koyinOctober 29, 20114min1846
သောနုတ္တိုရ်လို လူစား ခါချဉ်ကောင်ရယ် အင်ကြင်းခက်မှာလ ခိုဝင်ကာ တမင်ရက်စက်ပါလို့ သုဘဒ္ဒါက ငြှိုးမာန်ဖွဲ့တယ်… ဆဒ္ဒန်ငယ် အစွယ်ပြတ်ရှာပေ့ါ သခင်မကို ချော့ဖို့ဆို သောနုတ္ထိုရ် သူလိုယောကျင်္ား စေလိုရာသွား ထားရာမှာနေ သခင်မ အလိုကျစေဖို့ မျက်နှာလိုရ ဆက်သမယ်လေ… ဆုလာဒ်တွေ ရစေကြောင်း နားထောင်းကွပ်နဲ့ အမယ်အို လှသကို ဆိုဆိုသလောက် အမောင်လျှောက်ပါတဲ့ မုသား သူ့နားဝမှာ ချိုလှတယ်… (အားနာပါတယ် ထိပ်ထား) တုပပြိုင်လို့ လှနိုင်သူ ရှားပေလိမ့် ပီတိတွေနှင့် ဖြေသိမ့်ပါလေ… သုဘဒ္ဒါရယ်လေ ဘဝင်စိတ်ကယ်မှ မရွှင်စိတ်က လာခိုဝင် ချစ်ဖူးသမျှကို ဇာတ်ကြောင်းငင်တော့ ပြန်ပြောင်းမြင် ရင်ကွဲရှာ သောနုတ္တိုရ် လူညိုရိုင်းကြောင့်သာရယ် နတ်ရွာလမ်းကို မြန်း…။ မသွေတမ်း ဖေကမ်းလို့ ဆက်ခဲ့တယ် သေလမ်းက တမင်ပြန်လာ သခင်မကို သတ်ပါလို့ရယ် အစွယ်ကို လိုတယ်ဆို အသက်ကိုရင်း […]


koyinOctober 28, 20115min2728
သောနုတ္ထိုရ် ငိုချင်း အစွယ်ကို လိုသူက မိဖုရား အသွားစေခိုင်းသူက မင်းဧရာဇ် လေးပစ်တဲ့သူက ကျနော် ကြံဖော်ကြံဖက်  သုံးယောက်သား အနက်တွင်မှ ကံကွက်ကြား၍ ငမိုက်သား မုဆိုးလေ… နင်ချည်းသာ သေပေရော့ ဟု ဆဒ္ဒန်ကိုယ်တော် သတ်လိုသော် သေရမယ့်သူ ပူဆာလေသူက သခင်မ စိန် ငွေ မြ မရှား အလွန်ပင် များသည်ကို  နားလေးလေဟန် ဆင်စွယ်မှ ပန်လိုသတဲ့… အဆာကျယ်တဲ့ ထိပ်ထား မုဆိုးကို သားကောင်ဖြစ်စေရော့သလားဟင်… ဆဒ္ဒန်သခင် ဆုံးဖြတ် ကျနော်မျိုးရဲ့ အဆုံးသတ်ကို ဘုန်းမြတ်အရှင် ပိုင်စိုးပြီပေ့ါ အမှန်တကယ် ယိုးစွပ်ရရင်ဖြင့် အပြစ်တင်သင့်တာက ထိပ်ထား (ဘယ့်တွက်ကြောင့်များ) သောနုတ္ထိုရ်က တရာခံဖြစ်သွားရပါသလဲ… တကယ်ပဲ ဒဏ်ခတ်တော်မူလိုတယ်ဆို ကိုယ်တော်ရဲ့ အစွယ်နှစ်ချောင်း သူမကို နားထောင်းလုပ်ခွင့်ပြုပါလေ… ကျနော်မျိုးလည်း ဆုငွေရ သခင်မလည်း ပျော်ရွှင် […]


