“ဒီးဒုတ်ရေတံခွန်စမ်းသို့အသွားအပြန်”   ဒီးဒုတ်ကို သွားဘို့စတင်သတင်းပေးတာကတော့ကျနော်။ ကိုသော့တို့အားတဲ့ရက် တော်လှန်ရေးနေ့။ အဲတော့ သူတို့အားတဲ့နေ့သွားဘို့စီစဉ်ရပါတယ်။ ကျနော်ကတော့ အလုပ်ကိုသွား စီစဉ်စရာတွေစီစဉ် ပြီးမှ အလုပ်ကခွင့်တောင်းပြီး သွားရပါတယ်။ခ က်တာကမနက်10း30မှာကျနော်က ဆရာတစ်ယောက် နဲ့ချိန်းထားတာကလဲရှိတာကိုလဲမဖျက်ချင်။ ဒါနဲ့ဘဲ ချိန်းထားတဲ့ဆီကိုအရင်သွားပြီးဆက်သွားမယ်ဆိုဆုံးဖြတ်လို်က်ပါတယ်.။ ချိန်းထားတဲ့ဆရာဆီသွားဘို့လူစုနေတုန်း (26-3-2012)နေ့မန်းလေးရောက်မယ်လို့                                ကြွေးကြော်ထားတဲ ထွန်းဝင်းလတ်က ဖုန်းဆက်လာပါတယ်။ အဲဒါနဲ့ဖရဲမကို သူ့သွားခေါ်ခိုင်း။ ဆရာနဲ့ချိန်းထားတဲ့ဆီမှာလူထပ်စု။ ဆရာတိုက်တဲ့လက်ဖက်ရည်သောက်။ နေပူမယ်သွားကြတော့လို့ ဆရာကခွင့်ပေးတော့ နေ့လည် ဆယ့်တစ်နာရီ.။ စုစုပေါင်းငါးယောက်  ဆိုင်ကယ်က သုံးစီးခရီးနှင်ခဲ့ကြပါတယ်။   ပြင်ဦးလွင်သွားတဲ့လမ်းမအတိုင်းလာလိုက်ကြတာ 16မိုင်တိုးဂိတ်အလွန်မှာတောင်ဘက် ရဲရွာဘက်နဲ့အေသုံးလုံးဘိလပ်မြေစက်ရုံသွားတဲ့ကျောက်လမ်းအတိုင်း တောင်ဘက်ကို သွားခဲ့ကြပါတယ်။ ကတ္တရာလမ်းမအတိုင်း လာလိုက်တာ တော်တော်လေးသွားမိတော့ လမ်းခွဲတစ်ခုတွေ့ပါတယ်။ အဲဒီလမ်းခွဲရောက်တော့ ကတ္တရာလမ်းဖက်ကနေဆင်းပြီး ကွန်ကရစ်လမ်းကြီးအတိုင်းလိုက်ခဲ့ပါတယ်။ ခိုနန်းရှင်ဂူကိုကျော်ပြီးတဲ့အခါ […]


             “မြစ်ငယ်ခေါ်ဒုဋ္ဌဝတီမြစ်မင်းကိုမျှဝေခံစားခြင်း……………”   ငယ်က သီချင်းတွေထဲမှာ “ဒုဋ္ဌဝတီရေကြည်ချောင်းကလေးသည် ဟိုးအဝေးဝယ်ကွေ့ကောက်ပြီး စီးဆင်းနေသည်” ဆိုတဲ့အသံလေးကြားရင် အဲဒီမြစ်နားကို သွားကြည့်ချင်မိပါတယ်။ မြစ်ငယ်မှာနေတဲ့အခိုက်အတန့် ရေကြီးချိန်အနီရောင်မြစ်ရေတွေ တဝေါဝေါအသံပေး စီးဆင်းလာရင်း ဒေါသတကြီးနဲ့ကမ်းပါးတွေကို တဝုန်းဝုန်းနဲ့တိုက်စားသွားတာလဲ ကိုယ့်မျက်စေ့ရှေ့တင်ပါဘဲ။ ရွှေစာရံဘုရားတို့ ပေါ်တော်မူဘုရားတို့လို့ ဒီမြစ်ကမ်းနံဘေးမှာရှိတဲ့ဘုရားလေးတွေကို အရောက်သွားမိတော့ အေးအေးငြိမ့်ငြိမ့်နဲ့တသိမ့်သိမ့်စီးဆင်းနေတဲ့ ဒုဋ္ဌဝတီကိုတွေ့ရပြန်ရော။ မိခင်ဧရာဝတီနဲ့ဝေးနေချိန်မှာ ဒုဋ္ဌဝတီ နီးလာတော့မြစ်ငယ်မြစ်လို့အမည်တွင်တဲ့မြစ်အနီးကို ဒီတစ်ခါတော့ တကယ်ရောက်ခဲ့ပြန်ပါပြီ။ မြစ်နဲ့ယှဉ်နေတဲ့ကွန်ကရစ်လမ်းပေါ် ဆိုင်ကယ်မောင်းရင်းတောင်တွေအုပ်မိုးထားတဲ့ လှပသောမြစ်မင်းကို ကြည့်ရင်း………………………… မျှဝေခံစားဘို့ ပေးလိုက်ပါတယ်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (31-3-2012)  


