manawphyulayOctober 31, 20111min16518
မင်းအကြောင်း တွေးရလွန်းလို့ လက်ညိုးညွှန်းရာ ပန်းကဗျာဝေစေခဲ့ဖူးတဲ့ ငါ ခုတော့… လွမ်းစရာတွေ ခြေရာထပ် ကဗျာစပ်ဖို့တောင်ခက်နေပြီ ခံစားမှုတွေမြင့်တက် ကဗျာရေးတဲ့လက်ကတောင် ငါ့ကို မသထာတော့ဘူး မင်းနဲ့ပတ်သက်ခဲ့ဖူးတာဆိုလို့ အမြတ်တနိုး ခင်မင်ရုံ ရင်ခုန်သံကို တေးမသီ ကဗျာတစ်ပုဒ်တောင် စာမစီနိုင်ခဲ့ ချစ်တတ်တဲ့နှလုံးသားက အဲသည်လောက်ထိ လောင်ကျွမ်း ငါ… အရမ်းလွမ်းနေရတယ် ကောင်လေးရယ်………… မနောဖြူလေး ခံစားသီကုံးရေးဖွဲ့သည်။


manawphyulayOctober 26, 20112min21118
၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ တပ်မတော်ခန်းမမှာ ပြုလုပ်တဲ့ ကွန်ပျူတာ အရောင်းဈေးပွဲတော်ရဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။ ၂၃ ရက်နေ့မှ ရောက်သွားတော့ နောက်ဆုံးနေ့ပေမယ့် လူတွေများကြီး တိုးကြိတ်နေကြတာကိုလည်း တွေ့ရတယ်။ PC World ကလည်း ထွက်ပြီးသား စာအုပ်များကို ဝေငှကမ်းလို့ ယူလာခဲ့လိုက်ပါသေးတယ်။


manawphyulayOctober 21, 20111min1308
တစ်ခါဆီက ပြာရီဝေဝါး နှင်းညများမှာ ချစ်ခြင်းသီကုံး မျက်လုံးများနှင့် ပြုံးခဲ့ကြတယ် လရိပ်စိုစို ကြယ်ငိုတဲ့ည ဒါ… ဂီတတဲ့။ ရယ်သံတိုးတိုး အိပ်မက်လှုပ်နှိုးရင်း အိပ်မက်ထဲမှာ ရောက်ရောက်လာသူ ရင်ခုန်သံများနှင့်ရင်းနှီး ပန်းစုံပွင့်တဲ့ ညတစ်ည။ ကြာခဲ့ပေမဲ့ ပြာလဲ့နေဆဲ နေ့ရက်ဟောင်းတွေ ဘယ်လောက်ဝေးပစေ မေ့မနေခဲ့ ဘယ်လောက် မုန်းပစေ ကိုယ်ပြုံးနေခဲ့။ ရက်တွေ လစား နှစ်တွေခြားလည်း အိပ်မရတဲ့ ညများစွာဝယ် တလည်လည်နှင့် အတွေးနယ်ထဲ ဝေခွဲခက်စွာ ပုံရိပ်ဟောင်းများ ကယောက်ကယက် မဖျောက်ဖျက်နိုင် သူမသိအောင် အပူငွေ့လောင်ကျွမ်း မျက်ရည်ခန်းလည်း တစ်ခြမ်းတည်းသော အသည်းလွှာနှင့် မြဲစွာချစ်မည့် သစ္စာရယ်ပေါ့ တစ်ကိုယ်တည်းသာ တိုးတိတ်ရွတ်ဆို လမင်းပျိုနှင့် ကြယ်စင်များကို သက်သေတည်။ မနောဖြူလေး ခံစားသည်


manawphyulayOctober 21, 20111min25031
တစ်ခါတလေ အိမ်မှာနေတုန်း ခြံထဲက ပန်းတွေကို လက်တည့်စမ်းကြည့်မိတာပါ။ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့အကျင့်ကို မဖျောက်နိုင်တော့ ရိုက်စရာမရှိရင် ကိုယ့်အိမ်ထဲမှာပဲ လျှောက်စမ်းသပ်မိတာလေ… ကောင်းတော့မကောင်းဘူးပေါ့။


