manawphyulayJuly 20, 20101min1110
အီးမေးလ်သုံးသည့်အခါ အကြောင်းအမျိုးမျိုးဖြင့့် ဖိုင်များကို (Attachment အဖြစ်) တစ်နေရာမှ တစ်နေရာသို့ ပေးပို့ ကြရသည်။ အများအားဖြင့် ဓါတ်ပုံများ (Photos)၊ တေးသီချင်း သို့မဟုတ် အသံဖိုင်များ (Audio)၊ ဗီဒီယို ဖိုင်များ (Videos)၊ စာရွက်စာတမ်းများ (Documents) ကို အီးမေးလ်ဖြင့် ပေးပို့လေ့ ရှိကြသည်။ မိတ်ဆွေ သူငယ်ချင်းများ ပေးပို့လိုက်သည့် အဆိုပါဖိုင်များကို လက်ခံ၊ ကြည့်ရှု၊ နားထောင်ကြသည်။ တခါတရံတွင် ဖိုင်များထဲမှ Attachment များကို ပြန်လည် ရှာဖွေကြရသည်။ အီးမေးလ်အသုံးပြုသည့် အခါ အချိန်တိုအတွင်း ထိရောက်လျှင်မြန်စွာ အသုံးပြုနိုင်ရန်အတွက် Gmail တွင် ဖိုင်များကို ထိရောက်လွယ်ကူစွာ အသုံးပြုနိုင်သည့် နည်းလမ်း (၅) မျိုးကို ဝေမျှလိုက်ပါသည်။ 1) Dragging & […]


manawphyulayJuly 19, 20101min2194
ကျွန်မ တွေးမိတဲ့အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၉၄ရ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ မိုးတွေ တစိမ့်စိမ့်ရွာသွန်းနေတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးတို့ဟာ နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစော (အခိုင်းခံရသူ)ရဲ့ လက်ချက် နဲ့ ကျဆုံးခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ မနော သိသလောက်ပေါ့လေ နောက်ပိုင်း လေ့လာမိသလောက်ကတော့ ဂဠုန်ဦးစောဟာ (ဟုတ်မဟုတ်တော့ မသိဘူး၊ သိတာကို ပြောပြတာနော်) ဆာတော်မန်စမစ်ရဲ့ စေခိုင်းချက်ကြာင့် အာဏာရာထူးကို မက်မောပြီး လုပ်ကြံခဲ့ခြင်း ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ အင်း မြန်မာတိုင်းရင်းသားတို့အတွက် တော့ ကမ္ဘာသာကျေပြီး ဥဒါန်းကျေမှာ မဟုတ်တဲ့ နေ့လေးတစ်နေ့ပေါ့။ ပြောရရင်တော့ ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ မနောတို့ရဲ့ လွတ်လပ်ရေး ပန်းတိုင်နှင့် မဝေးတော့တဲ့အချိန်အခါ သမယဖြစ်တော့မဲ့ အချိန်ပေါ့။ မိုးရာသီဖြစ်တဲ့ […]


manawphyulayJuly 16, 20102min68511
ကျွန်မ ဒီခေါင်းစဉ်လေးကို ဘာလို့ ပေးသလဲဆိုတော့ အဘွားရှိစဉ် ကျွန်မငယ်ငယ်ကလေးကတည်းက ပြောဆိုခဲ့ဖူးတဲ့စကားလေးတစ်ခွန်းလေးကြောင့်ပါပဲ။ သမီး လူရယ်လို ဖြစ်လာရင် နေ့စဉ် ကောင်းမှုတစ်ခုခုကို လုပ်ရမယ်တဲ့။ လူတိုင်း လောဘ မောဟတွေနဲ့ မကင်းရပါဘူး။ ဒါကြောင့် အဘွားက အများကြီး မလုပ်ခိုင်းပဲနဲ့ သေးသေးမွှားမွှားကနေ ကြီးကြီးမားမားထိအောင် နေ့စဉ် ကောင်းမှုတစ်ခုတော့ လုပ်ပါလို့ သွန်သင်ဆုံးမခဲ့ပါတယ်။ အဘွားမရှိတော့တဲ့နောက်ပိုင်းလည်း အဘွားရှိစဉ်ကဲ့သို့ သမီး ကောင်းမှုတွေ ဆက်တိုက်လုပ်ဖြစ်ခဲ့ပါတယ်။ ခုလည်း ဒီကနေ့က တနင်္ဂနွေနေ့ဆိုတော့ အများသူငှာ နားရက်ဆိုလည်း မမှားပါဘူး။ ကျွန်မအတွက်တော့ မွေးဖွားခဲ့ပြီးချိန်ကနေ ဒီကနေ့ထိ နားရက်ဆိုတာ တစ်ခါဖူးမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ နေပျော်တယ်။ ဒီနေ့ဆို ပိုပြီး ကြည်နူးဝမ်းသာစိတ်ဖြစ်မိတယ်ဆိုလည်း မမှားပါဘူး။ ကျွန်မရဲ့ ရည်ရွယ်ချက်၊ ဖြည့်ဆည်းချင်တဲ့စိတ် နောက်တစ်ချက်က […]


