Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Ma MaFebruary 17, 20151min161336
အပိုကြီးနဲ့ Valentine Day ဘာမှမပတ်သက်ပဲနဲ့ ဘာများလျှာရှည်ချင်နေသလဲလို့ အပြစ်တင် မစောပါနဲ့။ :kwi:   ဘယ်အချိန်ကပေါ်ပေါက်လာမှန်းမသိတဲ့….. အခုနှစ်ပိုင်းတွေမှာ ခေတ်စားလာတဲ့…… လူငယ်ပိုင်းတွေကို အတော့်ကို လွှမ်းမိုးနိုင်တဲ့……   Valentine Day ဟာ ဖေဖော်ဝါရီလ ၁၄ရက်နေ့ဆိုတာကို  ကြားဖူးနားဝတော့ မှတ်သားထားမိတယ်။  🙂   အခါကြီးရက်ကြီးလည်း မဟုတ် ပိတ်ရက်လည်း မဟုတ်တော့ မှတ်မှတ်ရရလည်း မရှိပါဘူး။   ထုံးစံအတိုင်း မနက်စောစောအလုပ်ကို ထွက်လာတယ်။ အလုပ်ထဲရောက်တော့ အလုပ်ဆင်းတဲ့သူနည်းနေလို့ မေးကြည့်မှ….. လူငယ်လေးတွေ တော်တော်များများ Valentine Day ဆင်နွှဲဖို့ သွားကြသတဲ့။ 🙄     ဒီအတိုင်းဆိုရင် ရှိတဲ့လူနဲ့ပဲ အလုပ်လုပ်ရရင် ဒီနေ့တော့ဖြင့် ပင်ပန်းအုံးမှာပဲလို့ တွေးမိတယ်။ ဒီလိုနည်းနဲ့ပဲ ကျွန်ုပ်နဲ့မဆိုင်ဘူးထင်ရတဲ့ […]


Ma MaFebruary 14, 20153min54920
နှစ်သစ်တစ်နှစ်ပြောင်းတိုင်း ပြက္ခဒိန်အသစ်တွေ လက်ဆောင်ရတတ်ပါတယ်။   ဒီနှစ်တော့ ကာတွန်းပုံလေးတွေနဲ့ အတွေးအခေါ်ပေါင်းမြောက်မြားစွာကို ပီပြင်စွာ၊ ထိရောက်စွာ၊ ထူးခြားစွာ တင်ပြထားတဲ့ အော်ရီဒူးပြက္ခဒိန်လေးကို  ကြိုက်လွန်းလို့  ပြန်လည်မျှဝေပေးချင်ပါတယ်။   ကြိုက်ရတဲ့အထဲမှာ စာလုံးပေါင်းသတ်ပုံ မှန်အောင် အထူးဂရုစိုက်ထားတာကလည်း တစ်ခုအပါအဝင်ပေ့ါ။   ပျင်းရိလေးတွဲ့သူတို့ရဲ့ထုံးစံအတို်င်း ၂၀၁၅ နှစ်သစ်က အကြံအစည်ဟာ  ၁လကျော်မှပဲ အကောင်အထည်ဖော်ဖြစ်တာတော့ ရှက်မိပါတယ်။ :s:   ပြက္ခဒိန်ကိုကြည့်ပြီး ကာတွန်းတွေကို သဘောကျလို့ တနေ့ပြီး တနေ့ သူ့ရက်နဲ့သူ ကာတွန်းကို ခံစားတင်ပြမယ်။ ဖတ်မိ ကြည့်မိသူတွေက သူတို့အမြင်တွေကို ကွန်မန့်ကတဆင့်ပြောကြရင်း အတွေးအမြင်တွေ စုံသွားမယ်လို့ စိတ်ကူးယဉ်မိတယ်။ :kwi:   ဒါပေမယ့်လည်း အလုံးစုံပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်တော့ တတ်နိုင်သမျှအကောင်းဆုံးလုပ်ဖို့ပဲ ကြိုးစားရတော့တာပေါ့။ 😆   ကဲ-အကောင်းဆုံးအချိန်မှာ […]