koyinOctober 24, 20114min1371
ညမွှေးပန်း…သို့ ညမွှေးတယ် ဆိုတဲ့ပန်း နမ်းဖူးချင်သလား နမ်းချင်သူ ရှားပေလိမ့် နေစိမ့်သည် မပြောပါနှင့်  ဖြေသိမ့်တော့ ငှက်ငယ်ရယ်… (သက်လှယ်…) ရှက်ဖွယ်…ကို ပြက်ရယ်လို့ မဆုံး မျက်ကွယ်မှာ ဟိုတုန်းဆီက မျက်မှောက်မှာ နောင်တဆို သီ က ဆို သံစဉ်ဆွေးလို့ ကြိုးလေးက တည်းတည်းသာ တယောအိုကို နံရံမှာ ချိတ် ည လူခြေတိတ်တောင် အိပ်ပျော်နိုင်ပါ့လား… မျက်ကွင်းက ညို မျက်ဝန်းက ငိုကာ (ရယ်မော) မနက်ဖန်မှာ အမောပြေလိမ့် မြေနိမ့်ရာမှာ ပွင့်တဲ့သဇင် ခြွေစိမ့်ငှာ မဝေချင်ပါနှင့် ကြွေလွင့်ပေမယ့်လည်း အနေတင့်ရဲအောင် လောကကို ခါးမှာ စောင်းတင် ပေါင်းပင်တွေကြား ရနံ့တွေ ထုံသင်းနေငြားလည်း ဘယ်သူပန်ကာရယ် ဆန်မြန်း ကေသာထက်မှာ လန်းဆန်းဝံ့မယ်… ဂုဏ်ဆင့်တယ် မဆိုပါနှင့် ဂုဏ်မြင့်မှ အလှယဉ် […]


koyinOctober 21, 20119min22112
နှုတ်ဆက်လှည့်… မေ တမင်သတ်သတ် ခြွေရက်လို့…ကြွေ။ နွေလိုပူတဲ့ စမ်း လွမ်း..ရယ်မပြေ။ မဝေချင် ပင်အိုထက်မှာနွမ်း ပန်းရဲ့ သက်သေ…။ အမျက်ဖြေ… မျက်ရည်ယို ငိုချင်း မညည်းတတ်လေ။ ပင်ကိုပျိုးပြီး ရွက်ကို ခြွေ မုန်တိုင်းတွေ ဆဲတော့မှ  လွန့်ရတဲ့ လေပြေ…။ လှေငယ်ငယ်ဝမ်းဗိုက် စိမ့်တက်လာတဲ့…ရေ ဆားငန်နေလျှက် တစ်မနက်ကို အလွမ်း…ဆက်စေ။ အသက်တွေ အိုမင်း (နွေလေညှင်း…တဲ့) သေမင်းလက်က ထွက်ပြေး ဝဋ်ကြွေး…မကျေ။ သင်ပုန်းကို ချေပါကွဲ့ ခါးသက်လှတဲ့…ပျားရည်။ သားသေကို ပုခုံးမှာထမ်း မုဆိုး… လမ်းပျောက်တဲ့ ညနေ။ အရှေ့ကို… စေ အနောက်ဆီ ယွန်းလေသတဲ့… (ဝေခွဲရခက်တဲ့ အကြည့်နဲ့ပဲ နှုတ်ဆက်ခဲ့… လေ။) ဝေချင်လည်း မဝေ… ကြွေချင်လည်း မကြွေ…။ မွန်းနေတာ ကြာတဲ့ရင် ပြာလဲ့ချင် ညိုရိပ်သန်း မှန်းဆခက်လေ…။ အရှက်ပြေ… ထွက်ခွာလေသူ တစ်ဦး […]


