ကျနော်တောင်ပိုင်းရှမ်းပြည်ကိုရောက်နေခဲ့ပါတယ်။ တစ်ရက်အလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုသွားရင်း ကျုံးနံဘေးအရောက် အရှေ့ဖက်မှာ လှပသောတိမ်တောင်ထုနဲ့ လိုက်ဖက်လှတဲ့ နန်းမြို့ရိုးကို မြင်ရတဲ့အခါ ပြည့်စုံလွန်းတဲ့ အလှကိုမြင်လိုက်ရသလိုရင်သပ်ရှု့မော။ နောက်ရက် အမျုးိသားကဇာတ်ရုံကပြန်လာတဲ့ညနေခင်းလေးမှာလဲ နူးညံ့လှပတဲ့ တိမ်အဆင်နဲ့နန်းမြို့ရိုး တွေကိုတွေ့ရပြန်ပါတယ်။ ကျနော်ကလဲအနောက်ဖက်ကျုံးလမ်းကနေမြောက်ဘက်ကိုအမြဲသွားလေ့ရှိပါတယ်။ သွားတိုင်းလဲတိမ်တွေကိုတွေ့ပါတယ်။ တွေ့တိုင်းလဲ ဆိုင်ကယ်ရပ်ပြီးလက်ဆော့တတ်ပါတယ်။ လှတဲ့ပုံလေးကိုမြင်တော့ မနေနိုင်ဘူးလေ။   လွန်ခဲ့တဲ့တစ်ရက်ကတော့ မန်းလေးတောင်ခြေဘက်ကိုရောက်ပါတယ်။ ကျောင်းထိုင်ဘုုန်းကြီးကျောင်းရှိတဲ့နေရာကနေ မန်းလေးတောင်ပေါ်ကတိမ်တွေကိုလှမ်းရိုက်။ နောက်မြောက်ဘက်ကျုံးနံဘေးကနေအနောက်ဘက်ကျုံးရော တောင်ဘက်ကျူံးကိုလှမ်းရိုက်။ တိမ်တွေနဲ့လှနေတဲ့နန်ုးမြို့ရိုးကိုရိုက်။ ရိုက်လို့မဝနိုင်အောင်ပါဘဲ။ တစ်ညနေခင်းမှာ ၂၆ဘီလမ်းကနေ၈၂လမ်းအတိုင်းလာနေရင်း အရှေ့ဘက်လှမ်းကြည့်တော့ တိမ်တွေနဲ့လှ နေတဲ့ ရွှေနှလုံးတော်ချပ်ချ်ကျောင်းကိုမြင်တော့ ဆိုင်ကယ်ထိုးရပ်ပြီး လက်ဆော့ပါတယ်။ သူများတွေကြည့်နေလဲ မရှက်တော့ပါဘူး.။ […]


          “မြန်မာ့ရိုးရာလေးတွေနဲ့ ထိတွေ့မိတဲ့နေ့လေးတစ်နေ့”     ငယ်စဉ်က အငြိ်မ့်တကာ ဇာတ်တကာကိုလိုက်ကြည့်ဘူးတဲ့ ကျနော် အဲဒါတွေနဲ့ဝေးနေခဲ့တာအတော်ကြာခဲ့ပါပြီ။ မန်းလေးမှာ မီးကြီးနှစ်ကြိ်မ်လောင်ပြီးတဲ့နောက်မှာ မန္တလေးမြို့ခံတွေကလဲ မြို့သစ်ကိုရွှေ့သွားကြပါတယ်။ သူတို့နေရာမှာ အဝေးရောက်သားတွေရောက်လာတဲ့အခါမှာ သီတင်းကျွတ်တာနဲ့တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် ကျင်းပခဲ့တဲ့ ရပ်ကွက်ဘုရားပွဲတွေကလည်းတစ်စထက်တစ်စကွယ်ပျောက်. ကထိန်ပွဲတွေလဲပျောက်။ ပွဲဖြစ်ပြန်တော့လည်း အငြိမ့်ဇာတ်ပွဲမိန့်ခံရတာကခက်ခဲ၊ အရပ်ထဲမှာလဲဇာတ်တွေဘာတွေမကြည့်တတ်သူတွေဘဲကျန်ခဲ့ပြန်တော့ ဇာတ်ထဲ့ပြန်ရင်လဲ မင်းစင်ဝယ်မယ့်သူမရှိတော့အရှုံးပေါ်။ အငြိမ့်ထဲ့ပြန်တော့ ပွဲမိန့်တွေဘာတွေခံရတဲ့အလုပ်တွေရှုပ်။ အဲလိုဇယားတွေများတော့ ပြီးလွယ်စီးလွယ် ရပ်ကွက်တီးဝိုင်းလေးနဲ့ဘဲ ဘုရားပွဲကထိန်ပွဲတွေပြီးသွားကြပါတယ်။ အဲတော့ ကျနော်တို့လည်း တဖြည်းဖြည်းနဲ့အငြိမ့်တွေဇာတ်တွေနဲ့ဝေးသွားပါတယ်။   ပြီးခဲ့တဲ့ တစ်ရက်က တော့ ရန်ကုန်အနုပညာတက္ကသိုလ်က ဆရာသန်းက အကူညီတောင်းလာပါတယ်။ မန်းလေး အမျိုးသားကဇာတ်ရုံမှာ အနုပညာတက္ကသို်လ်ကျောင်းဆင်းပွဲမှာ ကျောင်းဆင်းကလေးတွေ ကပြကြတဲ့ပွဲကလေးကိုသွားပြီး ဓါတ်ပုံသွားရိုက်ပေးဘို့ပါ။ နောက်သူ့ဆီကို အီးမေးလ်နဲ့ပြန်ပို့ပေးဘို့ပါ.။ နေ့လည်ပိုင်းဆိုတော့ ကျနော်နည်းနည်းလေးအားပါတယ်။ […]


                        “အပျင်းပြေ အငြီးပြေ လက်ဆော့ခြင်း”     အခုရက်ပိုင်းမှာ ဓါတ်ပုံပိုရိုက်ဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာ တိမ်တွေလှတော့ပိုရိုက်ဖြစ်ပါတယ်။ အဲလိုလှတပတ ဓါတ်ပုံတွေရိုက်ရင်းကနေ လက်ဆော့မိတာလဲအများကြီးပါဘဲ။ ဟိုတစ်ရက် ကန်ပါတ်လမ်းမှာလိပ်ပြာတွေ ပုစဉ်းတွေပျံဝဲနေတာ တွေ့တော့လိုက်ရိုက်ပါတယ်။ ဒါပေမယ့် မကျွမ်းကျင်တော့ စိတ်တိုင်းကျလောက်တဲ့ပုံကိုမရပါဘူး။ အောင်ပင်လယ်ဘက်မှာသွားတုံးကတော့ ချောင်းလေးထဲမှာပုစဉ်းလေးနားနေတာကို လက်ဆော့ဖြစ်ပါတယ်။ စိတ်တိုင်းကျတဲ့ပုံလေးတစ်ပုံဆိုရင်လဲမမှားပါဘူး။. နောက်ရက်မှာတော့ အလုပ်ကိစ္စနဲ့သွားရင်း သစ်ပင်ပေါ်မှာလိပ်ပြာလေးနားနေတဲ့ပုံကို မထင်မှတ်ဘဲရလိုက်ပြန်ပါတယ်။ နောက်ရက်တော့ကျုံးနံဘေးက ခိုလေးတွေ နောက်ရက်မှာရေထဲမှာဝဲပျံနေတဲ့ပုစဉ်းမောင်နှံ ရေထဲကျနေတဲ့အရိပ်ကလေးတွေ အလင်းအမှောင် လှပတဲ့အတွဲအစက်ကလေးတွေကို လက်ဆော့ဖြစ်ပါတယ်။ ကဲအပျင်းပြေ အငြီးပြေ အားပေးလိုက်ပါအုံးနော်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (26-9-2012)    


