Ma EiMarch 8, 20122min28812
မြတ်ရွှေတိဂုံမှာ… ပြီးခဲ့တဲ့ 26/2/2012.Sunday က ရွှေတိဂုံဘုရားဖူးရောက်ခဲ့ပါတယ်… ရွာထဲမှာလည်း ရွှေတိဂုံဘုရားပုံတော်တွေ ဓါတ်ပုံတင်ကြတာ အားကျပြီး ဓါတ်ပုံလေးတွေ ရိုက်ခဲ့ပါတယ်… ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်မှာ ပန်းမျိုးစုံနဲ့ပူဇော်ထားတာ ဖူးမြော်ခဲ့ရပါတယ်.. ပန်းတွေက တချို့ အဖူးအငုံ၊ တချို့ပွင့်၊ တချို့ နွမ်းကြွေလို့ အမြင်အတိုင်း စိတ်ခံစားမှုတွေ ရခဲ့ရတယ်.. ရင်ခွင်ပိုက် ကလေးငယ်ကစလို့ ဇရာအောင်လံထူထားသူ လူတွေလဲ အစုံပေါ့… လူတွေထဲလဲ…ဆင်းရဲသူ၊ချမ်းသာသူ၊ ရုပ်ရည် လှသူ၊မလှသူ၊ အပူနဲ့လူ ပျော်ရွှင်သူ ဘဝတွေလဲများပေါ့… ကိုယ်စီပိုင်ဆိုင်နေကြတဲ့ ဘဝတွေကို လှပစေသူတွေ၊ ညစ်နွမ်းစေသူတွေလဲရှိမပေါ့… ကျွန်မလဲ ဒီဘဝတွေထဲက ခဏလေး အပြင်ထွက်ကြည့်မိသူ တစ်ဦးဖြစ်ပါတယ်.. ရှင်ဥပဂုတ္တကန်တော်ဥယျာဉ်ထဲကလမ်းကလေးမှာ ကျောက်စရစ်ရောင်စုံလေးတွေနဲ့ ခိုင် လို့ရေးထားတာတွေ့ရပါတယ်.. လမ်းခင်းသူရဲ့ အသဲထဲမှာ ရှိနေသူလေးဖြစ်မှာပါ.. ကျွန်မလဲ သမီးလေးနံမည်ဖြစ်တဲ့အတွက် […]