ဆေးလိပ်ဖြတ်နည်း
ဆေးလိပ်သောက်ခြင်းသည် သေသည်အထိအန္တရာယ်ရှိ၏ ။ ဆေးလိပ်ကိုမည်သည့်အချိန်တွင်ဖြတ်လိုပါက ဖြတ်လို့ရပါ၏ ။
ဆေးလိပ်ကိုဖြတ်လိုက်သည်နှင်.ဆေးလိပ်သောက်သောကြောင်.ကြုံတွေ့ရမည့်ဘေးအန္တရာယ်များကိုရှောင်ကွင်လိုက်နိုင်ပြီဟုယူဆနိုင်ပါသည်။
ဆေလိပ်ဖြတ်သူအနေဖြင့်ဆေးလိပ်ကိုဖြတ်ချင်တဲ့စိတ်ဓာတ်ရှိရပါမည်။ဘာကြောင့်ဆေးလိပ်ဖြတ်မည်ဆိုသည့် အချက်အလက်များကိုစုစည်းပြီသား
ဖြစ်ရပါမည်။ စိတ်သက်တောင်သက်သာရပြီး စဖြတ်မည့်နေကိုရွေးရပါမည်။ ဆုံးဖြတ်ချက်ချပြီးပါက……..
၁။ ဆေးလိပ်၊စီးကရက်ဘူးများကိုလွင့်ပြစ်ပါ။ ဆေးလိပ်သောက်နေကြနေရာကိုရှောင်ကွင်းပါ။
၂။ဆေးလိပ်ပြန်သောက်အောင်လှုံဆော်မည့်အစားအစားဖြစ်သည့် အသား၊လက်ဖက်ရည်၊ကော်ဖီနှင့်အရက်တို့ကိုရှောင်ရပါမည်။
၃။စိတ်တူသဘောတူ သူငယ်ချင်းကိုဆေးလိပ်အတူဖြတ်ဖို့စည်းရုံး(သို့) ဝိုင်ဝန်းထိမ်းကျောင်ပေးမည့်သူတစ်ယောက်ကိုရှာပါ၊
၄။ ဆေးလိပ်ဖြတ်လိုက်လျှင်`ငေါင်´နေပါက ဝါသနာပါသည့်ကိစ္စတစ်ခုခုကို ရှာပြီလုပ်ဆောင်ပါ။
၅။ ပြတ်ပြတ်သားသား တစ်ထိုင်တည်းဖြတ်ရပါမည်။ ဖြည်းညင်းစွာဆွဲပြီးဖြတ်မည်ဆိုသည့်စိတ်နှင့်မဖြတ်ရပါ။
မှတ်ချက်။ ။ ငယ်ရွယ်စဉ်အသက်(၂၀) ဝန်ကျင်မှဆေးလိပ်ကိုသောက်သောသူများသည် အသက်ကြီးမှသောက်သောသူများထက်
ဆေးလိပ်ဖြတ်ရန်ပိုခက်ခဲသည်။
(ကိုယ်၊စိတ်၊ကျန်းမာ နည်း ၁၀ဝ မှ)
10 comments
ခင်ခ
January 12, 2013 at 5:59 pm
မောင်ထက်ကြီး မျှဝေတဲ့နည်းလေးတွေက လွယ်ပေမယ့် တကယ်ဆေးလိပ်ဖြတ်ရမယ့်သူအတွက်
လွယ် မလွယ် စမ်းသပ်မယ်ဗျာ။ ကျွန်တော်က ဆေးလိပ်သောက်တတ်နေသူမို့ပါ။
aanyar thar
January 12, 2013 at 9:06 pm
ထက်ကြီးရေ..ကျေးဇူးဟ..အကိုလည်းဖြတ်ချင်နေတာ..မိုဘိုင်းတစ်ယောက်ကော ဘယ်ပျောက်နေလဲ ဟ
မောင်ထက်ကြီး(မုံရွာ)
January 13, 2013 at 3:44 pm
်ိမိုဘိုင်းက ကျနော်နဲ.လည်းအဆက်အသွယ်ပြတ်နေတယ် အကိုရေ….
kai
January 13, 2013 at 7:12 am
ယူအက်စ်မှာ.. တော်တော်ထိရောက်ပြီး.. လူတွေဆေးလိပ်ပြတ်ကုန်တယ်ဆိုတဲ့.. ပစ္စည်းးရောင်းတယ်..
အောက်ကလင့်ခ်မှာ…
NicoDerm CQ – Quit Smoking Patches Stop Smoking Aids Nicotine …
http://www.nicodermcq.com/
NicoDerm CQ is a quit smoking nicotine patch and a stop smoking aid to help with smoking cessation. Get help to give up smoking cigarettes
၂၀၁၃မှာ.. သင်… ဆေးလိပ်ပြတ်ပါစေ..။
Mr. MarGa
January 13, 2013 at 1:59 pm
စိတ်သာရှင်စော ဘုရားဟော တဲ့
စိတ်သာတကယ်ပါရင် ပြတ်ပါလိမ့်မယ်
မဟာရာဇာ အံစာတုံး
January 13, 2013 at 7:11 pm
အရင်တုန်းက ဆေးလိပ် သောက်လွန်းလို့
ဆေးလိပ် ဖြတ်မယ်ဆိုပြီး ကွမ်းနဲ့ ဖြတ်လိုက်တာ …
ကွမ်းရော .. ဆေးလိပ်ရော ဖြစ်သွားတယ် …
နောက်ပိုင်း ကွမ်းစားပါ များသွားတော့
ဆေးလိပ် သိပ်မသောက်ဖြစ်တော့ဘူး …
ဒါပေမယ့် ကွမ်းရော ဆေးလိပ်ရော …
စားစရာ၊ သောက်စရာ မရှိရင် ပျက်ပါတယ် ….
ကိုယ့် စိတ်ကို ထိန်းပြီး ဖြတ်မယ် ဆိုရင်လည်း တစ်မျိုးပေါ့ ..
ဒီနည်းကတော့ ဖြတ်သူရဲ့ စိတ်ပေါ်ပဲ မူတည်တယ် ….
uncle gyi
January 13, 2013 at 11:05 pm
စိတ်သာအဓိကပါမောင်ထက်ရယ်
ကိုယ့်ဦးလေးငယ်ကတည်းကစီးကရက်၅ဝင်သံဗူးကိုင်သောက်လာတာ
နောက်နဂါးဆေးလိပ်ကိုရာစီးဝယ်သောက်တာ
အသက်ကြီးတော့ခြေထောက်ကနာလာတယ်ဆရာဝန်ပြတော့
သွေးကြောကျဉ်းတာတဲ့
ဆေးလိပ်ဖြတ်မလားခြေထောက်ဖြတ်မလားမေးတာ
နောက်နေ့လုံးဝမသောက်တော့တာသေသည်အထိ
ဘာမှအစားမထိုး
kyeemite
January 14, 2013 at 1:28 pm
စါရေးသူရဲ့စေတနာကိုလေးစားပါတယ်
ကျိုးစားကြည့်အုံးမယ်ဗျာ…
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
January 15, 2013 at 3:16 pm
အခု Electronic ဆေးလိပ်ကို အစားထိုးသောက်ပြီး ဖြတ်ရန်စတင်ကြိုးစားနေပါသည်…
ခင်မင်လျက်-
ကြောင်ဝတုတ်
kai
January 15, 2013 at 4:20 pm
သာဓု အကြိမ်၁သိန်း.. :harr: