Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


kyawgyiMay 12, 20101min2081
ဆိုင်ကလုံး နာဂစ် ဖြစ်ပွာပြီး (၂)နှစ်ခန် ကျော်လွန်လာခဲ့ ပြီးသော်လည်း ယခု အခါ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် လူပေါင်း  (၁၈၀၀၀၀)ကျော်သောက်သုံးရေရှားပါးမှုများ ကြု့တွေနေရ ကြောင်း UN မှ ပြောရေး ဆိုခွင်ရှိသူ ကိုအေးဝင်းက ပြောကြားခဲ့သည်။ ၎င်းဒေသ များအတွက် ထောက်ပံ့ငွေ US $ 6.48 millon ခန်. ရရှိသော်လည်း ကျန်းမာရေး ၊သောက်သုံးရေး ရရှိရေး ဆောင်ရွက်ချက်များအတွက် US $ 16.16 millon ခန်.လိုအပ်လျှက်ရှိသေးကြောင်း  ပြောကြားခဲ့သည်။ ဆိုင်ကလုန်းနာဂစ်ကြောင်. ပျက်ဆီခဲ့သော မြစ်ဝကျွန်းပေါ်ဒေသ ရှိ ရေကန်ပေါင်း ၃၈၀ဝ ကျော်ကို ပြုပြင်ထိန်းသိမ်းမှု များပြုလုပ်နေသော်လည်း သန်စင်သောရေ ရရှိရန် ခက်ခဲလျှက်ရှိနေပါသည်။ UN ဧ။်စစ်တမ်းများအရ  မြစ်ဝကျွန်းပေါ်ဒေသ တွင် […]


kyawgyiMay 11, 20101min43814
အိပ်စက်ခြင်းသည်သက်ရှိများအတွက် ပုံမှန်လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ လူသားတိုင်းသည် ခန့်မှန်းခြေအားဖြင့်ဘဝ၏သုံးပုံတစ်ပုံကိုအိပ်စက်ခြင်းဖြင့်ကုန်ဆုံးကြသည်။ကလေးငယ်များနှင့်လူငယ် များသည် အိပ်စက်မှုကိုလူကြီးများ၊သက်ကြီးရွယ်အိုများထက်ပိုမိုပြုလုပ်ကြသည်။ အိပ်စက်ခြင်း၊နိုးထ ခြင်းသံသရာသည်ကိုယ်တွင်းပိုင်း ဇီဝနာရီကထိန်းချုပ်ပြီး၊ ၎င်းသည်နေ့၊ ညသံသရာနှင့်တစ်ချိန်တည်း ဖြစ်ပေါ်သည်။ အိပ်စက်ခြင်းသည်ခန္ဓာကိုယ်ကိုအားအင်ပြည့်စေပြီး၊ညပိုင်းတွင်နှစ်ခြိုက်စွာအိပ်ပျော်ပါ ကလန်းဆန်းမှုကိုပေးစွမ်းသည်။ သို့သော်အိပ်စက်မှုကိုမပြုဘဲနေပါက အာရုံစုစည်းနိုင်မှုနည်းပါးခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း နှင့် စိတ်အာရုံခြောက်ချားခြင်းတို့ဖြစ်ပေါ်သည်။ အိပ်စက်ခြင်းသည် ကြွက် သားများအတွက်အားအင်စုစည်းပေးပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးကို အနားပေး အပန်းပြေစေပြီး နောက် တစ်နေ့အတွက်ခန္ဓာကိုယ်ဖျတ်လတ်တက်ကြွအောင်ပြုလုပ်ပေးသည်။ (၂ဝဝ၈ ခုနှစ်မတ်လ ၂ရ ရက် နေ့ထုတ်7Day Newsဂျာနယ်တွင် ဖော်ပြထားပါသည်။)


