သံတွဲ GSM ကော်မီတီ၏ အကြံအဖန်ဖုန်းခွဲတမ်းများ- ရခိုငြ်ပည်နယ်သံတွဲမြို့တွင် တန်ဘိုးနည်းတယ်လီဖုန်းများကို မိဘပြည်သူများအသုံးပြုနိုင်ရန်အတွက်ဆိုကာနိုုင်ငံတော်အစိုးရမှချထားပေးပါသည်။ သို့သော်မိဘပြည်သူများလက်သို့ရောက်ရှိခြင်း မရှိဘဲ အခွင့်ထူးခံလက်ထဲတွင်ဠာနဆိုင်များအတွက်ဆိုဖြတ်ယူနေပါသည်။ မယကအတွက်ဆိုကထိုခွဲတမ်းများထဲမှဖုန်းအလုံး(၅၀)ကိုကိုယ်ကျိုးရှာဖြတ်ယူပြီးမှကျန် သောဖုန်းများကို တစ်ရပ်ကွက်၃ လုံး (၄) လုံးဖြင့်ချပေးပါသည်။ထိုသည်ကိုလည်းရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ရာအိမ်ခေါင်း များဖြတ်ယူလိုက်သဖြင့်ပြည်သူများလက်ထဲ့သို့မရေရှိတော့ပါ။ ယခင်ကလဲ အစိုးရဝန်ထမ်းများကိုအကြွေစနစ်ဖြင့် တစ်လ လျှင်(၁၀၀၀၀/ တစ်သောင်း)ဖြင့်ရောင်းချထားပြီးဝန်ထမ်းတိုင်းဖုန်းများရရှိထားပြီးဖြစ်သော်လည်း ယခုထပ်မံပြည်သူများအားချပေးသောဖုန်းကိုဖြတ်ယူရောင်းချနေပြန်ပါသည်။ ယင်းဝယ်ယူရရှိထားပြီးသူများဖြစ်သောဌာနဝန်ထမ်းကိုပင် ယခုထပ်မံပြီးခွဲတမ်းချပေးကာ ပြန်လည်ရောင်းချရန်အလွဲသုံးစားလုပ်ခွင့်ပေးထားပါသည်။ ထို့အပြင် သံတွဲခွဲတမ်းအလုံး(၅၀၀)ကျပါ အလုံး(၂၅၀)သာ ဝန်ထမ်းနှင့်ပြည်သူလူထုအတွက်ဆိုကာရပ်ကွက်တစ်ကွက် အတွက် (၅)လုံးချပေးကာ သံတွဲမြို့ပေါ်ရပ်ကွက်များတွင်ရရှိသော ခွဲတမ်းကိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဆယ်အိမ်မှူးတို့ခွဲဝေယူကြခြင်း ထိုအပြင်တစ်ချို့ရပ်ကွက်များတွင်ဟန်ဆောင်မဲနှိုက်သည်ဆိုကာ ရပ်ကွက်အတွင်းအိမ်ခြေ(၄၀၀)ရှိပါကအိမ်ခြေ(၄၀၀)မဲပြုလုပ်ထားပြီးသတ်မှတ်ချိန်(၁) နာရီအတွင်းရောက်ရှိသူ(၅၀)သာရှိပါကလူ(၅၀)မဲနှိုက်ပြီးကျန်မဲများအားလုံးကိုမဲနှိုက် ခြင်းမရှီဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှပြင်ပပေါက်ဈေး(၁)သိန်းကျော်နှင့်ရောင်းစားနေခြင်း များကိုဥပဒေမြဲ့ပုလုပ်နေပြီး ဌာနများမှလဲ ဥပဒေမဲတရားမဝင်ဈေးနှုန်းများဖြင့် ရောင်းချနေသည့်အပြင် သံတွဲမြို့ဖုန်းချရေးကော်မတီဥက္ကဌ ဆိုသောမြို့နယ်အုပ်ချုပ် ရေးမှူးသည်လည်းတလလျှင်ဖုန်းအလုံး(၅၀)ကိုပြင်ပပေါက်ဈေး(၁)သိန်းကျော်ဖြင့် ရောင်းချနေပြီးလစဉ်တရားမဝင်ငွေသိန်း(၅၀)ကျော်ဝင်ငွေစီလျှက်ရှိပါသည်။တယ်လီဖုန်းရုံးမှတာဝန်ခံများသည်လည်းတစ်လျှင်ဖုန်း(၃၀)စီပြင်ပပေါက်ဈေးဖြင့်ရောင်းပြီးသပိတ်.ဝင်အိပ်ဝင်ငွေသိးန်(၃၀)စီရရှိရာဖုန်းရုံးဝန်ထမ်းများပင်တစ်လလျှင်(၁၀)လုံးခွဲတမ်းရရှိ ကာပြင်တွင်ပြန်ရောင်းပြီးငွေ(၁၀)သိန်းဝင်ငွေစီလျှက်ရှိရာနိုင်ငံတော်သမ္မတ၏ဆင်းရဲ သူများအတွက်တန်ဖိုးနည်းဖုန်းများမှာ ပြည်သူလက်ထဲသို့ လုံးဝရောက်ရှိခြင်မရှိဘဲ အကျင့်ပျက်ဝန်ထမ်းများအတွက်လုပ်စားစရာဂွင်ကြီးဖြစ်နေပြီးလစဉ်ရရှိသော ဖုန်းအရေအတွက်မည်သူသို့ပေးသည်မည်သို့အကြောင်းကြောင့်(မဲစနစ်(သို့) အခြားမည်သည့်စနစ်ဖြင့်)ဆိုသည်ကိုတရားမျှတစွာအများပြည်သူသိအောင်ကြေငြာ […]