မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆိုပါဗုံးပေါက်ကွဲမှုကို ပြုလုပ်ခဲ့သော ဗုံးဖောက်ခွဲသူများကို ဖမ်းဆီးအရေးယူနိုင်ရန် တိကျခိုင်လုံသော သတင်းပေးနိုင်သူများကို ဆုငွေကျပ် ၁ဝ သိန်း ချီးမြှင့်မည်ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီထံမှ စုံစမ်းသိရှိရသည်။ ref;myanmarthawy