manawphyulayAugust 17, 20101min1604
ခိုကိုးရာမဲ့ ဂီလာန မိအိုဖအိုတွေကို ဘယ်လိုများကူညီပေးနိုင်မလဲလို့ စဉ်းစားကြည့်ရအောင် ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ “မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏အစ´´ ဟူသော လူ့လောကသဘာဝတွင် အိုနာသေရေးနှင့် မလွဲမသွေရင်ဆိုင်ကြရမည်မှာ အမှန်တရားပင်ဖြစ်ပေသည်။ ထိုရှောင်လွှဲမရသော အကြောင်းတရားများနှင့် ရင်ဆိုင်ကြရသူများတွင် ကုသိုလ်ကံကောင်းသူများအဖို့ ှ၎င်းတို့၏ ဘဝနေဝင်ချိန်ထိ မရောက်ခင်အကြား ဘဝကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော်နေရရှာသည်။ အကျိုးပေးကံကောင်းသည့် ဘိုးဘွားများအဖို့ သား သမီး မြေး များနှင့် ပျော်ရွှင်နေချိန်တွင် ကံအကျိုးပေးနည်းလှသည့် ဘိုးဘွားများမှာ ပြုစုစောင့်ရှောက်မည့်သူများ မရှိ၍သော်လည်းကောင်း၊ အခြေအနေအရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက်ထားရသော်လည်း ဘိုးဘွားများအပေါ် မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံ အောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင်ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြ ရပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် […]


manawphyulayAugust 16, 20101min1060
နိုင်ငံတကာ စာမေးပွဲမှ မဟုတ်ပါဘူး။ ဘယ်စာမေးပွဲမဆို နည်းလမ်းသိရင် အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ အဲ ကြိုးစားမှုတော့ လိုတာပေါ့။ ကျွန်မ နားလည်ထားတဲ့ နည်းလမ်းကောင်းတွေကို ပြောပြမယ်နော်။ လိုက်နာ ကျင့်ကြံပြီး အောင်မြင်မှုကို လှမ်းတက်နိုင်ပါစေ။ (၁) ဖတ်ပါ။ ဖတ်ပါ ဆိုလိုက်လို့ သိပ်လွယ်လွန်းတယ်လို့တော့ မထင်ပါနဲ့။ သူများ ပြောမှလားဆိုတဲ့ အတွေးကိုလည်း မတွေးလိုက်ပါနဲ့ဦး။ စာများများ ဖတ်ထားခြင်းဖြင့် ဝေါဟာရများ ပိုကြွယ်လာပြီး စာဖတ်လည်း မြန်လာပါတယ်။ တကယ့် စာမေးပွဲမှာ စက္ကန့်တိုင်း အရေးပါပါတယ်။ (၂) ဖြေဆိုပုံ အဆင့်ဆင့်ကို သိထားပါ။ စာမေးပွဲတွင် ဖြေဆိုပုံ အဆင့်ဆင့်ကို အကျွမ်းတဝင် သိထားပါက အလွန်အဖိုးတန်တဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အချိန်ကို အလဟဿမဖြစ်စေခြင်းကြောင့် […]


manawphyulayAugust 16, 20101min800
[အိပ်မက်မှာ အိပ်မက် အကြောင်း မသိသေးသူများ၊ သေချာ မသိသေး သူများ၊ သိသလို မသိသလို ဖြစ်နေသူများအတွက် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေနဲ့ နှိုင်းယှဉ် ကြည့်ပြီး စဉ်းစားစရာ လေးတွေပေါ့။] မိဖုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏။ (၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။ နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ […]