koyinSeptember 21, 20118min1402
ရွှေဓါးကိုလည်း ဆက်ဝံ့သည်… နှင်းသက်တဲ့ နွေ၊ နှင်းဝေဆောင်း ထက် အချမ်းဓါတ်ကဲ၊ မယုံရဲလျှင် ရင်ခွဲကာကြည့်၊ အချစ်ရှိ၏…။ မသိလေဟန်၊ သခင်မာန်တင်း သည်လေညင်းလည်း၊ မလွမ်းရဲလေ ဝမ်းနည်းနွေထက်၊ ခြွေရက်သက်ဆင်း သန်းခေါင်တွင်းမှာ၊ အရုဏ်လာလို့ ရောင်နီပျို့အန်၊ မနက်ဖန်တွေ နေသာနေလား၊ သည်နွေခါးသက် ဓါးထက်ထက်လို၊ ငိုလွယ်ချုပ်ထိန်း သခင်တိမ်းခွာ၊ မစိမ်းပါနှင့်…။ ဝါကျင့်ရွက်ရော်၊ လေပြည်သော်မှ မြေခ သက်ဆင်း၊ သခင် ခင်းလျှက် နှင်းသက်ရုပ်လွှာ၊ နွေသာသာလိမ့် အသံဆိတ်သည့်၊ လန့်ထိတ်မိ ရင် မချိတင်ကဲ၊ သခင်ခွဲခွာ ဆောင်းမှာပူပြင်း၊ သည်းအူတွင်းက ဆယ်နေမင်းလို၊ ပြင်းပြယိုဖိတ် သည်စိတ်ခန္ဓာ၊ ဝေဒနာတိုး ညဥ့်ငှက်မိုးခို၊ တေလေငိုမိ လွမ်းရင် ထိရှ၊ လှစ်ဟ မျက်ဝန်း ပုလဲ သွန်းဖြိုး၊ အငြှိုးတစ်စ ရှားမီးစ ခဲ၊ ရင်ထဲ ခိုဝင် မငြိုငြင်ဘူး..။ သခင်ခူးဆွတ်၊ ဤသည်းပွတ်ကို လူးလွန့် […]


koyinSeptember 19, 20114min1816
— မီးအိမ်ရှင်သို့ အိမ်အပြန် မီးအိမ်ရှင်…ရယ် ငါ့ရင်ဘတ်ကြီးက အိပ်မောကျ အိပ်မက်တွေတောင် နှစ်ခြိုက်နေကာမှ တခဏနဲ့ ချဉ်းနင်းဝင်ရောက် ငါ့နှလုံးသားကို ဖောက်ထွင်း ရင်ခုန်နှုန်းတွေကို ပြင်းထန်ေစခဲ့တာ ရေစက်လား… ဒါမှမဟုတ် အနေခက်ရုံသက်သက် ကံကြမ္မာကပဲ ရက်စက်သလား… နင်နဲ့ငါ့ကို ဘာလို့များ တွေ့ဆုံစေခဲ့တာလဲ ငါ့ရင်မှာ အလင်းပျောက်လို့ နင်တစ်ယောက်က မီးအိမ်ရှင်အဖြစ် အဲဒီ မီးတိုင်ကို ထွန်းညှိပေးမှာလား ငါ တကယ်ကိုပဲ တုန်လှုပ်သွားခဲ့ရတယ်ဆိုရင်… တစ်ဖက်သတ် စိတ်ကူးတွေ ယဉ်နေခဲ့မိ အခုဆို အိပ်မက်တွေထဲ အထိတောင် နင်က လာလာပြီး လှောင်ပြောင်ရက်သလား... ငါ မညာချင်ဘူး မီးအိမ်ရှင် ဟာတာတာရင်မှာ လာဝင်မှေးစက် ငါ့အတွေးတွေက အရမ်းကို နက်သွားသလား တကယ်ကို ရင့်ကျက်ဖို့ အားနည်းနေတဲ့ ရင် ငါ့ကိုယ်ငါ ပြန်မမြင်ရဲလောက်အောင်ကိုပဲ အဲဒီနှလုံးသားက ကြောက်စိတ်တွေ ပိုကဲနေမိ နင်ကရော… မသိချင်ယောင် ဟန်ဆောင်မလား ခွေယိုင်သွားတဲ့ ငါ့ခြေထောက်တွေ… […]


