manawphyulayAugust 23, 20111min26511
Air KBZ Limited တွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ဝန်ထမ်းများ အလိုရှိသည်။ Driver – ကျား(6)ဦး လျှောက်ထားလိုသူများသည် – (၁) CV-FORM (၂) ကာလာလိုင်စင် ဓာတ်ပုံ (3)ပုံ (၃) နိုင်ငံသားစိစစ်ရေးကဒ်ပြား မူရင်း/မိတ္တူ (၄) ယာဉ်မောင်းလိုင်စင် မူရင်း/မိတ္တူ (လိုင်စင်သက်တမ်း (5) နှစ် ရှိရမည်) (၅) သန်းခေါင်စာရင်း မူရင်း/မိတ္တူ (၆) အသက် (30-50)နှစ် အတွင်းဖြစ်ရမည် (၇) ပညာအရည်အချင်း ၈ တန်း အောင်မြင်ရမည်။ အထက်ပါ အချက်အလက်များအား ယူဆောင်လာပြီး အောက်ဖော်ပြပါလိပ်စာသို့ (15-9-2011)ရက်နေ့ နောက်ဆုံးထား ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။ AIR KBZ LIMITED (ရုံးချုပ်)၊ အုပ်ချုပ်ရေးဌာန၊ အမှတ်(33-49)၊ […]


manawphyulayAugust 22, 20112min51016
မယ်လမုကနေ စက်လှေနဲ့ အသွား ၁၀ဝ ကျပ်နှင့် အပြန် ၁၀ဝ ကျပ် ပေးရပါတယ်။ ဒါနဲ့ ဝဋ်ကြွေးတော်ပြေဘုရားဘက်ရောက်တော့ လူတွေ အတော်စည်ကားလှပါတယ်။ တချို့ကလည်း ကားတွေနဲ့ ဘုရားဖူးလာကြတာ လူတွေမှ ကြက်ပျံမကျ စည်ကားလှပါတယ်။ ဒါနဲ့ ဘုရားတစ်ဆူပြီး တစ်ဆူဖူးတော့ မဟာကိုးသိန်း အရှင်ဌာပနာ ဘုရား လှူဒါန်းနိုင်ကြောင်း တွေ့ရှိရတဲ့အတွက် ဘုရား ၁၁ ဆူကို ငွေ သုံးထောင်ကျပ်နဲ့ လှူဒါန်းခဲ့ပါတယ်။ ပြုပြုသမျှ ကုသိုလ်အစုစုကိုလည်း မန်းဂေဇက်မှ မောင်နှမအားလုံးအတွက် ပြန်လည်မျှဝေပါတယ်ရှင်။ နေရာစုံက ကားကြီး ကားငယ်တွေနဲ့ လာကြသလို ဈေးသည်တွေကလည်း အတော့်ကို စုံလင်လှပါတယ်။ မိုးရွာတော့ နီးရာနေရာကို အတင်းမိုးဝင်ခိုကြတာကိုတွေ့ရပါတယ်။ မနောတောင် ဝဋ်ကြွေးတော်ပြေဘုရားမှာ မိုးခိုရင် ကြာကြာဖူးမြော်ခဲ့ရပါတယ်။ အလိုတော်ပြည့်ဘုရားကိုလည်း ဖူးမြော်နိုင်ပါတယ်။ ဝဋ်ကြွေးတော်မြေ […]


manawphyulayAugust 22, 20112min2146
မယ်လမုစေတီတော်ကို မနေ့က ရုံးပိတ်ရက်မှာ ရောက်ခဲ့ပါတယ်။ မရောက်တာကြာပြီဖြစ်ပေမယ့် အရင်လိုပဲ စည်ကားမြဲ စည်ကားနေတာကို တွေ့ရတာပါတယ်။ တော်သေးတာက ယမန်နေ့က ရေကြီးလို့ ဘုရားကုန်းတော်ပေါ်မှာ အတော်ကို ရေလျှံတယ်လို့ ပြောပါတယ်။ မနောတို့ ဘုရားသွားရောက်တော့ ရေတော့ သိပ်မတင်တော့ပဲ ကျောက်ပြားတွေမှာ ရေညှိတွေတက်နေတော့ သတိထားပြီးတော့ ဘုရားကို ဖူးမြော်ရပါတယ်။ မယ်လမုဘုရားဝင်းအတွင်း ဆင်စီးမြင်းရံဘုရားလည်း ရောက်ခဲ့ပါသေးတယ်။ ရဟန်း ငါးရာ ကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ် မယ်လမုစေတီတော်ဘက်က စက်လှေစီးပြီး ဝဋ်ကြွေးတော်ပြေစေတီတော်ဘက်ကို ကူးပြီး ထပ်မံ ဖူးမြော်ခဲ့ပါတော့တယ်။


manawphyulayAugust 21, 20111min39421
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။ရှမ်းဘာသာကတော့ ဝမ်လီနုတ်ယုံး *(၀၊ခေ်လီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။ အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အဝါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။ ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။ ဒီဆေးအကြောင်းကို မန ္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦးဘီပိုးရောဂါဖြစ်ပြီး […]


