manandarmaungAugust 17, 20101min910
ယနေ့မှစ၍နှစ်တရာတိုင် အချစ်စစ်အချစ်မှန်တို့မည်သည် အချိန်တွေဘယ်လောက်ဟောင်းဟောင်း၊နေရာတွေ ဘယ်လောက်ပဲဝေးကွာနေကြပါစေလေ၊ ခိုင်မြဲတဲ့ချစ်ချင်းမေတ္တာတရားနဲ့ နှစ်ပေါင်းမြောက်များစွာကြာအောင် ခိုင်းမြဲစွာ ပေါင်းဖတ်နိုင်ကြပါတယ်လေ။ ရင်ထဲကစစ်မှန်တဲ့ချစ်ခြင်းတွေကြောင့် နားလဲမှု၊ယုံကြည်ကိုးစားမှုတွေနဲ့ ရွှေလက်တွဲတွဲမြဲခိုင်နိုင်ကြပါတယ်။လောကဒဏ်ကိုအေးအတူပူအမျှခံစားရင်းနဲ့ ဘဝတခုလုံးကိုလဲရဲရဲဝင့်ဝင့်ရှောက်လှမ်းနိုင်ကြပါတယ်လေ။အိမ်ခန်းရှေ့က နှစ်ဦးသားရဲ့ မင်္ဂလာဦးဓတ်ပုံကိုကြည့်ရင်းနဲ့ ပြက္ခဒိန်ကိုကြည့်တော့ (၂၀၁၀) ဂျွန်(၂၅)ရက်တဲ့။ ဪ ခုတော့လဲနှစ်ပေါင်း(၂၀)နှစ်တောင်ရှိပါပြီကော။သားကြီးတောင်မှဘွဲ့ရနေလို့အလုပ်တခုတောင်လုပ်နေပြီလေ။အင်း မင်္ဂလာငွေရတု တောင်ရောက်တော့မှာပါလား။ဒီလိုနဲ့ကျွန်တော်တရောက် ပြက္ခဒိန်ကိုကြည့်ရင်းနဲ့ မော်နဲ့ကျွန်တော်တို့ရဲ့ကုန်လွန်ခဲ့သောအတိက်ကိုပြန်သတိရမိပါသည်။ ကျွန်တော်ကတော့ ကိုအောင်မြင့်လေ။လွန်ခဲ့တဲ့အနှစ်(၂၀)လောက်က ကျွန်တော်တို့လှိုင်သာယာမှာ အထည်ချုပ်စတ်ရုံတွေစတင်တဲ့အချိန်လောက်ကပေါ့။အဲဒီတုန်းကကျွန်တော်ကလူပျိုပေါက်စလေ.၊(၁၆)နှစ်ကျော်ကျော်ပဲရှိသေးတာပါ။ နေတာကရွှေပြည်သာမှာလေ။အထည်ချုပ်စက်ရုံတွေစဖွင့်တော့ ကျွန်တော်ရဲ့အမ(၂) ရောက်က အထည်ချုပ်စက်ရုံမှာအလုပ်ရသွားတယ်။အားနေတဲ့ကျွန်တော်ကိုအိမ်ကထမင်းချိုင့်ပို့ခိုင်းတယ်လေ။အားနေတဲ့သူဆိုတော့လဲ ပျင်းပျင်းရှိတာနဲ့လိုလိုချင်ချင်ပဲသွားပို့တဲ့အလုပ်ကိုလက်ခံခဲ့ပါတယ်။ “မမော် ဒါငါတို့ရဲ့မောင်လေး အောင်မြင့်တဲ့” ။ဆိုပြီးအမကြီးတရောက်နဲ့မိတ်ဆတ်ပေးပါတယ်။အဲဒီအမက တချက်ပဲလှဲ့ကြည့်ပြီး ဘာတခွန်းမှ လဲမပြောဘူးလေ။မသာကာ ပြုံးရုံလေးတော့ပြုံးပါတော့လား။အခုတော့။ဟင်း။မာနခဲကြီးလားမသိပါဘူး။နောက်တော့မှအမကပြန်ပြောတာက အဲဒါသူတို့ဆိုက်အဖွဲ့တခုလုံးရဲ့ အုပ်ချုပ်သူတဲ့။”အုပ်ချုပ်သူဆိုတာတကယ်တော့ အတော်ဆုံးအချုပ်သမကို နေရာပေးထားတာပါ။ “သူကတဆင့်အသစ်တွေကို ချုပ်ပုံချုပ်နည်း ကတ်ကျေးယူနည်း ကိုသင်ပေးရတာလေ။အဲဒီအမကြီးကသူများတွေထက်လစာပိုရတယ်ဆိုပဲ။ နေ့လည်ဘက်အမတို့ထမင်းစားကြတော့ပျော်စရာပါ။ကျွန်တော်ကအားနေသူမို့လား။အမတို့ထမင်းစားအပြီးအထိစောင့်ပြီးမှပြန်တာပါ။တယောက်နဲ့တယောက်စကြနောက်ကြနဲ့တကဲ့မောင်ရင်းနှမရင်းတွေလို ပျော်စရာပါ။ပြောပုံကိုကြည့်အုံးလေ။”မရီညည်းမောင်ကိုငါ့ကိုပေးပါလားတဲ့” အစ်မတရောက်ကစတာပါ ။အမကြီးက လည်း”အေး ငါ့မောင်ကအစားကြီးတယ် ။ညည်းပုံနဲ့ငါ့မောင်ကိုလုပ်ကျွေးနိုင်မယ်မထင်ပါဘူးအေ”တဲ့။လာအလုပ်လုပ်တဲ့သူတွေက […]