koyinSeptember 19, 20115min2127
ပက်ကြားအက်…ရင် ငါ့ကို လာပြီး မပညတ်ပါနဲ့ ငါ့ဘာသာ ပင့်သတ်ကို (တိတ်တဆိတ်) ရှိုက်ခဲ့တာ ရင့်ကျက်ချင်ယောင် ငါဟန်မဆောင်တတ်ဘူး နင်ခူးဆွတ်သွားခဲ့တဲ့ နှလုံးသားက အမုန်းတရားတွေ မရှိတာတော့ အမှန်… ယုံကြည်ကိုးစားမိလို့ ရခဲ့တဲ့ဒဏ်ရာ (အခုတော့) သံသရာမှာ နောက်ကောက်ကျစေဖို့အတွက် နင်ကပဲ (တမင်တကာ) သတ်မှတ်လိုက်တာလား လျှက်ပြတ်တဲ့ အတွေးတွေ ဝေဝါး…  ခါးသက်… ဓါးထက်ထက်နဲ့ ရင်ကိုခွဲပြီးမှ အချည်းနှီး ပေးဆပ်ခြင်းမျိုးနဲ့… ငါ့ဘက်က ရင်းနှီးပေးဆပ်လိုက်ရတာ  အဇ္ဇုတ္တတစ်ခုလုံး ဘာလို့ ငါ့အမြင်တွေ အမှောင်ဖုံးသွားရတာလဲ ဟိုတုန်းက ငါရေးခြစ်ခဲ့တဲ့ စာတစ်ရွက် နင့်လက်ထဲမှာ မင်ဖျက်တဲ့အရာ ငါ့ကဗျာတွေက မလွမ်းလောက်ပါဘူး အဲဒီအလွမ်းတွေကိုပဲသောက်ပြီး မူးရစ်… ရီဝေ… (တကယ်ဆို) မုန်တိုင်းထဲက လေပြေကို တရှိုက်မက်မက် ခက်တာပဲ… အောက်ဆီဂျင်တွေ ဓါတ်ပြယ်သွားသလိုမျိုး နင့်မျက်ဝန်းတွေကို ခိုးကြည့်မိသွားတာ ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်ပါ့မယ် သေချာစွာ မဖတ်ခဲ့မိတဲ့အတွက် ဝေဒနာတွေ […]


koyinSeptember 17, 20113min1904
ညီသုတဂုဏ်ပြု ရှစ်လုံးဖွဲ့ ငါ့ ညီသုတ၊ တင့်လှပေသည် ကိုရင် စံ ပေး၊ စာရေးပန်းချီ ညတိမ်ယံထက်၊ လ တက်ဟန်ချီ ပသာဒ၊ တုပလိုက်မမီ။ သူ့စာ သူတွေး၊ သူရေးကာသီ သူပိုင်စရိုက်၊ စာ လိုက် သံ ပီ ရင်ကို လှုပ်နှိုး၊ သူပျိုးပါသည် ဧဒင်ည၊ အလှပန်းဝေစည်။ သိမှတ်သမျှ၊ ထောက်ပြစမ်းချင် စာပိုဒ်အချိုး၊ လှတိုးစည်ပင် ကာရန်အလှ၊ နုရွ မေခင် ပျို့ဆံနွယ်၊ လေဝယ်ယိမ်းတဲ့သွင်။ စကားလုံးဖွဲ့၊ ဆိုးနွဲ့နေဟန် လင်္ကာတစ်ထွေ၊ မသွေ တင်းမာန် ရသ ဂုဏ်ဆင်၊ သမင်လည်ပြန် ဘဝင်ခိုက်၊ နှစ်ခြိုက် စိတ်အမှန်။ မဝေဖန်ရဲ၊ စိတ်စွဲ ကဗျာ ခေတ်ကို အန်တု၊ စံပြုစရာ အယူမသည်း၊ ဝေခွဲသေချာ ရင်မှဖွား၊ သည်းကြားစိမ့်ထွက်လာ။ စံ အမျိုးမျိုး၊ ဟန်မျိုးစုံညီ ကိုယ်သန်ရာရေး၊ အားပေးပါသည် […]