“ပေးကားပေး၏မရ ကျွေးကားကျွေး၏ မဝ ဘဝကလွတ်ချင်ပါ၏”     မနေ့ညက စာရေးထိုင်ရေးနေတုန်း ဖျပ်ကနဲမီးပျက်သွားပါတယ်။ မီးပျက်တာကတော့ မဆန်း။ အပြင်ထွက်ကြည့်တော့ ကိုယ့်တစ်ခန်းထဲအမှောင်ကြ။ ဓါတ်တိုင်နားထွက်ကြည့်လိုက်တော့လှေခါးပေါ်က လူတစ်ယောက်ဆင်းလာနေတာကိုအတွေ့ ကမန်းကတန်းအပြေးအလွှားသွားလို့ အစကလာနေတဲ့မီးရုတ်တရက်ပျက်တဲ့အကြောင်းပြောပြတော့မှ လှေကားပေါ်ပြန်တက်လို့ ရှုပ်ယှက်ခတ်နေတဲ့ဝါယာကြိုးတွေကြားကိုဝင်ပြီး ပြန်ပြင်လိုက်တော့ ကျနော်အခန်းမီးပြန်လာပြီဆိုတာ အချက်ပြ။ အဲတော့မှ အင်းချနိုင်ပါတယ်။   ကျနော်နေတာက မန်းလေးတက်သိမ်းအင်း(ခ)ကန်တော်ကြီးအရှေ့ဘက်ခြမ်း က တိုက်ခန်း(၈)လုံးတွဲလေးမှာ နေတာပါ။ ကျနော်က ဒီဘက်ကို ၂၀၀ဝခုနှစ်လောက်မှာပြောင်းလာခဲ့ပါတယ်။ မန္တလေး စည်ပင်သာယာရဲ့ “တဲပေါ်ကလူ တို်က်ပေါ်ရောက်ရေး”စီမံချက်နဲ့အတူပေါ်ထွက်လာတဲ့တိုက်ခန်းလေးတွေပါ။ ဒီ တစ်ထပ်မှာ ဆယ်ခန်း အထပ်က သုံးထပ်ဆိုတော့ တစ်တွဲမှာ အခန်းပေါင်းသုံးဆယ်ပါပါတယ်။ စုစုပေါင်း တိုက်ခန်း(၈)တွဲ ဆိုတော့အခန်းပေါင်း (၂၄၀)။ စဆောက်ကတည်းကဒီတိုက်ခန်းများရဲ့ လျှပ်စစ်မီး မီတာကို မန်းစည်ပင်ကတာဝန်ယူပါသတဲ့။ နောက်တော့လဲ မြန်မာလျှပ်စစ်ကို ပြန်လွှဲပေးလိုက်ပါသတဲ့။ […]


                                 “မှန်ကြည့်မိခြင်း…………………..” ဟိုးတစ်နေ့က  စိန်မောင်ရယ် အောင်မောင်းရယ် ကျုပ် ရယ် အလုပ်ပိတ်တဲ့ ဥပုဒ်နေ့ဆိုတော့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြပါတယ်။ ကျနော်တို့ရောက်တာစောသေးတော့ကျန်တဲ့သူတွေကမလာကြသေးပါဘူး။ ခဏနေတော့ တစ်ယောက်ပြီးတစ်ယောက်ရောက်လာတော့ စာပွဲတောင်နှစ်လုံးဆက်လိုက်ရပါတယ်။ အလုပ်ဖွင့်တဲ့ရက်ကတော့ သိတဲ့အတိုင်း ကိုယ့် အစီအစဉ်နဲ့ကိုယ် ဟိုပြေးဒီလွှားဆိုတော့ အခုလိုပိတ်ရက်မှာသာ သူငယ်ချင်းတွေ စုဖြစ်ကြပါတယ်။ ကျနော် တို့သူငယ်ချင်းတွေကလည်း ဥပုဒ်နေ့ဆိုရင် ထိုင်နေကျ စုရပ်ကို အလျှိုလျှိုရောက်လာတတ်ကြပါတယ်။ ဒီလိုစုပြီးလက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်ဆိုရင် လူမူ့ရေးစီးပွားရေး ဘာအရေးညာအရေး ရောက်တတ်ရာရာ ဟိုပြောဒီပြောပေါ့။ ကျုပ် တို့အရွယ်တွေက