Ma MaJanuary 3, 20155min87516
ထိုင်ဝမ်နိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ ချန်ကေရှိတ်ကို ထိုင်ဝမ်နိုင်ငံရဲ့ သူရဲကောင်းကြီးအဖြစ် ပြည်သူပြည်သားတွေက ချစ်ခင်လေးစား တန်ဖိုးထားကြပါတယ်။ အဲဒါကြောင့်ပဲထင်ပါရဲ့ ထိုင်ပေမြို့ရဲ့နေရာတော်တော်များများမှာ သူ့ရဲ့ရုပ်တုတွေကို တွေ့မြင်နိုင်ပါတယ်။   သူတို့နိုင်ငံကို အလည်လာသူတွေကို အိမ်ရှင်တွေက တောင်ပေါ်မှာရှိတဲ့ ချန်ကေရှိ်တ်လဲလျှောင်းရာ ဂူဗိမ္မာန်ကို အမှတ်တရလိုက်ပို့လေ့ရှိကြပါတယ်။ ဗိမ္မာန်ဝင်းရဲ့ အဝင်ဝမှာပဲ ချန်ကေရှိတ်ရုပ်တုကြီးကို ကြီးမားခန့်ညားစွာ တွေ့မြင်ရပါတယ်။   ဂူဗိမ္မာန်ရှိတဲ့နေရာကို တောလမ်းလေးအတိုင်း လမ်းလျှောက်ပြီး ဝင်ရပါတယ်။ လမ်းမှာ အင်းလေးကန်လို တောင်ပေါ်ရေကန်လေးကိုလည်း သာယာရွှင်မြူ းဖွယ်ရာ တွေ့မြင့်ခဲ့ရပါသေးတယ်။   ချန်ကေရှိတ်ရဲ့ဂူဗိမ္မာန်ကို လူငယ်လက်ရွေးစင်တပ်သားတွေနဲ့ အစောင့်ချထားပါတယ်။   အဝင်ဝမှာ ရုပ်သေလို မလှုပ်မယှက်ရပ်နေရတဲ့ အစောင့်ရဲဘော်၂ယောက်ကို ၁နာရီတစ်ခါ အခမ်းအနားနဲ့ တာဝန်လဲပါတယ်။   ပိတ်ရက်မို့ထင်ပါရဲ့။ အဲဒီတာဝန်လဲတဲ့အခမ်းအနားမီအောင် လာကြည့်ကြတဲ့ ဧည့်သည်တွေကလည်း အင်မတန်မှ များပြားလှပါတယ်။ […]


Ma MaDecember 26, 20146min91230
၁၀၁ခုမြောက် ပိုစ့်ကို ထိုင်ဝမ်နိုင်ငံက ကမာ္ဘ့အမြင့်ဆုံးအဆောက်အဦအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့တဲ့  TAIPEI 101  OBSERVTORY ကို ရောက်ခဲ့တဲ့အကြောင်း  အမှတ်တရ ရေးချင်ပါတယ်။ (ဒါ့ထက်တိုက်ဆိုင်တာတောင် ဒါ့လောက် မတိုက်ဆိုင်ဘူး :chit:  )       အဆောက်အဦရဲ့ အောက်ခြေ ၅ထပ်မှာတော့ ဘရန်းဒက်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်ခန်းအများစုနဲ့ အစားအသောက်အခြောက်တွေ ( ချောကလက်၊ ကွတ်ကီး၊ သကြားလုံး စသဖြင့် သယ်သွားရတာမျိုး) ရောင်းတဲ့ဆိုင်တွေ ရှိပါတယ်။   ကြီးကျယ်ခမ်းနားတဲ့ အပြင်အဆင်နဲ့ ဘရန်းဒက်ပစ္စည်းတွေရောင်းတဲ့ ဆိုင်ခန်းတွေနဲ့ လှပခမ်းနားလို့ နေပါတယ်။     အပေါ်ကို တက်ကြည့်ဖို့အတွက် ၅ထပ်ကနေ ဓာတ်လှေကားစီးရပါတယ်။ အပေါ်တက်ကြည့်တဲ့ ဝင်ကြေးက တစ်ယောက်ကို ထိုင်ဝမ်ငွေ ၅၀ဝ (မြန်မာငွေနဲ့ ၁၇၀၀ဝ […]