koyinSeptember 14, 20115min1812
တံလျှပ် ခြွေတဲ့ ရေ ရစ်ပတ်တယ် မဆိုထားနဲ့ အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့တာတောင် အထပ်ထပ် ချည်နှောင်လိုက်တဲ့ ကြိုး သံယောဇဉ်ကို ငါ မခိုးခဲ့ပါဘူး ငါ့ဘာသာ တိတ်တဆိတ်နဲ့ မြတ်နိုးနေမိတာ ဘယ်သူက မာယာနဲ့ သွေးဆောင်ခဲ့လို့လဲ…။ ရင်ကွဲတယ် ဆိုရုံနဲ့လည်း ရင်ခွဲရုံက လူသေကောင်လို…။ အဲလောက်ထိကိုလည်း …။ ဒါဟာ  အချည်းနှီး ပေးဆပ်လိုက်ရတဲ့ အရင်းအနှီး ကြေးကြီးတဲ့ အလောင်းအစားမှန်းလည်း သိလျှက် ဘဝတစ်ခုလုံးနဲ့ ပုံပြီး အလဲအထပ်ပြုခဲ့တာ…။ တစ်ဖက်သက်… ယုံမှတ်ခဲ့မိတဲ့ ရင်နံရံ အတွင်းသားတွေက အပ်နဲ့ ဆွထားသလို… သည်းခြေယိုစိမ့်ထွက်တဲ့ အက်ကြောင်းတစ်ခု တမင်သက်သက် ပြုစားခံလိုက်တဲ့  အတုအယောင် ပုံရိပ်တစ်ချို့အတွက် အဲဒီ တံလျှပ်ကလည်း ဒြပ်မဲ့တဲ့ အရာ… ဖမ်းဆုပ်ဖို့လည်း မကြိုးစားရပါဘဲနဲ့ တစ်သက်စာ ကျောက်ချရပ်နားခဲ့တယ် ဆိုရင်…။ လေချဉ်တက်တဲ့ ပင့်သက်တစ်ခုက ရင့်ကျက်ချင်ဟန် ဆောင်ထားမှန်းလည်း အသိ လျှပ်တပြက် ငြိတွယ်သွားတာမျိုး လေပြေကတော့ […]


koyinSeptember 14, 201111min1553
မင်း အတွက်  မိုးရေစက်များ ချစ်သူရယ်…။ ငါ့ရင်ကို တမင်လာပြီး ရစ်ပတ် နှလုံးသားကို ချေမွပြီး ထွက်သွားရင်တောင် ငါက နွယ်တစ်ခက် မဟုတ်ပါဘူး… (…တစ်စက်။) မင်းခြေလှမ်းတွေ နောက်ဆံမတင်းဖို့ ငါက တွယ်ဖက်မထားပါဘူးလေ… (…တစ်စက်။) လွတ်လွတ်လပ်လပ် ငါနဲ့ ပတ်သတ်ခဲ့ဖူးတယ် ဆိုတာမျိုးတောင် မင်းရဲ့ ပတ်ဝန်းကျင်မှာ သိုးသိုးသန့်သန့် အဲဒီ အပုပ်နံ့တွေ မထွက်စေရဘူး… (…တစ်စက်။) မင်းရဲ့ ဦးတည်ရာ ခရီး ငါက သွားလိုရာ ပို့ပေးမယ့် ယာဉ်တစ်စီး မင်းနင်းလျှောက်ပါ…ညင်သာစွာ (…တစ်စက်။) ငါ့ရင်ကန္တာ နွေထက်မှာ  မင်းအတွက် အိုအေစစ်ကို ရှာပြီး… (…တစ်စက်။) မိုးရေတွေနဲ့ အေးမြစေ မင်းကိုလည်း မပူလောင်စေချင်သူ… (…တစ်စက်။) နုပါတယ် ငါ့အသည်း မင်းက ဖြည်းဖြည်းလေး ခွဲပါလားဟင်… (…တစ်စက်။) (…တစ်စက်   …တစ်စက်   …တစ်စက်) […]


