တနေ့သ၌ ကျွန်ုပ်သည် ဆေးခန်းထိုင်နေစဉ် လူနာမလာသည်နှင့် ပက်လက်ကုလားထိုင်အဟောင်းလေးတွင်ထိုင်ကာ စာဖတ်ခြင်းသမှုပြုနေလေ၏ ။ ထိုအချိန်တွင် “ကလင် ကလင် ကလင်” ဘဲလ်တီးသည်နှင့်အတူ ဆိုက္ကားဆရာမောင်မိုးကြီး ရောက်လာလေ၏။ “ကိုယ့်ဆရာ လူနာတွေတန်းစီလို့ပါလား။ ပိုက်ဆံထားစရာ နေရာရောရှိသေးလား။ ကျွန်တော်တုံကင်လိုချင်လို့ပါ ” ဟိုုဆိုကာ အခုမှဖွင့်ခါစ လူနာပါးလှသော ကျွန်ုပ်၏ဆေးခန်းလေးအား လှောင်ပြောင်သမှု ပြုလေ၏ ။ ကျွန်ုပ်က “တယ် မောင်ရင် နောက်ခါ နေမကောင်းဖြစ်ရင် အပ်တုံးတုံးနဲ့ ထိုးလွှတ်မယ်” ဟုပြောသောအခါ သူ၏ကွမ်းချိုးကပ်နေသော သွားများပေါ်သည်အထိ တဟားဟားရယ်လေ၏ ။ ထို့နောက် ပလပ်စတစ်ထိုင်ခုံတစ်လုံးဆွဲယူကာ ကျွန်ုုပ်အနားတွင်ထိုင်ပြီး စပ်မိစပ်ရာစကားစမြည်ပြောကြလေ၏ ။ “ဒါနဲ့ ကိုယ့်ဆရာ ဆေးတစ်လုံးထိုး ဘယ်လောက်လဲဗျ” “အသားဆေးဆိုရင် တစ်ထောင်ဗျာ၊ အကြောဆေးဆိုရင် ထောင့်ငါးရာ၊ ဆေးနှစ်လုံးထိုးရရင် နှစ်ထောင် ပိုးသတ်ဆေးကောင်းတာပေးရရင် […]