manawphyulayAugust 13, 20101min981
ရန်ကုန်မြို့ရှိ မြို့လယ်ရုပ်ရှင်ရုံအချို့ ရုပ်ရှင်လက်မှတ်ခ နှုန်းထားများ ပြောင်းလဲ ရန်ကုန်မြို့ရှိ မြို့လယ်ရုပ်ရှင်ရုံ အချို့၏ ရုပ်ရှင်လက်မှတ်ခနှုန်းထားများ အနည်းငယ်ပြောင်းလဲ သတ်မှတ်မှုများကို ဇူလိုင်လလယ်ပိုင်းအတွင်း ပြုလုပ်ခဲ့ပြီး ပရိသတ်ကြည့်ရှုမှု အရေအတွက်မှာ လျော့ကျသွားခြင်း မရှိဟု သိရသည်။ ‘အခုတစ်ပတ် ရုပ်ရှင်သွားကြည့်ဖြစ်တဲ့အခါ ပုံမှန်သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ အများကြီး ပြောင်းသွားတာတော့ မဟုတ်ပါဘူး။ လက်မှတ်ခတစ်တန်းကို ကျပ် ၃၀ဝ လောက်စီ တိုးသွားတာတွေ့ရတယ်’ဟု ရုပ်ရှင်ကြည့်ပရိသတ်တစ်ဦးက ပြောပြခဲ့သည်။ ထို့အပြင်မြို့လယ်ရုပ်ရှင်ရုံ တစ်ရုံမှ လက်မှတ် အရောင်းဝန်ထမ်းတစ်ဦး က ‘လက်မှတ်ခတွေကို အခုရက်ပိုင်းအတွင်းမှာ ဈေးအနည်းငယ် တိုးမြှင့်လိုက်ပါတယ်။ ပရိသတ် တော်တော်များများကတော့ ဈေးပြောင်း လိုက်တာကို မသိကြသေးဘဲ ရုပ်ရှင်ရုံရောက်မှပဲ သိကြတာများပါတယ်’ ဟု ရှင်းပြခဲ့သည်။ ပြောင်းလဲသွားခဲ့သည့် ရုပ်ရှင်ရုံ အချို့၏လက်မှတ်ခနှုန်းထားများမှာ အောက်ထပ်တွင်ယခင် […]


manawphyulayAugust 13, 20101min2779
ခေတ်မီတာလား၊ ခေတ်ဆန်တာလား၊ ခေတ်လွန်တာလား လက်ရှိဖက်ရှင် ရေစီးကြောင်း အဆိုးအကောင်းနှင့် သူတို့အမြင် ဝတ်စားဆင်ယင်မှု ဖက်ရှင်ဆိုသည်မှာ ယနေ့ကမ္ဘာတွင် စိတ်ပါဝင်စားမှု၊ တီထွင်ဖန်တီးမှု၊ အတုယူပျံ့နှံ့မှု များပြားသော ဘာသာရပ်တစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ရွာထဲတွင် တိုးတက်လာသည့် နည်းပညာ၊ ပျံ့နှံ့လွယ်သည့်မီဒီယာ၊ ဖလှယ်လာသည့် ယဉ်ကျေးမှု စသည်တို့၏ နောက်ဆက်တွဲအဖြစ် ဖက်ရှင်ရေစီးကြောင်းသည်လည်း အကြောင်းအရာတစ်ခု အသွင်ဖြင့်စီးမျောလျက် ရှိပြန်သည်။ ယင်းသို့ ပါဝင်စီးမျောကြရာ၌ နေရာ ဒေသ၊ ယဉ်ကျေးမှုအခြေခံ၊ ထိန်းသိမ်းရမည့် ရိုးရာတို့ အခိုင်အမာရှိသည့် မြန်မာအနုပညာရှင်များနှင့် လူငယ်များအနေဖြင့် မိမိတို့ဝတ်စားဆင်ယင်မှုများအား မည်သို့စံနှုန်းများနှင့် ဝတ်ဆင်ဖန်တီးမည်၊ မြန်မာအမြင် မြန်မာမျက်စိဖြင့် မြန်မာမိန်းကလေးတစ်ဦး အသွင်မပျောက်သွားစေရန် ယနေ့ဖက်ရှင် ရေစီးကြောင်းအတွင်း မည်သို့စီးမျောကြမည် ဆိုသည်ကို မြန်မာဖက်ရှင် ဒီဇိုင်နာအချို့နှင့် အနုပညာရှင်အချို့ ပြောပြခဲ့သမျှမှာ . . […]