manawphyulayJuly 16, 20101min1222
ကုသိုလ်ပြုနည်း တစ်မျိုး မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန ယခုဘဝ မျက်စိလှူက ချမ်းသာစိတ်သွင် မြင်ကြည်အေးမြ ဘဝဆက်တိုင်း အနှိုင်းမသိ ကုသိုလ်ထူးဘိ…. မျက်ကြည်လွှာအစားထိုး ကုသသည်ဆိုသည်မှာ…. – မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။ – လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါသည်။ – မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀% အောင်မြင်မှုရရှိပါသည်။ – မည်သည့်အသက်အရွယ်မဆို အစားထိုးကုသ၍ ရပါသည်။ မျက်စိဘဏ် ရန်ကုန်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး (၂) မြို့မှာသာ မျက်စိဘဏ်ရှိပါသည်။ ဆင်းရဲနွမ်းပါး၍ ဆေးမကုသနိုင်သော မျက်ကြည်တိမ်ဝေဒနာရှင်များကို ကူညီ၍ ကုသပေးပါသည်။ မျက်စိဘဏ်သည် မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊ လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေခြင်းတို့ကို […]


manawphyulayJuly 16, 20101min1886
ကြိုးစားခြင်းနဲ့ ရွေးချယ်ခြင်း ဘယ်ဟာက ပိုအရေးကြီးသလဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တလွဲတချော် အောင်မြင်မှုတွေ အများကြီး တွေ့ရတယ်။ ဆရာဝန်ဖြစ်ပြီး ဆေးကုသခြင်းမရှိတဲ့ ဆရာဝန်တွေအများကြီးပါ။ ဆရာဝန် ကျောက်ပွဲစား၊ ဆရာဝန် စက်မှုပညာရှင်၊ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် ကုန်သည်၊ ဆရာဝန် သရုပ်ဆောင်၊ ဆရာဝန် အဆိုတော် စသဖြင့် ဒီလိုဘဲ စက်မှုတက္ကသိုလ်ဆင်းပြီး စက်မှုနဲ့ အသက်မမွေးတဲ့သူတွေ တစ်ပြုံကြီးရှိတယ်။ ဥပဒေဘွဲ့ရပြီး ဥပဒေပညာရပ်နဲ့ ရပ်တည်သူ ရှားပါတယ်။ စီးပွားရေး တက္ကသိုလ် ဆင်းပြီး ဘဝကို အဆင်ပြေသလို ဖြတ်သန်းနေရတဲ့သူတွေ အများကြီးပါ။ ရိုးရိုး တက္ကသိုလ် ဆင်းပြီး ဆရာ ၊ ဆရာမ ဖြစ်နေသူတွေအများကြီးပါ။  မိဘတွန်းအားကြောင့် မိဘဖြစ်ချင်တာကို လုပ်ပေးတယ်။ ပြီးတော့မှ ကိုယ်ဝါသနာ ပါတာကို […]


manawphyulayJuly 16, 20101min1180
Financial stability ဆိုသည်မှာ လောကတွင် မထင်မှတ်သော အခက်အခဲ ပြဿနာများနှင့် ကြုံလျှင် မိမိနှင့် မိမိကို မှီခို အားထားနေရသော သူ အားလုံး အတွက် ငွေရေးကြေးရေးအရ စိတ်ပူစရာ မလိုသော အခြေအနေတွင် ရှိခြင်းကို ဆိုလိုသည်။ ထို အခြေအနေသို့ ရောက်ရန် အတွက် ယခုလက်ရှိ တတ်နိုင်သော အချိန်တွင် ကြိုတင် စဉ်းစား ပြင်ဆင် ထားရန် အထူး အရေးကြီးသည်။ ယခု ဆောင်းပါးတွင်တော့ စင်္ကာပူနိုင်ငံ Credit Bureau Pte Ltd မှ ထုတ်ဝေသော 10 Steps to Financial Stability ဆိုသည့် ဆောင်းပါးကို မှီးငြမ်း ဖော်ပြထားပါသည်။ (၁) Budget plan […]


manawphyulayJuly 16, 20101min2004
အရိုးပွရောဂါဆိုတာ ကိုယ်ထဲမှာ ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေတတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်ရှိရမယ့် အရိုးရဲ့ ကျစ်လျစ်သိပ်သည်းမှု (standard density of bone) မရှိတော့ရင် အရိုးပွရောဂါ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်ရင် အရိုးတွေဟာ ကြံ့ခိုင်မှု မရှိတော့ဘဲ သာမန် ထိခိုက်မှုနဲ့တောင် ကျိုးလွယ်လာတာ အဓိက နောက်ဆက်တွဲ ဆိုးကျိုးပါပဲ။ အရိုးကျိုးတာအပြင် အရိုးပွခြင်း အရမ်းဆိုးရင် ရိုးရိုးကျိုးရုံမက ကြေမွပျက်စီး တဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံး ဖြစ်လေ့ရှိတဲ့ အရိုးနေရာ တွေကတော့ ခါးရိုးဆစ်၊ တင်ဆုံရိုးနဲ့ လက်ကောက်ဝတ် နေရာတွေ ဖြစ်ပါတယ်။ ဆေးရုံမှာ အရိုးကျိုးလို့ ရောက်လာတဲ့ လူနာတွေကို အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density) စစ်ကြည့်ရင် များသော အားဖြင့် […]


manawphyulayJuly 16, 20101min1536
အင်တာနက်ကို မိမိတို့ ဘဝတစ်စိတ်တစ်ဒေသအဖြစ် ယုံကြည် လက်ခံထားသော လူတော်တော်များ တိုးပွားများပြားလာကြတယ် နော်။ ‘ဒီလိုပဲ မကြာမီက ပေကျင်းမြို့တော် မှာ အွန်လိုင်းစွဲရောဂါ ကို ကုသဖို့ ဆေးရုံတောင် ဖွင့်ပြီး ဘေးထွက် အကျိုးဆက်ရှိကြောင်း အသိအမှတ်ပြုနေတယ်ဆိုဘဲ။ တချို့ကတော့ အင်တာနက်အစွဲ စိတ်ကစင့်ကလျားရောဂါ လို့လည်း သုံးနှုန်းကြတယ်။ နောက်ပြီး ဆိုက်ဘာစွဲရောဂါ ၊ အွန်လိုင်းအစွဲရောဂါ စသဖြင့် ခေါ်ကြတယ်။ မိတ်ဆွေရေ… ကျွန်မတို့ကော ‘ဒီရောဂါ စွဲကပ်နေပြီလား။ ဒါဟာ ပြန်စဉ်းစားရမယ့်အချက်ပဲနော်။ ဂျိုနသန်ဘီးရှော့ကတော့ ဒီအင်တာနက်အစွဲကို ရောဂါလို့ သူက မသတ်မှတ်ဘူးတဲ့။ အဲ သူက ပြောသေးတယ်။ သူ့အထင်ကတော့ လူတွေဟာ အင်တာနက်ကို အစွဲအလန်းကြီးတာလို့ မထင်ဘူးတဲ့။ အင်တာနက်က ပေးတဲ့ လူမူရေး အတွေ့အကြုံတွေကိုသာ စွဲလန်းတာပါတဲ့။ […]


manawphyulayJuly 16, 20101min1693
အဆင်မပြေမှုတွေ များနေတဲ့ ဘဝမှာ ဘယ်အရာမှ ငါ အလိုမကျခဲ့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ငါကကော ဘာမို့လို့လဲ ကိုယ့်ဘဝကို အားငယ်မိပေမဲ့ ကိုယ့်ဘာသာပဲ အားပေးနေခဲ့ ဒီလိုဘဝမျိုးကို ငါတစ်ယောက်တည်း ရရှိနေတာ မဟုတ်ဘူး တဖြည်းဖြည်းနဲ့ စိတ်ဓာတ်က အဝီစိထိကျဆင်းနေခဲ့ ကိုယ့်ခြေထောက်ပေါ် မတ်မတ်ရပ်ရင်း ခြေသလုံးတွေ တောင့်တင်းနေခဲ့ လှဲကျလို့ ပြန်ထရင်တောင် ကူမယ့်သူမရှိ တစ်ခါတလေ မျက်ရည်ကျမိပေမဲ့ ထပ်ကျဖို့တောင် မျက်ရည်လက်ကျန်မရှိတဲ့ဘဝ ဪ… ဘဝ ဘဝလို့တောင် မအော်နိုင်တဲ့ ငါ့ရဲ့အဖြစ် စိတ်ပျက်စရာ လူတချို့နဲ့ တွေ့ကြုံခဲ့ရ မပြုံးတတ်ဘဲ ပြုံးလိုက်ကြ မရယ်တတ်ဘဲ ရယ်လိုက်ကြ ဘဝမှာ ဖြစ်ချင်ခဲ့တာတွေ များသလောက် ဘာတစ်ခုမှ ပေါက်မြောက်အောင် မဖြစ်တဲ့ ငါ့ဘဝ ကိုယ်ရှိလို့သာ ဘဝဆိုတာ ရှိနေမှန်း ဖြေသိမ့်ခဲ့ရ […]


manawphyulayJuly 16, 20101min1091
မြန်မာ သမီးရည်းစားတွေ စင်္ကာပူမှာ ဘယ်လိုကဲလဲဆိုတာကို ဖော်ပြလိုခြင်းမဟုတ်ပါ။ သူတို ့တွေ ပတ်ဝန်းကျင်က လူတွေကို ဘယ်လို အနှောင့်အယှက်တွေပေးလဲဆိုတာကို ဖော်ပြလိုခြင်းဖြစ်ပါတယ်။ နောက်လာမည့် သူများ အကြောင်းမသိသေးသူများအတွက် ဆောင်ရန်ရှောင်ရန်များလည်း ဖြစ်စေလိုသောကြောင့်လည်းပါပါတယ်။ ကျွန်မ အတွေ ့အကြုံများကို အရင်ဆုံးပြောပြလိုပါတယ်။ ကျွန်မအထင် အဲလိုပြသနာတွေကို အဓိက ရင်ဆိုင်နေရတာ အမျိုးသမီးများဖြစ်မယ်ထင်ပါတယ်။ အမျိုးသားများကတော့ သိပ်ပြီး ပြသနာဖြစ်မယ်မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်မမြင်ဖူးသမျှ သမီးရည်းစားများက ရည်းစားဖြစ်ပြီး ကဲချင်ပြီဆိုလျှင် မိန်းကလေးအိမ်ကိုသာ သွားကြတာကိုပဲလို ့ပါ။ မိန်းကလေးအိမ်ကို သွားပြီဆိုလျှင်လည်း မိန်းကလေး အိမ်မှာ ကျန်သော အခန်းဖော် တအိမ်တည်း အတူနေမိန်းကလေးများမှာ အနှောင့်အယှက်ဖြစ်ကြရတော့သည်။ သူတို ့သမီးရည်းစား ဧည့်ခန်းထဲမှာပဲ တွေ ့ကြအုံး ကျန်တဲ့မိန်းကလေးတွေမှာ အနေရကျပ်ဖြစ်လာပါတယ်။ သမီးရည်းစားမဟုတ်သည့် အမျိုးသား […]


manawphyulayJuly 16, 20101min1310
နေလုံးက ဟန်မဆောင်တတ်တဲ့ ငါ့ရဲ့ ဆံကေသာပေါ်ဖြန့်ချလို့ ငါကတော့ ငါ့ဖဝါး ငါ့အရိပ် ငါ့နယ်နမိတ်နဲ့ ငါကိုယ်တိုင် လမ်းဖွဲ့လျှောက်ပေါ့။ နားလည်မှုနဲ့ ဝေးကွာခဲ့တဲ့ ငါ့ရဲ့အဖြစ်ကို ညီမလေးနှင်း နားလည်ပေးပါလို့ မတောင်းဆိုရဲပါဘူး။ ငါ့ကိုယ်ငါတောင် နားလည်မှုဆိုတဲ့ စကားလုံးကို ဝေခွဲမရစွာနဲ့ နားလည်နိုင်အောင် ကြိုးစားနေဆဲ ညီမလေးနှင်းပို့လိုက်တဲ့ မေးလ်ရောက်ခဲ့ ဘယ်နေရာရောက်ရောက် နားလည်မှုဆိုတဲ့စကားသံ ပဲ့တင်ထပ်အောင် ကြားစမြဲ ခုတော့ ညီမလေးနှင်း မေးတဲ့ မေးခွန်းတစ်ခု ”အမရဲ့ညီမလေးနှင်းအပေါ်ထားတဲ့ နားလည်မှုက ဘာလဲတဲ့” ငါ့ရဲ့နားလည်မှုကို ဘယ်လိုပြောရပါ့… အမှန်တော့ ငါဟာ နားလည်မှု မရှိတဲ့သူတစ်ယောက်ပါ…. ငါ ငါ့အတ္တကို အမြဲရှေ့တန်းတင်ခဲ့ ငါဟာ နားလည်မှုနဲ့ မထိုက်တန်တဲ့သူတစ်ယောက်… ငါဟာ ငါ့ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တကြီးသူတစ်ယောက်ပါ ညီမလေးနှင်းရယ်… ပစ်ထားခဲ့ပါတယ်ဆိုတဲ့ ညီမလေးနှင်းရဲ့ စွပ်စွဲချက်တွေဟာ […]


manawphyulayJuly 16, 20101min1512
အခု ခေတ်ကြီးမှာ လိမ်နည်းတွေက ပိုပြီးများလာပါတယ်။ လိမ်တဲ့နည်း တွေကလည်းအရင့်အရင်တုံးက နည်းအတိုင်းတွေပါဘဲ ၊ ဖဲသုံးချပ်လိမ်တာ ၊ ရွှေအတု ချ ကောက်ရသလိုလုပ်ပြီးလိမ်တာ ၊ လိမ်ပြီး အလှူခံတာ ၊ ကုန်သည် က ကုန်ဝယ်ချင်ယောင်ဆောင်ပြီးလိမ် တာအခုမှ တောက တက်လာပြီး ၊ ရန်ကုန်ထဲ မှာ မျက်စိသူငယ် ဖြစ်နေချင်ယောင်ဆောင်ပြီးလိမ်တာ စုံလို့ပါဗျာ ၊ အရင်တုံး က လူလိမ်နေအေး ရဲ့ လိမ်နည်းများ ဆိုပြီး စာအုပ်ထုတ်ထား တာ ကြားဘူးပါတယ်။ ရှိ တဲ့ သူများဗဟုသုတ အတွက် တင်ပေးကြပါဦး ။ လိမ်သမျှ နည်းတွေ က လဲ ၊ ကျွန်တော် တို့ ဗမာလူမျိုးတွေ ရဲ့ ယုံလွယ်တဲ့ […]