Ma MaDecember 18, 20148min58420
မအေး (aye.kk) ရဲ့ ထိုင်းက ဘုရင်မပန်းခြံ ပုံတွေကြည့်ပြီး အားကျလို့ …. ထိုင်ဝမ်သွားတုန်းက ရောက်ခဲ့တဲ့ Shi Ling စွတ်လင်းလမ်းက  ပန်းခြံပုံတွေ တင်လိုက်ပါတယ်။   ပန်းခြံထဲဝင်လည်တော့မယ်နော်။ 🙂 ပန်းခြံအဝင်မှာ LOVE ဆိုတဲ့ စာလုံးနဲ့ အလှဆင်ထားတယ်။ ပန်းခြံထဲဝင်သွားရင် အဝင်ဝရဲ့ လမ်းဘေးတွေမှာ နားနားနေနေနေဖို့ အရုပ်လေးတွေ၊ ထိုင်ခုံလေးတွေ ရှိတယ်။ ပန်းခြံထဲမှာ ဖျော်ဖြေနေတဲ့ လမ်းဘေးအနုပညာရှင်တွေရဲ့ လက်စွမ်းကလည်း အံ့ဩလောက်အောင် ပြောင်မြောက်ပါပေရဲ့။   သီချင်းတွေကလည်း ကိုယ်နားယဉ်ထားတဲ့ စိုင်းဆိုင်မောဝ် သီချင်းတွေဆိုတော့ အဝေးကြီးက ကြားကတည်းက လိုက်ဆိုနေမိတာ။     ပန်းခြံထဲရောက်ရောက်ခြင်း ပန်းခင်းတစ်ခုမှာ………. ထိုင်ဝမ်ရဲ့ နာမည်ကြီး ပင်လယ်ကမ်းစပ်တစ်ခုဖြစ်တဲ့ ရဲလျိ ု (Yeh Liu […]


Ma MaDecember 3, 20141min89841
နေရာသစ်တစ်ခုကိုရောက်ပြီဆိုတာနဲ့ ရေမြေသဘာဝ၊ ရာသီဥတု၊ လူ့ပတ်ဝန်းကျင် အခြေအနေ၊ အစားအသောက်၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေက ကိုယ့်ဆီကနဲ့မတူ ကွဲပြားခြားနားတာတွေကို တွေ့ရတယ်။ (တောသားမြို့ရောက်ဆိုသလိုပေ့ါ) :kwi:   ထိုင်ဝမ်နိုင်ငံဟာ အရင်တုန်းက ပြည်ဝင်ခွင့် တင်းကြပ်ထားရာကနေ အခုအချိန်မှာ အထိုက်အလျှောက် ဖြေလျော့ပေးလိုက်လို့ နိုင်ငံခြားခရီးသွားတွေ အရောက်အပေါက်များလာပါတယ်။   တရုတ်ပြည်မကြီး၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံသားအများအပြား တွေ့ခဲ့ရပါတယ်။   အဲဒီလူမျိးတွေ အားလုံးဟာ ကော့ကေးရှန်းမျိုးနွယ်က ဆင်းသက်လာသူမို့ ရုပ်ရည်တွေက မတိမ်းမယိမ်းရှိကြပါတယ်။ ဒါပေမယ့် စကားပြောသံမကြားခင်ကတည်းက ပုံပန်းသဏ္ဍန်ကို ကြည့်ပြီး ဂျပန်လား၊ တရုတ်လား၊ ကိုရီးယားလား၊ ထိုင်ဝမ်နိုင်ငံသား ပဲလားဆိုတာကို ခွဲခြားလို့ ရတယ်ဆိုရင် ဘာပြောကြမလဲ သိချင်လို့ ကွန်မန့်ကျမှပဲ အဖြေပြောပါတော့မယ်။   ၂၀၁ဝ Burj Dubai မတိုင်ခင်အထိ […]