manawphyulayAugust 13, 20101min820
အသက်အရွယ် ကြီးရင့်လာသည့်တိုင်အောင် ကျရာအခန်းကဏ္ဍကနေ ဆေးစက်ကျရာ အရုပ်ထင်စေလို့ သူတို့ရဲ့အနုပညာ စွမ်းပကားတွေ ကို ဖော်ထုတ်ပြသနေကြသူတွေ အများကြီးရှိပါတယ်။ သူတို့တွေရဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ ရင့်ကျက်လာတဲ့ အနုပညာဗီဇ၊ ရင့်သန်လာတဲ့ ပါရမီတို့နဲ့ တတ်စွမ်းရာ အနုပညာကို စွဲကိုင်ပြီး ဇာတ်လမ်းရဲ့ အနှစ်သာရ၊ ဇာတ်ရုပ်တစ်ခုချင်းရဲ့ လိုအပ်ချက်ကို အထောက်အပံ့ ပေးနိုင်တာကလည်း အထင်အရှားပါပဲ။ လက်ရှိအနုပညာ ရပ်ဝန်းထဲမှာ လိုအပ်ချက်တစ်ခုဖြစ်တဲ့ အဖေ၊ အမေ၊ အဘိုး၊ အဘွားဇာတ်ရုပ်တွေကို ပီပီ ပြင်ပြင် ပုံဖော်အသက်သွင်းနိုင်တဲ့ ဒီလိုဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ဆို ရမှာပါ။ အသက်အရွယ်ကြီးရင့်လာလို့ အနုပညာလောက က အနားယူသွားပြီဖြစ်တဲ့ သက်ကြီးအနုပညာရှင် တချို့ရှိသလို တတ်စွမ်းရာအနုပညာနဲ့ ပုံဖော်လှုပ်ရှားနေကြသူတွေလည်း ရှိပါတယ်။ သူတို့တွေရဲ့မအိုဟောင်းသော အနုပညာနဲ့ ဖန်တီးနေဆဲ အနုပညာတွေနဲ့ ပတ်သက်လို့ […]


manawphyulayAugust 12, 20101min1050
ကြိုးမဲ့အင်တာနက်စနစ် (Wi Fi) အသုံးပြုရန်မလိုဘဲ အင်တာနက် သုံးစွဲနိုင်မည့် မိုဘိုင်းဖုန်းမျိုးဆက် အဆင့်မြှင့်တင်မှုများကို GSM ဖုန်းများတွင် ပြုလုပ်သွားမည်ဟုဆို လက်ရှိ အချိန်တွင် GSM (Global System for Mobile Communications) ဖုန်းများဖြင့် အင်တာနက်အသုံးပြုလိုပါက ကြိုးမဲ့အင်တာနက်စနစ်(Wi Fi) ရရှိသည့် ဧရိယာများတွင်သာ အသုံးပြုနိုင်ရာ ဆက်သွယ်ရေးကွန်ရက်ဖြင့် အင် တာနက်သုံးစွဲနိုင်မည့် မိုဘိုင်းဖုန်း အဆင့်မြှင့်တင်မှုများကို GSM ဖုန်းများတွင် ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက် နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အသုံးပြုနေသော GSM မျိုးဆက်သည် 1.5 G မျိုးဆက်ဖြစ်ပြီး ဒုတိယမျိုးဆက် (2G) နှင့် တတိယမျိုးဆက် (3G) ကြား […]


manawphyulayAugust 12, 20101min1625
မြန်မာနိုင်ငံ၏ လက်ရှိ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှား ရှိနေသေးသော ကမ္ဘာ့ အသက်ကြီးဆုံးထက် လေးနှစ်ပိုကြီးနေ မြန်မာနိုင်ငံ၏ လူထုမျှော်မှန်း သက်တမ်းသည် မြင့်တက်လာပြီး အသက်အကြီး ဆုံးသူမှာ အသက် ၁၁၈ နှစ်အရွယ်ရှိ ဒေါ်မြကြည်ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှားရှိနေသေးသော ကမ္ဘာ့အသက်ကြီးဆုံးသူထက် လေးနှစ်ခန့် အသက်ပိုကြီးနေကြောင်း သိရသည်။ ဂင်းနစ်မှတ်တမ်း၏ စာရင်းအရ သက်ရှိ ထင်ရှားရှိသော ကမ္ဘာ့အသက်ကြီးဆုံးသူမှာ Eugénie Blanchard ဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ၁၈၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ ၂၀၁ဝ ပြည့်နှစ် မေလ ၂ ရက်တွင် ဂျပန်နိုင်ငံရှိ  Kama Chinen သေဆုံးပြီးနောက် ကမ္ဘာ့အသက်ကြီးဆုံးသူ ဖြစ်လာခြင်းဖြစ်ကြောင်း […]


