ဂျင်းဘောင်းဘီဝတ်တဲ့မြို့ကလာခဲ့တာပါ လည်းပင်းနဲ့ခါးဆိုဒ်တိုင်းတဲ့ အကျင့်နဲ့ပလက်ဖောင်းပေါ်မှာ မီးခြစ်ဆံလို ခေါင်းချင်းဆိုင် ထိုင် ခဲ့ကြတယ် နယ်သားဆိုတာ နယ်ချဲ့မဟုတ်ကြောင်း ရန်ကုန်သားက ဆိုတယ် ရန်ကုန်သားဆိုတာ ရန်ကိုကုန်အောင်တိုက်ခိုက်ကြောင်း နယ်သားက ကပြတယ် သူဟာနဲ့သူ စည်းဝါးကိုကိုက်လို့ အနုပညာချစ်ကြသူတွေအဖြစ်ကိုပြောတာပါ။ အလျားအနံပဲဖြစ်ဖြစ် အသွားအပြန်ပဲဖြစ်ဖြစ် ဓားလှံတွေမပါတဲ့ ချစ်ခြင်းဟာ ကဗျာတစ်ပုဒ်ပေါ်မှာပဲရှိတယ်။ ကဲ ရယ်စရာနဲ့စခဲ့တဲ့ဇာတ်လမ်းမှာ ကိုင်ပေါက်လိုက်ပြန်ကောက်လိုက် အနုပညာခရီးက ငတ်တစ်လှည့်ပြတ်တစ်လှည့်ကို မိတ်ကောင်းဆွေကောင်းလို ပေါင်းဖက်လို့ ရန်ကုန်ဖျော်လက်ဘက် ရည်ကို အမှုမဲ့အမှတ်မဲ့ ပါဆယ်ထုပ်လို့ သမိုင်းမှာချန်ခဲ့လို့မရတာတွေချည်းပဲ ရန်ကုန်မှာ ပြန်ဆုံကြမယ်လို့ လေထန်ကုန်းက ငါ့ကိုပြောတာလား မီးရထားက ဂျမဒါကိုပြောတာလား သေသေချာချာမမှတ်မိတော့ပေမယ့် ၂၃ ပိုပိုစောင်းနေတဲ့ကော်ဖီခွက်မှာ ကဗျာတစ်ပုဒ်က အငွေ့ထွက်နေတုန်း။ ကိုစစ် ၇