Ma MaOctober 26, 20141min86727
ခေတ်မီဖွံံ့ဖြိုးတိုးတက်နေတယ်ဆိုတဲ့ စကားလုံးက ကြားနေကျမို့ ထူးပြီးတော့ ဆန်းတယ် မထင်သလို ……….. ထူးခြားပြောင်းလဲလာဖို့လည်း မျှော်လင့်မထားပါဘူး။ ဒါပေမယ့် တကယ့်ကို လက်တွေ့ကျကျ ပြောင်းလဲတိုးတက်နေတာတွေကိုတွေ့လာရတော့လည်း တခြားသူတွေပါ သိစေချင်မိပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့တစ်ခေါက်…………… myanmargazette.net/202209 ဆိုပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အရင်တုန်းကလို မဟုတ်ပဲ အများပြည်သူအားကိုးအားထားပြုနိုင်လောက်အောင် ပြောင်းလဲနေတာကို ရေးခဲ့ပါသေးတယ်။ အခုလည်း ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံရဲ့ လက်ထောက်ဆေးရုံအုပ် (ထင်တာပဲ) ဒေါက်တာဆန်းလင်းရဲ့ ဖေ့စ်ဘုတ်ကတဆင့် စိတ်ကျန်းမာရေးဆေးရုံက လူနာတွေကို ပြုစုကုသတဲ့နေရာမှာ ပြောင်းလဲတိုးတက်တာတွေ အများကြီး သိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ လှုပ်ရှားတွေကို အမြဲတင်ပေးနေတဲ့ ဒေါက်တာဆန်းလင်း ရဲ့ တိုင်းမ်လိုင်းကတစ်ခုကို ပြရရင်…….. (Souvenir Shop (unit-2 ) ဝင်ငွေရတော့ အလုပ်တူတူဝိုင်းလုပ်ပေးသူ(လူနာ)တွေကို ဘဲသားဟင်းချက်ကြွေးမယ်ဆိုတော့၊ ထမင်းနဲ့ဟင်းက စားနေကြတဲ့ ခေါက်ဆွဲကြော် အသားများများနဲ့ကြော်ပေးပါတဲ့၊တယောက်က […]


Ma MaAugust 10, 20141min83416
ခေတ်တွေစနစ်တွေ ပြောင်းလဲနေပြီလို့ ပြောတဲ့သူတွေက ပြောသလို….. ဘာမှမပြောင်းလဲသေးဘူးလို့ ပြောနေကြသူတွေလည်း အများကြီး။ :p:   ပုဂ္ဂလိကအထူးကုဆေးရုံတွေ အများကြီးပေါ်ထွန်းလာတာနဲ့အတူ………. အစိုးရဆေးရုံတွေမှာ အဆင်မပြေမှု့တွေကြောင့် လူအများစုဟာ ဆေးကုသရေးမှာ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကို အားကိုးလာကြပါတယ်။   နိုင်ငံခြားထွက်နိုင်သူတွေကလည်း နိုင်ငံခြားထွက်ပြီး ကုသမှုခံယူကြတယ်။ ကိုယ်ဝန်ဆောင်တွေကလေးမွေးဖွားဖို့အတွက်ဆိုရင်တော့ အထူးကုဆေးရုံတွေကိုပဲ ရွေးချယ်ကြတာပေ့ါ။   ခုခေတ်မှာ မိခင်လောင်းတွေဟာ ကိုယ်ဝန်ရှိတာကို သိပြီဆိုတာနဲ့ မွေးဖွားတဲ့အခါ အဆင်ပြေအောင် အိုဂျီအပ်ပြီး စောင့်ရှောက်မှု့ခံယူကြတာ များပါတယ်။   အပ်ထားတဲ့အိုဂျီက အဆင်ပြေတဲ့ အထူးကုဆေးရုံဆေးခန်းကြီးတွေမှာ မွေးဖို့ဖွားဖို့ စီစဉ်လေ့ရှိကြပါတယ်။ ဒါပေမယ့် မွေးဖွားရင်း အရေးပေါ်ဖြစ်လာရင် ဗဟိုအမျိုးသမီးဆေးရုံကြီးကိုပဲ ပြေးကြရတာပါ။   မိတ်ဆွေတစ်ယောက် မီးဖွားမှာမို့ သားဦးလည်းဖြစ်၊ နယ်ကလည်းဖြစ်တော့ ငွေကြေးတတ်နိုင်သူဖြစ်ပေမယ့် စိတ်ချရအောင် ဗဟိုအမျိုးသမီးဆေးရုံကြီးမှာပဲ မီးဖွားဖို့ အကြံပေးတိုက်တွန်းမိပါတယ်။ […]