ကိုယ်အလှည့်တုံးကသာ  ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ သူများလုပ်ထားကိုင်ထားတာကို ဟိုလိုဒီလို ဝေဖန်ရရင်တော့ သိပ်အရသာရှိတာကိုးဗျ။ ဟိုအရင်ကတော့ ဒီလိုများလက်ဖက်ရည်ဆိုင်ထိုင်ပြီး ဝေဖန်လေကန်ရေးလုပ်ရင် ကိုယ့်ဘေးဘီကို ဟိုကြည့်ဒီကြည့်  အရိပ်အကဲကြည့်ပြီးမှ  တိုးတိုး တိုးတိုးနဲ့ပြောရတာကိုးဗျ။ အဲဒါကလဲ တစ်မျုးိတော့အရသာရှိပြန်တာပါဘဲ။   အခုအချိန်မှာတော့ […]


            “ကန်ပါတ်လမ်းကိုလက်ဆော့ခြင်း………………..”     ဟိုတစ်ရက် ညနေစောင်းမှာကန်ပါတ်လမ်းကနေ စစ်ကိုင်းဘက်ကမ်းမီးထွန်းထားတာကိုရိုက်ဘို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် “ငွေတစ်မတ်နဲ့ငါးကြင်းခေါင်း”ကိုင်မိသလိုပါဘဲ။ ကင်မရာပေါက်စနနဲ့ အဝေးကိုလှမ်းဆွဲလို့ ဘယ်လိုလုပ်ရမလဲနော်။ နောက်မှောင်လဲမှောင်တော့ လိုအပ်တဲ့အလင်းလဲမရနိုင်တာလဲပါသပေါ့။ အဲတာနဲ့အလုပ်ပိတ်တဲ့တစ်ရက်မှာ နေ့လယ်ခင်းဘက် ကန်ပါတ်လမ်းဘက်ထွက်ခဲ့ပါတယ်။ အနောက်ဘက်မင်းဝံတောင်ရိုးဘက်ကြည့်လိုက်တော့ လှပတဲ့တိမ်တွေကိုမြင်ရပါတယ်။ လာမိတာကံကောင်းတယ်လို့ထင်မိပါတယ်။ လမ်းတစ်နေရာအရောက်လိပ်ပြာတွေပုစဉ်းတွေပျံဝဲနေတာတွေ့လို့ လက်ဆော့ပါတယ်။ လှုပ်ယှားနေတဲ့အရိပ်တွေကို ရိုက်တာ အထာမကျတော့ နေပူထဲမှာအကြာကြီးရိုက်တာမှ စိတ်တိုင်းကျတာ တစ်ပုံဘဲရပါတယ်။ လွတ်လပ်ကျယ်ပြန့်တဲ့ ကွင်းပြင်။ ဧရာမြစ်ရေပြင် ဖွေးဖွေး။ လှပသောတိမ်နောက်ခံနဲ့သဘာဝပန်းချီကားကို အခြေပြုပြီး သက်မဲ့တွေကို ပုံဖော်လို့လက်ဆော့။ အဲဒီနားမှာကလေးတွေဆော့နေတာကိုတွေ့။ ငါးမျှားနေသူကိုတွေ့……………….. ဖောင်တွေဆိုက်ထားတဲ့နားမှာ အကြာကြီးရိုက်မိတော့ လူတွေက ကျနော့်ကို ကွက်ကြည့်ကွက်ကြည့်။ နောက်တော့ တစ်ယောက်က လာမေးပါတယ်။ “ဘာအတွက်လဲ” ခပ်တည်တည်မျက်နှာထားနဲ့။ အလှဓါတ်ပုံရိုက်တာလို့ပြောလိုက်မှ သူ့မှာစိတ်အေးသွားတဲ့ပုံ။ […]


