“မဲ့” ဘဝအထွေထွေမှာ တချို့က နေစရာမဲ့ တယ်။ တစ်ချို့ က စားစရာမဲ့တယ်။ တစ်ချို့က အသပြာမဲ့တယ်။ တစ်ချို့က ဂုဏ်မဲ့တယ်။ တစ်ချို့က သိက္ခာမဲ့တယ်။ တချို့က အရှက်မဲ့တယ်။ တစ်ချို့က သစ္စာမဲ့တယ် တစ်ချို့က ခံစားချက်မဲ့တယ်။ တစ်ချို့က ကိုယ်ချင်းစာတရားမဲ့တယ်။ တစ်ချိိုက ကိုးကွယ်ရာမဲ့တယ်၊ တစ်ချို့က အတွေးအခေါ်မဲ့တယ် တစ်ချို့က အဆင်ခြင်မဲ့တယ် တစ်ချို့က အကြောက်တရားမဲ့တယ် တစ်ချို့က …………. တစ်ချို့က ……………… သူများတွေကိုသာစဉ်းစား ငါကိုယ်တိုင်ကရော ဘာတွေများမဲ့နေသလဲ တွေးရင်းတွေးရင်း မူးချာပါတ်ချာလည်။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၅၆၁၆


“နန်းကျူ တို့ တိုင်းပြည် ” တပေါင်းလပြည့်အလုပ်ပိတ်ရက်က ကျယ်ခေါင်ရွှေလီက နေမူဆယ်ဘက်ကိုထွက်တဲ့သူတွေများပါတယ်။ အခါကြီးရက်ကြီးဖြစ်တော့ တရုပ်ပြည်ဘက်က လုပ်ငန်းရှင်တွေကလဲ အလုပ်ပိတ်ပေးပုံရပါတယ်။ ဒီတော့ မနက်အစောကြီးကတည်းက ရွှေလီတံတားပေါ်မှာ လမ်းလျှောက်သွားသူရော ဆိုင်ကယ်နဲ့ရော ထော်လာဂျီနဲ့ရော ကျွန်တော်တို့ရွှေမြန်မာတွေအပြည့်ပါဘဲ။ အပြည့်ဆို ရွှေလီ ကျယ်ခေါင်ထဲက အဝတ်အထည်ဆိုင် ထမင်းဆိုင် စားသောက်ဆိုင် အိမ်တွင်းမူ့အသေးစား စက်ရုံလေးတွေမှာ အလုပ်လုပ်နေတဲ့ရွှေမြန်မာတွေအများကြီးကိုး။ ရွှေလီကနေ မူဆယ်ဘက်ကို ထွက်တဲ့လူ ဘယ်လောက်များလဲဆိုရင် ညနေဘက်မှာရွှေလီထဲကို ပြန်ဝင်ဘို့ တရုတ်ပြည်အဝင်ပေါက်မှာ လူတန်းရှည်ကြီး သုံးတန်းတောင်မှဖြစ်နေပါတယ်။ တရုပ်ပြည်ဘက်က လူဝင်မူ့ကြီးကြပ်ရေးဝန်ထမ်းတွေက တော့ အဝင်ကို စံနစ်ကျအောင် တန်းစီပြီး ဝင်ခိုင်းနေပါတယ်။ အားလုံးတန်းစီနေကြတဲ့အချိန်မှာ ကောင်လေးသုံးလေးယောက်က နောက်မှရောက်လာပြီး ရှေ့နားမှာရှိတဲ့ သူငယ်ချင်းကို စကားရောဖောရောလုပ်ပြီး ခပ်တည်တည်နဲ့ ဝင်လိုက်ပါတယ်။ သူတို့နောက်ရောက်နေတဲ့လူတွေက စောင့်ရတာ နာရီဝက်ကျော်ကျော်လောက်ရှိနေတော့ ဒီလို […]