Ma MaJuly 4, 20141min88931
လေးဇီးကွတ်ရဲ့ထုံးစံအတိုင်း လွယ်ကူပေါ့ပါးစွာ ချက်နိုင်တဲ့ ကြက်သားကော်ဖီမှုန့်ဟင်းပါ။   စားနေကျအရသာနဲ့မတူပဲ ကော်ဖီမှုန့်ရဲ့ ခါးစိမ့်စိမ့်အရသာနဲ့ပေါင်းပြီး အရသာထူးခြားတဲ့ကြက်သားဟင်းလျှာကို ရရှိစေနိုင်ပါတယ်။   ဒါ့အပြင် လွယ်ကူသက်သာလို့ ချွေးတစ်စက်မှ မထွက်ဘူးဆိုရင် …………………. မီးချောင်ဝင်နေရတဲ့ အိမ်ရှင်မတွေ (အိမ်ရှင်ထီးတွေကတော့ ကိုယ့်ထက်ပိုကျွမ်းတာမို့ သူတို့မပါ) မျက်ခုံးတစ်ချက်ပင့်ဖြစ်သွားကြမယ်ထင်ပါရဲ့။ :chit:   မီးဖိုချောင်ဝင်တာနဲ့ ချက်တာကနည်းနည်း၊ ချွေးထွက်တာက များများဖြစ်တတ်တဲ့ ကိုယ့်အတွက်တော့ အလွန်သဘောကျစရာကောင်းတဲ့အချက်တစ်ချက်ပါပဲ။ 🙂   ကြော်ငြာနဲ့တင် အတော်ရှည်သွားပြီ။   ကဲ- ချက်နည်းစပါပြီ။  :s:   ပါဝင်ပစ္စည်းတွေအနေနဲ့…………….. ၁။ ကြက်သား ၁၅ကျပ်သား ၂။ ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်းကြီး ၁ဇွန်း ၃။ ထောပတ် လက်ဖက်ရည်ဇွန်းကြီး ၁ဇွန်း ၄။ သကြား လက်ဖက်ရည်ဇွန်းသေး ၁ဇွန်း […]


Ma MaJune 13, 20141min55517
မနေ့ကတော့ ရန်ကုန်မိုးနဲ့ ရေကြီးခြင်း ကားလမ်းတွေ ပိတ်ခြင်းတို့က … ကမာ္ဘကြီးဟာ ရွာကြီးတစ်ရွာဖြစ်နေတဲ့ ခုခေတ်မှာ….. နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ ရွှေမြန်မာတွေအားလုံး ဖတ်ရှု့မြင်တွေ့ ကြရမှာပါ။ မိုးရွာလို့ ရေကြီးတာပဲ ဖြစ်ဖြစ် လပြည့်ရေကြောင့် ကြီးတာပဲဖြစ်ဖြစ် အဲဒီရေကြီးတဲ့ ဒုက္ခကို လူအတော်များများ ခံစားခဲ့ကြရပါတယ်။     အကောင်းဖက်က တွေးရင်တော့ ခါတော်မီ စီးပွားရေးလုပ်ငန်းတွေလည်း အများကြီး စီးပွားဖြစ်သွားတယ်။ စက်ပစ္စည်းတွေ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ တင်သွင်းတဲ့အခါ ကွန်တိန်နာထဲမှာပါလာတဲ့ သစ်သားကဒ်တစ်ကဒ်ကို အရင်က ၂၅၀ဝ ကနေ ၃၅၀ဝတောင် လိုသလောက် ဝယ်မရ။ ရပ်ကွက်တွေမှာ အိမ်ထဲကနေ ရေခပ်ထုတ်ဖို့ စက်ငှားတဲ့လုပ်ငန်းကလည်း တစ်အိမ် ၅၀၀ဝ ကျပ်ကို လက်မလည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အရ ပြောရရင် မိုးများတိုင်း […]


