mg nuSeptember 25, 20131min53026
ဘယ်သူအိမ်ရှင်လဲ(သို့)ဘာသာရေးအစွန်းရောက်မှု   ယနေခေတ်မြန်မာနိုင်ငံတွင်ခေတ်စားနေသောအသုံးအနှုံးမှာအိမ်ရှင်နှင့် ဧည့်သည် ခေါ်ဘာသာရေးအစွန်းရောက်လှုပ်ရှားမှုများခေတ်စားပြောဆိုနေကြသည် ကိုတွေ့မြင်နေရပါသည်။ထိုသည်မှာဆိုးရွားလှသောသမိုင်းစာမျက်နှာအတွင်းသို့ မြန်မာနိုင်ငံကြီးဆင်းသက်ရောက်ရှိသွားသလို့ခံစားရသောကိစ္စရပ်များဖြစ်နေကြပါ သည်။ ယနေ့ခတ်ခေတ်စားနေသောအစွန်းရောက်အယူအဆမှာဘာသာရေးနှင့် လူမျိုးရေးကိုသွေးထိူးနေသောအစွန်းရောက်စိတ်ဓါတ်ပင်ဖြစ်ပါသည် ။ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်လျှင်အိမ်ရှင် အခြားဘာသာကိုးကွယ်လျှင်ဧည့်သည်ဆိုသောအစွန်းရောက် အတွေးအခေါ်များကိုလှုံဆော်ရေးသားနေကြသည်ကိုဝမ်းနည်းဖွယ်ရာတွေမြင်နေရ ပါသည်။ထိုသည်မှ သမိုင်းကိုနားမလည်သော အစွန်းရောက်အယူအဆတစ်ရပ်ဖြစ် ပါသည်။ မြန်မာသမိုင်းကိုလေ့လာကြည့်မည်ဆိုပါကလည်း မြန်မာနိုင်ငံ၏အစောဆုံး ကိုးကွယ်ကြသည့်ဘာသာမှာ နတ်ကိုးကွယ်သည့်ဘာသာဖြစ်ပြီး ထိုနောက်ဟိန္ဒူဘာ သာ၊ အရည်ကြီးဂိုဏ်များ၊မဟာယာနဗုဒ္ဓဘာသာ၊ဟိနယာန(ဇတ်နိမ့်)ထေရဝါဒ၊အစ္စ လာမ်ဘာသာ၊ခရစ်ယန်ဘာသာ ၊ဂျိမ်း ဘာသာအစရှိသဖြင့် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး   နောက်ကျမှဝင်ရောက်ပျံနှံလာသောဘာသာအချင်းချင်း သူဘာသာကိုး ကွယ်မှ အိမ်ရှင်ဆိုကာမောင်ပိုင်စီးပြီးပြောဆိုနေကြခြင်းမှာ စာပေမတတ်မြောက် သော သူများကဲ့သို့ လူရယ်ဖွယ်ရာဖြစ်နေကြပါသည်။တကယ်တန်းလက်တွေ့ သမိုင်းကြောင်းကိုပြန်ပြောင်းကြည့်လိုက်မည်ဆိုပါကလည်း “ပုဂံမှာကြည့်ရင် ဘာသာ ၃ မျိုးရှိတယ်။ ထေရဝါ မရောက်မှီ မှုရင်း နတ်ကိုးကွယ်တာ၊ မပာာယာန နောက် အစ္စလာမ် ရှိမယ်။ ထေရဝါဒက နောက်မှ ရောက်တာပါ။ ထေရဝါဒ ရောက်ဖို့ […]


mg nuSeptember 17, 20131min24512
၉၆၉  အမှတ်တံဆိပ်သည်အသုံးပြုလှုပ်ရှားမှုများသည် နို်င်ငံတော်သံဃမဟာနာယက အဖွဲ့စည်းမျဉ်းဥပဒေများနှင့် မညီဟု့ဆို   ယခုဗုဒ္ဓဘာသာ အတိမ်းအမှတ်တံဆိပ်အဖြစ်ယခုမှ ၉၆၉ ကိုအသုံးပြုလှုပ်ရှားနေ ခြင်းသည်နှင့်သံဃာကွန်ယက်များဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာနာယက အဖွဲ့မှထုတ်ပြန်ထားသည့်စည်းမျဉ်းဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်ခွင့်မရှိကြောင်း နို်င်ငံတော်သံဃမဟာနာယကအဖွဲ့ကဩဂုတ်လ(၈)ရက်နေ့ကညွန်ကြားချက်ထုတ်ပြန်လိုက်ပါသည်။ အဆိုပါညွန်ကြားလွှာကိုပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိပြည်နယ် သံဃနာယကဆရာတော်များထံသို့ပေးပို့ထားသည်ဟု့သိရှိရပါသည်။ ဇူလိုင်လ ၁၅ ရက်တွင်ကျင်းပသော သတ္တမအကြိမ်နိုင်ငံတော်သံဃနာ ယက အဖွဲ့ ၄ရ ပါး စုံညီဒုတိယအစည်းအဝေးမှထိုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၉၆၉ သာသနာပါ ဂဏဝါစကနှင့် သံဃာ့ကွန်ယက်အဖွဲ့များဖွဲ့စည်းဆောင်ရွက်နေမှုကို လိုအပ်သလို့ဩဝါဒပေးနိုင် ပါရန်လျှောက်ထားတင်ပြမှုနှင့် ယခင်ကရှိပြီးသောနိုင်ငံ တော်သံဃနာယကအဖွဲကို လွမ်းမိုး နိုင်ရန်လုပ်ဆောင်နေမှုတို့ကိုလျှောက်ထား တင်ပြလာမှုတို့အပေါ် ညွန်ကြားချက်ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါသည်။ သံဃနာယကအဖွဲ့ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း အခန်း ၂၊အပိုဒ်၄၊၅၊၈၊ အရ လည်းကောင်း ၊သံဃာ့အဖွဲ့ စည်းမျဉ်းမျဉ်းဆိုင်ရာ ဥပဒေအခန်း ၂ ၊အပိုဒ်၃၊၅ နှင့် အခန်ူ ၃ အပိုဒ် ၈၊၉ […]