kyawgyiMay 11, 20101min2112
ပူပြင်းခြောက်သွေ့မှုကြောင့် ရေတွင်း ရေကန်များ ခမ်းခြောက်လာသည့်အတွက် ပဲခူးတိုင်းအတွင်း ကျေးရွာပေါင်း ၆ဝ ကျော်တွင် သောက်သုံးရေရှားပါးမှု ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ ပဲခူးမြို့နယ်၊ ဝေါ၊ သနပ်ပင်၊ ကဝ၊ ဒိုက်ဦး စသည့်မြို့နယ်များအောက်ရှိ ကျေးရွာများတွင် ဧပြီလကုန် ကတည်းက ရေခမ်းခြောက်မှုများ ကြုံတွေ့လာသဖြင့် သောက်ရေအတွက်  ပုဂ္ဂလိကအလှူရှင်များက အနီးပတ်ဝန်းကျင်ဒေသများမှ ဝယ်ယူလှူတန်းနေရသည်။ စီးပွားရေးလုပ်ငန်းရှင်များက သောက်ရေသန့်စက်ရုုံများမှ ရေဝယ်၍ လှူတန်းမှုကို ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက ရေပြတ်နေသော ကျေးရွာများသို့ မေလ ၂ ရက်နေ့မှစတင်၍ ရေဖြန့်ဖြူးပေးလျှက်ရှိသည်။ ထို့အပြင် ပဲခူးမြို့ပေါ်ရှိ သောက်ရေကန်များ၊ စက်ရေတွင်းများမှ အလှူခံရရှိသော ရေများကို ကျေးရွာများအရောက် ပို့ဆောင်ပေးနေရာ တရက်လျှင် ကားအစီး ၄ဝ ခန့် ဖြန့်ဝေနေရသည်ဟု ရေဖြန့်ဝေပေးနေသူများက ပြောသည်။ “နေကအရမ်းပူတော့ […]


kyawgyiMay 11, 20101min2102
ရေကန်အများအပြားပဲ ကောကုန်ကြပြီ။ တစ်ချို့  ရေကန်တွေထဲကို နုန်းမြေအစရှိတဲ့ အရာဝတ္ထု တွေ ပြည့်လာတဲ့အတွက် ရေတွေကအပြင်ကို စီးထွက်ကုန်တယ်။သိပ်ကိုပူပြင်းတဲ့ နိုင်ငံတွေကရေကန် တွေဟာ အလိုလိ်ု ခမ်းခြောက်သွားတက်တယ်။ ရေကန်တွေထဲကို မြစ်ရေက သယ်ဆောင်လာတဲ့အရာ ဝတ္ထုတွေလာပို့ကြတယ်။ရေကန်ထဲကမြေနုကျွန်းတွေဟာတဖြည်းဖြည်းနဲ့တစ်ကန်လုုံးပြည့်သွားတယ်။ ပြီးတော့မြေသားနဲ့ တစ်သားတည်းနီးပါး ဖြစ်သွားတယ်။ တချို့  ရေကန်တွေဟာ  ရေငွေ့ ပျံထွက်သွား တာကြောင့်ခမ်းခြောက်သွားကြတယ်။ဩစတီးယားက Eyreရေကန်မျိုးတွေလိုပျောက်ကွယ်သွားလိုက် ပေါ်လာလိုက် ရေကန်အချို့  ရှိကြတယ်။အဲဒီရေကန်ကအကြာကြီးပဲ။ဒါပေမယ့်ရာသီဥတုပူပြင်းချိန်မှာ ခမ်းခြောက်သွားတတ်တယ်။


kyawgyiMay 11, 20101min2552
ပတ်ဘလိုရူးအစ်ဝိုင်ပီကာဆို (၁၈၈၁-၁၉၇၃) သည် စပိန်လူမျိုးပန်ချီပညာရှင်ကြီးတစ်ဦးဖြစ်သည်။ ပြင်သစ် နိုင်ငံတွင်အနေများသည်။(၂၀)ရာစုပန်းချီပညာရှင်အား လုံးအနက်လူသိအများဆုံးဟုဆိုသင့်သည်။ပီကာဆို သည်ဟန်အမျိုးမျိုးဖြင့်ပုံများရေးဆွဲတတ်သည်။အခြားပန်းချီပညာရှင်များအပေါ်ကြီးမားစွာဩဇာလွှမ်းမိုးနိုင် ခဲ့သည်။ ပီကာဆို၏အစောဆုံးလက်ရာများကိုအဓိကအားဖြင့်အပြောရောင်ဖြင့်ခြယ်မှုန်းခဲ့သည်။ နောက်ပိုင်း တွင် ဂဲဩမေတြီပုံသဏ္ဌာန်အစိတ်အပိုင်းများဖြင့် ရုပ်ပုံများစွာရေးဆွဲလာသည်။ Cubism ခေါ်ပန်းချီရေးနည်း ရေးဟန်အဖြစ်သိထားကြသည်။ပီကာဆို၏အထင်ရှားဆုံးပန်းချီကားများစွာအနက်ဂွါနီကာ Guernica လည်း ပါဝင်သည်။စပိန်နိုင်ငံပြည်တွင်းစစ်ကာလအတွင်းမြို့တစ်မြို့ပျက်စီးသွားရပုံကိုသရုပ်ဖော်ထားသည်။