Ma MaMay 27, 20141min108437
မြစ်ဝကျွန်းပေါ်မြို့အချို့ကို ဖြတ်သန်းသွားသော ရထားလမ်းသစ်ဖောက်လုပ်ပြီးစီး၍ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ကိုယ်တိုင်လိုက်ပါစီးနင်းလာသော ခရီးသည်တချို့၏ပြောကြားချက်များကြောင့် ကြားသိရပါသည်။ မြစ်ဝကျွန်းပေါ်သူားတွေကို မမ (မြန်မာ့မီးရထား) နဲ့ မိတ်ဆက်ပေးတဲ့အနေနဲ့ စတင်ပြေးဆွဲတဲ့ မေလ ၂၅၊ ၂၆၊ ၂ရ (၃)ရက်ကို အခမဲ့စီးနင်းခွင့်ပြုခဲ့ပါသည်။ ရထားလမ်းမှာ ဟင်္သာတ- လှိုင်သာယာ ဖြစ်ပါသည်။ ရထားစီးနင်းခနှင့် ရထားအချိန်အတိအကျ မသိပါ။ သို့သော် ရထားလမ်းတစ်ကြောမြို့ရွာများမှ ယခင်က အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရသော ကုန်စည်များနှင့် လူအများမှာ ယခုအခါ …………… ရ ကောက် ရထားကြီး ပျော်ပျော်စီး လို့ ခရီးနှင်နိုင်ကြ၍ အားရဝမ်းသာပြောကြားလာသော သတင်းစကားကို မျှဝေပေးလိုက်ပါသည်။


Ma MaMay 11, 20141min88025
World Mother’s Day မှာ အမေ့လက်ရာကို သတိရနေကြမယ့် ကမာ္ဘတစ်လွှားက သားသမီးတွေ ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ကြဖို့………… လက်တည့်စမ်းချင်ကြမယ့် ရွာထဲက Easy cook, lazy cook, healhty cook, professional cook, yummy cook, ….. cook cook cook တွေ လက်တည့်စမ်းနိုင်ကြဖို့ ………… အစားကောင်းစားရရင် ခင်မင်သူတွေကို သတိရတယ်ဆိုသလို ….. :s: လွယ်ကူသက်သာ မြန်ဆန်တဲ့နည်းတွေနဲ့ ချက်ပြုတ်ထားပြီး စားချင်စဖွယ်လှပတဲ့ အစားအစာတွေ ချက်နည်းပြထားတဲ့ လင့်ခ်လေးတစ်ခုတွေ့တယ်။ သိပြီးသူတွေ ရှိကြမှာ ဖြစ်ပေမယ့် ကိုယ်တိုင်တော့ ခုမှတွေ့ပြီး သဘောကျလို့ မျှဝေလိုက်ပါတယ်။ http://twiceasdelicious.com/ ကိုယ်တိုင်တော့ မစမ်းသပ်ရသေးဘူး။ စမ်းသပ်ချင်သူတွေ စမ်းသပ်ပြီး တင်ပေးရင် ကောင်းမယ်လို့ တွေးပြီး […]


Ma MaApril 23, 20141min121036
(ခုစာကို ခုနေရာထိ ..ဆာလုံးဗောင်း ဘယ်နှလုံး မှားသွားဗီဒီး ဟု ကောင့်ဒေါင်း လုပ်နေလေသတတ်သော မား-မာ အမွှာ အား လည်းကောင်း…။) အဲသလို အဲသလို……….. ရွာထဲမှာ သူများစာကို စာလုံးပေါင်းအမှားရှာတဲ့မျက်လုံးနဲ့ ကြည့်တတ်နေတော့……… ကိုယ့်စာမှာဆိုစာလုံးပေါင်းမှားမှာ ပိုကြောက်နေမိတယ်။ :p: (ငရုတ်သီးနဲ့ပေါင်းလို့ ကြက်သွန်ပါ ရောအထောင်းခံရတဲ့ အမွှာညီအမအတွက်တော့ စိတ်မကောင်းပါဘူး။) 😆 ကြောက်ရမယ့်အထဲမှာ ဆြာကမ်းက အရှေ့ဆုံးကပဲ။ 😥 မှတ်မှတ်ရရ ဆုရပိုစ့်တွေရေးတော့ ဇကာတင်လား၊ စကာတင်လား ဆိုပြီး စာလုံးပေါင်းသတ်ပုံကျမ်း http://myanmarwords.pikay.org/မှာ သွားရှာတယ်။ ၂မျိုးလုံးရှာမတွေတော့ အံ့ဩပြီး ကိုယ်ထင်သလို ဇကာတင် လို့ ရေးလိုက်ရော။ :boss: ဘာသာစကားသင်တဲ့ဆရာတစ်ယောက်ကပြောဖူးတယ်။ စကားကို ပြောသာပြော မှားလို့ သူများတွေရီရင် ပိုမှတ်မိတယ် ဆိုသလိုပဲ… မောင်ကမ်းက ဆန်ခါတင် […]