manawphyulayOctober 20, 20111min1218
ကလေးတွေရဲ့ Animation Site ဆိုပြီးအထင်သေးလို့မရပါဘူး။ Kidzdom မှာ View Menu ကိုဖွင့်လိုက်ရင် Tutorial လေးတွေကိုအခြေခံကစပြီးသင်ကြားပေးမှာပါ။ Animation အရုပ်ကလေးများရဲ့ အခြေခံသဘောတရားကို ဒီ Site မှာလေ့လာပြီး တခြား Loading လွယ်တဲ့ Site တွေမှာ လုပ်ဆောင်ရင် အဆင်ပြေပါတယ်။ ကိုယ့်စိတ်ကြိုက် Animation တစ်ခုကို အဆင့် (Step) အနည်းငယ်နဲ့ဖန်တီးပြီး သူငယ်ချင်းဆီ Mail ပို့လို့ရပါတယ်။ ပထမဆုံး Background ရွေး။ ပြီးရင် Object ထည့် ဒီနောက်မှာတော့ Move တစ်ခုခုလုပ်ပြီးရင် Email ပို့ပေါ့ ဒီဆိုက်ကတော့ ပုံတစ်ပုံကို Upload တင် Sound Effect အနည်းငယ်ထည့် Save Animation လုပ်၊ နောက်ဆုံးမှာ […]


manawphyulayOctober 18, 20111min651
ခုတစ်လောဖတ်ဖြစ်တဲ့စာအုပ်တွေထဲကနေ ပြန်လည်ကောက်နုတ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်မတစ်ခါတလေ ရေးစပ်တဲ့အရာတွေဟာ ကဗျာလား၊ စကားပြေလား နောက် ကာရန်နဘေ၊ လေးလုံးစပ်၊ ငါးလုံးစပ်လား၊ လေးချိုး၊ ဒွေးချိုး၊ မော်ဒန်ကဗျာလား စတဲ့ အတွေးပေါင်းများစွာနဲ့ ဘယ်ထဲမှမပါရင် ဘယ်လိုခေါ်ရမလဲဆိုတာ လေ့လာသုံးသပ် ဆန်းစစ်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေကို သတိရမိပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၃၀ဝ ပြည့် အရေးတော်ပုံကြီး တာစူနေချိန်၊ နယ်ချဲ့ပယောဂကြောင့် ကုလားဗမာအဓိကဂုဏ်းကြီးဖြစ်ခဲ့တဲ့အခါမှ စိတ်မအေးနိုင်လို့ လေးချိုးတစ်ပုဒ်ရေးခဲ့တာကို တွေရှိရပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဒဂုန် ပရမေရှင် ပတ္တမြားကနုတ် နဂါးရုပ်တွေနှင့် ဘုရားမုခ်အဆင်းတွင်မှ ဓား၊ တုတ်၊ ပုလင်းတဝင်းဝင်းတွေနှင့်တဲ့ သတင်း အရိပ်နိမိတ်တဆိတ်ထွက်သဟာ (အိုကွယ်) ကုလားအရုပ်ရှင်းရော့မထင့် အင်္ဂလိပ်လက်ထက်မှာ အများတစ်ခု မြန်မာတွေနှင့်တကွ ကုလားစုသတ္တဝါတွေကို သနားကရုဏာအတိုင်းရယ်နှင့် (ဪ) အခွန်တိုးစာရင်းတွေနှင့် ဝန်ထမ်းပိုးမကင်းနိုင်တဲ့ […]


manawphyulayOctober 17, 20111min751
Cultural Exchange Programme between Japan and Myanmar National Theatre, Yangon နေရာကတော့ အမျိုးသားဇာတ်ရုံ၊ ရန်ကုန် ဖြစ်ပါတယ်။ Myoma Kyaung Road, Dagon Township, Yangon 15:00 Saturday, October 29,2011 Admission is Free Co-hosted by NPO Okinawa Culture Association Embassy of Japan Ministry of Culture, The Republic of the Union of Myanmar Supported by Japan Foundation


manawphyulayOctober 16, 20111min20015
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနားက အပင်ပဲ ဖြစ်ပါတယ်။ အသီးတွေ ပြွတ်သိပ်နေအောင် သီးနေပြီး ဘာပင်မှန်းမသိဘူး။ အပင်လေးကလည်း နိမ့်နိမ့်လေးနဲ့ အသီးတွေက ပတ်လည်သီးနေတာဆိုတော့ အရင်တစ်ခါ တင်တဲ့ အပင်နဲ့လည်း နေရာ သိပ်မကွာခြားလှတာ တွေ့ရှိရတယ်။ မနောလည်း စားလို့ရမရ သိချင်တာလည်းပါလို့ ဓာတ်ပုံရိုက်ယူလာခဲ့တယ်။