kyawgyiMay 11, 20101min2181
ပူပြင်းခြောက်သွေ့မှုကြောင့် ရေတွင်း ရေကန်များ ခမ်းခြောက်လာသည့်အတွက် ပဲခူးတိုင်းအတွင်း ကျေးရွာပေါင်း ၆ဝ ကျော်တွင် သောက်သုံးရေရှားပါးမှု ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ ပဲခူးမြို့နယ်၊ ဝေါ၊ သနပ်ပင်၊ ကဝ၊ ဒိုက်ဦး စသည့်မြို့နယ်များအောက်ရှိ ကျေးရွာများတွင် ဧပြီလကုန် ကတည်းက ရေခမ်းခြောက်မှုများ ကြုံတွေ့လာသဖြင့် သောက်ရေအတွက်  ပုဂ္ဂလိကအလှူရှင်များက အနီးပတ်ဝန်းကျင်ဒေသများမှ ဝယ်ယူလှူတန်းနေရသည်။ စီးပွားရေးလုပ်ငန်းရှင်များက သောက်ရေသန့်စက်ရုုံများမှ ရေဝယ်၍ လှူတန်းမှုကို ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက ရေပြတ်နေသော ကျေးရွာများသို့ မေလ ၂ ရက်နေ့မှစတင်၍ ရေဖြန့်ဖြူးပေးလျှက်ရှိသည်။ ထို့အပြင် ပဲခူးမြို့ပေါ်ရှိ သောက်ရေကန်များ၊ စက်ရေတွင်းများမှ အလှူခံရရှိသော ရေများကို ကျေးရွာများအရောက် ပို့ဆောင်ပေးနေရာ တရက်လျှင် ကားအစီး ၄ဝ ခန့် ဖြန့်ဝေနေရသည်ဟု ရေဖြန့်ဝေပေးနေသူများက ပြောသည်။ “နေကအရမ်းပူတော့ […]


kyawgyiMay 11, 20101min1931
AFC President’s Cup 2010 ပွဲစဉ် များကို ရာသီဥတု အခြေအနေ ပူပြင်းမှုကြောင့် ယခင် ပွဲချိန် ၃း၃ဝ အစား ၄းဝဝ သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရပါသည်။ AFC President’s Cup 2010 ကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့တွင် ပူးတွဲကျင်းပမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် တွင် အုပ်စု (က) ၊ မြန်မာနိုင်ငံရန်ကုန်တွင် အုပ်စု (ခ) နှင့် (ဂ) တို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မေလ ၁ဝ ရက်မှ ၁၄ ရက်တွင် အုပ်စု(ခ) ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင်၎င်း၊ မေလ ၉ ရက်မှ ၁၃ ရက်နေ့များ တွင် အုပ်စု […]


kyawgyiMay 11, 20101min2082
၂၀၁၀-၂၀၁၁ ခုနှစ် ပညာသင်နှစ် အတွက် အစိုးရ အခြေခံပညာ ကျောင်းများအားလုံး လာမည့် ဇွန်လတွင် စတင် ဖွင့်လှစ် မည် ဖြစ်သောကြောင့် မကြာမီ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ် လက်ခံ တော့မည် ဖြစ်သည့်အတွက် ထိုသို့ ညွှန်ကြားချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ထံမှ စုံစမ်း သိရှိရသည်။ အခြေခံ ပညာ ကျောင်းသားများ ကျောင်းအပ် ရာတွင် အစိုးရ သတ်မှတ်ထားသည့် နှုန်းထားထက် ပိုမိုငွေကြေး တောင်းခံမှုများကို အရေးယူ သွားမည် ဖြစ်ကြောင်း၊ ထိုသို့ အပိုငွေကြေး တောင်းခံမှုများ အရေးယူရာတွင် အပိုငွေကြေး တောင်းခံသည့် ငွေကြေး ပမာဏကို လိုက်ပြီး ထုတ်ပယ်၊ ရာထူးချ၊ နယ်ပြောင်း […]