“မရှိမဖြစ် ……………………….. “   ကျနော်တို့ ခင်ဗျားတို့အားလုံး ငယ်အိပ်မက်တွေတော့ ရှိခဲ့ကြတာပေါ့။ ဒါပေမယ့် လဲ  ကိုယ့် ရဲ့ ဘဝပေးအခြေအနေအရ မတူညီသော အကြောင်းတရားများအရ  မတူညီတဲ့ အကျုးိတရားတွေကိုဘဲ ကိုယ်စီခံစားခဲ့ကြရပါတယ်။ ငယ်ငယ်က ဆရာဝန်ဖြစ်ချင်သူက ကျောင်းဆရာဖြစ်ချင်လဲဖြစ်နေမယ်။ ဆရာဝန်လုပ်ဘို့ စိတ်ကူး မရှိသူက လဲ ဆရာဝန်ဖြစ်ချင်ဖြစ်သွားမယ်။ ဝေလသီချင်းထဲကလို စစ်သားကြီးလုပ်မယ်ဆိုသူကလဲ ဈေးသည်ဖြစ်ချင်ဖြစ်နေပြီး အင်င်္ဂျင်နီယာ ဖြစ်ချင်သူက စစ်ဗိုလ်ဖြစ်ချင်ဖြစ်နေတတ်ပြီး လေတောင်ချွန်ဘို့ စိတ်ကူး မရှိသူက အဆိုတော်ဖြစ်ချင်ဖြစ်နေတတ်သလို သူဌေးကြီးလုပ်မယ်လို့ စိတ်ကူးထားသူက လယ်ယာပြန်စားရေး ဝန်ကြီးဖြစ်ချင်ဖြစ်နေပါမယ်။ ကိုယ့်စိတ်ထဲ ဖြစ်ချင်တာနဲ့ တစ်ထပ်ထဲ ကျတယ်ဆိုသူတွေကတော့ ရှိပေမယ့်လည်း အတော်ကိုရှားပါးပါမယ်။   အထက်တန်းကျောင်းသားဘဝ လွန်မြောက်ချိန် ကြီးမားတဲ့ဘဝလမ်းခွဲမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ တွေဆန္ဒတွေနဲ့ တကယ့်လက်တွေ့ ဘဝ […]


“လာစေသင့်၏   မသင့်၏ ဆွဲဆောင်သင့်၏ မသင့်၏”     ပြီးခဲ့တဲ့လက ရန်ကုန်ရောက်တော့ ဓါတ်ဆရာအဖွဲ့နဲ့ သံလျင်တစ်ဖက်ကမ်းက မီးပြတိုက်ကို သွားဘို့စီစဉ်ကြပါတယ်။ မီးပြတိုက်အသွားမှာ ကျိုက်ခေါက်စေတီနားရောက်တော့ ကျနော်က နတ်ရှင်နောင် အုတ်ဂူကို ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာတာနဲ့ လိုက်ပို့တဲ့မိတ်ဆွေကိုပို့ပေးဘို့ပြောလိုက်ပါတယ်။ ၂၀၁၂ တုံးက ကျနော်ကျိုက်ခေါက်စေတီကိုရောက်ခဲ့ပေမယ့် ဒီဂူ ကို မရောက်ခဲ့ပါဘူး။ ဒါနဲ့ဘဲဘုရားပုရဝုဏ်ထဲမှာကားရပ်ပြီး အုတ်ဂူရှိတယ်ဆိုတဲ့စောင်းတန်းဘက်ကိုသွားခဲ့ပါတယ်။ စောင်းတန်းပေါ်ကဆင်းကတည်းက  ခန့်ထည်တဲ့အုတ်ဂူကြီးကိုမြင်နေရပါတယ်။ အုတ်ဂူ ပါတ်ပါတ်လည်ကိုတော့ သံဆူးကြိုးကာ ထားပါတယ်။ အထဲကို ဝင်ကြည့်ချင်တဲ့စိတ်ကြောင့် ဝင်စရာနေရာလိုက်ရှာတဲ့အခါ ဝင်စရာအပေါက်တွေ့ပေမယ့် သော့ခတ်ထားတော့ အထဲကိုဝင်လို့ မရပါဘူး။ တံခါးပေါက်ရဲ့အတွင်းဘက်မှာတော့ “သတိပေးတားမြစ်ချက်”ဆိုတဲ့အနီရောင်ဆိုင်းဘုတ်ရယ် (စည်းကမ်းချက်တွေရေးထားပါတယ်) “ နတ်ရှင်နောင်အထိန်းအမှတ်ဂူ ဘုရား “ဆိုတဲ့ နတ်ရှင်နောင်ရဲ့ကိုယ်ရေးမှတ်တမ်း အတိုဆုံးကိုရေးထားတဲ့အပြာရောင်ဆိုင်းဘုတ်ကို တွေ့ရပါတယ်။ အခုတော့ ရှေးဟောင်းသုတေသနအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ […]