manawphyulayAugust 21, 201110min2259
လေ့လာစရာများ http://free-translator.imtranslator.net/speech.asp#ကိုယ့်ရဲ ့အင်္ဂလိပ်စာအသံထွက်မှန်မမှန်သိရအောင် စစ်ကြည့်မယ် http://www.tvunetworks.com/downloads/player.html World Live TV Channel ကြည့် လို ့ရပြီပေါ့ http://www.malwarebytes.org/mbam.php Malware အတွက် ဆော့ဝဲလ် အသစ်ပါ..။ http://imtranslatorpro.ourtoolbar.com/ ဒေါင်းလွတ် ကိုယ့်ရဲ ့အင်္ဂလိပ်စာအသံထွက်မှန်မမှန်သိရအောင် စစ်ကြည့်မယ် http://widgia.com/animated-dancers/ ကနေတဲ့ပုံလေးတွေလိုချင် http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင် http://: http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်…. http://www.thelist.com/countrycode.html#top နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်…. http://mmastrology.myanmarbloggers.org/ မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ် http:// http://chitoophoto.blogspot.com/ blog နှင့် I T နည်းပညာ http:// http://www.deathclock.com/index.cfm ကိုယ်ဘယ်နေ ့ သေမလဲ သိချင်ကြပါသလား…. http:// […]


manawphyulayAugust 20, 20111min80817
လဝန်းဂမုန်း အမပင်ဖြစ်ပါတယ်။ မနောရဲ့ခြံထဲမှာ စိုက်ပျိုးထားတဲ့ ဂမုန်းပင်တွေအများကြီးထဲက လဝန်းဂမုန်းအကြောင်းကို ပြောပြချင်ပါတယ်။ လဝန်းဂမုန်းသည် ထင်ရှားသော လာဘ်ခေါ်ဂမုန်းဆိုပြီး လူသိများပါတယ်။ အဖိုအမ နှစ်မျိုးရှိပြီး တစ်အိုးစီမှာ စိုက်ပျိုးပြီး ယှဉ်တွဲထားခြင်းဖြင့် သောကပူပန်မှု ကင်းဝေးသည့် လာဘ်သပကာများ ရရှိစေပါတယ်။ ဒီလို အဖိုအမ နှစ်ပင်ယှဉ်စိုက်ထားပါတယ်။ အပင်ပုံစံကတော့ အမပင်က အရွက်ဝန်းဝိုင်းပြီး ဥမှာ ကြက်သွန်နီဥပုံ၊ အရောင်မှာ ဖြူဖွေးပါတယ်။ အဖိုပင်ကျတော့ အရွက်လျား၊ အဖျားချွန်၊ အရင်းသွယ်ပြီး အလယ်ဝန်းပါတယ်။ အပင်ရင်းက နီကြန်ကြန်ရှိပြီး ဥကတော့ အမပင်နှင့် မခြားနားပါဘူး။ အရွက်ကြောတွေက ထင်ရှားထူထဲတဲ့ ရွက်ပြားတွေရှိကြပါတယ်။ ဒီလိုအပင်တွေကို စိုက်မယ်ဆိုရင် စိုက်ပျိုးပုံကတော့ မိမိတို့နှင့် သင့်လျော်ရာ နေ့၊ ရက်၊ အချိန်နှင့် ကျောက်မျက်များကို ရွေးချယ်ပြီး လဝန်းအဖိုပင်ကို နံနက်ပိုင်း၊ […]


manawphyulayAugust 19, 20111min2879
ချစ်ခင်လေးစားရပါသော ရွာသားအပေါင်းတို့ 21 August 2011 မှာ နံနက် (9) နာရီကနေ ညနေ (၄) နာရီထိ UMFCCI မှာ ပြုလုပ်မယ့် Myanmar Youth Conference 2011 ပွဲကို ကြွရောက် အားပေးကြပါလို့ ဖိတ်ကြားအပ်ပါတယ်ရှင့်။ စာရေးဆရာများ ဟောပြောမည် ဖြစ်ပါသဖြင့် သွားရောက်ရန် တိုက်တွန်းလိုက်ပါသည်။


