ရင်ထဲကတစ်ခါတစ်ခါ ခံစားချက်တွေစုဆုံပီး ပြင်းထန်လာရင် ကျုပ်မနေနိုင်ဘူးဗျာ။ ထိုင်ရမလို ထရမလို လမ်းလျှောက်ရမလိုနဲ့ …ရင်ထဲမှာလည်းကတုန်ကရင်နဲ့..ဒါနဲ့ မနေနိုင်လွန်းလို့ ရင်ဖွင့်တဲ့အနေနဲ့ ဒီစာကိုကောက်ရေးလိုက်တာဘဲ…အင်းရေးပြန်တော့လဲ ဘယ်သူ့ဆီလိပ်မူရမှန်းမသိပြန်ဘူး..ဒီတော့ ဒီစာတိုလေးကို တနည်းနည်းနဲ့ ဖတ်ရှု့ခွင့်ရသူကိုဘဲ ရော်ရမ်းပီးရည်ရွယ်လိုက်ရတယ်… ကျုပ်ဘဝဟာမဆိုးပါဘူး.. မဆိုးပါဘူးဆိုတာက ကောင်းပါတယ်လို့မပြောနိုင်သလို သိပ်ဆိုးလှတယ်လို့လဲမဆိုနိုင်တာပါ.. နောက်တစ်ချက်က .. မဆိုးပါဘူးဆိုတဲ့အကဲဖြတ် ချက်ဟာ ဘယ်သူ့ဘဝနဲ့မှ နှိုင်းပီးပြောတာမဟုတ်ပါဘူး..ကျုပ်ဖြတ်သန်းလာခဲ့ရတဲ့ဘဝနဲ့ ယခုလက်ရှိဘဝ ယှဉ်ပီးသာပြောတာ…ဒါပေမဲ့ဗျာ ကှုပ်ဟာကိုယ့်ကိုယ်ကို မပိုင်သလိုဖြစ်နေတယ်..အဲ့ဒါအခံစားရဆုံးဘဲ… ကျုုပ်ဘာကိုယုံကြည်လဲ…အဲဒါကိုလုပ်လို့မဖြစ်ဘူး ကျုပ်ဘာလုပ်ချင်လဲ…အဲဒါမလုပ်နိုင်ဘူး အဲဒါတွေအားလုံးမင်းကိုဘယ်သူကပိတ်ပင်တားမြစ်ထားလို့လဲလို့မေးစရာရှိတယ်… လူပုဂ္ဂိုလ်တစ်ယောက် ကတော့မဟုတ်ဘူး…“ပါတ်ဝင်းကျင်“ “အသိုင်းအဝိုင်း“ “ဆွေမျိုးစု“ “ဓလေ့ထုံးစံ“ ဒါတွေကဘဲ..အဲ..အဆိုးဆုံးကတော့ “ဲဆွေမျိုးစု“ ဘဲ ယုံကြည်ချက်တစ်ခုကိုအကောင်အထည်ဖေါ်တဲ့နေရာမှာ ရန်သူထက ်မိတ်ဆွေက ပိုပီးအဟန့်အတားဖြစ်နေတတ်တယ်ဆိုတာသိပ်မှန်တယ်ဗျာ..ဒီနေရာမှာမိဘကအဓိကအကျဆုံးဘဲ..မိဘဆိုတာကျေးဇူးရှင်ဘဲ..ဆပ်လို့တောင်မကုန်ပါဘူး.. ကျုပ်အိပ်ရာဝင်တိုင်း မိဘမေတ္တာကိုဆင်ချင်အောင့်မေ့ပီး မေတ္တာပို့ပါတယ်..ဒါပေမဲ့ ဘယ်မိဘမဆိုပေါ့ဗျာ..သားသမီးကိုစိတ်လွတ်လပ်မှု့တော့ ပေးသနားသင့်ပါတယ်..ကျုပ်အလိုချင်ဆုံးကလဲအဲဒီလွတ်လပ်မှု့ဘဲ.. ကျုပ်ကိုမိဘတွေမပေးနိုင်တာကလဲ အဲဒီလွတ်လပ်မှု့ဘဲ ..ဘာစိတ်လွတ်လပ်မှု့လဲလို့ခင်ဗျားမေးချင်လိမ့်မယ်..ကျုပ်ရှင်းပြပါမယ်… ကိုယ်မှန်တယ်ထင်တာကိုယုံကြည်ချင်တာ။ ကိုယ်မှန်တယ်ထင်တာကလိုက်နာလုပ်ကိုင်ချင်တာ […]


ဒီနေ့မနက်က ပို့စ်တခုစမ်းတင်ကြည့်ပါတယ်..မင်္ဂလာပါ..Greeting…ဆိုတဲ့ခေါင်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလေးပါ ..စာအကုန်ပါမလာဘူးဗျာ ဘယ်လိုဖြစ်တာပါလိမ့်… နောက်ပီး ကိုယ့်ပိုစ်လေးပါလာလို့ ဝမ်းသာအားရဖွင့်ကြည့်တာ… အောက်မှာ ကွန်မန့်ပေးမဲ့ Leave a comment ဆိုတာလဲမတွေ့ဘူး.. သိတဲ့ ရွာသားများ ကူညီပြောပြကြပါအုံး.. ကျွန်တော်လူသစ်ကလေးပါ..ထပ်စမ်းတင်ကြည့်ပါအုံးမည်…သည်းခံကြလော့…. “နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊ချမ်းသာသထက်ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ” မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့  ကားပေါ်မှဆင်းကာ ထီးအစုတ်ကလေးတစ်ခုကို ရဲဘော်လေး ကိုထွေးက ဗိုလ်ချုပ်အားမိုးပေး၍ ဝန်ကြီးများရုံးထဲသို့ဝင်လာခဲ့ပါသည်။ ရုံးသို့ရောက်သည်နှင့်တစ်ပြိုင်နက် စားပွဲပေါ်တွင်ပုံနေသောအလုပ်ပုံကြီးနှင့် အရေးကြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည်ဖြစ်၍ နေ့လည်စာကိုပင် မွန်းလွဲနှစ်နာရီထိ စားဖို့ပင် သတိမရနိုင်ပဲ ဖြစ်နေပါသည်။ မနက်ပိုင်းကလဲ စားနေကျပဲပြုတ်နဲ့နံပြားလေးကိုစားပြီး ရုံးတက်ခဲ့ရပါသည်။ “ဗိုလ်ချုပ်နေ့လည်ထမင်းစားဖို့တော်တော်လေးအချိန်လွန်နေပါပြီစားပြီးမှပဲဆက်လက်လုပ်ဆောင်ပါလားဗိုလ်ချုပ်ရယ်” ဟု မောင်နေဝင်းက စိုးရိမ်တကြီးပြောနေရှာသည်။ ထိုကဲ့သို့ သတိပေးလိုက်မှပင် ထမင်းစားဖို့သတိရပြီး “ဟေ  ဟုတ်လား […]