           “မောနင်း………မောမောင်း…………..”(အပိုင်းနှစ်)                      (မောမောင်းသို့အပြောင်း)       ^^^^^^^^^^^^^^^^^^^^ *^^^^^^^^^^^^^^^^^^^^^*^^^^^^^^^^^^^^^ ကျနော်တို့အိမ်ထောင်သက် ငါးနှစ်လောက်အထိ မောင်ဗမာစက်ဘီးအပြာလေးနဲ့ပါဘဲ။ နှစ်ယောက်ပေါင်းတစ်စီးပေါ့။ မနက်ဆိုအိမ်က အတူထွက်။ လက်ဖက်ရည်သောက်ပြီးတော့လမ်းခွဲ။ ညနေကျတော့ မဒမ်ပေါက်က ကျနော်ကို လာကြို။ အိုကေလို့ပါဘဲ။ ခက်တာက မောင်ဗမာမိန်းမစီးစက်ဘီးတာယာ ရှားတာပါဘဲ။ ကုန်သွယ်ရေးကလဲထုတ်မပေး။ ထုတ်ပေးပြန်တော့လဲ တိုက်ဆွေးဗိုက်နာဆိုတော့ ခဏလေးနဲ့တာယာကွဲ။ အတော်လေးကို ခက်ခဲ ခဲ့ပါတယ်။ အဲဒီအချိန်မှာ ငွေစက္ကူကို တရားမဝင်ကြေငြာလိုက်တာကစလို့ 8888 အရေးအခင်းဖြစ်ပါတယ်။ အဲတော့ အတော်များများ စီးပွားပျက် စားရေးသောက်ရေးခက်ပေါ့။ ကျနော်သူငယ်ချင်းတစ်ယောက်ကလဲ ငွေရေးကြေးရေးအ တော်လေးအခက်အခဲဖြစ်သွားပါတယ်။ သူ့ မိချောင်းဘီးအနက် ကလေးကို ဇွတ်ရောင်းပါတယ်။ ကျပ်သုံးထောင့်ငါးရာလောက် တန်တဲ့ စက်ဘီးကို သုံးထောင်နဲ့ပေးတာပါ. ကျနော်ကလဲ မောင်ဗမာဘီးကို စိတ်ပျက်နေချိန်ဆိုတော့ ငွေစုစာအုပ်လေးထဲကငွေကိုထုတ် […]