koyinSeptember 12, 20111min1390
ဗီဇာ အသဲကွဲရပ်ဝန်းကနေ ရင်ခုန်သံအသေတွေနဲ့ ငါ… ထွက်ပြေးလွတ်မြောက်ခဲ့တယ် စက်ရုပ်လို အသက်မဲ့လှုပ်ရှားရင်း ငါ့စိတ်ဓါတ်တွေရင့်ကျက်ကြီင်္းပြင်းဖို့ ယေဘုယျကွဲလွဲချက်တွေနဲ့ ငါ… လွင့်ထွက်စီးနင်းလိုက်ပါ တကယ်တော့လည်း အချိန်ကာလဆိုတာ သမားတော်အစစ်မှမဟုတ်ခဲ့တာ ဒီတော့လည်း ကြိုဆိုသူမရှိမယ့် နှလုံးသားကင်းမဲ့ဇုန်ကို ဘယ်လိုရင်ခုန်မှုမျိုးတွေနဲ့ ငါ… ပြည်တော်ပြန်ဝင်ရမှာလဲ…။ တောက ကိုရင်


koyinSeptember 8, 20111min2206
မီးအိမ်ရှင် ဇာတ်သိမ်း (သို့) ပြိုကျပျက်စီးသွားသော အိပ်မက် ကိုရင် .. မင်းဘာတွေ လျှောက်ရေးထားတာလဲ…မရှက်ဘူးလား မနက်ကတည်းက စိတ်တွေ လေးနေတယ်..အလုပ်လုပ်ရတာလည်း စိတ်မပါဘူး.. မီးအိမ်ရှင်ကို ထူးထူးခြားခြားသတိရနေမိတယ်.. မင်း ဘယ်တွေများရောက်နေတာလဲကွာ။။ ကဗျာရေးမယ်ဆိုပြီး လက်နှစ်ဖက်ကို keyboard ပေါ်တင်လိုက်တယ်.. အကြောတွေသေနေတယ်.. ခေါင်းထဲမှာ ဘာအတွေးမှ ရှိမနေတာ အံ့ဩတယ်.. မီးအိမ်ရှင်.. မင်းကြောင့်ပဲလား…(မီးအိမ်ရှင်ဆိုတာ အနေတဲ့ သူငယ်ချင်းမလေးတစ်ယောက်ပါ.. သူအကြောင်းမသိဘဲ ကျုပ်က ဖိအားတွေ ပေးမိတယ်… မီးအိမ်ရှင်ဟာ ဝမ်းနည်းအားငယ်စွာနဲ့ ကျုပ်ဆီက ထွက်ပြေးသွားရတယ်.. ဒီအတွက်ကြောင့်ပဲ ကျုပ် နောင်တတွေနဲ့ နာကျင်ကြေကွဲနေခဲ့ရတာ တစ်နှစ်လောက်တောင် ရှိခဲ့ပြီလေ…။ ။ မီးအိမ်ရှင် (သို့) နှလုံးသားတစ်ခု၏ အသက်ဝိညာဉ် ) အတိတ်ကို ပြန်တွေးနေမိစဉ်မှာပဲ သူမရောက်လာတာ…တိုက်ဆိုင်တာပဲလား…ရေစက်အမှန်ပဲလား… ဟိတ်..ကိုရင်.. ဘာတွေလုပ်နေတာလဲ…ငါ့ကိုရော […]