manawphyulayJuly 16, 20101min1372
လူတိုင်းလူတိုင်းမှာစိတ်ကူးယဉ်မှုဆိုတာရှိကြပါတယ်။ဒါပေမယ့်လူတော်တော်များများဟာ  “စိတ်ကူးယဉ်” မှုမှာပဲရပ်တန့်နေကြပါတယ်။ကမာ္ဘပေါ်မှာရှိတဲ့တိုးတက်မှုအားလုံးနဲ့  နည်းပညာတိုးတက်မှုတွေ၊အသစ်ဆန်းတွေအားလုံးဟာ စိတ်ကူးမှပေါက်ဖွား လာကြတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ကမာ္ဘလောကအာကာသကြီးမှာ အားလုံးပြည့်စုံစွာရှိနှင့်ပြီးသားပါ။ရှိပြီးသားအရာများကိုလူတွေက ရှာဖွေအကောင်ထည်ဖော်ရခြင်းပင်ဖြစ်ပါတယ်။ဥပမာဗျာ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ကုလားထိုင်တစ်လုံးရဲ့ပုံပန်းသဏ္ဍာန်ဆိုပါစို့ ကျွန်တော်တို့လူတွေ မဖန်တီးခင်က ကမာ္ဘလောကအာကာသကြီးထဲမှာ ရှိပြီးသားပါ။ဒါကိုလူတွေရှာဖွေဖော်ထုပ် အကောင်အထည်ပုံဖော်ရခြင်းဖြစ်ပါတယ်။နောက်ထပ် ဥပမာဗျာ အောက်စီဂျင်၊ဟိုက်ထရိုဂျင်၊နိုက်ထရိုဂျင်၊အင်တာနက်ကွန်ယက်စသဖြင့်ပေါ့ဗျာ ကမာ္ဘလောအာကာသကြီးထဲမှာရှိနေနှင့်ပြီးသားကို ကျွန် ်တော်တို့လူတွေကရှာဖွေဖော်ထုပ် အမည်နာမပေးရခြင်းပဲဖြစ်ပါတယ်။လူတွေရှာဖွေဖော်ထုပ်ကမာ္ဘလောကကြီးမှာမကုန်နိုင်တဲ့နည်းပညာတွေ၊ရုပ်ပိုင်း ဆိုင်ရာပုံပန်းသဏ္ဍာန်တွေမကုန်းဆုံးနိုင်စွာတည်ရှိနေတာဧကန်မုချပါ။အဲဒါတွေဘယ်ကနေစတင်တွေ့ရှိလည်း..သေချာပါတယ်စိတ်ကူးကနေစတင် တွေ့ရှိကာတွေးခေါ်ခြင်းမှ လက်တွေ့အကောင်ထည်ဖော်နိုင်မှုပင်ဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက စိတ်ကူးယဉ်မှုဆိုတာမှ ဖြစ်နိုင်၏မဖြစ်နိုင်၏မှန်နိုင်၏မမှန်၏ဆိုတဲ့ အတွေးခေါ်ဖြင့်ဆင်ခြင်သုံးသပ်ကာလက် တွေ့အကောင်ထည်ဖော်ခြင်းမှရရှိလာသောအကျိုုးများပင်ဖြစ်သည်ကို ချပြလိုခြင်းဖြစ်ပါသည်။ ကျွန်တော်အပိုင်းသုံးပိုင်းခွဲ၍တင်ပြပါမည်။ စိတ်ကူးယဉ်ခြင်း။       ။စိတ်ကူးယဉ်ခြင်းဆိုသည်မှာ မိမိအားလပ်တဲ့အချိန်များမှာမိမိဖြစ်ချင်၊မိမိသိချင်စိတ်ဝင်စားသောအကြောင်းအရာများကိုစိတ်ကူး ယဉ်ခြင်းပင်ဖြစ်ပါသည်။စိတ်ကူးထဲမှာပင်ပျော်ရွှင်ကြည်နူးမှု၊ဝမ်းနည်းမှုတဝဲလည်လည်နေခြင်းကို “စိတ်ကူးယဉ်”ခြင်းလို့ခေါ်ပါသည်။ အတွေးအခေါ်။         ။အတွေးအခေါ်ဆိုသည်မှာ မိမိစိတ်ကူးယဉ်ထားခြင်းမှ နောက်တစ်ဆင့်တက်ကာ ဖြစ်နိုင်၏မဖြစ်နိုင်၏ ကောင်းကျိုးနှင့်ဆိုကျိုးများ ရရှိလာမည့်ရလဒ်များကို တွက်ချက်ကာချရေးပြီး စနစ်တကျစိစစ်တွေးခေါ်ခြင်းကို “အတွေးအခေါ်” ဟုခေါ်ပါသည်။ လက်တွေ့အကောင်ထည်ဖော်ခြင်း။            ။လက်တွေ့အကောင်ထည်ဖော်ခြင်းဆိုသည်မှာ စိတ်ကူးယဉ်ခြင်းမှစနစ်တကျတွေးခေါ်တွက်ချက်ချရေးထား သောအစီစဉ်များကို စတင်၍ဇွဲလုံ့လဝီရိယနှင့်ငွေကြေးမြုပ်နံကာ လက်တွေ့အကောင်ထည်ဖော်လုပ်ကိုင်ခြင်းကိုခေါ်ပါသည်။ထိုမှအတွေ့ကြုံများရရှိကာ တိုးတက်ခြင်းမှ […]