“သတိထားဘို့ စာနာဘို့ ”   ဖွဘုတ်ဆိုတာကြီးက အင်မတန်ကို လူသိများအောင်ဖန်တီးနိုင်ပါတယ်။ သူနဲ့ကိုယ်နဲ့ ဖွဘုတ်ပေါ်မှာ မိတ်ဆွေမဖြစ်ပေမယ့်လည်း သတင်းတွေက သွယ်ဝိုက်တဲ့နည်းနဲ့ ကိုယ့်ဆီရောက်လာတတ်ပြန်ပါတယ်။ ကျနော်ကလည်း နေရာအနှံ့သွား ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်တဲ့အပြင် အချို့အချို့သော သူများက လည်း ကျနော့်ကို သူတို့ ကိစ္စလေးတွေ လာလာပြီးတိုင်ပင်တတ်ပြန်တော့ ဟိုသိဒီသိ လို့ဆိုနိုင်ပြန်ပါတယ်။ နောက်ဖွဘုတ်ဆိုတာကလဲ မိတ်ဆွေအချင်းချင်းများ သတင်းပေးချင်ရင် သိပ်မြန်ကိုးဗျ။ ချက်ဘောက်က နေ ခေါက်လိုက်ရင် ဗျောက်ဆို ရောက်သွားတာပါဘဲ။ ဖုန်းခေါ်ပြောတာကမှ ကြာနေအုံးမယ်။   မနေ့ညကတော့ ကျနော်တူမတော် မိနီ နဲ့ချက်ဘောက်မှာဆုံတော့ “လေးလေး မိညိုတော့ သူ့ရီးစားနဲ့ကွဲလို့ တငိုငိုတရီရီဖြစ်နေလေရဲ့” “ သင်္ကြန်မတိုင်ခင်တုံးကတော့  လက်ထပ်ဘို့ ပိုက်ဆံစုနေတယ်ဆို   “ “  အဲဒါ […]


”   သာမညတွေကို  အဓိကလုပ်နေကြရင် ”   ဟိုတစ်ရက်က ဖွဘုတ် ပေါ်မှာပိုစ်တစ်ခုတက်လာတာတွေ့လိုက်ပါတယ်။ အင်တာနက်တွင်ပိုစ်ရေးနည်းသင်တန်းဆင်းပွဲ ကျင်းပတဲ့အကြောင်းလေးပါ။ လူအများစုက လွယ်လွယ်နဲ့လုပ်ဆောင်နိုင်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြနေတာတွေက ရီစရာကောင်းနေပါတယ်။ သင်တန်းပေးတာက ပေးလို့ရပါတယ်။ စနစ်တကျသင်ယူ ရတယ်ဆိုတာကောင်းသောလက္ခဏာပါဘဲ။ ဒါပေမယ့် ဒီလိုအသေးအဖွဲလေးကို သင်တန်းဆင်းပွဲဆိုတာကြီးလုပ်နေတာတော့ လူရီစရာကြီးပါဘဲ။ သင်တန်းဆင်းပွဲလုပ်မယ်ဆိုရင် အကျွေးအမွေးမပါတောင်မှ ဒီပွဲံကိုလာရောက်ချီးမြင့်မယ့် လူကြီးလူကောင်းများအတွက် အနည်းအပါးတော့ ဧည့်ခံရမယ်။ ဒါတွေက မလိုအပ်တဲ့ကုန်ကျစားရိတ်တွေပါဘဲ။ ဒီသင်တန်းဆင်းပွဲ အတွက်အခန်းအနားပြင်ဆင်ရမယ်။ ဆိုင်းဘုတ်တွေဘာညာကွိကွတွေလုပ်ရမယ်။ အဲတော့ အပြင်ကလူမငှားလို့ ပိုက်ဆံမကုန်ပေမယ့်လဲ ကိုယ့် ဝန်ထမ်းတွေ ပုံမှန်လုပ်ရမယ့် အလုပ်တွေပျက်မယ်။ လာရောက်ကြတဲ့ လူကြီးတွေလဲ ကိုယ်လုပ်ရမယ့် အရေးကြီးသောအလုပ်တွေကိုထားခဲ့ပြီး ဒီအခန်းအနားကိုလာရတော့ အချိန်ကုန်ပါတယ်.။ ဒီသင်တန်းဆင်းပွဲဆိုတာကြောင့် ငွေကုန် အချိန်ကုန် လူပန်း အကျိုးမရှိပါဘူး။   ကျွန်တော်တို့ နိုင်ငံမှာ […]