    “ကြက်ညီနောင်ထဲက ရွှေကြက်ကျပေါ်က လက်ဆော့မိခြင်း နှစ်”     မင်မိုရီကဒ်လဲပြီးချိန်မှာတော့ ဘုရားရဲ့အမြင့်ဆုံးနေရာလေးကိုရောက်သွားပါတယ်။ အဝေးကိုလှမ်းကြည့်မိတော့ စစ်ကိုင်းတောင်မူံပြပြ။ မော်တော်ဘုတ်ကလေးက ရေလည်မှာ။ နေရောင်တစောင်းကျနေတာလေးက လရိပ်ထုးိသလို။. (ဒီပုံလေးမျိုး မနှစ်ဆောင်းတွင်းကရိုက်ဘူးပါတယ်) အောက်ကိုငုံကြည့်တော့ကိုယ်လို လက်ဆော့နေသူတစ်ယောက်ကိုတွေ့ရပြန်ပါတယ်။ သူတို့ရှိတဲ့အနားကိုဖြတ်သွားတော့ အုန်းပွဲငှက်ပျောပွဲတွေ နံဘေးမှာအမျုးိသမီးသုံးယောက်။ တစ်ယောက်က ငှက်ပျောပွဲကိုချီမလို့ ပါးစပ်ကလဲတတွတ်တွတ်ရွတ်လို့ဆုတောင်း။ ကျန်တဲ့နှစ်ယောက်ကတော့ လက်အုပ်ကလေးချီလျက်။ သူတို့နားကနေဖြတ်ပြီး မြောက်ဘက်ခြမ်းကို ထွက်လာခဲ့ပါတယ်။ မြောက်ဘက်ခြမ်းအဆောင်လေးကနေ ကြည့်ရင် မန်းလေးတောင်ကို ဝိုးတဝါးမြင်ရပါတယ်။ ကျနော်အောက်ဖက်ကိုကြည့်လိုက်တော့ ရေချုးိဆိပ်ဖြစ်နေပါတယ်။ ရေချိုးဆိပ်ကို ဓါတ်ပုံရိုက်နေတုန်း တခစ်ခစ်ရီသံကြားလို့လှည့်ကြည့်လိုက်တော့ အနောက်ကခုံတန်းလျားပေါ်မှာ အချစ်သဲနေတဲ့စုံတွဲတစ်တွဲ။ ရေလည်မှာစီတန်းနေတဲ့ သင်္ဘောတွေ လှေတွေကို ဓါတ်ပုံရိုက်။ နောက်တော့ ကိုစိန်သော့ကို ရုံးဆင်းရင်လာမလားလို့လှမ်းမေး။ တိမ်လှရင်လာမယ် လှရင်သူ့ဆီဖုန်းဆက်လို့ပြန်ဖြေ.။ ကျနော်ကလဲ 15မိနစ်လောက်စောင့်ကြည့်လိုက်မယ် နေက တိမ်ထုထဲရောက်လို့လှမယ်ဆို […]


“ကြက်ညီနောင်ထဲက ရွှေကြက်ကျပေါ်က လက်ဆော့မိခြင်း တစ်”     ရွှေကြက်ယက်ဘုရားပေါ်ကဆင်းပြီးတဲ့အခါ တောင်ဘက်စောင်းတန်းအတိုင်းရွှေကြက်ကျပေါ်တက်ခဲ့ပါတယ်။ စောင်းတန်းအတွင်းဘက်က တက်ရင်နေအေးပေမယ့် မြစ်ကိုမမြင်ရပါဘူး။. ဒါကြောင့် စောင်းတန်းအပြင်ဘက်အနောက်ဘက်အုဌ်လှေခါးထစ်ကနေတကလို်က်ပါတယ်။ မိုးရိပ်ကြောင့် နေအပူ သက်သာပေမယ့် ပူတာကတော့ ပူတာပါဘဲ။ အနောက်ဘက်လှေခါးထစ်အတိုင်းတက်ရင်း ဓါတ်ပုံတွေကို မြင်ကွင်းအမျိုးမျိုးနဲ့ရိုက်လာခဲ့ပါတယ်။ စစ်ကိုင်းတံတားအသစ်အောက်ခြေက ဖောင်လေးတွေ။ ဖောင်ပေါ်မှာရေချုးိနေသူတွေ။ အနောက်ဘက်ကမ်းကနေ အရှေ့ဘက်ကမ်းကို လှေကလေးနဲ့ လာသူတွေ။ အမြင့်ကနေစီးပြီးမြင်ရတဲ့ မြစ်ပြင်ကို လက်ဆော့။ အဝေးမှာရှိနေတဲ့စစ်ကိုင်းတောင်ကိုလက်ဆော့။ နောက်စေတီတော်အောက်မှာရှိတဲ့ ရွှေကြက်ကျဆင်းတုတော်ကို မှတ်တမ်းယူ။ နောက်တော့အနောက်ဘက်ခြမ်းကနေပြီး စစ်ကိုင်းတောင်မြင်ကွင်းလေးကိုရိုက်ယူ။ အဲလိုရိုက်နေတုန်း သံဃာတော်တစ်ပါးဘုရားဘူးကြွလာတာကိုမြင်ရပါတယ်။ နောက်တစ်ပုံရိုက်မယ်လုပ်တုံး ကင်မရာက မင်မိုရီကဒ်ပြည့်နေတယ်လို့အချက်ပေး။ ဒါနဲ့ဘဲ လက်ဆော့တာရပ်လို့ကဒ်အသစ်လဲရပြန်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (12-9-2012)    


      “ရွှေကြက်ယက်ဘုရားသို့တစ်ခေါက်……………”     ပြီးခဲ့တဲ့အလုပ်ပိတ်ရက်က သွားစရာနေရာစဉ်းစားလိုက်တော့ ဟိုတလောကမှ နာရေးပို့ပြန်လာခဲ့တဲ့ တောင်အင်းမြောက်အင်းဘက်သွားမယ်လို့ စိတ်ကူးရပါတယ်။ အဲဒါနဲ့ဘော်ဘော်ကြီးကိုလှမ်းဖုန်းဆက်တော့ လမ်းပေါ်ရောက်နေပြီတဲ့။ တောင်အင်းမြောက်အင်းဆိုတာ မန်းလေးနဲ့ အတော်လေးလှမ်းတော့ တစ်ယောက်ထဲသွားရမှာပျင်းပါတယ်။ အဲဒါနဲ့နီးနီးနားနားကန်ပါတ်လမ်းကိုဘဲသွားမယ်ဆိုပြီး ထွက်လာခဲ့ပါတယ်။ ကန်ပါတ်လမ်းရောက်တော့ လှေတွေဖောင်တွေ လိုက်ရိုက်ရင်းနဲ့ ရွှေကြက်ယက်ဆိပ်ကမ်းနားကိုနီးလာပြန်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဒီဇင်ဘာလကုန်ခါနီးမှာ ရွှေကြက်ယက် ရွှေကြက်ကျဘုရားကနေ ဧရာဝတီမြစ်နဲ့စစ်ကိုင်းဆိပ်ကမ်းကို ရို်က်ဘူးပါတယ်။ နောက်ဒီနေ့ထွက်တဲ့တိမ်တွေကအရမ်းလှပါတယ်။ အဲဒါနဲ့ရွှေကြက်ကျဘုရားနားကိုရောက်လာပါတယ်။ ဆိုင်ကယ်ကိုအပ်။ ရွှေကြက်ယက်ဘုရားဘက်ကိုလမ်းလျောက်ထွက်လာခဲ့ပါတယ်။ ရွှေကြက်ယက်ဘုရားက လမ်းတောင်ဘက်မှာရှိပြီး ရွှေကြက်ကျဘုရားက မြောက်ဘက်မှာရှိပါသတယ်။     ဘုရားကိုသွားနေရင်းငယ်ငယ်က နားဆင်ခဲ့ရတဲ့ ဝင်းဦးရဲ့နာမယ်ကျော် ကြက်ညီနောင် သီချင်းကိုတောင်သတိရမိပါတယ်.။ “ကြက်ညီနောင်ရေဝယ်မျောစေ မြကျောရယ်တဲ့ရွှေမင်းဝံတောင် လွဲတော့မရှောင် အာကာဘောင်ကြယ်မြောက်ကွဲ့ မြေမှာလူးစေ သွေပါဘူးမေ…………………” ဆိုတဲ့စာသားပါတဲ့သီချင်းလေးပါ။ သူ့ချစ်သူမိန်းကလေးအပေါ်မှာ သစ္စာမဖောက်ပါဘူး။ မရွှေေ့ပြာင်းနိုင်တဲ့ […]