လူဆိုတာ ကိုယ့်ကိုယ်ပိုင် သီးသန့်ကိုယ်ရည်ကိုယ်သွေးများကို ငါကွလို့ ပြလိုက်ရရင် အလွန်ပျော်တတ်တာပါပဲ။ တခြားနာမည်ကြီးတွေကို လိုက်လုပ်တာမျိုးမှ မဟုတ်တာကိုး။ ဒီလိုပါပဲ ယောက်ျားဆိုရင် မာမာထန်ထန်ဖြစ်ရမယ်။ မိန်းမကတော့ ပျော့နဲ့နဲ့လို့ အဲလို ဘောင်ခတ်ထားဖို့လည်း မလိုပါဘူး။ ဥပမာ မြင်ယောင်ကြည့်လိုက်။ အသုဘလိုက်ပို့ဖူးတယ်မဟုတ်လား။ မိန်းမတွေ ငိုနေ၊ ယောက်ျားတွေကတော့ မာတင်းတင်းမျက်နှာပေးတွေနဲ့လေ။ ယောက်ျားပဲကွာ ခံစားမှုကို ဘယ်ထုတ်ဖော်လို့ကောင်းမလဲ။ မိန်းမက ခံစားရသမျှ ဖော်ပြရတာချည်းပဲ။ အဲသလို သဘာဝလောကက သမားရိုးကျ မျှော်လင့်ထားကြတဲ့အတိုင်း နေကြရတာပဲ မဟုတ်လား။ ဒါပေမယ့် ခက်နေတာက လူတိုင်း လူတိုင်း မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီနိုင်တာပါပဲ။ အော်ငိုချင်ပေမယ့် ကိုယ့်ကို်ယ်ကိုယ် အတင်းချုပ်ထားရတဲ့ ယောက်ျားဟာ တကယ်တော့ မာလှသူမှမဟုတ်တာ။ သူက အများ မျှော်လင့်ချက်နဲ့ကိုယ်အောင် ဟန်ဆောင်ထားသူပဲ။ အဲ မိန်းမတွေလည်း ဒီအတိုင်းပဲပေါ့။ […]