“ယုံကြည်မူ့ပျောက်ဆုံးခြင်းကြောင့် ဖြစ်တဲ့ အဟ” သူငယ်ချင်း တွေအကြား မောင်နှမ တွေအကြား မိဘနဲ့သားသမီး အကြား ဆရာနဲ့တပည့်အကြား သမီးရီးစားချစ်သူတွေအကြား လင်နဲ့မယား အကြား လုပ်ဖော်ကိုင်ဘက်တွေအကြား အပြန်အလှန် ယုံကြည်ခြင်းတွေရှိနေဘို့လိုအပ်ပါတယ်။ တစ်ယောက်ကယုံကြည်မူ့တွေ အပြည့်အဝထားနေချိန် ကျန်တစ်ယောက်က လိမ်ညာပြောဆိုနေုတဲ့အခါမျိုးမှာ အလိမ်တွေပေါ်သွားပြီ လိမ်နေတာကိုတစ်ဖက်လူ သိသွားပြီဆိုရင် နှစ်ယောက်ကြားက အပြန်အလှန်ယုံကြည်မူ့ဆိုတာ ပျောက်ဆုံးသွားပါတော့တယ်။ ဒီအချိန်မှာဖြစ်သွားတဲ့အဟ က ကြီးပါတယ်။ ယုံကြည်မူ့ပျောက်သွားခဲ့ရင် ပြန်လည်တည်ဆောက်ရတာ ပထမအကြိမ်ကထက်ပိုကြာသလို် ပြန်လည်ဆက်မိတယ်ဆိုရင်တောင်မှ အရင်လောက်လဲမခိုင်မြဲနိုင်ပါဘူး။ ချေမွထားတဲ့စက္ကူလို ပြတ်တောက်လို့ပြန်ဆက်ထားတဲ့ကြိုးလို အကောင်းတိုင်းပြန်မဖြစ်နိုင်တော့သလိုပေါ့။ ဖေစ်ဘုတ်ကိုဖွင့်ကြည့်နေရင်းကတွေးမိလာတဲ့အတွေးလေးပါ။ ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး ၇၆၁၆


” ဝေး ” ဘဝ ဆိုတာ တစ်ခါ တစ်ခါ ပါတ်ကြားအက် နေတဲ့ မြေလိုဘဲ နီးနီးလေး ပေမယ့် ဝေးကွာ တစ်လွှာစီ ကွာခြား လားရာတွေ မတူညီသလိုပါဘဲ။   ကိုပေါက်လက်ဆောင်အတွေးစဉ်။ ၃၆၁၆  


“တစ်ခန်းရပ် ”   မင်းက ငါ့ဆီ မလာ။ ငါက မင်းဆီ မရောက်။   မင်းလာတော့ ငါမရှိ။ ငါရောက်တော့ မင်းမလာ။   ဒီလိုသာအခါခါလွဲ နှစ်ယောက်ဆုံနိုင့်ခွင့် မွဲနေမှတော့ ညောင်ညိုပင်စခန်းမှာ လမ်းခွဲ လိုက်ကြရအောင်အေ။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၅၅၁၆  


“ရန်ကုန်မြို့ပိတောက်ပွင့်တဲ့နေ့”   မိုး ဆိုတာ ရွာချင်ရင်ရွာမယ် မရွာချင်လဲမရွာဘူး။ ဘယ်သူတွေဘယ်လိုမျှော်မျှော် သူပေါ်ချင်မှာပေါ်လာတတ်ပါတယ်။   တစ်နှစ်မှာ တလ တစ်လမှာတစ်ရက်ထဲ ဆိုရိုးစွဲစကားနဲ့ မာန်ထည်သူ မရွှေပိတောက်ကတော့ ပွင့်ချိန်ဘယ်လိုရောက်ရောက် ကိုရွှေမိုးရောက်မလာသေးသမျှ ပွင့်လို့မရပြန်ဘူး။   ကဲ ဒီကနေ့မတော့ မျှော်ရသူနဲ့ပေါ်တော်မူ အဆင်ချောလေတော့ ”  ဟော ပိတောက်တွေပွင့်ပြန်ပါပြီကွယ် ”   ကိုပေါက်လက်ဆောင်အတွေးစဉ်        


” အဖုံး နဲ့  အဖွင့်”   ဖုံး  ထားတဲ့အိုး လူမျိုး  တစ်ရာ့တစ်ပါး စိတ်ဝင်စားစွာ အထဲမှာဘာတွေရှိ သိချင်မိ။     ဖွင့်ထားတဲ့အိုး အမျိုးမျိုးအထွေထွေ အထဲမှာ ဘာတွေရှိ မည်သူမှစိတ်မဝင်စား ကြည့်မည့်သူမရှိ။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၁၅၁၆    


“အဝါရောင် လွှမ်းမိုးခြင်း    “ မိုးမင်းသမီးလေးရဲ့ ရွာမလိုလို မရွာသလိုလို   ဟန်ရေးပြခြင်းရဲ့အဆုံးမှာ အဝါရောင်တွေလွှမ်းဖုံး   မျှော်လင့်ခြင်းတွေလဲ ပျက်သုဉ်းသွားခဲ့တယ်။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၅၅၁၆