manawphyulayJanuary 16, 20152min3837
ရှမ်းပြည်ရဲ့ တစ်ပတ်တစ်ရက်ဈေးနေ့လေးနဲ့ ကြုံကြိုက်ခဲ့တဲ့အတွက် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ထမင်းကို အိုးကြီးတွေနဲ့ချက်ပြီး ချိန်ခွင်နဲ့ ချိန်ရောင်းပုံသည်လည်း ထူးဆန်းသည့်မြင်ကွင်းပင် ဖြစ်ပါသည်။


manawphyulayJanuary 9, 20151min2071
လူ တစ်ယောက်………. ငှက် တစ်ကောင်……….. အိမ် တစ်လုံး……… အရှေ ့ဖက် တောင်ကုန်းထက်ဆီမှာ…….. နေလုံးနီနီ တက်ခဲ့ပြီ……….။ တစ်ဒင်္ဂ အတွင်း…….. လိုချင်တပ်မက်ခြင်းတွေ အတွက်……… အတ္တတွေကို ထုပ်ပိုး……… ဘဝအဖော် လုပ်ရင်း……… တစ်နေ ့တာ ခရီးအတွက်…….. မာယာတောထဲ ငါ ထွက်ခဲ့မိပြန်တယ်……


manawphyulayJanuary 9, 20151min79317
Center for Vocational Training (CVT) Vacancy Announcement The Center for Vocational Training, with school facilities and office in Yangon provides vocational training according to the dual apprenticeship model, which combines Practice with Theory. CVT works closely with a wide range of training companies. We are recruiting a teacher in Commercial Assistant Profession Teacher for Business […]


manawphyulayJanuary 7, 20151min4216
ကျွန်မတို့ တည်းတဲ့ ဟဲဟိုးကနေ တောင်ကြီးဘက်အတက်မှာ တောင်ခြေက အေးသာယာမြို့သစ်ကို မရောက်ခင်လေးမှာ ကျွန်မတို့ကားဦးတည်ရာတစ်လျှောက်က မြေပြန့်ကြီး…။ ကျွန်မတို့ငယ်ငယ် ပထဝီမှာ သင်ခဲ့ရတဲ့ ဟဲဟိုးလွင်ပြင်ကြီးပေါ့…။ အဲဒါကိုကျော်လာတော့ တောင်စောင်းမှာ ထင်းရူးပင်တွေ စီရရီနဲ့ တောင်ပေါ် ပြန်တက်လာသည်…။ တစ်ကွေ့နှစ်ကွေ့လောက် သွားပြီးတော့… မြင်လိုက်ရတဲ့ မီးရထားလမ်း….။ အဲဒါ နာမည်ကြီး ဘဝသံသရာကွေ့ပေါ့….။ ဘဝသံသရာ တံတားလို့လည်း ခေါ်ပါတယ်။ အဲဒီနေရာမှာ ရထားလမ်းက တောင်ကို တပတ်ပတ်ပြီး ပထမဖြတ်သွားတဲ့ နေရာအောက်ကနေ ဖြတ်ပြီး…. ဟဲဟိုးလွင်ပြင်ဆီ ခွေကာ ခေါက်ကာ ဆင်းသွားတယ်….။


manawphyulayDecember 18, 20141min51018
အရွယ်တွေ ညောင်းပါလို့ ငယ်ပေါင်းတို့ ဘယ်မှာ လွမ်းစိတ်တို့ ဖြာသည် တို့ဂေဇက်ရွာ ဟိုယခင်က စာရေးသည့်ရွာလေး… စာရေးအတူ လှူလည်း လက်ချင်းတွဲ၍ မခွဲဘဲအတူ စိတ်ထားဖြူလျက် အပျော်များနှင့် စာရေးသည့်ရွာမို့ မေ့ရစ်ဘူးထာဝစဉ် စိတ်ထဲမှာ မြင်တော့တယ် မရောက်တာ ကြာပေမယ့် ဘာလိုလို ဟိုသည်မှန်းလို့ လွမ်းမိတယ်လေး….


manawphyulayNovember 15, 20142min55310
အကြောင်းထူး မထူးတော့မသိဘူး။ ပြည်သူတွေ တစ်ရက်တာတော့ အတော်ဒုက္ခရောက်သွားတယ်။ ကားလမ်းကြောင်းတွေပိတ်ပြီး ဘယ်ဆီဘယ်ဝယ်သွားရမှန်းတောင်မသိ ဖြစ်ခဲ့တယ်။ ခုတော့ ပြန်သွားပြန်ပါပြီ။


manawphyulayNovember 13, 20141min83022
ထိလွယ်ရှလွယ် ခံစားလွယ်သည် ငါ့နှယ် စာပေဝါသနာရှင်မို့လား။ ချစ်လွယ်ခင်လွယ်၊ မြတ်နိုးလွယ်သည် ငါ့နှယ် စာပေဝါသနာရှင်မို့လား။ ငဲ့လွယ် ညှာလွယ်၊ သနားလွယ်သည် ငါ့နှယ် စာပေဝါသနာရှင်မို့လား။ ပေးလွယ်ကမ်းလွယ် လှူဒါန်းလွယ်သည် ငါ့နှယ် စာပေဝါသနာရှင်မို့လား။ ဪ.. လေ… ဘဝပေးကုသိုလ်ကံ အကြောင်းဖန်တော့ ရုန်းကန်လှုပ်ရှား ဝမ်းစာရေးလား ငါ့နှယ် စာပေဝါသနာရှင်မို့လား….


