Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


စေနNovember 13, 20101min4207
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်တွင် ကား ၃ စီးဝင်ရောက်သွားကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်းလည်း ပါရှိသွားကြောင်း သိရသည်။ သံဆူးကြိုးအတားအဆီးများကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ကာ သခင်အုန်းမြင့်သား ဦးနီနှင့်ပါတီဝင်အချို့လည်း ဝင်ရောက်သွားပြီဖြစ်ကြောင်း ထပ်မံသတင်းရသည်။ from http://www.irrawaddyblog.com/2010/11/blog-post_5931.html


စေနNovember 12, 20101min1881
အမေရိကန်က စီးပွားရေးလုပ်ငန်းရှင် Steeleဟာ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ (၁ဝ)နှစ်ကျော်အတွင်းမှာ ကူညီထောက်ပံ့ခံရသူတွေရဲ့ မေတ္တာကို သူရခဲ့သလို အစိုးရပေးအပ်တဲ့ ပရဟိတဒါနရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလဲ ရခဲ့တယ်။ နှစ်စဉ်နှစ်တိုင်းရဲ့ ခရစ္စမအချိန်အခါဟာ Steeleမိခင် အလုပ်ရှုပ်တဲ့အချိန်ဖြစ်တယ်။ မိခင်နာမည်က Vidya လို့ခေါ်တယ်။ ခရစ္စမရောက်တဲ့နေ့မှာ Vidyaဟာ မနက်မိုးလင်းချိန်ကစ ညနေထမင်းစားချိန်ထိ လူတွေပေးပို့လာတဲ့ လက်ဆောင်တွေကို လက်ခံရပါတယ်။ သူလက်ခံရတဲ့ လက်ဆောင်အများစုက ကြက်ဆင်တွေဖြစ်တယ်။ ကုမ္ပဏီနဲ့ ပရဟိတလုပ်ငန်းကြား အလုပ်များခဲ့တဲ့ Steeleဟာ ဒီလိုနေ့ထူးနေ့မြတ်မှာမှ အိမ်မှာအနားယူရပါတယ်။ လက်ဆောင်တွေလက်ခံရင်း အလုပ်များနေတဲ့ မိခင်ကိုကြည့်ပြီး Steeleက နားမလည်ဟန်နဲ့ “မေမေ… မေမေ ဒါဘာလုပ်နေတာလဲ? ဒီကြက်ဆင်တွေက ဆင်းရဲသားတွေကို ဝေငှာပေးဖို့ အလုပ်ကလူတွေကို သားမှာခဲ့တာလေ။ သားတို့အိမ်မှာ ပြည့်စုံနေပြီပဲ မေမေ။ ဘာဖြစ်လို့ ဒီကြက်ဆင်တွေကို […]


စေနNovember 8, 20101min2886
ဒီတစ်ပတ် ဖတ်မိတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဒီနေရာလေးကနေ ပြန်လည်ပြောပြချင်ပါတယ်.. တစ်ခါတုန်းက  လူတစ်ယောက်မှာ မြည်းနှစ်ကောင်ရှိပါတယ်.. အဲဒီမြည်းနှစ်ကောင်ကို နံမည်ပေးရမယ်ဆိုရင် ပထမမြည်းကို မောင်နီလို့ နံမည်ပေးပြီး ဒုတိယမြည်းကိုတော့ မောင်ဖြူလို့ နံမည်ပေးလိုက်ပါမယ်။ မောင်နီဟာ အလုပ်ကို အလွန်ကြိုးစားပြီး သူ့စိတ်ထဲမှာ မောင်ဖြူဆိုတဲ့မြည်းထက် သာချင်တဲ့စိတ်၊ ယှဉ်ပြိုင်လိုတဲ့စိတ်၊ သူ့သခင်ဖြစ်သူရဲ့ ချီးကျူးတာကို ခံချင်တဲ့စိတ်တွေ အမြဲ ရှိပါတယ်.. ဒါကြောင့်လည်း ပိုင်ရှင်ဖြစ်သူ ခိုင်းစေသမျှ အလုပ်တွေကို မောင်နီဟာ မောင်ဖြူထက်ကို တက်တက်ကြွကြွ အားကြိုးမာန်တက် လုပ်သလို၊ ကုန်စည်စလှယ်တွေ သယ်ပိုးကြပြန်တော့လည်း ဘယ်လောက်လေးပင်တဲ့ ကုန်ပစ္စည်းတွေ သယ်ပိုးထားရသည်ဖြစ်စေ မောင်ဖြူထက်ကို ရှေ့ကို ခြေလှမ်းတွေ သာနေအောင် ကြိုးစားပြီး အမြန်ဆုံး နှုန်ထားတွေနဲ့ အရှေ့ကို လျှောက်လေ့ရှိပါတယ်။ ဘာမှ မသိရှာတဲ့ မောင်ဖြူကတော့ ခြေလှမ်းတွေကို […]


စေနOctober 26, 20102min2130
က်ဆစ် ( ၃ ) from ကိုဇော် by ကိုဇော် အမှား ၂ ကြက်ခြေခတ်ခြင်း တူတာတောင်မှ သူများတွေက ကန့်လန့်ဖြတ်တော့ “ ကြက်ခြေနီ ” တဲ့။ ဘေးတိုက်ချင်း ထူးခတ် ၊ “ အမြှောက် ” နဲ့ တူတာတောင်မှ. . ငါ့ကျတော့. . . “ အမှား ” တဲ့. . . ။ ကား သူ့အသံထွက် အတိုင်းပဲ ကြည့်ရတာ ဆင်မယဉ်သာကို မရှိဘူး။ ခြေအစုံကို ဘေးကားထားပြီး ကို့ယို့ကားယား ပြေးလွှားနေတယ်။ အနုပညာ “ ဒါ အနုပညာပဲ ” “ ဟင် ဘယ်ဟာလဲ […]


စေနOctober 25, 20101min2805
ဘဝလမ်းပေါ်က အမှိုက်ကားများ တစ်ရက်မှာ ကျွန်တော်ဟာ အရေးပေါ်ဧည့်သည်တစ်ယောက် ကြိုဖို့ရှိတာနဲ့  လေဆိပ်ကိုသွားဖို့ရာ အချိန်ကြာကြာ ကားမမောင်းချင်တာနဲ့  တက္ကစီတစ်စီး ငှားဖို့ စိတ်ကူးလိုက်ပါတယ်…. ဒါနဲ့ အိမ်ရှေ့အရောက်မှာ တက္ကစီတစ်စီး ကျွန်တော့်ရှေ့လာရပ်တာနဲ့ ကားပေါ် တက်လိုက်ပါတယ်.. ကျွန်တော်ငှားစီးလာတဲ့ ကားဆရာက ခပ်မှန်မှန်လေးနဲ့ ညာဘက်လမ်းကြောင်းအတိုင်း မောင်းလာပါတယ်.. လေဆိပ်သွားတဲ့ လမ်းဟာ လမ်းမကြီးဖြစ်တာကြောင့် ယဉ်ကြောတွေက သူ့လမ်းနဲ့သူ အရှိန်နဲ့ မောင်းနေကြပါတယ်။ အဲဒီအချိန်မှာ ညာဘက် လမ်းကွေ့တစ်ခုကနေ ကားအနက်တစ်စီးဟာ လမ်းရှင်းမရှင်း သေချာမကြည့်ဘဲ အရှိန်နဲ့ မောင်းထွက်လာပါတော့တယ်.. ကျွန်တော်တော့ တိုက်ပြီ လို့ပါးစပ်က အော်လိုက်မိပြီး မျက်စိကို စုံမှိတ်လိုက်မိပါတယ်.. ဒါပေမဲ့ ကျွန်တော်မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ကျွန်တော်တို့ကားဟာ လမ်းဘေးမှာ ရပ်နေပါပြီ။ တက္ကစီမောင်းသူက ဘရိတ်ကိုဆောင့်နင်းပစ်လိုက်ပြီး ကားလက်ကိုင်ကို လမ်းဘေးဆွဲချလိုက်တာကြောင့် ကျွန်တော်တို့ကားဟာ တာရာပွတ်ဆွဲသံ […]


စေနOctober 25, 20102min2283
ခေါင်းငုံ့တာဟာလည်း အရည်အချင်းတစ်ခု အမေရိကန်နိုင်ငံရဲ့ဖခင်လို့ တင်စားခံရတဲ့ Benjamin Franklinဟာ နုငယ်စဉ်မှာ အသက်ကြီးသူတစ်ဦးဆီ သွားရောက်လည်ပတ်ခဲ့တယ်။ နုပျိုသန်မာတဲ့ Franklinဟာ ရင်ကိုစွင့် ခေါင်းကိုမော့ပြီး အိမ်ထဲဝင်လိုက်ဆိုရင်ပဲ တံခါးဘောင်နဲ့ နဖူးကိုတိုက်မိတယ်။ သူ့ကိုကြိုဆိုနေတဲ့ သက်ကြီးသူက ဒီအဖြစ်ကိုမြင်တော့ တဟားဟားရယ်ပြီး “အရမ်းနာသွားလား? ဒါဟာ ဒီနေ့ ငါ့ဆီ မင်းလာလည်တဲ့ အကျိုးအမြတ်ပဲ။ လောကကြီးမှာ အသက်ရှင်နေသူတစ်ဦးဟာ အချိန်မရွေး ခေါင်းငုံ့တတ်ရမယ်” လို့ ပြောလိုက်တယ်။ ဂရိပညာရှင် ဆိုကရေးတီးကို လူတစ်ဦးက ဒီလိုမေးခဲ့တယ်။ “လောကကြီးမှာ မင်းက ပညာအရှိဆုုံးဟုတ်လား! ဒါဆိုရင်မင်းကို မေးမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကဘယ်လောက်လဲ?” “၃ပေ” ဆိုကရေးတီးက မဆိုင်းမတွဖြေတယ်။ “၃ပေ! ငါတို့လူတွေတောင် ၅ပေအမြင့်ရှိကြတယ်။ ကောင်းကင်နဲ့မြေကြီးက ၃ပေပဲရှိတယ်ဆိုရင် ငါတို့က ကောင်းကင်ကို ဖောက်ထွက်သွားကြမှာပေါ့!” “ဟုတ်တယ်။ […]


စေနOctober 22, 20101min2272
ဖေဖေ့ပေးစာနဲ့ သမီးရဲ့ပြန်စာ ချစ်သမီးလေး သမီးနဲ့ ဖေဖေတူတူပုန်းတမ်းကစားတိုင်း ဖေဖေကို သမီးချက်ချင်းရှာတွေ့ခဲ့တယ်နော်။ ဒါပေမယ့် သမီး ဒီတစ်ခါတော့ ဖေဖေအကြာကြီး ပုန်းနေရတော့မယ်။ ဖေဖေကိုတွေ့ဖို့ သမီးမရှာသေးပါနဲ့။ သမီးအသက်(၁၄)နှစ်ရောက်မှ (ကိတ်မုန့်(၁ဝ)ကြိမ်စားပြီးမှ) ဖေဖေ ဘယ်မှာပုန်းနေသလဲဆိုတာကို သမီးမေမေဆီ မေးကြည့်နော်။ ဖေဖေအကြာကြီးပုန်းနေခဲ့လို့ ဖေဖေ့ကို သမီးလွမ်းနေမယ် မဟုတ်လား? သမီးလွမ်းနေမယ်ဆိုတာကို သိလည်း ပုန်းနေရာကနေ ဖေဖေပြေးထွက်လာလို့ မရဘူးသမီး။ ပြေးထွက်လာရင် ဖေဖေရှုံးသွားလိမ့်မယ်။ တကယ်လို့ ဖေဖေ့ကို သမီးအရမ်းအရမ်း လွမ်းတယ်ဆိုရင် မျက်လှည့်အတတ်နဲ့ ဖေဖေကိုယ်ထင်ပြမယ်လေ။ ဖေဖေရဲ့မျက်လှည့်က သမီးအိပ်နေတဲ့အချိန် သမီးအိပ်မက်ထဲ ဖေဖေအလည်လာမယ်၊ သမီးနဲ့တူတူဆော့မယ်။ ဒါဟာ တကယ့်ကိုယ်ထင်ပြတာမဟုတ်လို့ ကစားနည်း စည်းမဖောက်ဘူးနော်။ ဒါဆိုရင် ဖေဖေ မရှုံးဘူးပေါ့။ ဖေဖေ့ပုံကို သမီးဆွဲတဲ့အခါ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒါဟာဖေဖေပါလို့ သမီးထင်ရင် […]


