ဟောင်ကောင်ရှိ ရုပ်ရှင် ထုတ်လုပ်သူများသည် ကမ္ဘာ့ ပထမဆုံး 3D နည်းပညာသုံး ညစ်ညမ်း ရုပ်ရှင်ကို စတင် ရိုက်ကူးရန် စီစဉ် နေပြီဟု သိရသည်။ အမေရိကန်ဒေါ်လာ ၃.၂ သန်းမျှ အကုန်ခံ ရိုက်ကူးမည့် Sex and Zen: Extreme Ecstansy (3D) သည် အာရှဈေးကွက်တွင်သာမက ဥရောပနှင့် အမေရိကတိုက်တွင်ပါ တွင်ကျယ်စွာ ဖြန့်ဖြူးနိုင်ရန် မျှော်လင့်ထားကြောင်း ပရိုဂျူဆာ စတီဖင်ရှူးက ပြောကြားခဲ့သည်။ ယင်းဇာတ်ကားတွင် ဂျပန်၏ အဖော်အချွတ်နှင့် လိင်မင်းသမီးများ ဖြစ်ကြသည့် ယူကီကိုဆိုနှင့် ဆိုရီဟာရာတို့ပါဝင်မည်ဟုဆိုသည်။ ယင်းဇာတ်ကားသည် မြို့စားတစ်ဦးက စိတ်ကူးယဉ် ဖန်တီးထားသည့် လိင်အညှီအဟောက် လောကအတွင်း ရောက်ရှိသွားသည့် လူငယ်တစ်ဦးသည် ထိုကိစ္စတွင် ၎င်း၏ဇနီးဟောင်းပါ ဆက်နွယ်ပတ်သက်နေကြောင်း သိရှိလာပုံကို ရိုက်ကူးထားသည်။ […]