manawphyulayNovember 1, 20141min4097
မနက်အိပ်ရာထတော့ ကော်ဖီသောက်ဖို့ ရေနွေးမရှိတော့ တည်မလို့ လုပ်တော့ မီးမလာဘူးလေလို့ အဒေါ်ကပြောတော့ ရုံးရောက်မှသောက်တော့မယ်လို့ ကတိုက်ကရိုက် အိမ်ကထွက်တော့ မီးဘာကြောင့်မလာလဲလို့ စဉ်းစားရင်း တရားခံကို သွားတွေ့မိတယ်။ လမ်းလျှောက်ရင်း လမ်းထိပ်ကို လှမ်းကြည့်မိတော့ ဪ ကားလမ်းတွေကလည်း မိုးမလင်းသေးဘူး ပိတ်နေပြန်ပြီလို့ ညီးညူမိရင်း လျှောက်အလာ ဘယ်ဟုတ်မလဲ လမ်းထိပ်က ကွမ်းယာဆိုင်လေးပျောက်နေတာကို တွေ့ရတယ်။ ကွန်တိန်နာကားရဲ့အောက်မှာ လမ်းထိပ်က ကွမ်းယာဆိုင်လေး ပြားဝပ်နေပါလား မြင်မိတော့ အိမ်အပြန်တိုင်း ပြန်လာပြီလား မေးမေးနေတဲ့ ကွမ်းယာရောင်းတဲ့အစ်ကိုကြီးအတွက် စိတ်ပူသွားမိတယ်။ ဒါနဲ့ အလုပ်မသွားသေးပဲ နည်းနည်းစပ်စုမိတော့ လမ်းထိပ်နားက ကားဝပ်ရှော့မှာ လာပြင်နေတဲ့ကားတဲ့။ စပယ်ယာက မူးပြီးတက်မောင်းတာလို့ သိရပြန်ပါတယ်။ လမ်းဓာတ်တိုင်လည်း လဲနေပြီး ဓာတ်ကြိုးတွေအကုန်ပျက်ကြနေပါရောလား။ ကွမ်းယာဆိုင်က အကိုကြီးက ဆိုင်ပိတ်ပြီး ပြန်ရုံပဲ ရှိသေးတယ် ဒီကိစ္စဖြစ်ပွားသွားခဲ့တာပါ။ […]


manawphyulayOctober 21, 20141min3397
အပိုလိုလိပ်ပြာ (Apollo Butterfly) ဆိုတာက Papilionide လိပ်ပြာမျိုးနွယ်ဝင် လိပ်ပြာတစ်မျိုးပါပဲ။ ဥရောပတိုက်ရဲ့မီတာ ၁၀၀ဝ မှ မီတာ ၂၀၀ဝ အထိ မြင့်မားတဲ့တောင်တန်းတွေပေါ်မှာ ကျက်စား ပျံဝဲလေ့ရှိတဲ့ လိပ်ပြာတွေဖြစ်တယ်။ ပန်းတောအုပ်တွေနဲ့ တောင်တန်းပေါ်က လွင်ပြင်တွေကတော့ မျိုးတုံးမယ့် အန္တရာယ်ကို ပွဲဦးထွက် ရင်ဆိုင်ကြရမယ့် အင်းဆက် ပိုးကောင်မျိုးနွယ်တွေထဲက မျိုးနွယ်တစ်ခု ဖြစ်ခဲ့ရတယ်။ ၁၉၅ဝ ပြည့်နှစ်မှ စတင်ခဲ့ပြီး ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတွေထဲမှာ အပိုလိုလိပ်ပြာ အရေအတွက် အံ့မခန်း ကျဆင်းလျော့နည်းလာတယ်။ ဘာကြောင့် အဲဒီလို ဖြစ်ရသလဲဆိုတာကိုတော့ သေချာပေါက် မသိရသေးဘူး။ ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းတွက်ဆနေကြတာပေါ့လေ။ အက်စစ်မိုး ရွာသွန်းခြင်းနဲ့ အပိုလိုလိပ်ပြာ ကပ်သင့်ရခြင်းတို့ ဆက်စပ်မှု ရှိနိုင်တယ်လို့ အနုမာန တွက်ဆကြတယ်။ ဒါပေမယ့် အဲဒီအပိုလို […]