           “မောနင်း………မောမောင်း…………..”                   (စက်ဘီးလေးရဲ့ရာဇဝင်)   တစ်ရက်ကျနော်နဲ့ကိုအောင်မောင်းအလုပ်အတူလာကြရင်း သူတို့ရုံးကို ကျနော်လိုက်သွားပါတယ်။ ရုံးအဝင် လမ်းမှာတွေ့သမျှ ကလေးတွေက “လေးလေး မောနင်း”လို့နုတ်ဆက်တော့ ခပ်နောက်နောက်နေတတ်တဲ့ ကိုအောင်မောင်းက “မောမောင်း………..ပါကွ” လို့ပြန်နုတ်ဆက်သံကိုကြားရပါတယ်။ သူူ့ရုံးမှာ အလုပ်ကိစ္စတွေလုပ်စရာရှိတာလုပ် ပြောစရာတွေပြောပြီးပြန်လာပါတယ်။ ကိုယ့်ရုံးပြန်ရောက်တော့ နေ့စဉ်လုပ်ရမယ့် အလုပ်တွေစီစဉ်အားလုံးပြီးပြီဆိုမှ အမောပြေထိုင်မိပါတယ်။ ထိုင်တုံးလေးခဏမှာဘဲ မောနင်းနဲ့မောမောင်း ဆိုတာလေးက စိတ်ထဲရောက်လာ တော့ ငယ်တုံးကအဖြစ်တွေကို ပြန်တွေးပြီး ပြုံးမိပါတယ်။   ကျနော်ငယ်ငယ်က ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှာအလုပ် လုပ်တုံးကပေါ့။ ကျနော့် တို့ အလုပ်ရှင်ဆရာက မနက်ဆိုရင် ဝင်းတံခါးအဝင်ဝ ကနေ စောင့်ပြီးနုတ်ဆက်ပါတယ်။ တစ်ယောက်ဝင်လာရင် “မောနင်း………….”လို့သူကစပြောရင် ကျနော်တို့ကလဲ “မောနင်း။။။။။။ဆာ…………..”ဆိုပြီးပြန်နုတ်ဆက်ရပါတယ်။ ကျနော်တို့ အလုပ်နောက်ကျလား စောလား ဆိုတာကို သိချင်တော့ အဝင်ပေါက်က လာစောင့်ရင်းနုတ်ဆက်တာပါ။ […]


               “သဘာဝကျောက်ဆောင်………….တောင်တန်းများနှင့်အလှဆင်ခြင်း…………………”   ဒီးဒုတ်ရေတံခွန်အသွားလမ်းမှာ လမ်းကကောင်းတော့ငေးရင်းမောရင်းသွားမိပါတယ်။ ဒီလမ်းကို ပထမဦုးဆုံးအကြိမ်ရောက်ဘူးတာပါ။ ငယ်ကတဲကမြင်ခဲ့ရတဲ့ နွားလဘို့တောင် ကျွဲနဖားတောင်တွေကြားကို အခုအချိန်မှရောက်ဘူးတာပါ။ တောင်တွေကြားမှာခရီးသွားရတာ အရသာရှိလှပါတယ်။ ကိုယ်က တောင်ကြားထဲကလေတအေးအေးကြားမှာဆိုင်ကယ်လေးက ပြေးလွှား။ မွန်းတည့်နေကတော့ အတော်လေးပူပါတယ်။ လမ်းတစ်ဘက်တစ်ချက်မှာတောင်မြင့်မြင့်။ မိူင်းရီရီ။ ကျောက်ဆောင်တွေ။ ဟိုးအဝေးမှာ ပေါ်တလှည့် မြုပ်တစ်ခါ ဒုဋ္ဌဝတီမြစ်မင်း။ ကွေ့ကောက်သွားတဲ့လမ်းကလေး။ ရွက်ဝါတွေကိုစွန့်ခွာထားတဲ့ အရိုးပြိုင်းပြိုင်းနဲ့သစ်ပင်။ သဘာဝအလှတရားက လိုက်မမှီအောင်လှပလွန်းတယ်ဆိုရင် မလွန်ဘူးလို့ထင်မိပါတယ်။ ကျနော်ဒီနေရာလေးမှာ ဓါတ်ပုံပေါင်းများစွာရိုက်ခဲ့မိပါတယ်။ အခုပုံတွေပြန်တင်တော့ အရွှေးရခက်လွန်းပါတယ်။ အားလုံးလှနေလို့ပေါ့။ ဒိနေရာကိုကျနော်နောက်တစ်ခေါက်ထပ်သွားဖို့ဆုံးဖြတ်ထားပါတယ်။ လှသောနေရာလေးတွေကို ရိုက်ဘို့ကျန်နေသေးလို့ပေါ့။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါးလေး။. (29-3-2012)  


