ဆေးလိပ်သောက်ခြင်းသည် သေသည်အထိအန္တရာယ်ရှိ၏ ။ ဆေးလိပ်ကိုမည်သည့်အချိန်တွင်ဖြတ်လိုပါက ဖြတ်လို့ရပါ၏ ။ ဆေးလိပ်ကိုဖြတ်လိုက်သည်နှင်.ဆေးလိပ်သောက်သောကြောင်.ကြုံတွေ့ရမည့်ဘေးအန္တရာယ်များကိုရှောင်ကွင်လိုက်နိုင်ပြီဟုယူဆနိုင်ပါသည်။ ဆေလိပ်ဖြတ်သူအနေဖြင့်ဆေးလိပ်ကိုဖြတ်ချင်တဲ့စိတ်ဓာတ်ရှိရပါမည်။ဘာကြောင့်ဆေးလိပ်ဖြတ်မည်ဆိုသည့် အချက်အလက်များကိုစုစည်းပြီသား ဖြစ်ရပါမည်။ စိတ်သက်တောင်သက်သာရပြီး စဖြတ်မည့်နေကိုရွေးရပါမည်။ ဆုံးဖြတ်ချက်ချပြီးပါက…….. ၁။ ဆေးလိပ်၊စီးကရက်ဘူးများကိုလွင့်ပြစ်ပါ။ ဆေးလိပ်သောက်နေကြနေရာကိုရှောင်ကွင်းပါ။ ၂။ဆေးလိပ်ပြန်သောက်အောင်လှုံဆော်မည့်အစားအစားဖြစ်သည့် အသား၊လက်ဖက်ရည်၊ကော်ဖီနှင့်အရက်တို့ကိုရှောင်ရပါမည်။ ၃။စိတ်တူသဘောတူ သူငယ်ချင်းကိုဆေးလိပ်အတူဖြတ်ဖို့စည်းရုံး(သို့) ဝိုင်ဝန်းထိမ်းကျောင်ပေးမည့်သူတစ်ယောက်ကိုရှာပါ၊ ၄။ ဆေးလိပ်ဖြတ်လိုက်လျှင်`ငေါင်´နေပါက ဝါသနာပါသည့်ကိစ္စတစ်ခုခုကို ရှာပြီလုပ်ဆောင်ပါ။ ၅။ ပြတ်ပြတ်သားသား တစ်ထိုင်တည်းဖြတ်ရပါမည်။ ဖြည်းညင်းစွာဆွဲပြီးဖြတ်မည်ဆိုသည့်စိတ်နှင့်မဖြတ်ရပါ။ မှတ်ချက်။ ။ ငယ်ရွယ်စဉ်အသက်(၂၀) ဝန်ကျင်မှဆေးလိပ်ကိုသောက်သောသူများသည် အသက်ကြီးမှသောက်သောသူများထက် ဆေးလိပ်ဖြတ်ရန်ပိုခက်ခဲသည်။ (ကိုယ်၊စိတ်၊ကျန်းမာ နည်း ၁၀ဝ မှ)