manawphyulayAugust 12, 20101min2126
ချယ်ရီရောဘတ်စ်ဟာ အသက်(၆၈)နှစ် ရှိပြီဖြစ်တဲ့ ခင်ပွန်းသည် ဒေးဗစ်ရောဘတ်စ်တစ်ယောက် နေ့တိုင်းနေ့တိုင်း ကွန်ပျူတာရှေ့ထိုင်၊ အင်တာနက်သုံးပြီး အချိန်ကုန်နေတာကို မသင်္ကာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါကြောင့်လည်း သူ့ယောက်ျား ဘာတွေလုပ်နေသလဲဆိုတာ ချယ်ရီက အမြဲတမ်း စူးစမ်းကြည့်ပြီးတဲ့နောက် အဖိုးကြီးဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေဆီ Sexနဲ့ပတ်သက်တဲ့ Messageတွေ ပေးပို့နေတယ်ဆိုတာ သိလာရပါတယ်။ ဒေးဗစ်ရဲ့ Messageတွေဟာ မိန်းကလေးငယ်တွေကို သွေးဆောင်တဲ့ စကားလုံး ခပ်ကြမ်းကြမ်းတွေ ပါနေပြီး ဒီလိုလုပ်နေတာ တော်တော်ကြာပြီဆိုတာ အသက်(၆၁)နှစ်အရွယ် ချယ်ရီတစ်ယောက် သိသွားခဲ့ပါတယ်။ ဒီနောက်တော့ ချယ်ရီဟာ သူ့ယောက်ျားရဲ့ လုပ်ရပ်တွေအတွက် တုန့်ပြန်ဖို့ ပြင်ဆင်လာပါတော့တယ်။ ချယ်ရီဟာ သူ့ကိုယ်သူ အင်တာနက်ပေါ်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်လို ဟန်ဆောင်လိုက်ပါတယ်။ ဒီနောက်တော့ အိမ်ထောင်သက် နှစ်(၂၀)ရှိပြီဖြစ်တဲ့ ခင်ပွန်းသည် အမြဲဝင်ပြီး မြူးနေတဲ့ […]