                     “မောနင်း………မောမောင်း…………..”                            (စက်ဘီးလေးရဲ့ရာဇဝင်)   တစ်ရက်ကျနော်နဲ့ကိုအောင်မောင်းအလုပ်အတူလာကြရင်း သူတို့ရုံးကို ကျနော်လိုက်သွားပါတယ်။ ရုံးအဝင် လမ်းမှာတွေ့သမျှ ကလေးတွေက “လေးလေး မောနင်း”လို့နုတ်ဆက်တော့ ခပ်နောက်နောက်နေတတ်တဲ့ ကိုအောင်မောင်းက “မောမောင်း………..ပါကွ” လို့ပြန်နုတ်ဆက်သံကိုကြားရပါတယ်။ သူူ့ရုံးမှာ အလုပ်ကိစ္စတွေလုပ်စရာရှိတာလုပ် ပြောစရာတွေပြောပြီးပြန်လာပါတယ်။ ကိုယ့်ရုံးပြန်ရောက်တော့ နေ့စဉ်လုပ်ရမယ့် အလုပ်တွေစီစဉ်အားလုံးပြီးပြီဆိုမှ အမောပြေထိုင်မိပါတယ်။ ထိုင်တုံးလေးခဏမှာဘဲ မောနင်းနဲ့မောမောင်း ဆိုတာလေးက စိတ်ထဲရောက်လာ တော့ ငယ်တုံးကအဖြစ်တွေကို ပြန်တွေးပြီး ပြုံးမိပါတယ်။   ကျနော်ငယ်ငယ်က ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှာအလုပ် လုပ်တုံးကပေါ့။ ကျနော့် တို့ အလုပ်ရှင်ဆရာက မနက်ဆိုရင် ဝင်းတံခါးအဝင်ဝ ကနေ […]


                          “ရေချိုးဆင်းချိန်”   ကိုဘအုန်း အိမ်ပြန်အရောက်ရေချိုးမယ်လဲရောက်ရော “နှစ်ပုံးလောက်ဘဲချိုးနော် ရေက တစက်ချင်းဘဲလာနေတာ “လို့ ပြောသံကြားလိုက်ရပါတယ်။ ရေတောင်ခွဲတမ်းနဲ့ချွေတာချိုးနေရတဲ့ဘဝရောက်နေပါပေါ့လားလို့တွေးမိပြန်တော့ ။ ဒုဋ္ဌဝတီမြစ်ကမ်းနံဘေးကရေချိုးဆိပ်မှာ ကလေးလေးတွေရေကူးနေတာကိုပြန်မြင်မိပါတယ်။ သူတို့မှာတော့ကြည်လင်အေးစိမ့်နေတဲ့ရေထဲမှာအားရပါးရ တဝုန်းဝုန်းချိုးနေလိုက်ကြတာ. မနာလိုစရာကြီးဗျာ။. ကဲကြည့်စမ်းပါအုံး………………………     ကိုပေါက်လမ်းသွားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (29-3-2012)  


             “ရေကြည်တစ်ပေါက်”   ကိုဘအုန်းမနေ့ည အလုပ်ကနေအိမ်ပြန်အရောက် ရေချိုးမယ်လုပ်တော့ ရေပေးရေးကရေမလာဘူးဖြစ်နေတယ်။ အိမ်ကရေအိုးထဲကြည့်လိုက်တော့ တစ်လုံးဘဲရေကျန်တော့တယ်။ အပေါ်ကန်မှာလဲ တစ်ဝက်ဘဲရေကျန်တော့တယ်ဆိုတာနဲ့ ရေပတ်ဘဲတိုက်လိုက်ရတယ်။ အို်က်ပေမယ့်လဲမတတ်နိုင်။ ကိုဘအုန်းနေတဲ့စည်ပင်သာယာတိုက်ခန်းက ရေပေးရေး ရေကိုဘဲအားကိုးသုံးရတာ။ တိုက်ခန်းနံဘေးမှာ အဝီစိတွင်းတူးထားတာတော့ရှိပါတယ်။ ဒါပေမယ့် အရပ်ထဲကလူတွေရယ် ရေသည်တွေရယ်ကြောင့်တိုးမပေါက်ပါဘူး။ ပြီးတော့ကိုဘအုန်းကလဲ တိုးတိုးခွေ့ခွေ့ ဝင်မချိုးတတ်တော့ သွားမသုံးဖြစ်ပါဘူး။ 2012 မတ်လဆန်းကတည်းက စလို့ ကိုဘအုန်းတို့တို်က်ခန်းမှာရေရော မီးရောဖောက်တာ။ ကိုဘအုန်းပြောင်းလာခါစတော့ မီးမမှန်ပေမယ့် ရေကတော့ အချိန်မရွေးလာပါတယ်။ ကိုဘအုန်းနေတဲ့ အပေါ်ဆုံး သုံးထပ်မှာကို ဘာမော်တာမှမလိုဘဲရေတက်ပါတယ်။ အခုသုံးလေးနှစ်အတွင်း ဒီတိုက်ခန်းကို နေတဲ့လူလဲများလာ ရေပေးရေးကလဲ အမြဲမပေး ဆိုတော့ ရေက ရှားလာပါတယ်။ တစ်ခန်းနဲ့တစ်ခန်း အပြိုင်အဆိုင်မော်တာ တပ်ပြီး အလုအယက်ရေစုပ်ကြတော့ နဂိုရ်က မပေါတဲ့ရေက ပိုလို့ပိုလို့ရှားလာပါတယ်။ အခုနောက်ပိုင်းရေပေးရေးကလဲ […]


