“ကျနော်လက်ဆော့ခဲ့တဲ့ ညနေခင်းလေးတစ်ခု” အောင်ပင်လယ်ရယ်တက်သိမ်းအင်းရယ်ကိုသွားခဲ့တဲ့ညနေခင်းလေးမှာ အလှပုံတွေကိုလည်းရိုက်ဖြစ်ပါတယ်။ အမှတ်တရလက်ဆော့ခဲ့တဲ့ပုံလေးတွေလဲ ပါ ပါတယ်။ အသွားတုံးကမြင်ခဲ့တဲ့ ဘဲအုပ်လေးတွေရိုက်မယ်လုပ်တော့ ငါးမျှားသူတွေက ကမ်းစပ်မှာအပြည့်။ အဲတော့ ရေထဲမှာရှိနေတဲ့အပင်လေးကိုမြင်တော့လက်ဆော့။ ရေထဲက အပင်ကြီးမြင်တော့လဲလက်ဆော့။ မြန်မာ့ပင်ကျရေ ဖြန့်ချီရေးဆိုင်ကလေးကိုသွားတဲ့လမ်းကိုလက်ဆော့။ ကျွဲတွေနဲ့အလုပ်လုပ်နေသူကိုမြင်တော့လဲလက်ဆော့၊ ငှက်ပျောရွက်ပေါ်နေရောင်ဖြာကျတော့လဲလက်ဆော့။ နောက်ဆုံးသူ့ဘာသာသူနားနေတဲ့ ပုစဉ်းကိုလဲလက်ဆော့။ ကောင်မလေးတွေရေထမ်းလာတာကိုလက်ဆော့။ ကျွဲတွေအစာစားနေတာကိုက်ဆော့။ လောကကြီးကိုနုတ်ဆက်တော့မယ်နေမင်းကြီးရဲ့အရောင်တွေကိုလက်ဆော့။ အတော်ကိုလက်ဆော့တဲ့ကိုပေါက်ပါကလားနော်…………………. ကိုပေါ်က်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (10-9-2012)