manawphyulayAugust 12, 20101min840
လူတိုင်းလူတိုင်းမှာစိတ်ကူးယဉ်မှုဆိုတာရှိကြပါတယ်။ဒါပေမယ့်လူတော်တော်များများဟာ  “စိတ်ကူးယဉ်” မှုမှာပဲရပ်တန့်နေကြပါတယ်။ကမာ္ဘပေါ်မှာရှိတဲ့တိုးတက်မှုအားလုံးနဲ့  နည်းပညာတိုးတက်မှုတွေ၊အသစ်ဆန်းတွေအားလုံးဟာ စိတ်ကူးမှပေါက်ဖွား လာကြတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ကမာ္ဘလောကအာကာသကြီးမှာ အားလုံးပြည့်စုံစွာရှိနှင့်ပြီးသားပါ။ရှိပြီးသားအရာများကိုလူတွေက ရှာဖွေအကောင်ထည်ဖော်ရခြင်းပင်ဖြစ်ပါတယ်။ဥပမာဗျာ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ကုလားထိုင်တစ်လုံးရဲ့ပုံပန်းသဏ္ဍာန်ဆိုပါစို့ ကျွန်တော်တို့လူတွေ မဖန်တီးခင်က ကမာ္ဘလောကအာကာသကြီးထဲမှာ ရှိပြီးသားပါ။ဒါကိုလူတွေရှာဖွေဖော်ထုပ် အကောင်အထည်ပုံဖော်ရခြင်းဖြစ်ပါတယ်။နောက်ထပ် ဥပမာဗျာ အောက်စီဂျင်၊ဟိုက်ထရိုဂျင်၊နိုက်ထရိုဂျင်၊အင်တာနက်ကွန်ယက်စသဖြင့်ပေါ့ဗျာ ကမာ္ဘလောအာကာသကြီးထဲမှာရှိနေနှင့်ပြီးသားကို ကျွန် ်တော်တို့လူတွေကရှာဖွေဖော်ထုပ် အမည်နာမပေးရခြင်းပဲဖြစ်ပါတယ်။လူတွေရှာဖွေဖော်ထုပ်ကမာ္ဘလောကကြီးမှာမကုန်နိုင်တဲ့နည်းပညာတွေ၊ရုပ်ပိုင်း ဆိုင်ရာပုံပန်းသဏ္ဍာန်တွေမကုန်းဆုံးနိုင်စွာတည်ရှိနေတာဧကန်မုချပါ။အဲဒါတွေဘယ်ကနေစတင်တွေ့ရှိလည်း..သေချာပါတယ်စိတ်ကူးကနေစတင် တွေ့ရှိကာတွေးခေါ်ခြင်းမှ လက်တွေ့အကောင်ထည်ဖော်နိုင်မှုပင်ဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက စိတ်ကူးယဉ်မှုဆိုတာမှ ဖြစ်နိုင်၏မဖြစ်နိုင်၏မှန်နိုင်၏မမှန်၏ဆိုတဲ့ အတွေးခေါ်ဖြင့်ဆင်ခြင်သုံးသပ်ကာလက် တွေ့အကောင်ထည်ဖော်ခြင်းမှရရှိလာသောအကျိုုးများပင်ဖြစ်သည်ကို ချပြလိုခြင်းဖြစ်ပါသည်။ ကျွန်တော်အပိုင်းသုံးပိုင်းခွဲ၍တင်ပြပါမည်။ စိတ်ကူးယဉ်ခြင်း။       ။စိတ်ကူးယဉ်ခြင်းဆိုသည်မှာ မိမိအားလပ်တဲ့အချိန်များမှာမိမိဖြစ်ချင်၊မိမိသိချင်စိတ်ဝင်စားသောအကြောင်းအရာများကိုစိတ်ကူး ယဉ်ခြင်းပင်ဖြစ်ပါသည်။စိတ်ကူးထဲမှာပင်ပျော်ရွှင်ကြည်နူးမှု၊ဝမ်းနည်းမှုတဝဲလည်လည်နေခြင်းကို “စိတ်ကူးယဉ်”ခြင်းလို့ခေါ်ပါသည်။ အတွေးအခေါ်။ ။အတွေးအခေါ်ဆိုသည်မှာ မိမိစိတ်ကူးယဉ်ထားခြင်းမှ နောက်တစ်ဆင့်တက်ကာ ဖြစ်နိုင်၏မဖြစ်နိုင်၏ ကောင်းကျိုးနှင့်ဆိုကျိုးများ ရရှိလာမည့်ရလဒ်များကို တွက်ချက်ကာချရေးပြီး စနစ်တကျစိစစ်တွေးခေါ်ခြင်းကို “အတွေးအခေါ်” ဟုခေါ်ပါသည်။ လက်တွေ့အကောင်ထည်ဖော်ခြင်း။ ။ လက်တွေ့အကောင်ထည်ဖော်ခြင်း ဆိုသည်မှာ စိတ်ကူးယဉ်ခြင်းမှ စနစ်တကျတွေးခေါ် တွက်ချက်ချရေးထား […]