manawphyulayOctober 15, 20111min1184
ဒစ်ဂျစ်တယ်ခေတ်မှာ ဓာတ်ပုံတွေကို စိတ်ကူးအမျိုးမျိုးနဲ့ ပုံဖော်နိုင်ကြပါတယ်။ အခု Antonio Da Cruz ရေးသားထုတ်လုပ်တဲ့ PhotoFiltre Studio X Version 10.2.1 သည် ဓာတ်ပုံတစ်ပုံကို ဘယ်လိုပြောင်းနိုင်တယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေ ပြည့်နေတဲ့ အံ့ဩဖွယ် ဆော့ဖ်ဝဲဖြစ်ပါတယ်။ PhotoFiltre Studio သည် သုံးရလွယ်ကူပြီး ကွန်ပျူတာ စသုံးသူများအတွက်ပင် သုံးနိုင်တဲ့ ဆော့ဖ်ဝဲလည်း ဖြစ်ပါတယ်။ လုပ်ဆောင်နိုင်ချက်တွေလည်း အလွန်များပါတယ်။ ဓာတ်ပုံပညာရှင်များပင် အားကိုးပြုနိုင်တယ်လို့ဆိုပါတယ်။ သင့်အတွက် စမ်းသပ်သုံးကြည့်သင့်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ နှစ်သက်လို့ဝယ်မယ်ဆိုရင်တောင် ၄၁ ဒေါ်လာတန်တယ်လို့ သုံးဖူးသူများက ထောက်ခံကြပါတယ်။ PhotoFiltre Studio သည် သင့်အတွက် ပျော်ရွှင်ဖွယ် လုပ်ဆောင်ချက်များကို ပေးနိုင်ပြီး အပျော်တမ်းသုံးသည်ဖြစ်စေ၊ ပရော်ဖက်ရှင်နယ်အဖြစ် သုံးသည်ဖြစ်စေ သင့်အတွက် စမ်းသပ်သုံးသင့်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်တာကတော့ […]


manawphyulayOctober 15, 20111min14710
Web Design သင်တန်း http://bit.ly/html226 http://www.e-learningcenter.com/free_html_course.htm A+ အခမဲ့သင်တန်း http://www.e-learningcenter.com/free_aplus_course.htm ကိုယ်တိုင်စိတ်ကူးစိတ်သန်းရှိသလောက် ကိုယ်ပိုင် website လေးကို ပုံကြမ်းကနေ အချောသပ် အကောင်အထည်ပေါ်တဲ့အထိ လုပ်ကိုင်ကြည့်ချင်တယ်ဆိုရင် e learning Center က ဖွင့်လှစ်ထားတဲ့ အွန်လိုင်းသင်တန်းကို တက်ယူနိုင်ပါတယ်။ အခြေခံ HTML နဲ့ XHTML ကို webpages အခြေခံတွေ တည်ဆောက်တဲ့အထိ standard ထားပြီး လုပ်ကိုင်ပုံတွေ သိရှိနိုင်ပါတယ်။ HTML Training Cense အတွက်ကိုတော့ ငါးနာရီကြာနဲ့ အပြီးအစီးတက်ဖို့ အခမဲ့ သင်ကြားပေးပါတယ်။ ဆက်လက်ပြီး ကျွမ်းကျင်အဆင့်တွေကို သင်ချင်ရင်တော့ သင်တန်းကြေးပေးသွင်း သင်ကြားရမှာ ဖြစ်ပါတယ်။


manawphyulayOctober 14, 20111min1376
လူမှုဝန်းကျင်ဖွံ့ဖြိုးရန် လူငယ်တို့အားမာန် စည်းလုံးခြင်းသည် အင်အားဆိုတော့ကာ ပရဟိတ လူမှူရေးလုပ်ငန်းတွေလုပ်နေတဲ့ လူငယ်အဖွဲ့တွေ လူငယ်တွေ စုပေါင်းပြီး လုပ်တဲ့ ပွဲလေး တစ်ခု ဖြစ်ပါတယ်။ ပရဟိတနဲ့ ဘက်စုံလူမူ ဖွံဖြိုးရေးလုပ်ငန်းများမှာ အများနဲ့လက်တွဲဆောင်ရွက်ဖို့ Youth Show Fete သို့ဖိတ်ခေါ်ပါရစေ…