စေနOctober 21, 20101min2998
အပျော်ရွှင်စေဆုံး စကားတစ်ခွန်း တီဗီအသံလွှင့်ဌာနတစ်ခုက အစီအစဉ်လေးတစ်ခု ကျင်းပခဲ့တယ်။ အဲဒီအစီအစဉ်က အမျိုးသမီး ပရိသတ်တွေဆီကနေ “အပျော်ရွှင်စေဆုံးစကားတစ်ခွန်း” တောင်းဆိုတဲ့ အစီအစဉ်ဖြစ်တယ်။ ကြေညာချက်ထုတ်ပြန်ပြီးနောက် အနယ်နယ်အရပ်ရပ်က ပရိသတ်ရဲ့စာတွေ အသံလွှင့်ဌာနဆီ ပလူပျံခဲ့တယ်။ စာတွေအများကြီးထဲမှာ နောက်ဆုံး “နင်အိပ်နေ.. ငါထမယ်” ဆိုတဲ့ စကားတစ်ခွန်းက ပထမရသွားခဲ့တယ်။ “နင်အိပ်နေ.. ငါထမယ်” ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ဒီလို ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့တယ်။ ငယ်ရွယ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာပဲ ကလေးရလိုက်တယ်။ ကလေးထိန်းခေါ်ဖို့ အပိုဝင်ငွေမရှိတာကြောင့် မိန်းမဖြစ်သူက အိမ်မူူကိစ္စနဲ့ ကလေးထိန်းတာဝန်ကိုယူပြီး ယောက်ျားဖြစ်သူက စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ခဲ့တယ်။ ဒါပေမယ့် ကလေးငယ်က မိဘတွေ မျှော်လင့်ထားသလို မကျန်းမာခဲ့ဘူး။ အသားဝါရောဂါဖြစ်လိုက် အဆုတ်ရောင်ရောဂါဖြစ်လိုက်နဲ့ ချူချာခဲ့တယ်။ ကလေးရောဂါကုဖို့ ယောက်ျားအလုပ်ပိုကြိုးစားခဲ့သလို မိန်းမကလည်း နေ့မအား ညမအား […]


စေနOctober 21, 20101min2142
နှလုံးသားထဲက လောကကြီး လောကကြီးမှာ သင်မြင်တွေ့ခဲ့တာတွေတိုင်းက အမှန်တရားမဖြစ်နိုင်ဘူး။ တချို့က သင့်ထင်မြင်ချက်တွေသာဖြစ်တယ်။ ဥပမာအနေနဲ့ပြောရရင် တစ်နေ့မှာ လမ်းကြားထဲက ရုတ်တရက်ပြေးထွက်လာတဲ့ ခွေးတစ်ကောင်က သင့်ကိုတိုက်မိမတတ်ဖြစ်ခဲ့လို့ သင်လန့်ဖျပ်သွားတယ်ဆိုပါစို့။ အဲဒီအချိန်မှာ သင့်ရဲ့အတွေးက “ဒီခွေးစုတ်.. ငါ့ကို ကိုက်မိတော့မယ်”ဆိုပြီး ဒီနေ့ကံမကောင်းဘူးလို့ သင်ထင်လိမ့်မယ်။ အဲဒီအခါမှာ သင့်စိတ်ခံစားချက်ကလည်း ကောင်းတော့မှာမဟုတ်ဘူး။ တကယ်လို့ သင်သာ “တော်သေးတယ်… ရုတ်တရက်ထွက်လာတာ ကားတစ်စီးမဟုတ်ဘဲ ခွေးတစ်ကောင်ဖြစ်နေလို့”လို့ တွေးမိခဲ့ရင် သင့်ကိုယ်သင် ဒီနေ့ကံမကောင်းဘူးလို့ ထင်တော့မှာ မဟုတ်ဘဲ ဒီနေ့ကံကောင်းတယ်လို့ပဲ ထင်မိလိမ့်မယ်။ တူညီတဲ့အဖြစ်အပျက်မှာ မတူညီတဲ့ခံစားချက်နဲ့ ခံစားကြည့်တော့ မတူတဲ့အဖြေကိုရတယ်။ အကြောင်းက ကိစ္စတစ်ခုအပေါ်ကြည့်တဲ့ ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်ပေါ် မူတည်နေလို့ဖြစ်တယ်။ ဆေးရုံတစ်ခုရဲ့ လူနာဆောင်မှာ လူနှစ်ယောက် မတော်တဆကားတိုက်မူနဲ့ ရောက်နေတယ်။ လူနာတစ်ယောက်က စိတ်ပျက်ဝမ်းနည်းနေပြီး တစ်ယောက်က ပြုံးရွှင်တည်ငြိမ်နေတယ်။ စိတ်ပျက်ဝမ်းနည်းသူက […]