kyawgyiMay 8, 20101min2112
တော်ပါတယ်…. အရမ်းကိုတော်ပါတယ်လို့ပဲ အသိအမှတ်ပြုပါရစေ။ သင်္ကြန်ဗုံးပေါက်ကွဲမှုကို ၂ ပတ် တည်းနဲ့ လက်ရ ဖမ်းဆီးနိုင်တယ်ဆိုတာကိုက တော်တော်ချီးကျူးသင့်တဲ့ အရည်အချင်း ပါပေပဲ။ ဟုတ်ပါတယ်။ ပေါက်ကွဲတဲ့ နေရာက ကျွန်တော်တို့ မမြင်နိုင်တဲ့ သဲလွန်စတွေကို ရှာဖွေပြီး ရအောင်ဖေါ်ထုတ်နိုင်ခဲ့ တာ နည်းနည်းနောနော အရည်အချင်းမှ မဟုတ်တာဗျာ။ ကွန်ဂရက်ကျူလေးရှင်းဆိုပြီး ကျွန်တော်တို့ အားလုံးချီးကျူးလိုက်ရအောင်…… “ ကွန်ဂရက်ကျူလေးရှင်းပါ” သင်္ကြန်မှာ လူအများကြီးသေတာကို ၂ ပတ်နဲ့ ဖမ်းဆီးဖေါ်ထုတ်နိုင်တယ်ဆိုတော့ ဗဟန်းက (၅)လောင်းပြိုင် လူသတ်မှုဆိုရင်တော့ ၂ ရက်နဲ့များ ဖေါ်ထုတ်နိုင်လေမလားပဲ….. ဒါပေမယ့် ၂ နှစ်သာပြည့်တော့မယ် ထင်တယ် အခုထိ မဖေါ်နိုင်သေးတာက ………..?????


kyawgyiMay 7, 20101min37611
ကျွန်တော် တို.ငယ်ငယ်ကတည်းကပင် ဗိုလ်ချုပ်အောင်ဆန်း ကို မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော ၊ အနစ်နာခံခဲ့သော ၊လေးစားအတုယူထိုက်သော ပုဂ္ဂိုလ် တစ်ယောက် အဖြစ်သိရှိခဲ့ရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် လွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့သော ထိပ်တန်းပုဂ္ဂုလ်တယောက်အဖြစ် ကမာ္ဘကပင် လေးစားခဲ့ရပါသည်။ကျွန်တာ်တို. ဧ။် စံနမူ ထားထိုက်သော သူရဲကောင်း ဧ။် အကြောင်းကို ငယ်စဉ်က အိပ်ရာဝင်ပုံပြင် သဖွယ် အဘိုးအဘွား များ ပြော ကြားခဲ့ ကျွန်တော်တို. သိရှိခဲ့ကြပါသည်။ ယနေ. ခေတ် ညီငယ် ညီမ ငယ်များဧ။် ခေတ်တွင် ကျွန်ုပ်တို့ ငယ်စဉ် ကလို မိဘများ နှင်. အဘိုးအဘွား များ စာဝတ်နေရေးကြောင့်သော်လည်ကောင်း  အကြောင်းအမျိုးမျိုးကြောင်. လက်ဆင်ကမ်း မပြောပြ နှိုင်ခြင်းများလည်း ရှိနှိုင်မည် ဖြစ်သည်။ထိုကဲ့သို နှစ်ရှည်လများကြာမြင့်လာ […]