manawphyulayAugust 12, 20101min1253
ကိုယ်ပိုင်ဆိုင်ခွင့်မရှိသေးတဲ့ အိမ်ကလေးတစ်လုံးရယ် အိမ်ကလေးထဲမှာ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မရယ်၊ မောင်နှမတွေရယ် ဖြစ်သလို လုပ်ယူရတဲ့ ကျေနပ်နှစ်သိမ့်မှုအချို့ရယ် မဖြစ်လာသေးပေမယ့် စိတ်ကူးနဲ့ ပုံဖော်ယူမိတဲ့ အရှေ့ညလေးရယ် လက်မဆုံဖြစ်ကြတဲ့ မိသားစုထမင်းဝိုင်းလေးရယ် ဆယ်ပေအခန်းကျဉ်းလေးတောင် မပိုင်ဆိုင်နိုင်သေးတဲ့ဘဝလေးရယ် မိဘတွေရဲ့ ပေးစွမ်းနိုင်တဲ့ လုံခြုံတဲ့ မေတ္တာနွေးနွေးထွေးထွေးလေးရယ် တစ်ခါတစ်ရံ ညည်းတွားတတ်တဲ့ မေမေရဲ့ညည်းတွားသံလေးရယ် ဝန်းကျင်အနွမ်းရဲ့ ဆင်ခြေဖုံးထဲက အလုပ်သွားလမ်းကလေးရယ် မျှော်လင့်ခြင်းတွေကို ဝေခြမ်းထားတဲ့ အိပ်မက်ဆန်းဆန်းတွေရယ် ငြီးငွေ့မှုတွေကို အစားမထိုးနိုင်သေးတဲ့ ပစ္စုပ္ပန်အဟောင်းတွေရယ် ချို့ငဲ့မှုတွေကို ကြွယ်ဝစွာ အုပ်မိုးပေးထားတဲ့ မေတ္တာတရားတွေရယ် စိတ်ကျမှုဖြစ်လာတိုင်း အိပ်မက်ထဲမှာ အမြဲရောက်ရောက်လာတတ်တဲ့ အိပ်မက်သခင်ရယ် အရာအားလုံးဟာ လောကထောင့်ကျဉ်းထဲက အိမ်ကလေးတစ်လုံးထဲမှာ စုပြုံရောက်ရှိနေခဲ့တာဟာ လောကရဲ့ ကံတရားတွေပါ ကံဇာတ်ဆရာရဲ့ စေခိုင်းရာအတိုင်း လူးလွန့်ကခုန်ရင်း အိမ်ကလေးထဲက ခရီးသည်များ သံသရာရဲ့မွန်းကျပ်မှုမှ လွတ်မြောက်ကြပါစေသား……


manawphyulayAugust 10, 20101min1291
ကမာ္ဘတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀ဝ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ ၆ ဦးတွင်၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်းအနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀ဝ ကျော်ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ […]


manawphyulayAugust 10, 20101min1624
ကိုယ့်ရင်ထဲမှာ လတစ်စင်းသာနေမှတော့ ဧရာဝတီအကြောင်းလည်း မဖွဲ့ချင်တော့ဘူး ၊ မာယာကော့ဗ်စကီးအကြောင်းလည်း မပြောချင်တော့ဘူး ၊ ဘက်ခမ်းကိုလည်း မကျောချင်တော့ဘူး ၊ ဟစ်တလာကိုလည်း မကောချင်တော့ဘူး ၊ ရေထဲလည်း ဝီစကီမရောချင်တော့ဘူး ၊ ဘဝရေစုန်မှာလည်း မမျောချင်တော့ဘူး ၊ ခါးသီးမယ်ဆိုရင်တောင် အထီးကျန်ဆန်ဆန်ပဲ ကိုယ်ခါးသီပါရစေ ။ လမင်းရေ… လရောင်လွှမ်းမှ လန်းဆန်းခွင့်ရမယ့်သူ လရောင်ဆမ်းမှ ငြိမ်းချမ်းခွင့်ရမယ့်သူမို့ သွေးဆူတုန်းလည်းမမိုက်မဲ သွေးခဲတုန်းလည်းမရှုပ်ပွ လှပမှုကိုမြတ်နိုး ဆိုးမိုက်မှုကိုရွံမုန်း အပြုံးတွေကိုနှစ်သက်တတ်လာတာ ရင်ထဲကလ ပျောက်ရှသွားမှာစိုးလို့ပါ ။ လမင်းရေ… ဆယ့်ငါးရက်မှတစ်ခါ သာခွင့်ရတဲ့မင်းအပြုံး တစ်သက်လုံးစာ မဖူလှုံခဲ့ရင်တောင် မင်းရှိနေသမျှ ကိုယ့်ဘဝ ကိုယ့်ကမ္ဘာလေးဟာ လှပနေတယ် အေးမြနေတယ် တောက်ပနေတယ် ပြီးတော့ လောက်ငနေပါတယ်ကွယ် ။ လမင်းရေ… တကယ်တော့ မင်းရဲ့လရောင်ရည်ဟာ ကိုယ့်ဘဝရဲ့ခွန်အား […]