manawphyulayAugust 17, 20111min2377
ဂလိုဘယ်လိုက်ဇေးရှင်းနှင့်ယှဉ်ပြီး ခေတ်မီတိုးတက်နေတဲ့ ဈေးကွက်စီးပွားရေးခေတ်ကြီးလို့ တဖြည်းဖြည်းပြောလို့ရလာတဲ့ အနေအထား ဖြစ်ထွန်းပေါ်ပေါက်သော ခေတ်နဲ့ အံဝင်ခွင်ကျဖြစ်လာနေတာ တွေ့ရပါတယ်။ မျက်စိရှေ့မှာ စူပါမားကတ်ကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ရှောပင်းမောတွေစတဲ့ တိုက်တာ အဆောက်အအုံကြီးတွေလည်း တိုးတက်များပြားလာနေသည် မဟုတ်ပါလား။ ဟော နောက်တစ်ချက်က မြို့ထဲ တိုက်ဟောင်းတွေဖြို၊ တိုက်သစ်တွေဆောက် ကြိုတင်လေလံဈေးတွေနဲ့ ရောင်းချ၊ စီးပွားရေးသမားတွေက နေရာကောင်းကောင်း သူ့ထက်ငါ အလုအယက်ဝယ်ယူ၊ ဆိုင်ခန်းတွေဆောက်နဲ့ နေရာတိုင်းမှာလည်း အရောင်းစင်တာကြီးတွေ ဖြစ်လို့နေပါပြီ။ ဒါတွေပဲလားဆိုတော့ ဆက်ကြည့်ပါဦး။ ရပ်ကွက်တွေမှာဆိုရင်လည်း လူနေတိုက်ခန်းမြေညီထပ်တွေ၊ အိမ်ရှေ့အဖီတွေဆိုရင်လည်း စတိုးဆိုင်တွေကနေပြီး အနည်းဆုံး စုံစီနဖာဆိုင်ကလေးတွေ အဆုံး အစီအရီရောင်းနေကြတာလည်း မျက်မြင်ကိုယ်တွေ့ပါပဲ။ နောက်ပလက်ဖောင်းတွေ လမ်းကြိုလမ်းကြားတွေမှာလည်း ဈေးဆိုင်၊ ပန်းခြံကားဂိတ်တွေမှာလည်း ဈေးဆိုင်တွေနဲ့ပြည့်လို့။ ဒါကြောင့်ပြောတာ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ စီးပွားရေးခေတ်လို့၊ ဒါပေမယ့် တချို့ကျတော့ နည်းပညာခေတ်လို့ ပြောနေကြပြန်ရော။ […]


manawphyulayAugust 17, 20111min2118
အိမ်မှာစိုက်ထားတဲ့ ဂမုန်းကနေ ကွင်းထိုးနေတဲ့ပုံ ဖြစ်ပါတယ်ရှင်။ ဂမုန်းပင်တွေ စိုက်ထားတဲ့ထဲက ကွင်းထိုးနေတဲ့ အပင်ဖြစ်ပါတယ်။ ဒါကတော့ ခေါင်းရင်းအုတ်တံတားဘေးမှာ စိုက်ထားတာပါ။ အပွင့်ဖူးနေပုံပေါ့။ ဒါကတော့ အပွင့်ဖူးရုံမဟုတ်တော့ပဲ အရမ်းပွင့်နေပုံကို ရိုက်ထားတာပါ။


manawphyulayAugust 16, 20111min37318
ဒီနေ့ ဒီလိုနေရာကို ပြန်ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိဘူး။ သင်တန်းစတဲ့ဖို့ မိန်းထဲရောက်တော့ နင်တို့ကို သတိရမိတယ်သိလား။ ငါတို့ပျော်ခဲ့ဖူးတဲ့နေရာလေးတွေ ငါ တစ်ယောက်ထဲ ပြန်လျှောက်ရတော့မှာပါလားဆိုပြီတော့လေ…. ဒါနဲ့ ကျောင်းစတက်ရတဲ့နေ့ပေါ့။ သင်တန်းက မနက် ရ နာရီလို့ ပြောလို့ အစောကြီးထပြီး သွားရတော့ ပထမဆုံး အဓိပတိလမ်းကို စဝင်တာနဲ့ အရင်က ပျော်ခဲ့တဲ့နေရာတွေ တစ်ယောက်ထဲ လျှောက်နေရင်းနဲ့ ရင်ထဲမှာ ဝမ်းလည်း ဝမ်းသာမိသလို ဝမ်းလည်းဝမ်းနည်းမိတယ်။ ဝမ်းသာတယ်ဆိုတာ တစ်ချိန်က ကျောင်းတက်ခဲ့ရတဲ့နေရာလေးကို ပြန်လျှောက်ရလို့၊ ဝမ်းနည်းတာကတော့ သူငယ်ချင်းတွေအတူပျော်ခဲ့တဲ့နေရာလေးမှာ ငါ တစ်ယောက်ထဲ လမ်းလျှောက်ရလို့လေ။ တစ်ယောက်ထဲလျှောက်တော့ အဓိပတိလမ်းက တော်တော်ရှည်ပါလားလို့ ခံစားမိပြန်ရော။ ငါတော့ ဒုက္ခပဲ တစ်နှစ်လုံး တစ်ယောက်ထဲ ဒီလိုသာ လျှောက်ရရင် မလွယ်ဘူး။ ဒါပေမယ့် နေရာဟောင်းလေးက နွေးထွေးစွာ […]


manawphyulayAugust 16, 20111min20410
နာနတ်သီးက ဒီအရွယ်ပါပဲ။ အလှပဲစိုက်လို့ရပါတယ် ကိုရီးယား နာနတ်သီးလို့ ပြောလို့ အိမ်မှာစိုက်ထားတာပါ။ ရိုးတန်ကတော့ အရမ်းရှည်ထွက်လာပါတယ်။ နောက်ပိုင်း မနိုင်လို့ တုတ်နဲ့ထောက်ထားရပါတယ်။