အကုသလောဓမ္မော အကုသလဿဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော- အကုသိုလ်က အကုသိုလ်ကို ပြန်ကျေးဇူးပြုတယ်လို့ဆိုလိုပါတယ်။ဘယ်လိုကျေးဇူးပြုသလဲဆိုတော့ ရာဂံ ဥပနိဿာယ ပါဏံ ဟနတိ၊ အဒိန္နံ အာဒိယတိ၊ မုသာ ဘဏတိ၊ ပိသုဏံ ဘဏတိ၊ ဖရုသံ ဘဏတိ…- တဲ့အချစ်ဆိုတဲ့ရာဂကို အမှီပြုပြီး အချစ်အတွက် သူတစ်ပါးအသက်ကိုသတ်မယ်၊ သူတစ်ပါးဥစ္စာကိုခိုးမယ်၊လိမ်ပြောမယ်၊ ကုန်းထိုးစကားကိုပြောမယ်၊ ကြမ်းတမ်းတဲ့စကားကိုပြောမယ်စသည့်ဖြင့်ပြုမိ ပြောမိကြမယ်ဆိုရင် အချစ်ကနေ ကုသိုလ်မဖြစ်ဘဲအကုသိုလ်ဖြစ်သွားတယ်ဆိုလိုပါတယ်။ ရဟန်းသံဃာအများစုကတော့ ဒီပဋ္ဌာန်းပါဠိတော်ကိုရထားပြီး သိထားပြီးသာဖြစ်ကြပါတယ်။ စာဖတ်သူဓမ္မမိတ်ဆွေအများစုလည်းရကောင်းရပါလိမ့်မယ်။ စာရေးသူတင်ပြချင်တာက အချစ်ကြောင့် သူခိုးဖြစ်ခဲ့ရတဲ့အကြောင်းလေးကိုတင်ပြချင်တာရယ်ကိုယ်ချစ်တဲ့သူနှင့်တုပြီးတော့အကုသိုလ်မဖြစ်ပွားရအောင် သင်္ဂဇာဆရာတော်ဘုရား၏အဆုံးမလေးကိုသိစေချင်သောကြောင့်ဒီဆောင်းပါးလေးကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဒေသနာ တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုလုပ်နေစဉ် ဘုရားအလောင်းသည် အာကာသစိုးနတ်ဖြစ်ပါတယ်။ ဗာရာဏသီပြည်သူ/သားတို့သည် တန်ဆောင်မုန်းလနက္ခတ်နှင့်ယှဉ်သော ပွဲလမ်းသဘင်များ ကျင်းပရာဆင်းရဲသားလင်းမယားနစ်ယောက်လည်းရှိခဲ့ပါတယ်။ မိန်းမလုပ်သူက မောင်ရေ ကျမလေ အဝတ်အစားကောင်းကောင်းများဝတ်ဆင်ကာ မောင်နှင့်အတူလက်ချင်းတွဲပြီးပွဲလှည့်လည်ချင်တယ် လို့မိန်းမကပြောတယ်။ ယောက်ျားလုပ်သူကလည်း တို့ကမချမ်းသာဘူးလေ […]