စေနOctober 21, 20103min1720
ရခိုင်ကမ်းရိုးတန်း မုန်တိုင်းဝင်မည်၊ ရဲရွာဆည် စိုးရိမ်စရာ မရှိသေး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်သွားပြီး ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို ဖြတ်မယ်။ မနက်ဖြန်ညနေပိုင်း ဝင်ရောက်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ လေတိုက်နှုန်း မိုင် ၅ဝ ကနေ ၆ဝ အထိ ရှိနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။ မန္တလေးတိုင်းအတွင်းရှိ ရဲရွာဆည် တမံကျိုးနိုင်ဖွယ်ရှိတယ်လို့ ယမန်နေ့က သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် ဒီကနေ့ ဧရာဝတီဝိုင်းတော်သားတွေကနေပြီး ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းရာမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိသေးဘူးလို့ သိရပါတယ်။ Posted by မင်းနိုင်သူ at 2:14 PM http://www.irrawaddyblog.com/


စေနOctober 15, 20101min1370
ပထမဦးဆုံးနေ့တွင် ဘုရားသခင်က နွားမတစ်ကောင်ကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်က မိန့်တော်မူလေသည် ………… ”မင်းက လယ်သမားနဲ့အတူ  လယ်ကွင်းထဲကို တစ်နေကုန်လိုက်သွားပြီး နေရောင်အောက်မှာ ဒုက္ခခံရမယ်။ လယ်သမားကို ကူညီတဲ့အနေနဲ့ နွားကလေးတွေမွေးရမယ်။ နွားနို့လဲပေးရမယ်။ ငါက မင်းရဲ့သက်တမ်းကို နှစ်ပေါင်းခြောက်ဆယ် သတ်မှတ်ပေးမယ်……….” နွားမကပြောလိုက်၏။………………….. ”ကျုပ်ကို နှစ်ပေါင်းခြောက်ဆယ်အထိ ပင်ပန်းဆင်းရဲတဲ့ဘဝမှာ နေစေချင်တာလား။ ကျုပ်က နှစ်20 ပဲ ယူပြီးနှစ်၄ဝ ကိုပြန်ပေးပါရစေ………..” ဘုရားသခင်က သဘောတူလိုက်သည်။ ဒုတိယနေ့တွင် ဘုရားသခင်က ခွေးကို ဖန်ဆင်းတော်မူသည်။ ဘုရားသခင်က မိန့်တော်မူလိုက်၏။……………. ”မင်းက အိမ်တခါးပေါက်မှာ ဖြတ်လျှောက်သွားတဲ့ ဘယ်သူ့ကိုမဆို ဟောင်ရမယ်။ ငါက မင်းရဲ့သက်တမ်းကို နှစ်ပေါင်း ၂ဝသတ်မှတ်မယ်။…….” ခွေးက ပြောလိုက်၏။…………….. ”အဲဒါက ဟောင်နေဖို့အတွက်ကြာရှည်လွန်းပါတယ်။ ကျုပ်ကို ၁ဝနှစ်ပဲ ပေးပါ။ […]