1 ကန်တော်ကြီးကတောင်ဘက်အထွက်ဒီလမ်းကလေးကိုမြင်တော့ ဆက်သွားချင်လာပါတယ်။ ကန်ပါတ်လမ်းကို လမ်းသလားခြင်း……………(ရှမ်းကလေးကျွန်း) ဆောင်းမကုန့်တကုန် တစ်ရက် လမ်းလျှောက်ထွက်ခဲ့တာ အိမ်မပြန်ချင်သေးတော့ ကန်ပါတ်လမ်းမှာရှိတဲ့ ရှမ်းလေးကျွန်းဘက်ကိုသွားခဲ့တဲ့နေ့က လက်ဆော့မှတ်တမ်းလေးပါဘဲ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့ အတွေးပါးပါး (26-3-2012)  


“ကူးတတ်ရင်စာတပုဒ်ဖြစ်သတဲ့လား”   အီးတီဆိုတဲ့လူက အလင်္ကာည ဆိုတဲ့သူရေးထားတာကို ပြန်ကူးပြီးတင်လာပါတယ် ဘယ်လိုကူးပြီး ဘယ်လိုဖြတ်ညှပ်ကပ်လုပ်တယ်ဆိုတာလေးကြည့်လို်က်ပါတော့နော်။   (မြန်မာနှစ်သစ်ကူးညကို ကြုံဘူး ကြိုဆိုဘူးပါသလား……………….?- ET |77- Hits| Posted by ET on Mar 25, 2012 in Creative Writing, Short Story | 10 comments (အီးတီ ကူးပြီး သူတင်ထားတဲ့လင့် https://myanmargazette.net/?p=110496 (မြန်မာနှစ်သစ်ကူးညကို ကြုံဘူး ကြိုဆိုဘူးပါသလား……………….?) အလင်္ကာည ဆိုတဲ့သူက (၂၀၁၂ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့မှာ တင်ထားတာကို ပြန်ကူးတင်ထားတာပါ။))   ကျနော်ရေးထားတဲ့ မူရင်းပိုစ်လင့် (https://myanmargazette.net/45412/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories (“တစ်နှစ်ကူးပြန်တော့ အသစ်အဖူးဖြစ်ရပြန်ပေ………………………………”- ကိုပေါက်(မန္တလေး) |427- Hits| Posted […]


နွေဦးအစ.နံနက်ခင်းလေးများ………………….တစ် (25-30-2012)နေ့မနက်လမ်းလျှောက်အထွက် ရေနည်းနေတဲ့ကန်တော်ကြီးကို တွေ့ရပါတယ်။ အဲဒါနဲ့ ကန်အောက်ခြေထိဆင်းပြီးကရိဝိက်ကို ဆော်ထည့်လိုက်တာပေါ့။ ကန်ပေါင်ပေါ်တက်ပြီးလမ်းပြန်လျှောက်လာတော့ ပန်းရောင်အသွေးနဲ့လှနေတဲ့ ကုလားကုက္ကိုပွင့်တွေကိုလှပစွာမြင်ရတော့ ထုံးစအတိုင်းလက်ဆော့ပေါ့။ နောက်ဆက်လျှောက်လာရင်းလုံးဝန်းနေတဲ့သဏ္ဍာန်နဲ့နေမင်းကို တွေ့ရပြန်ပါတယ်။ ကိုစိန်သော့ပြောဘူးတာတော့ နေမင်းရဲ့ အဝန်းညီတာက မတ်လကုန်အထိဘဲလို့ပြောတော့ မှတ်မှတ်ရရလက်ဆော့ မိပါတယ်။ ကဲမနက်ခင်းလေးကို ခံစားကြည့်လိုက်ကြရအောင်ဗျာ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါး (25-3-2012)