ရခိုင်ပြည်နယ်အတွင်း ဇွန်လ(၃)ရက်နေ ့ဖြစ်ပေါ်ခဲ့သော ခရီးသွားပြည်သူ(၁၀)ဦး ကားပေါ်မှ ဆွဲချအသတ်ခံခဲ့ရသည်ကို သိပြီးဖြစ်သည်။ထိုမြို့သည် မှောင်ခိုရောင်း ဝယ်ဖော်ကားရာမြို့၊မူးယစ်ဆေးဝါးများကို တရားဝင်တင်သွင်းရောင်းချနေသော မြို့တစ်မြို့ဖြစ်သည်။ပြည်နယ်တွင်းမှ သစ်တောထွက်ပစ္စည်းများ၊နွားများပါမကျန် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်နေသောမြို့ဖြစ်သည်။ တောင်ကုတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ကားများ မြောက်မြားစွာကို လမ်းများပေါ် ဥဒဟိုသွားလာနေသည်။တောင်ကုတ်မှ ပြည်နယ်တွင်းရှိမြို့များ အားလုံး၊ပြည်မပါ မကျန် ပေါ်တင်သွားလာနေကြသည်။ဒေသဖွံ့ဖြိုးရေးဟု အကြောင်းပြကာ မှောင်ခို ရာဇာတစ်ဦးဖြစ်သော ဦးဦးကျောက်တောင်မှ အာမခံကာ ဝယ်ယူမောင်းနှင်နေကြ ခြင်းဖြစ်သည်။အဆိုပါ မူးယစ်မှောင်ခို သည် မန္တလေး၊ရှမ်းပြည် တို ့ဖက်မှ လက်ဘက် ခြောက်များ တင်သွင်းပုံစံဖြင့် မူးယစ်ဆေးဝါးများပါ သယ်ယူနေသည်။ထို ့အတွက် ဦးအောင်သောင်း၊သီဟသူရ တင်အောင်မြင့်ဦးတို ့လို လူကြီးများဖြင့် ပူးပေါင်းကာ လက်မရွံ့လူမိုက်မြောက်မြားစွာ မွေးထားသည်။ တောင်ကုတ်မြို့ လိုင်စင်မဲ့ ကားများ အလွန်များပြားလာသည့်အတွက် လိုင်စင်ရှိကား များဝယ်ယူထားသူများနစ်နာရသည့်ပြင်၊ယာဉ်အန္တရာယ်အလွန်စိုးရိမ်နေရပါသည်။ ယခုကဲ့သို ့လိုင်စင်မဲ့ ကားများဖြင့် ဥပဒေမဲ့ မှောင်ခိုလုပ်ငန်းများ […]