kyawgyiMay 4, 20101min2262
ဧပရယ်လ (၂၉)ရက်နေ. က ဂျပန်နိုင်ငံ၊ တိုဂျိုမြို. မှာ အလုပ်သမားထုကြီးက အလုပ်သမားနေ.(မေဒေး)အခမ်းအနား နှင်. ဆန္ဒပြပွဲကိုပြကို ပြု လုပ်ခဲ့ကြောင်း သိရှိရပါတယ်။ အလားတူ မြန်မာနိုင် ငံအလုပ်သမားတွေကလည်း မေလ(၁)ရက်နေ.၊နိူင်ငံတကာ အလုပ်သမားနေ.မှာ လက်ရှိကုန်ဈေးနှုန်းနဲ့ ကာမိစေဖို. လုပ်ခလစာ များ တိုးမြင်.သတ်မှတ်ပေးရန် အချက်အပါအဝင် တောင်ဆိုမှုလေရပ်ကို မြန်မာနှိုင်ငံအလုပ်သမား၊လယ်သမားစည်းလုံးညီညွက်ရေးအဖွဲချုပ်ကတောင်းဆို ခဲ့ ကြောင်းသိရှိရပါတယ်။ (က)အလုပ်သမားအခွင်.အရေးများကို နူင်ငံတကာစံနှုန်းများနှင့် အညီပြဋ္ဌာန်းရျ် လက်တွေကျင့်သုံးရန် အလုပ်သမားသမဂ္ဂ ဖွဲ.စည်းရန် (ခ)ကုန်ဈေးနှုန်းနှင်အညီကာမိစေရန် လုပ်ခလစာများ တိုးမြင်.ပေးရန် (ဂ)အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်နှင့် ညှိနှိုင်း တိုင်ပင် ပြီး အလုပ်သမားထုကြီးရဲ့ဘဝလိုအပ်ချက်များကို အပြည်.အဝဖြည်.စည်းပေးရန်  တ.ိုဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ပါ မေဒေးကြေငြာချက်ကို မြို.တွင်း(၆)မြို.နယ်မှာ ဖြန်.ဝေခဲ့တယ်လို.သိရပါတယ်။ ဂျပန်နိုင်ငံသာမက နှိုင်ငံတကာမှာ အလုပ်သမားအခင်.အရေးနဲ.ပတ်သတ်လို. ဆန္ဒပြတောင်း ဆို […]


kyawgyiMay 4, 20101min3034
သို. အမေ ဒီမှာ မေလ၁ဝရက်နေ ့ကို အမေများနေ ့လို ့သတ်မှတ်ကြတယ်။အမေရှိတဲ့သားသမီးတွေက သူတို့ အမေတွေကို လက်ဆောင်ပစ္စည်းတွေပေးကြ၊တွေ ့ဆုံကြနဲ ့ ပျော်ရွှင်ဖွယ်နေ ့တနေ ့ပေါ့အမေ။ သားတို ့လို အမေနဲ ့ဝေးနေရသူတွေအဖို ့ ငေးမောရင်း လွမ်းရတဲ့နေ ့လို ့သတ်မှတ်ချင်တယ်။ ဘယ်တော. မမေ.ဘူးအမေ …ငယ်ငယ် က အမေ ဆုံးမခဲ့တာတွေ ကို သားနားလည်မိ ပါတယ် ။ သား ငယ်ငယ်က ပေါက်တပ်ကရဆော. တက်လို. ဆုံးမခဲ့တာတွေ … အမေများနေ ့မှာ ကျေးဇူးရှင်အမေများ အတွက်


kyawgyiMay 3, 20101min2301
၂၀၀၆ ခုနှစ်မှစပြီး အဆိုးဝါးဆုံး ကျောက်မီးသွေးတွင်းပေါက်ကွဲမှု တစ်ခု အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယား ပြည်နယ် မှ မက်စီအင်နာဂျီ ကုမ္ပဏီပိုင် မြေအောက်ပေ ထောင်ပေါင်းများစွာ နက်သော ကျောက်မီး သွေးတွင်းတွင် ဖြစ်ပွားခဲ့ပါသည်။ ယင်းဖြစ်ရပ်တွင် လူ ၂၅ ဦးသေဆုံးပြီး အနည်းဆုံး ၄ ဦး ပိတ်မိနေသည်ဟု ယူဆရသည်။ ပြည်နယ်သတ္တုတွင်း လုံခြုံဘေး ကင်းရေးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပေါက်ကွဲမှုမှာ လွတ်မြောက်ပြီး ပိတ်မိနေသူများ အနေဖြင့် မြေအောက်တွင် လေးရက်စာ လုံလောက်သော စားစရာ၊ ရေနှင့် အောက်စီဂျင်များကို  လေလုံသေတ္တာကြီးများဖြင့် ထည့်ပေးထားရာဆီသို့ လက်လှမ်းမီနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။  သို့သော် ယခုအထိ ယင်းနေရာသို့ တစ်ဦးတစ်ယောက်မှ ရောက်လာနိုင်ပုံ မတွေ့ရသေးဟု ဆိုသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အနီးဆုံး […]